အမေရိကန်စစ်ဘက်သုံးရဟတ်ယာဉ် (၂)စင်း လေထဲမှာတိုက်မိပြီး ပျက်ကျခဲ့ဟု အမေရိကန်စစ်ဘက်ဆို

 774

ဂျန်ဇက် (NP News) - မတ် ၃ဝ

အမေရိကန်နိုင်ငံ စစ်ဘက်သုံးရဟတ်ယာဉ် နှစ်စင်းဟာ မတ်လ ၂၉ ရက်ညပိုင်းက Kentucky မြို့မှာ လေ့ကျင့်ရေးမစ်ရှင်လုပ်ဆောင်ချိန်အတွင်း တိုက်မိခဲ့တဲ့အတွက် ပျက်ကျသွားခဲ့ကြောင်းသိရပါတယ်။

စစ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာ ပျက်ကျခဲ့မှုအတွက် ထိခိုက်ပျက်စီးမှုအခြေအနေများကိုအသေးစိတ်မသိရသေးကြောင်း အမေရိကန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Nondice L. Thurman ကပြောပါတယ်။ စစ်ဘက်သုံးရဟတ်ယာဉ်တွေအပေါ်မှာ လူဘယ်နှစ်ဦးလိုက်ပါသွားသလဲဆိုတဲ့အချက်နဲ့ ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ် ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။

HH60 Black Hawk အမျိုးအစား စစ်ဘက်သုံးရဟတ်ယာဉ် နှစ်စင်းဟာ လေ့ကျင့်ရေးလမ်း ကြောင်းမှာတစ်စီးနဲ့တစ်စီး တိုက်မိခဲ့တာမျိုးဖြစ်ပြီး Fort Campbell စစ်တပ်အခြေစိုက်စခန်းမှာအလုပ်လုပ်နေတဲ့ အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

၎င်းက" လက်ရှိအချိန်မှာ စစ်ဘက်တာဝန်ရှိသူတွေဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသူတွေနဲ့ မိသားစုတွေကို လိုအပ်တာတွေဆက်သွယ်ဆောင်ရွက်ပေးနေတယ်။ ပျက်ကျမှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်" လို့ပြောပါတယ်။

Kentucky မြို့အုပ်ချုပ်ရေးမှူး Andy Beshear ကလည်း ရဟတ်ယာဉ်ပျက်ကျမှုများကြောင့် လက်ရှိအချိန်မှာ အသေးစိတ်အခြေအနေများကို မသိရပေမယ့် ထိခိုက်ပျက်စီးမှုများရှိလာနိုင်ကြောင်းဆိုပါတယ်။ ၎င်းက "စစ်ဘက်သုံးရဟတ်ယာဉ် နှစ်စင်း ပျက်ကျတဲ့သတင်းကိုသာရရှိထားတယ်။ ရဟတ်ယာဉ်နှစ်စင်းဟာ မတ်လ ၂၉ ရက်၊ ည ၁၁ နာရီခန့်မှာပျက်ကျခဲ့တာကိုသတင်းရခဲ့တယ်။ အသေးစိတ်ကို မသိသေးဘူး၊ သတင်းအချက်လက်များကို အမြန်ဆုံးထုတ်ပြန်ပေးမယ်။ ရဟတ်ယာဉ်ပေါ်မှာပါသွားသူအားလုံးအတွက် ဆုတောင်းပေးနေပါတယ်" လို့ပြောပါတယ်။

zawgyi version
အေမရိကန္စစ္ဘက္သုံးရဟတ္ယာဥ္ (၂)စင္း ေလထဲမွာတိုက္မိၿပီး ပ်က္က်ခဲ့ဟု အေမရိကန္စစ္ဘက္ဆို
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ

အေမရိကန္ႏိုင္ငံ စစ္ဘက္သုံးရဟတ္ယာဥ္ ႏွစ္စင္းဟာ မတ္လ ၂၉ ရက္ညပိုင္းက Kentucky ၿမိဳ႕မွာ ေလ့က်င့္ေရးမစ္ရွင္လုပ္ေဆာင္ခ်ိန္အတြင္း တိုက္မိခဲ့တဲ့အတြက္ ပ်က္က်သြားခဲ့ေၾကာင္းသိရပါတယ္။

စစ္ရဟတ္ယာဥ္ႏွစ္စင္း တိုက္မိကာ ပ်က္က်ခဲ့မႈအတြက္ ထိခိုက္ပ်က္စီးမႈအေျခအေနမ်ားကိုအေသးစိတ္မသိရေသးေၾကာင္း အေမရိကန္စစ္ဘက္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ Nondice L. Thurman ကေျပာပါတယ္။ စစ္ဘက္သုံးရဟတ္ယာဥ္ေတြအေပၚမွာ လူဘယ္ႏွစ္ဦးလိုက္ပါသြားသလဲဆိုတဲ့အခ်က္နဲ႔ ထိခိုက္ပ်က္စီးမႈမ်ားကို စုံစမ္းေနဆဲျဖစ္ ေၾကာင္း အေမရိကန္စစ္ဘက္က ေျပာပါတယ္။

HH60 Black Hawk အမ်ိဳးအစား စစ္ဘက္သုံးရဟတ္ယာဥ္ ႏွစ္စင္းဟာ ေလ့က်င့္ေရးလမ္း ေၾကာင္းမွာတစ္စီးနဲ႔တစ္စီး တိုက္မိခဲ့တာမ်ိဳးျဖစ္ၿပီး Fort Campbell စစ္တပ္အေျခစိုက္စခန္းမွာအလုပ္လုပ္ေနတဲ့ အေမရိကန္စစ္ဘက္ ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။

၎က" လက္ရွိအခ်ိန္မွာ စစ္ဘက္တာဝန္ရွိသူေတြဟာ ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသူေတြနဲ႔ မိသားစုေတြကို လိုအပ္တာေတြဆက္သြယ္ေဆာင္႐ြက္ေပးေနတယ္။ ပ်က္က်မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းကို အေသးစိတ္စုံစမ္းစစ္ေဆးသြားမွာျဖစ္တယ္" လို႔ေျပာပါတယ္။

Kentucky ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး Andy Beshear ကလည္း ရဟတ္ယာဥ္ပ်က္က်မႈမ်ားေၾကာင့္ လက္ရွိအခ်ိန္မွာ အေသးစိတ္အေျခအေနမ်ားကို မသိရေပမယ့္ ထိခိုက္ပ်က္စီးမႈမ်ားရွိလာႏိုင္ေၾကာင္းဆိုပါတယ္။ ၎က "စစ္ဘက္သုံးရဟတ္ယာဥ္ ႏွစ္စင္း ပ်က္က်တဲ့သတင္းကိုသာရရွိထားတယ္။ ရဟတ္ယာဥ္ႏွစ္စင္းဟာ မတ္လ ၂၉ ရက္၊ ည ၁၁ နာရီခန႔္မွာပ်က္က်ခဲ့တာကိုသတင္းရခဲ့တယ္။ အေသးစိတ္ကို မသိေသးဘူး၊ သတင္းအခ်က္လက္မ်ားကို အျမန္ဆုံးထုတ္ျပန္ေပးမယ္။ ရဟတ္ယာဥ္ေပၚမွာပါသြားသူအားလုံးအတြက္ ဆုေတာင္းေပးေနပါတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.