အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျှော့ချနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးမယ်လို့ BRICS အဖွဲ့ပြော

 1503

ဂျန်ဇက် (NP News) - ဧပြီ ၃

ယူကရိန်း စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းမှုခြေလှမ်းအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများကလည်း လာမယ့်ထိပ်သီးအစည်းအဝေးအတွင်း ဆွေးနွေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

BRICS အဖွဲ့ကို ၂ဝဝ၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘရာဇီး နဲ့ တောင်အာဖရိကတို့ ဦးဆောင်ပါဝင်လျက်ရှိနေပြီး
အဆိုပါအဖွဲ့ရဲ့ လူဦးရေဟာ (၃ ဒသမ ၂၄)ဘီလျံရှိနေကာ ကမ္ဘာ့လူဦးရေအားလုံးရဲ့ ၃ ပုံ ၁ ပုံကျော် ရှိနေကြောင်းသိရပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံများရဲ့ထိပ်သီးအစည်းအဝေးကိုလာမယ့် သြဂုတ်လမှာကျင်းပမှာဖြစ်ပြီး တောင်အာဖရိကနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယ၊ တရုတ် နဲ့ ရုရှားတို့ဟာ အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကိုစတင်ခဲ့ပြီး အပြန်အလှန်ကုန် သွယ်မှုတွေမှာ ပြည်တွင်းသုံးငွေကြေးနဲ့ ငွေပေးချေမှုတွေလုပ်ဖို့ သဘောတူညီထားပါတယ်။

ရုရှားလွှတ်တော် တာဝန်ရှိသူတစ်ဦးက BRICS အဖွဲ့ဟာ လာမယ့်ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်ဒေါ်လာ၊ ယူရိုသုံးစွဲမှုတွေကိုလျှော့ချဖို့ ကိုယ်ပိုင်ငွေကြေး တည်ထောင်ခြင်းများလုပ်ဆောင်လာဖွယ်ရှိနေကြောင်းဆိုပါတယ်။ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးကလည်း အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံခြားကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ် လာအသုံးပြုမှုတွေကို မလုပ်တော့ဘဲ အမေရိကန်ဒေါ်လာနေရာမှာ အိန္ဒိယနိုင်ငံသုံးငွေကြေး ရူပီးကို အဓိကထား အသုံးပြုသွားမှာဖြစ်တယ်လို့ပြောပါတယ်။

အိန္ဒိယအစိုးရက လုပ်ဆောင်မယ့် မူဝါဒအသစ်ဟာ အမေရိကန်ဒေါ်လာ လိုအပ်ချက်နဲ့ရင် ဆိုင်နေရတဲ့ နိုင်ငံများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ပိတ်ဆို့မှုခံနေရတဲ့ ရုရှားဟာ တရုတ်၊ အိန္ဒိယတို့ နဲ့ ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုတော့ဘဲ ပြည်တွင်း ငွေကြေးကိုသာ အသုံးပြုနေပါတယ်။လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံအများစုဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျှော့ချပြီး ပြည်တွင်းငွေကြေးအသုံးပြုကာ ပေးချေဖို့ စီစဉ်နေကြောင်းသိရပါတယ်။

zawgyi version
အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကိုေလွ်ာ့ခ်ႏိုင္ဖို႔ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ေဆြးေႏြးမယ္လို႔ BRICS အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၃

ယူကရိန္း စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ေဒၚလာ အသုံးျပဳမႈေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္းမႈေျခလွမ္းအျဖစ္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားကလည္း လာမယ့္ထိပ္သီးအစည္းအေဝးအတြင္း ေဆြးေႏြးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

BRICS အဖြဲ႕ကို ၂ဝဝ၉ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့ၿပီး ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယ၊ တ႐ုတ္၊ ႐ုရွား၊ ဘရာဇီး နဲ႔ ေတာင္အာဖရိကတို႔ ဦးေဆာင္ပါဝင္လ်က္ရွိေနၿပီး
အဆိုပါအဖြဲ႕ရဲ႕ လူဦးေရဟာ (၃ ဒသမ ၂၄)ဘီလ်ံရွိေနကာ ကမာၻ႔လူဦးေရအားလုံးရဲ႕ ၃ ပုံ ၁ ပုံေက်ာ္ ရွိေနေၾကာင္းသိရပါတယ္။ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ထိပ္သီးအစည္းအေဝးကိုလာမယ့္ ၾသဂုတ္လမွာက်င္းပမွာျဖစ္ၿပီး ေတာင္အာဖရိကႏိုင္ငံက အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူသြားမွာျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အိႏၵိယ၊ တ႐ုတ္ နဲ႔ ႐ုရွားတို႔ဟာ အေမရိကန္ေဒၚလာ အသုံးျပဳမႈေလွ်ာ့ခ်ေရးကိုစတင္ခဲ့ၿပီး အျပန္အလွန္ကုန္ သြယ္မႈေတြမွာ ျပည္တြင္းသုံးေငြေၾကးနဲ႔ ေငြေပးေခ်မႈေတြလုပ္ဖို႔ သေဘာတူညီထားပါတယ္။

႐ုရွားလႊတ္ေတာ္ တာဝန္ရွိသူတစ္ဦးက BRICS အဖြဲ႕ဟာ လာမယ့္ထိပ္သီးအစည္းအေဝးအတြင္း အေမရိကန္ေဒၚလာ၊ ယူ႐ိုသုံးစြဲမႈေတြကိုေလွ်ာ့ခ်ဖို႔ ကိုယ္ပိုင္ေငြေၾကး တည္ေထာင္ျခင္းမ်ားလုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္းဆိုပါတယ္။ အိႏၵိယကုန္သြယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးကလည္း အိႏၵိယႏိုင္ငံအေနနဲ႔ ႏိုင္ငံျခားကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚ လာအသုံးျပဳမႈေတြကို မလုပ္ေတာ့ဘဲ အေမရိကန္ေဒၚလာေနရာမွာ အိႏၵိယႏိုင္ငံသုံးေငြေၾကး ႐ူပီးကို အဓိကထား အသုံးျပဳသြားမွာျဖစ္တယ္လို႔ေျပာပါတယ္။

အိႏၵိယအစိုးရက လုပ္ေဆာင္မယ့္ မူဝါဒအသစ္ဟာ အေမရိကန္ေဒၚလာ လိုအပ္ခ်က္နဲ႔ရင္ ဆိုင္ေနရတဲ့ ႏိုင္ငံမ်ားအတြက္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုရဲ႕ပိတ္ဆို႔မႈခံေနရတဲ့ ႐ုရွားဟာ တ႐ုတ္၊ အိႏၵိယတို႔ နဲ႔ ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာကို အသုံးမျပဳေတာ့ဘဲ ျပည္တြင္း ေငြေၾကးကိုသာ အသုံးျပဳေနပါတယ္။လက္ရွိအခ်ိန္မွာ ကမာၻ႔ႏိုင္ငံအမ်ားစုဟာ အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကိုေလွ်ာ့ခ်ၿပီး ျပည္တြင္းေငြေၾကးအသုံးျပဳကာ ေပးေခ်ဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.