ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူသော်လည်း စျေးနှုန်းအဆမတန်ကွာခြားမှုများရှိနေနေဆို

 516

ယွန်း(NP News) - မတ် ၁၆

ထုတ်ကုန်များသည် ကောင်းမွန်သောထုတ်လုပ်မှုအလေ့အကျင့်များ (Good Manufacturing Practices) နှင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(Good Agricultural Practices) ရှိခြင်း၊ မရှိခြင်းအပေါ်မူတည် ပြီး ပစ္စည်းတူသော်လည်း စျေးနှုန်းရရှိမှုတွင် အဆမတန်ကွာခြားမှုများရှိကြောင်း နစက ဒုဥက္ကဋ္ဌက ပြော သည်။

နစက ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ်လ(၁၅)ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

ထိုသို့ စျေးကွက်ကွာခြားမှုများကြောင့် GMP/GAP သင်တန်းများမဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း နစက ဒုဥက္ကဋ္ဌက အကြံပြုပြောဆိုထားသည်။

ထို့ပြင် နိုင်ငံခြားပို့ကုန်များနှင့်ပတ်သက်၍ အရည်အသွေးအာမခံ အန္တရာယ်ကင်းရှင်းရေးအတွက် FDA လက်မှတ်သည်လည်း ပြည်ပစျေးကွက်အတွက် အ‌ရေးကြီးသောလိုအပ်ချက်ဖြစ်ပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီများအနေဖြင့် ရပ်တန့်၍မနေဘဲ လုပ်ငန်းများ အမှန်တကယ်လည် ပတ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ၎င်းက အသိပေးပြောဆိုခဲ့သည်။

လက်ရှိတွင် ကယားပြည်နယ်ရှိ စက်မှုဇုန်အတွင်း လုပ်ငန်း(၆၂)ခု လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ပြီးပြောင်း၊ ဆန်မွှေး၊ ငရုတ်၊ ဖာလာ တို့သည် ကယားပြည်နယ်၏ အဓိက ထွက်ကုန်ကြမ်းများဖြစ်သည့်အတွက် ၎င်းတို့ကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန်လိုကြောင်း နစက ဒုဥက္ကဋ္ဌက ပြောသည်။

အလားတူ One Region – One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များထွက်ရှိရာ ထုတ်ပိုးမှုကို အဆင့်မီအောင်မြှင့်တင်ပြီး စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရန်လိုအပ်ကြောင်းလည်း ၎င်းက အသိပေးပြောကြားခဲ့သည်။

zawgyi version
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူသော်လည်း ဈေးနှုန်းအဆမတန်ကွာခြားမှုများရှိနေနေဆို

ယွန်း(NP News) - မတ် ၁၆

ထုတ်ကုန်များသည် ကောင်းမွန်သောထုတ်လုပ်မှုအလေ့အကျင့်များ (Good Manufacturing Practices) နှင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(Good Agricultural Practices) ရှိခြင်း၊ မရှိခြင်းအပေါ်မူတည် ပြီး ပစ္စည်းတူသော်လည်း ဈေးနှုန်းရရှိမှုတွင် အဆမတန်ကွာခြားမှုများရှိကြောင်း နစက ဒုဥက္ကဋ္ဌက ပြော သည်။


ထိုသို့ ဈေးကွက်ကွာခြားမှုများကြောင့် GMP/GAP သင်တန်းများမဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း နစက ဒုဥက္ကဋ္ဌက အကြံပြုပြောဆိုထားသည်။

ထို့ပြင် နိုင်ငံခြားပို့ကုန်များနှင့်ပတ်သက်၍ အရည်အသွေးအာမခံ အန္တရာယ်ကင်းရှင်းရေးအတွက် FDA လက်မှတ်သည်လည်း ပြည်ပဈေးကွက်အတွက် အ‌ရေးကြီးသောလိုအပ်ချက်ဖြစ်ပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီများအနေဖြင့် ရပ်တန့်၍မနေဘဲ လုပ်ငန်းများ အမှန်တကယ်လည် ပတ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ၎င်းက အသိပေးပြောဆိုခဲ့သည်။


အလားတူ One Region – One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များထွက်ရှိရာ ထုတ်ပိုးမှုကို အဆင့်မီအောင်မြှင့်တင်ပြီး ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရန်လိုအပ်ကြောင်းလည်း ၎င်းက အသိပေးပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.