လယ်ယာ သား/ငါးကဏ္ဍတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် တရုတ်စီးပွားရေးသံမှူး ဆန္ဒရှိနေ

 446

ယွန်း (NP News) - မတ် ၁၇

လယ်ယာသားငါးကဏ္ဍတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် တရုတ် စီးပွားရေး သံမှူးဆန္ဒရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး (ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Tan Shufu က မတ်လ (၁၆)ရက်တွင် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် Mr. Tan Shufu က “မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကြီးမားသော စျေးကွက်တွင် လယ်ယာ သားငါးကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကိစ္စများကို ပူးပေါင်းဆောင်ရွက်လိုကြောင်း” တိုက်တွန်းပြောဆိုထားသည်။

ထို့ပြင် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မွေးမြူရေးထွက်ကုန် အသား၊ ငါး စသည် တို့ကို တင်ပို့နိုင်ရေးနှင့် ရေထွက်ပစ္စည်းများ လုံခြုံစွာတင်ပို့နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း Mr. Tan Shufu မှ ဆိုသည်။

အလားတူ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့်လည်း မြန်မာ့လယ်ယာထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန် များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်‌ရေးနှင့် တရုတ်နိုင်ငံမှ ဓါတ်မြေသြဇာ အပါအဝင် လယ်ယာသုံး စက်ပစ္စည်းကိရိယာ များ တင်သွင်းနိုင်ရေးကို ဆောင်ရွက်နေကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ အသိပေးပြောဆိုထားသည်။

ထို့ပြင် ကျောက်ဆည်မြို့တွင် ရှိသည့် Chinese Grant အကူအညီဖြင့် ဆောင်ရွက်သည့် Hybrid Rice Research Centre စီမံကိန်း နှင့် ရှမ်းပြည် (မြောက်ပိုင်း) Cattle Quarantine Center တို့သည် တရုတ်-မြန်မာ လယ်ယာ သားငါးကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်များဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

အလားတူ လယ်ယာသားငါး ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမို တွင်ကျယ်စေရန် Trade Financing အစီအစဉ်များ နှင့် သွင်းကုန်-ပို့ကုန်ဆိုင်ရာလုပ်ငန်းများတွင် ယွမ်-ကျပ် ငွေပေးချေပေးမှုဆိုင်ရာ အဆင်ပြေ ချောမွေ့စေရေးများကို လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
လယ္ယာ သား/ငါးက႑တြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ တိုးျမႇင့္ေဆာင္႐ြက္ရန္ တ႐ုတ္ စီးပြားေရးသံမႉး ဆႏၵရွိေန
ယြန္း (NP News) - မတ္ ၁၇

လယ္ယာသားငါးက႑တြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ တိုးျမႇင့္ေဆာင္႐ြက္ရန္ တ႐ုတ္ စီးပြားေရး သံမႉးဆႏၵရွိေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံး (ရန္ကုန္)မွ စီးပြားေရးသံမႉး Mr. Tan Shufu က မတ္လ (၁၆)ရက္တြင္ ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) ၌ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ Mr. Tan Shufu က “ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကား ႀကီးမားေသာ ေစ်းကြက္တြင္ လယ္ယာ သားငါးကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈကိစၥမ်ားကို ပူးေပါင္းေဆာင္႐ြက္လိုေၾကာင္း” တိုက္တြန္းေျပာဆိုထားသည္။

ထို႔ျပင္ ျမန္မာ့လယ္ယာထြက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆန္ကြဲ၊ ေျပာင္း၊ ေမြးျမဴေရးထြက္ကုန္ အသား၊ ငါး စသည္ တို႔ကို တင္ပို႔ႏိုင္ေရးႏွင့္ ေရထြက္ပစၥည္းမ်ား လုံၿခဳံစြာတင္ပို႔ႏိုင္ေရးကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း Mr. Tan Shufu မွ ဆိုသည္။

အလားတူ ကုန္သည္စက္မႈအသင္းခ်ဳပ္အေနျဖင့္လည္း ျမန္မာ့လယ္ယာထြက္ကုန္မ်ားႏွင့္ ေမြးျမဴေရးထြက္ကုန္ မ်ားကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္‌ေရးႏွင့္ တ႐ုတ္ႏိုင္ငံမွ ဓါတ္ေျမၾသဇာ အပါအဝင္ လယ္ယာသုံး စက္ပစၥည္းကိရိယာ မ်ား တင္သြင္းႏိုင္ေရးကို ေဆာင္႐ြက္ေနေၾကာင္း UMFCCI ဒုဥကၠ႒ ဦးရဲမင္းေအာင္မွ အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ေက်ာက္ဆည္ၿမိဳ႕တြင္ ရွိသည့္ Chinese Grant အကူအညီျဖင့္ ေဆာင္႐ြက္သည့္ Hybrid Rice Research Centre စီမံကိန္း ႏွင့္ ရွမ္းျပည္ (ေျမာက္ပိုင္း) Cattle Quarantine Center တို႔သည္ တ႐ုတ္-ျမန္မာ လယ္ယာ သားငါးက႑အၾကား ပူးေပါင္းေဆာင္႐ြက္မႈ မွတ္တိုင္မ်ားျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာသည္။

အလားတူ လယ္ယာသားငါး ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ား ပိုမို တြင္က်ယ္ေစရန္ Trade Financing အစီအစဥ္မ်ား ႏွင့္ သြင္းကုန္-ပို႔ကုန္ဆိုင္ရာလုပ္ငန္းမ်ားတြင္ ယြမ္-က်ပ္ ေငြေပးေခ်ေပးမႈဆိုင္ရာ အဆင္ေျပ ေခ်ာေမြ႕ေစေရးမ်ားကို လည္း ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.