မက္ကာမြို့သို့ လာရောက်လည်ပတ်သော ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ(၂ဝ)ဦး သေဆုံး

 593

Pika (NP News) - မတ် ၂၈

မတ်လ(၂၇)ရက်တွင် ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့သို့ဦးတည်သွားနေသော ဘုရားဖူးများကို တင်ဆောင်လာ သည့် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂ဝ)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ယာဥ်မတော်တဆမှုသည် Asir ဒေသ Aqaba Shaar မြို့တွင် မတ်လ(၂၇)ရက် ညနေ(၄)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မက္ကာမြို့သို့ ဦးတည်သွားနေသော ဘုရားဖူးများကို တင်ဆောင်လာ သည့် ဘတ်စ်ကားသည် တံတားလက်ရန်းကို ဝင်တိုက်မိကာ တိမ်းမှောက်ပြီးနောက် မကြာမီ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Al-Ekhbariya channel က "အခု ကျွန်တော်တို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီမတော်တဆမှုမှာ သေဆုံးသူအရေအတွက်ဟာ (၂ဝ)အထိ ရှိလာခဲ့ပြီး စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူကတော့ (၂၉) ဦး ရှိပါတယ်။ ဒီမတော်တဆမှုဟာ မတ်လ(၂၇)ရက် ညနေ(၄)နာရီလောက်က ဖြစ်ပွားခဲ့တာပါ" ဟု ဖော်ပြထားသည်။

မတူညီသောနိုင်ငံများမှ ပေါင်ဘုရားဖူးများ တင်ဆောင်လာသော ဘတ်စ်ကားသည် Khamis Mushayt မြို့မှ ထွက်ခွာခဲ့ပြီး Aqaba Shaar မြို့သို့ ဦးတည်သွားနေစဥ် ဘရိတ်ချို့ယွင်းမှုကြောင့် တံတားလက်ရန်းကို ဝင်တိုက်မိ ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ရဲတပ်ဖွဲ့များသည် အဆိုပါယာဥ်မတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

Zawgyi Version;
မကၠာၿမိဳ႕သို႔ လာေရာက္လည္ပတ္ေသာ ခရီးသည္တင္ဘတ္စ္ကား တိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ(၂ဝ)ဦး ေသဆုံး
Pika (NP News) - မတ္ ၂၈

မတ္လ(၂၇)ရက္တြင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ မကၠာၿမိဳ႕သို႔ဦးတည္သြားေနေသာ ဘုရားဖူးမ်ားကို တင္ေဆာင္လာ သည့္ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၂ဝ)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၂၉)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဆာ္ဒီႏိုင္ငံပိုင္ မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

အဆိုပါ ယာဥ္မေတာ္တဆမႈသည္ Asir ေဒသ Aqaba Shaar ၿမိဳ႕တြင္ မတ္လ(၂၇)ရက္ ညေန(၄)နာရီအခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ မကၠာၿမိဳ႕သို႔ ဦးတည္သြားေနေသာ ဘုရားဖူးမ်ားကို တင္ေဆာင္လာ သည့္ ဘတ္စ္ကားသည္ တံတားလက္ရန္းကို ဝင္တိုက္မိကာ တိမ္းေမွာက္ၿပီးေနာက္ မၾကာမီ မီးေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Al-Ekhbariya channel က "အခု ကြၽန္ေတာ္တို႔ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ ဒီမေတာ္တဆမႈမွာ ေသဆုံးသူအေရအတြက္ဟာ (၂ဝ)အထိ ရွိလာခဲ့ၿပီး စုစုေပါင္း ထိခိုက္ဒဏ္ရာရရွိသူကေတာ့ (၂၉) ဦး ရွိပါတယ္။ ဒီမေတာ္တဆမႈဟာ မတ္လ(၂၇)ရက္ ညေန(၄)နာရီေလာက္က ျဖစ္ပြားခဲ့တာပါ" ဟု ေဖာ္ျပထားသည္။

မတူညီေသာႏိုင္ငံမ်ားမွ ေပါင္ဘုရားဖူးမ်ား တင္ေဆာင္လာေသာ ဘတ္စ္ကားသည္ Khamis Mushayt ၿမိဳ႕မွ ထြက္ခြာခဲ့ၿပီး Aqaba Shaar ၿမိဳ႕သို႔ ဦးတည္သြားေနစဥ္ ဘရိတ္ခ်ိဳ႕ယြင္းမႈေၾကာင့္ တံတားလက္ရန္းကို ဝင္တိုက္မိ ကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံတြင္းသတင္းဌာနမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ ရဲတပ္ဖြဲ႕မ်ားသည္ အဆိုပါယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.