လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့နိုင်မှုမှ အမေရိကန်ဒေါ်လာသန်း(၁၃ဝဝ) နီးပါးရရှိ

 381

ရဲပြည့် (NP News) - မတ် ၁၆

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ သန်း(၁၃ဝဝ)နီးပါးအထိရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်၏ ၂ဝ၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂ဝ၂၃ ခုနှစ် မတ်လ ၃ ရက်အထိ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ (၁၁ဝ၉)သန်းကျော် ရရှိခဲ့ပြီး နယ်စပ်မှ အမေရိကန်ဒေါ်လာ (၁၆၉) သန်းနီးပါးရရှိခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၁၃ဝဝ)နီးပါးရရှိခဲ့ကြောင်း သိရ သည်။

တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် (၁)သန်းခွဲနီးပါး နှင့် နယ်စပ်မှ တန်ချိန် (၂၃ဝဝဝဝ)ကျော် စုစုပေါင်း တန်ချိန် (၁ ဒသမ ၆) သန်းကျော်တင်ပို့ထားကြောင်းသိရသည်။

ပြီးခဲ့သည့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၅၇၁) သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အဓိက သီးနှံများအနေဖြင့် စပါး ၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်သည်။

ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃)ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂ဝ)ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေကြောင်းသိရသည်။ ပဲမျိုးစုံ စိုက်ဧက၏ (၇၂) ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလား ပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြသည်။

လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပြီး ပဲမျိုးစုံတင်ပို့မှုသည်လည်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်မျိုးဖြစ်သည်။

zawgyi version
လက္ရွိဘ႑ာႏွစ္တြင္ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔ႏိုင္မႈမွ အေမရိကန္ေဒၚလာ သန္း(၁၃ဝဝ)နီးပါးရရွိ ရဲျပည့္ (NP News) - မတ္ ၁၆

၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္တြင္ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔ႏိုင္မႈသည္ အေမရိကန္ေဒၚလာ သန္း(၁၃ဝဝ)နီးပါးအထိရွိလာေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္၏ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁ ရက္မွ ၂ဝ၂၃ ခုႏွစ္ မတ္လ ၃ ရက္အထိ ပဲမ်ိဳးစုံတင္ပို႔မႈတြင္ ပင္လယ္ေရေၾကာင္းမွ အေမရိကန္ေဒၚလာ (၁၁ဝ၉)သန္းေက်ာ္ ရရွိခဲ့ၿပီး နယ္စပ္မွ အေမရိကန္ေဒၚလာ (၁၆၉) သန္းနီးပါးရရွိခဲ့ရာ စုစုေပါင္း အေမရိကန္ေဒၚလာသန္း(၁၃ဝဝ)နီးပါးရရွိခဲ့ေၾကာင္း သိရ သည္။

တင္ပို႔မႈတြင္ ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္ (၁)သန္းခြဲနီးပါး ႏွင့္ နယ္စပ္မွ တန္ခ်ိန္ (၂၃ဝဝဝဝ)ေက်ာ္ စုစုေပါင္း တန္ခ်ိန္ (၁ ဒသမ ၆) သန္းေက်ာ္တင္ပို႔ထားေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္စာရင္းမ်ားအရ ျပည္ပသို႔ပဲမ်ိဳးစုံတင္ပို႔မႈမွ အေမရိကန္ေဒၚလာ (၁၅၇၁) သန္းေက်ာ္ရရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္အဓိက သီးႏွံမ်ားအေနျဖင့္ စပါး ၊ေျပာင္း၊ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ ပဲအမ်ိဳးမ်ိဳး၊ ဝါ၊ ႀကံ တို႔အားစိုက္ပ်ိဳးၿပီး တစ္ႏိုင္ငံလုံး၏ စိုက္ပ်ိဳးထုတ္လုပ္မႈတြင္ ပဲအမ်ိဳးမ်ိဳးစိုက္ပ်ိဳးထုတ္လုပ္မႈသည္ ဒုတိယအမ်ားဆုံးျဖစ္သည္။

ပဲမ်ိဳးစုံအေနျဖင့္တစ္ႏိုင္ငံလုံး လယ္ယာထြက္ပစၥည္းထြက္ရွိမႈ၏ (၃၃)ရာခိုင္ႏႈန္းရွိၿပီး ျမန္မာႏိုင္ငံ စိုက္ပ်ိဳးေျမဧရိယာ၏ (၂ဝ)ရာခိုင္ႏႈန္းခန္႔သည္ ပဲမ်ိဳးစုံ စိုက္ပ်ိဳးေနေၾကာင္းသိရသည္။ ပဲမ်ိဳးစုံ စိုက္ဧက၏ (၇၂) ရာခိုင္ႏႈန္းသည္ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစဥ္းငုံမ်ားျဖစ္ၿပီး ပဲလြန္း၊ ေျမေထာက္ပဲ၊ ေထာပတ္ပဲ၊ ပဲယင္း၊ ကုလား ပဲ၊ ပဲပုပ္၊ စားေတာ္ပဲႏွင့္ အျခားပဲမ်ားလည္း စိုက္ပ်ိဳးၾကသည္။

လက္ရွိ ျမန္မာႏိုင္ငံသည္ ကမာၻေပၚ၌ ပဲမ်ိဳးစုံ အမ်ားဆုံးထုတ္လုပ္တင္ပို႔သည့္ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ေနၿပီး ပဲမ်ိဳးစုံတင္ပို႔မႈသည္လည္း ျမန္မာႏိုင္ငံ၏ အဓိကပို႔ကုန္တစ္မ်ိဳးျဖစ္သည္။

Related news

© 2021. All rights reserved.