မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးတင်သွင်းမှုများကို တားဆီးရန်အတွက် လုံခြုံရေးတင်းကျပ်ထားဟု ထိုင်းအာဏာပိုင်များဆို

806

Pika (NP News) - မတ် ၂၇
ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင်မူးယစ်ဆေးဝါးအများအပြား တင်ပို့ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်သည် မြောက်ပိုင်းနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက် ကြောင်း သိရသည်။
မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုကို တားဆီးရန်အတွက် တပ်မ(၃)မှ တပ်ဖွဲ့ဝင်များနှင့်အတူ ဒရုန်းများ၊ အဝေးထိန်းအာရုံခံနည်းပညာစက်ပစ္စည်းများနှင့် စစ်တပ်မှ အနံ့ခံခွေးများကို မြောက်ပိုင်းနယ်စပ်တစ်လျှောက် ဖြန့်ကျက်ချထားကြောင်း မြောက်ပိုင်းနယ်စပ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုဌာန (NBNCC) မှ ဒု-ကော်မရှင်နာ ဗိုလ်ချုပ် Jarad Panyadee က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် ပိုမိုမြန်ဆန်နေပြီဖြစ်သလို ဈေးသက်သာသောကြောင့် မူးယစ်ဆေးဝါးများကို အွန်လိုင်းမှ dark web ဖြင့် ရောင်းချခြင်းများရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များရှိ ခရိုင်(၂၉)ခုတွင် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းနှင့် ပတ်သက်ပြီး မကြာသေးမီက လှုပ်ရှားမှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ချင်းမိုင်၊ချင်းရိုင်နှင့် Loei ပြည်နယ်တို့ရှိ ခရိုင်(၁၃)ခုသည် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများ အများဆုံး လုပ်ကိုင်ရာ ဒေသများအဖြစ် သတ်မှတ်ခံထားရပြီး ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် နှင့် Phayao ပြည်နယ်တို့ တွင် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည် အလယ်အလတ်အဆင့်အထိ ရှိနေကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဘုတ်အဖွဲ့ (ONCB) သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစတင်ကာ မူးယစ်ဆေးဝါးမှု(၂၁၉)မှုကို စွဲချက်တင်ခဲ့ပြီး သံသယရှိသူ(၂၃၃)ဦးကို ဖမ်းဆီးခဲ့သလို ဘတ်ငွေ(၄၃၂)သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း Jarad Panyadee က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် မြောက်ပိုင်းနယ်စပ်တစ်လျှောက် စိတ်ကြွဆေးပြား(၃၆၂၈၈၈၃၃၆) ပြား၊ crystal methamphetamine (၅၄၁၈) ကီလိုဂရမ် နှင့် ဘိန်းဖြူ(၂၉၂) ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံဘက္ျခမ္းမွ မူးယစ္ေဆးဝါးတင္သြင္းမႈမ်ားကို တားဆီးရန္အတြက္ လုံၿခဳံေရးတင္းက်ပ္ထားဟု ထိုင္း အာဏာပိုင္မ်ားဆို
Pika (NP News) - မတ္ ၂၇
ထိုင္းႏိုင္ငံသို႔ ျမန္မာႏိုင္ငံဘက္ျခမ္းမွ တရားမဝင္မူးယစ္ေဆးဝါးအမ်ားအျပား တင္ပို႔ဖြယ္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ၿပီးေနာက္ ထိုင္းစစ္တပ္သည္ ေျမာက္ပိုင္းနယ္စပ္တစ္ေလွ်ာက္တြင္ လုံၿခဳံေရးကို ပိုမိုတင္းက်ပ္လိုက္ ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈကို တားဆီးရန္အတြက္ တပ္မ(၃)မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ဒ႐ုန္းမ်ား၊ အေဝးထိန္းအာ႐ုံခံနည္းပညာစက္ပစၥည္းမ်ားႏွင့္ စစ္တပ္မွ အနံ႔ခံေခြးမ်ားကို ေျမာက္ပိုင္းနယ္စပ္တစ္ေလွ်ာက္ ျဖန႔္က်က္ခ်ထားေၾကာင္း ေျမာက္ပိုင္းနယ္စပ္ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဗဟိုဌာန (NBNCC) မွ ဒု-ေကာ္မရွင္နာ ဗိုလ္ခ်ဳပ္ Jarad Panyadee က ေျပာၾကားခဲ့သည္။
လက္ရွိအခ်ိန္တြင္ မူးယစ္ေဆးဝါးထုတ္လုပ္မႈသည္ ပိုမိုျမန္ဆန္ေနၿပီျဖစ္သလို ေဈးသက္သာေသာေၾကာင့္ မူးယစ္ေဆးဝါးမ်ားကို အြန္လိုင္းမွ dark web ျဖင့္ ေရာင္းခ်ျခင္းမ်ားရွိလာခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံေျမာက္ပိုင္းႏွင့္ အေရွ႕ေျမာက္ပိုင္းျပည္နယ္မ်ားရွိ ခ႐ိုင္(၂၉)ခုတြင္ မူးယစ္ေဆးဝါးေမွာင္ခိုလုပ္ငန္းႏွင့္ ပတ္သက္ၿပီး မၾကာေသးမီက လႈပ္ရွားမႈအမ်ားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။
ခ်င္းမိုင္၊ခ်င္း႐ိုင္ႏွင့္ Loei ျပည္နယ္တို႔ရွိ ခ႐ိုင္(၁၃)ခုသည္ မူးယစ္ေဆးဝါးေမွာင္ခိုလုပ္ငန္းမ်ား အမ်ားဆုံး လုပ္ကိုင္ရာ ေဒသမ်ားအျဖစ္ သတ္မွတ္ခံထားရၿပီး ခ်င္းမိုင္၊ ခ်င္း႐ိုင္၊ မယ္ေဟာင္ေဆာင္ ႏွင့္ Phayao ျပည္နယ္တို႔ တြင္ တရားမဝင္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈသည္ အလယ္အလတ္အဆင့္အထိ ရွိေနေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးဘုတ္အဖြဲ႕ (ONCB) သည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလမွစတင္ကာ မူးယစ္ေဆးဝါးမႈ(၂၁၉)မႈကို စြဲခ်က္တင္ခဲ့ၿပီး သံသယရွိသူ(၂၃၃)ဦးကို ဖမ္းဆီးခဲ့သလို ဘတ္ေငြ(၄၃၂)သန္း တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း Jarad Panyadee က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္တြင္ ေျမာက္ပိုင္းနယ္စပ္တစ္ေလွ်ာက္ စိတ္ႂကြေဆးျပား(၃၆၂၈၈၈၃၃၆) ျပား၊ crystal methamphetamine (၅၄၁၈) ကီလိုဂရမ္ ႏွင့္ ဘိန္းျဖဴ(၂၉၂) ကီလိုဂရမ္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။