တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်း ဧက(၃)သန်းကျော် တည်‌ထောင်မည်ဟု ပြည်‌ထောင်စုဝန်ကြီး ဆို

 502

ယွန်း (NP News) - မတ် ၁၇

တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်း တည်ထောင်ရန် ဧက(၃)သန်းကျော်ရှိပြီး စက္ကူစက်ရုံများ အတွက် တည်ဆောက်ရန် ကုန်ကြမ်းများ လုံလောက်စွာရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မတ်လ(၁၆) ရက်တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သစ်၊ ဝါးပေါက်ရောက်မှု အခြေအနေပေါ်မူတည်ပြီး ပျော့ဖက် စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ဆောက်ရာတွင် ဝါး၊ သစ်ကုန်ကြမ်းများ လွယ်လွယ်ကူကူနှင့် သယ်ယူထုတ်လုပ်နိုင်သည့် နေရာများနှင့် ရေအရင်း အမြစ် အလွယ်တကူရရှိနိုင်မည့် နေရာများတွင် တည်ဆောက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စက္ကူနှင့် ပျော့ဖတ်စက်ရုံများ တည်‌ဆောက်နိုင်ရန်အတွက် စာရင်းကောက်ယူထားသည့် ဝါးထွက်ရှိ မှုဧရိယာ ဧကမှာ (၆၉ ဒသမ ၉) သန်းရှိကြောင်း သိရသည်။

အဆိုပါ ကောက်ယူထားသည့်စာရင်းများအရ တစ်နှစ်လျှင် ဝါးထွက်ရှိမှုမှာ ဝါးအလုံးရေ (၂၆၅) သန်း ထုတ်လုပ်နိုင် မည်ဖြစ်သော်လည်း လက်ရှိတွင် (၁၄၅) သန်းသာ ထုတ်လုပ်သုံးစွဲနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ဝါးပေါက်ရောက်မှုဧရိယာစာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ကောက်ယူနိုင်ခြင်းမရှိသေးသော် လည်း ဝါးအလုံးရေ (၂၅၆) သန်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဟု ၎င်းမှ အတည်ပြုပြောဆိုထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး၌ တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် တောနိမ့်၊ တောပါးဧရိယာ (၃ ဒသမ ၆၅) သန်း ဧကရှိပြီး စက္ကူစက်ရုံများ တည်ဆောက်နိုင်ရန် ကုန်ကြမ်းများလုံလောက်မှုရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

ထို့ကြောင့် စိုက်ခင်းများ တည်ထောင်စိုက်ပျိုးရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အတည်ပြုပြောဆိုခဲ့သည်။

Zawgyi Version;
တစ္ႏိုင္ငံလုံးတြင္ တင္ဒါစနစ္ျဖင့္ သစ္ေတာစိုက္ခင္း ဧက(၃)သန္းေက်ာ္ တည္‌ေထာင္မည္ဟု ျပည္‌ေထာင္စုဝန္ႀကီး ဆို
ယြန္း (NP News) - မတ္ ၁၇

တစ္ႏိုင္ငံလုံးတြင္ တင္ဒါစနစ္ျဖင့္ သစ္ေတာစိုက္ခင္း တည္ေထာင္ရန္ ဧက(၃)သန္းေက်ာ္ရွိၿပီး စကၠဴစက္႐ုံမ်ား အတြက္ တည္ေဆာက္ရန္ ကုန္ၾကမ္းမ်ား လုံေလာက္စြာရွိေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက မတ္လ(၁၆) ရက္တြင္ ေနျပည္ေတာ္ရွိ စက္မႈဝန္ႀကီးဌာန၌ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျပည္တြင္းရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ သစ္၊ ဝါးေပါက္ေရာက္မႈ အေျခအေနေပၚမူတည္ၿပီး ေပ်ာ့ဖက္ စက္႐ုံမ်ားကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ တည္ေဆာက္ရာတြင္ ဝါး၊ သစ္ကုန္ၾကမ္းမ်ား လြယ္လြယ္ကူကူႏွင့္ သယ္ယူထုတ္လုပ္ႏိုင္သည့္ ေနရာမ်ားႏွင့္ ေရအရင္း အျမစ္ အလြယ္တကူရရွိႏိုင္မည့္ ေနရာမ်ားတြင္ တည္ေဆာက္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္း ေျပာဆိုထားသည္။

ျမန္မာႏိုင္ငံတြင္ စကၠဴႏွင့္ ေပ်ာ့ဖတ္စက္႐ုံမ်ား တည္‌ေဆာက္ႏိုင္ရန္အတြက္ စာရင္းေကာက္ယူထားသည့္ ဝါးထြက္ရွိ မႈဧရိယာ ဧကမွာ (၆၉ ဒသမ ၉) သန္းရွိေၾကာင္း သိရသည္။

အဆိုပါ ေကာက္ယူထားသည့္စာရင္းမ်ားအရ တစ္ႏွစ္လွ်င္ ဝါးထြက္ရွိမႈမွာ ဝါးအလုံးေရ (၂၆၅) သန္း ထုတ္လုပ္ႏိုင္ မည္ျဖစ္ေသာ္လည္း လက္ရွိတြင္ (၁၄၅) သန္းသာ ထုတ္လုပ္သုံးစြဲႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ဝါးေပါက္ေရာက္မႈဧရိယာစာရင္းမ်ားကို တစ္ႏိုင္ငံလုံး အတိုင္းအတာအားျဖင့္ ေကာက္ယူႏိုင္ျခင္းမရွိေသးေသာ္ လည္း ဝါးအလုံးေရ (၂၅၆) သန္းထက္ ပိုမိုထုတ္လုပ္ႏိုင္မည္ဟု ၎မွ အတည္ျပဳေျပာဆိုထားသည္။

ထို႔ျပင္ တစ္ႏိုင္ငံလုံး၌ တင္ဒါစနစ္ျဖင့္ သစ္ေတာစိုက္ခင္းမ်ား တည္ေထာင္ႏိုင္ရန္ ေတာနိမ့္၊ ေတာပါးဧရိယာ (၃ ဒသမ ၆၅) သန္း ဧကရွိၿပီး စကၠဴစက္႐ုံမ်ား တည္ေဆာက္ႏိုင္ရန္ ကုန္ၾကမ္းမ်ားလုံေလာက္မႈရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ စိုက္ခင္းမ်ား တည္ေထာင္စိုက္ပ်ိဳးေရးအတြက္ ဝန္ႀကီးဌာနအေနျဖင့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အတည္ျပဳေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.