သဘောတူညီချက်များနှင့်အညီ နယ်ခြားမျဉ်း မရေးဆွဲနိုင်မချင်း အိန္ဒိယ-တရုတ်ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်ဖြစ်မလာနိုင်ဟု ဆို

 761

Htay Oung (NP News) - မတ် ၁၉

ဟိမဝန္တာအနောက်ပိုင်း အိန္ဒိယမြောက်ဘက် လက်ဒက်ဒေသအချို့နေရာမှာ နှစ်ဖက်စစ်တပ်များကို နီးနီးကပ်ကပ် အပြန်အလှန်ဖြန့်ချထားကြောင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြား အခြေအနေဟာ အကဲဆတ်ပြီး အန္တရာယ် အလွန်များကြောင်း နယူးဒေလီနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက မတ်လ ၁၈ ရက်၊ စနေနေ့မှာ ပြောပြ တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

၂ဝ၂ဝ ပြည့်နှစ် နှစ်လည်ပိုင်းလောက်တုန်းက အဲဒီနယ်မြေမှာ နှစ်ဖက်တပ်တွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်သား ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပေမယ့် သံတမန်ရေးနဲ့ စစ်ရေးအရ ဆွေးနွေးမှုတွေကြောင့်သာ အခြေအနေ ပြန်လည်ငြိမ်သက်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ပိုင်နက် အတိအကျ သတ်မှတ်ထားခြင်းမရှိတဲ့ အဲဒီနယ်ခြားဒေသမှာ နှစ်ဖက် ထိပ်တိုက်တွေ့နေကြတဲ့ နျူကလီးယာလက်နက်ပိုင် အာရှအင်အားကြီး နှစ်နိုင်ငံတို့အကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပေမယ့် လူသေဆုံးတဲ့အထိတော့ မရှိခဲ့ပါဘူး။

တပ်စွဲမှုတွေဟာ တစ်ဖက်နဲ့ တစ်ဖက် နီးကပ်လွန်းနေပြီး စစ်ရေးအမြင်နဲ့ကြည့်မယ်ဆိုရင် အလွန်အန္တရာယ်များပြီး ထိရှလွယ်ကူနေဆဲဖြစ်တယ်လို့ ယူဆကြောင်း India Today သတင်းအေဂျင်စီနဲ့ သီးသန့်တွေ့ဆုံစဉ် ဂျိုင်ရှန်ကာက မှတ်ချက်ပေးပါတယ်။

၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလမှာ တရုတ် နိုင်ငံနဲ့အတူ သတ်မှတ်ခဲ့ကြတဲ့ မူအားဖြင့် သဘောတူညီချက်များနဲ့အညီ နယ်စပ်မျဉ်းကို မရေးဆွဲနိုင်မချင်း အိန္ဒိယ-တရုတ်ဆက်ဆံရေးဟာ ပုံမှန်အတိုင်း ပြန်ုဖြစ်မလာနိုင်ကြောင်း၊ တရုတ် တို့အနေနဲ့ သဘောတူထားခဲ့အတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီအတွက် သူတို့ဘက်မှာ အကြောက်အကန်ဖြစ် နေကြောင်း၊ နှစ်ဖက်ထိပ်တိုက်တွေ့နေကြတဲ့ နေရာအတော်များများက တပ်တွေကို အပြန်အလှန် ရုတ်သိမ်းပေးခဲ့ ကြပေမယ့် ဖြေရှင်းဖို့ ကျန်ရှိနေတဲ့အချက်များအတွက် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ သဘောတူညီချက်ကို ဖောက်ဖျက်လို့မရကြောင်း၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိစ္စကို ကျိုးပေါက်လို့ မဖြစ်နိုင် ကြောင်း၊ ကျန်ဆက်ဆံရေးကိစ္စတွေမှာ ဘာမှမဖြစ်ဘူးဆိုရင် ဒီအတိုင်းဆက်သွားစေချင်တယ်လို့ တရုတ်ဘက်ကို ရှင်းရှင်းလင်းလင်း ပြောထားကြောင်း၊ အဲဒါက ပြောပလောက်တဲ့ကိစ္စမဟုတ်တဲ့အကြောင်း ယခုလ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးသစ် ကျင်ဂန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ဂျိုင်ရှန်ကာက ရှင်းပြပါတယ်။

G-20 ခေါ် စက်မှုထိပ်သီးနိုင်ငံ ၂ဝ အုပ်စုမှာ အိန္ဒိယနိုင်ငံက ယခုနှစ်အတွက် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခွင့် ရရှိခြင်းနဲ့ ပတ်သက်ပြီး နယူးဒေလီအနေနဲ့ ဖိုရမ်ကို နိုင်ငံတကာလုပ်ပိုင်ခွင့်နဲ့အညီ ပိုမိုမှန်ကန်စေဖို့ မျှော်လင့်ကြောင်း၊ G-20 ဟာ အချေအတင် စကားရည်လုကြတဲ့ အသင်းတိုက် (သို့မဟုတ်) ကမ္ဘာ့မြောက်ဘက်ခြမ်းကိုသာ ဗဟိုပြုတဲ့ ကစားကွင်းတစ်ခုမဖြစ်သင့်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပေါ်ခံစားနေကြရတဲ့ စိုးရိမ်မှုများအားလုံးကို အမိ အရ ကိုင်တွယ်ထားဖို့ လိုအပ်ကြောင်း၊ အဲဒီအချက်ကို အကြိတ်အနယ်ဆောင်ရွက်ခဲ့ရတယ်လို့ ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်အတွင်း G-20 နိုင်ငံများဟာ အိန္ဒိယနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄-၂၅ ရက်များမှာ ဘဏ္ဍာရေးဝန်ကြီးများ ဗဟိုဘဏ်အုပ်ချုပ်သူများပါဝင်တဲ့ ဆွေးနွေးပွဲကို နိုင်ငံ့ တောင်ပိုင်း ကာနာတာကာပြည်နယ် ဘန်ဂလိုမြို့မှာ ကျင်းပခဲ့ပါတယ်။

G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြို့တော် နယူးဒေလီမှာ မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့ပါ တယ်။ ဝန်ကြီးများအဆင့် အဲဒီတွေ့ဆုံမှုနှစ်ခုစလုံးဟာ ရုရှားရဲ့ ၁၃ လကြာ ယူကရိန်းကျူးကျော်မှုနဲ့ လွှမ်းမိုးနေခဲ့ပါ တယ်။

#G20_ဘဏ္ဍာရေး၀န်ကြီးများ_ဗဟိုဘဏ်အုပ်ချုပ်သူများ_ဆွေးနွေးပွဲ #အက်စ်ဂျိုင်ရှန်ကာက
#G20_နိုင်ငံခြားရေး၀န်ကြီးများ_အစည်းအဝေး #တရုတ်-အိန္ဒိယနယ်ခြား

(Reuters., 17 March 2023,” India says situation with China fragile, dangerous in the Himalayan front” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ာသာပြန်ဆိုသည်။)

Zawgyi Version;
သေဘာတူညီခ်က္မ်ားႏွင့္အညီ နယ္ျခားမ်ဥ္း မေရးဆြဲႏိုင္မခ်င္း အိႏၵိယ-တ႐ုတ္ဆက္ဆံေရး ပုံမွန္အတိုင္း ျပန္ျဖစ္မလာႏိုင္ဟု ဆို
Htay Oung (NP News) - မတ္ ၁၉

ဟိမဝႏၲာအေနာက္ပိုင္း အိႏၵိယေျမာက္ဘက္ လက္ဒက္ေဒသအခ်ိဳ႕ေနရာမွာ ႏွစ္ဖက္စစ္တပ္မ်ားကို နီးနီးကပ္ကပ္ အျပန္အလွန္ျဖန႔္ခ်ထားေၾကာင္း၊ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကား အေျခအေနဟာ အကဲဆတ္ၿပီး အႏၲရာယ္ အလြန္မ်ားေၾကာင္း နယူးေဒလီႏိုင္ငံျခားေရးဝန္ႀကီး အက္စ္ဂ်ိဳင္ရွန္ကာက မတ္လ ၁၈ ရက္၊ စေနေန႔မွာ ေျပာျပ တယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ ႏွစ္လည္ပိုင္းေလာက္တုန္းက အဲဒီနယ္ေျမမွာ ႏွစ္ဖက္တပ္ေတြ ပဋိပကၡျဖစ္ပြားခဲ့ၿပီး စစ္သား ၂၄ ေယာက္ထက္မနည္း ေသဆုံးခဲ့ေပမယ့္ သံတမန္ေရးနဲ႔ စစ္ေရးအရ ေဆြးေႏြးမႈေတြေၾကာင့္သာ အေျခအေန ျပန္လည္ၿငိမ္သက္သြားခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း ပိုင္နက္ အတိအက် သတ္မွတ္ထားျခင္းမရွိတဲ့ အဲဒီနယ္ျခားေဒသမွာ ႏွစ္ဖက္ ထိပ္တိုက္ေတြ႕ေနၾကတဲ့ န်ဴကလီးယာလက္နက္ပိုင္ အာရွအင္အားႀကီး ႏွစ္ႏိုင္ငံတို႔အၾကား အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့ေပမယ့္ လူေသဆုံးတဲ့အထိေတာ့ မရွိခဲ့ပါဘူး။

တပ္စြဲမႈေတြဟာ တစ္ဖက္နဲ႔ တစ္ဖက္ နီးကပ္လြန္းေနၿပီး စစ္ေရးအျမင္နဲ႔ၾကည့္မယ္ဆိုရင္ အလြန္အႏၲရာယ္မ်ားၿပီး ထိရွလြယ္ကူေနဆဲျဖစ္တယ္လို႔ ယူဆေၾကာင္း India Today သတင္းေအဂ်င္စီနဲ႔ သီးသန္႔ေတြ႕ဆုံစဥ္ ဂ်ိဳင္ရွန္ကာက မွတ္ခ်က္ေပးပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ စက္တင္ဘာလမွာ တ႐ုတ္ ႏိုင္ငံနဲ႔အတူ သတ္မွတ္ခဲ့ၾကတဲ့ မူအားျဖင့္ သေဘာတူညီခ်က္မ်ားနဲ႔အညီ နယ္စပ္မ်ဥ္းကို မေရးဆြဲႏိုင္မခ်င္း အိႏၵိယ-တ႐ုတ္ဆက္ဆံေရးဟာ ပုံမွန္အတိုင္း ျပႏ္ုျဖစ္မလာႏိုင္ေၾကာင္း၊ တ႐ုတ္ တို႔အေနနဲ႔ သေဘာတူထားခဲ့အတိုင္း ေဆာင္႐ြက္ရမွာျဖစ္ၿပီး အဲဒီအတြက္ သူတို႔ဘက္မွာ အေၾကာက္အကန္ျဖစ္ ေနေၾကာင္း၊ ႏွစ္ဖက္ထိပ္တိုက္ေတြ႕ေနၾကတဲ့ ေနရာအေတာ္မ်ားမ်ားက တပ္ေတြကို အျပန္အလွန္ ႐ုတ္သိမ္းေပးခဲ့ ၾကေပမယ့္ ေျဖရွင္းဖို႔ က်န္ရွိေနတဲ့အခ်က္မ်ားအတြက္ ေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း၊ သေဘာတူညီခ်က္ကို ေဖာက္ဖ်က္လို႔မရေၾကာင္း၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကိစၥကို က်ိဳးေပါက္လို႔ မျဖစ္ႏိုင္ ေၾကာင္း၊ က်န္ဆက္ဆံေရးကိစၥေတြမွာ ဘာမွမျဖစ္ဘူးဆိုရင္ ဒီအတိုင္းဆက္သြားေစခ်င္တယ္လို႔ တ႐ုတ္ဘက္ကို ရွင္းရွင္းလင္းလင္း ေျပာထားေၾကာင္း၊ အဲဒါက ေျပာပေလာက္တဲ့ကိစၥမဟုတ္တဲ့အေၾကာင္း ယခုလ အိႏၵိယႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ G-20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးျပင္ပမွာ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးသစ္ က်င္ဂန္းနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ဝန္ႀကီး ဂ်ိဳင္ရွန္ကာက ရွင္းျပပါတယ္။

G-20 ေခၚ စက္မႈထိပ္သီးႏိုင္ငံ ၂ဝ အုပ္စုမွာ အိႏၵိယႏိုင္ငံက ယခုႏွစ္အတြက္ ဥကၠ႒တာဝန္ထမ္းေဆာင္ခြင့္ ရရွိျခင္းနဲ႔ ပတ္သက္ၿပီး နယူးေဒလီအေနနဲ႔ ဖိုရမ္ကို ႏိုင္ငံတကာလုပ္ပိုင္ခြင့္နဲ႔အညီ ပိုမိုမွန္ကန္ေစဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ G-20 ဟာ အေခ်အတင္ စကားရည္လုၾကတဲ့ အသင္းတိုက္ (သို႔မဟုတ္) ကမာၻ႔ေျမာက္ဘက္ျခမ္းကိုသာ ဗဟိုျပဳတဲ့ ကစားကြင္းတစ္ခုမျဖစ္သင့္ေၾကာင္း၊ ကမာၻတစ္ဝန္းလုံးမွာ ျဖစ္ေပၚခံစားေနၾကရတဲ့ စိုးရိမ္မႈမ်ားအားလုံးကို အမိ အရ ကိုင္တြယ္ထားဖို႔ လိုအပ္ေၾကာင္း၊ အဲဒီအခ်က္ကို အႀကိတ္အနယ္ေဆာင္႐ြက္ခဲ့ရတယ္လို႔ ေျပာျပပါတယ္။

လြန္ခဲ့တဲ့ ၃ ပတ္အတြင္း G-20 ႏိုင္ငံမ်ားဟာ အိႏၵိယႏိုင္ငံမွာ ေတြ႕ဆုံေဆြးေႏြးမႈ ၂ ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၂၄-၂၅ ရက္မ်ားမွာ ဘ႑ာေရးဝန္ႀကီးမ်ား ဗဟိုဘဏ္အုပ္ခ်ဳပ္သူမ်ားပါဝင္တဲ့ ေဆြးေႏြးပြဲကို ႏိုင္ငံ့ ေတာင္ပိုင္း ကာနာတာကာျပည္နယ္ ဘန္ဂလိုၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။

G-20 ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ၿမိဳ႕ေတာ္ နယူးေဒလီမွာ မတ္လ ၁ ရက္မွ ၂ ရက္အထိ က်င္းပခဲ့ပါ တယ္။ ဝန္ႀကီးမ်ားအဆင့္ အဲဒီေတြ႕ဆုံမႈႏွစ္ခုစလုံးဟာ ႐ုရွားရဲ႕ ၁၃ လၾကာ ယူကရိန္းက်ဴးေက်ာ္မႈနဲ႔ လႊမ္းမိုးေနခဲ့ပါ တယ္။

#G20_ဘ႑ာေရး၀န္ႀကီးမ်ား_ဗဟိုဘဏ္အုပ္ခ်ဳပ္သူမ်ား_ေဆြးေႏြးပြဲ #အက္စ္ဂ်ိဳင္ရွန္ကာက
#G20_ႏိုင္ငံျခားေရး၀န္ႀကီးမ်ား_အစည္းအေဝး #တ႐ုတ္-အိႏၵိယနယ္ျခား

(Reuters., 17 March 2023,” India says situation with China fragile, dangerous in the Himalayan front” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.