အီးယူတိုင်းပြည်များသို့ အသင့်ချုပ်အထည်တင်ပို့မှု ကမ္ဘာ့အများဆုံးတွင် ဘင်္ဂလားဒေ့ရှ်က တရုတ်ကို ကျော်တက်ရန် နီးကပ်လာ

156

ဂျန်ဇက် (NP News) - ဇွန် ၂၆
EU (ခေါ်) ဥရောပသမဂ္ဂအဖွဲ့ဝင်တိုင်းပြည်များသို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အဝတ်အထည်တင်ပို့မှုဟာ ၂၀၂၅ ခုနှစ် ဇန်နဝါ ရီမှ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၈.၀၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ အဲဒီပမာဏဟာ ယမန်နှစ် အလားတူကာလ ဒေါ်လာ ၆.၅၁ ဘီလီယံနဲ့နှိုင်းယှဉ်လျှင် ၂၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ ဒေါ်လာ ၈.၃၉ ဘီလီယံဖိုး တင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ မတိမ်းမယိမ်းဖြစ်လာပြီး ပေကျင်းရဲ့ တိုးတက်မှုမှာ ၂၁.၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဒါကာအခြေစိုက် “ဒေးလီးစတား” က ၂ဝ၂၅ ခုနှစ် ဇွန်လ ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တင်ပို့မှုတန်ဖိုးအရ တရုတ်ကို ကျော်တက်ရန် နီးစပ်လာပြီး ဘောင်းဘီနဲ့ ဂျင်းထည်စသဖြင့် ကုန်ပစ္စည်းအမျိုးအစားအချို့ဆိုရင် တင်ပို့မှုပမာဏအရ သာလွန်နေပြီဖြစ်ပါတယ်။ ယခုလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းမှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အီးယူရဲ့ LDC ခေါ် ဖွံ့ဖြိုးမှု အနည်းဆုံးတိုင်းပြည်များအတွက် "Everything But Arms (EBA)" “လက်နက်မှလွဲ၍ အားလုံး” အစီအစဉ်အရ အကောက်ခွန် လုံးဝကင်းလွတ်ခွင့် ရရှိထားခြင်းကြောင့် ဖြစ်ပါတယ်။
တစ်ကျော့ပြန် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်လက်ထက် မူဝါဒများအရ အမေရိကန်က ကမ္ဘာ့နိုင်ငံများအပေါ် အကောက်ခွန်နှုန်းထား မြှင့်တင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်ဆိုလျှင် အခွန် ၃၇ ရာခိုင်နှုန်းအထိ တိုးမြှင့် လာခဲ့တယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်အိတ်စ်ပို့တင်ပို့သူ အတော်များများတို့ရဲ့အီးယူဈေးကွက်ကို အာရုံစိုက်လာ ခြင်းက ရောင်းအားတိုးတက်စေရန် အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ (ဥပမာ - ငွေကြေးဖောင်းပွမှု၊ စွမ်းအင်ချို့တဲ့မှုနဲ့ ရုရှား-ယူကရိန်းစစ်ပွဲ) တို့ဖြစ်ပွားနေပေမယ့် ဘင်္ဂလားဒေ့ရှ်ရဲ့ ဥရောပ တိုင်းပြည်များသို့ အထည်အလိပ်တင်ပို့မှုဟာ တန်ဖိုးသာမက ပမာဏနဲ့ ဈေးနှုန်းတို့မှာပါ တိုးမြင့်လာခဲ့ပါတယ်။
လောလောဆယ် အီးယူရဲ့စုစုပေါင်း အဝတ်အထည်တင်သွင်းမှု ၁၄ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ခြင်းကလည်း ဘင်္ဂ လားဒေ့ရှ်ထုတ်ကုန်များအပေါ် ဝယ်လိုအား မြင့်တက်စေခဲ့ပါတယ်။ အလားတူ အသင့်ချုပ်ပစ္စည်များ တင်ပို့နေတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့မှာ တိုးတက်မှုရှိခဲ့ပေမယ့် တူရကီရဲ့တင်ပို့မှုမှာ ကျဆင်းသွားခဲ့ ကြောင်း တွေ့ရှိရပါတယ်။
ဒါကာ စက်မှုလုပ်ငန်းကို ဦးဆောင်နေသူများကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ အောင်မြင်မှုဟာ ကုန်ပစ္စည်း အရည်အသွေး ပိုမိုကောင်းမွန်လာခြင်း၊ ဈေးကွက်တန်ဖိုးမြင့် အဝတ်အစားများ ထုတ်လုပ်နိုင်ခြင်းနဲ့ ကွဲပြားတဲ့ပစ္စည်းအမျိုးအစား များကို တိုးချဲ့နိုင်ခြင်းတို့ကြောင့်လို့ ပြောပါတယ်။ စွမ်းအင်ထောက်ပံ့မှုနဲ့ နိုင်ငံရေးတည်ငြိမ်မှု ပိုမိုကောင်းမွန်လာ မယ်ဆိုရင် တင်ပို့မှုများ ဆက်လက်တိုးပွားလာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ထုတ်လုပ်မှုစွမ်းရည်မှာ ဘင်္ဂလားဒေ့ရှ်ထက် အဆများစွာသာလွန်နေဆဲဖြစ်ကြောင်းကို လည်း လက်ခံထားကြပါတယ်။
(အထက်ပါသတင်းကို ကြည့်လျှင် ဘင်္ဂလားဒေ့ရှ်တော့ RMG (ခေါ်) အသင့်ချုပ်ပစ္စည်း ထုတ်လုပ်မှုတစ်ခုတည်းနဲ့ ရတနာပုံဆိုက်ပြီလို့ ထင်မှတ်စရာရှိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အထည်ချုပ်စက်ရုံ ၃ဝ ရာခိုင်နှုန်းခန့်ဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) နှစ်နိုင်ငံ အကျိုးတူ တည်ထောင်ထားခြင်းများဖြစ်နေပါ တယ်။ ဂျင်းထည်- အိတ်အမျိုးမျိုး ထုတ်လုပ်တဲ့ စက်ရုံအားလုံးနီးပါးမှာ တရုတ်ပိုင်များ ဖြစ်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းအတွက် ချည်မျှင်၊ ဖျင်သား၊ ဆိုးဆေးနဲ့ အခြားကုန်ကြမ်း ၆၀-၇၀ ရာခိုင်နှုန်းကို ရရှိဖို့ တရုတ်နိုင်ငံအပေါ် မှီခိုနေရပါတယ်။ အဲဒီလိုဖြစ်ရခြင်းမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ပြည်တွင်းထုတ်လုပ်မှု အား နည်းပြီး တရုတ်ကုန်ကြမ်းပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို မယှဉ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း အသင့်ချုပ်ပစ္စည်း ထုတ်လုပ်မှုဟာ ဘင်္ဂလားဒေ့ရှ် ဂျီဒီပီရဲ့ ၁ဝ ရာခိုင်နှုန်းကျော်နဲ့ ပို့ကုန် ၈ဝ ရာခိုင်နှုန်း ကို ဖြည့်ဆည်းပေးထားပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသမီးငယ် ၄ သန်းကျော်ကို အလုပ်အကိုင်ပေး ထားပါတယ်။ နှစ်စဉ် တိုးပွားလာနေတဲ့ ပါးစပ်ပေါက်များကို ကျွေးမွေးဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုမပါပဲ အစိုးရနဲ့ ပုဂ္ဂလိကချည့်သက်သက် ဝင်ငွေရရှိစေဖို့ မဖြစ်နိုင်ပါဘူး။
တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလို့ ပြောနေကြပေမယ့် လျှပ်စစ်ဓါတ်အားသွယ်တန်းခြင်း၊ ဆိပ်ကမ်းများ၊ လမ်း-တံတားများ တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ အကယ်၍ RMG လုပ်ငန်းမှ တရုတ်တို့ ထွက်ခွာသွားသည့်တိုင် အဲဒီစက်ရုံတွေကို ဖျက်ယူသွားမှာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေခံအဆောက်အ အုံ အဖြစ် ကျန်ရှိနေမှာဖြစ်ပါတယ်။ လောလောဆယ် လုပ်ငန်းအကျိုးအမြတ် အများစုဟာ တရုတ်ရင်းနှီးမြှုပ်နှံ သူများထံ စီးဆင်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်အတွက် အခွန်ဝင်ငွေ၊ နည်းပညာ လွှဲပြောင်းမှု အနည်းငယ်နဲ့ ပြည်တွင်း ဈေးကွက် ဖွံ့ဖြိုးမှုကို ရရှိစေပါတယ်။
ဒီအချက်ကို သဘောပေါက်ရင် ဈေးကွက်စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးခြင်းကို အထိုက်အ လျောက် နားလည်နိုင်မှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ ထူထောင်ခဲ့တဲ့ ရန်ကုန်မြို့ လှိုင်သာယာနဲ့ ရွှေ ပြည်သာ၊ တောင်-မြောက်-အရှေ့ဒဂုံမြို့နယ်တို့ အချိန်တိုအတွင်း စည်ကားဖွံ့ဖြိုးပြီး မြို့လည်နဲ့မခြား ဖြစ်လာပုံကို သဘောပေါက်ပါလိမ့်မယ်။ အဲဒါတွေအားလုံးဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်အားလုံးရဲ့ စီးပွားရေး-ကျန်းမာရေး-ပညာရေးနဲ့ ဆက်စပ်နေကြောင်း၊ ကျား/မ မြန်မာလူရွယ်ပေါင်း သန်းနဲ့ချီပြီး ရွှေ့ပြောင်းလုပ်သား အဖြစ် ပြည်ပရောက်ကုန်ရခြင်းကို လျော့ချနိုင်ပါလိမ့်မယ်။ ။ သတင်းဘာသာပြန်သူ)
#HtayOung #OungMarine

Zawgyi Version:
အီးယူတိုင္းျပည္မ်ားသို႔ အသင့္ခ်ဳပ္အထည္တင္ပို႔မႈ ကမာၻ႔အမ်ားဆုံးတြင္ ဘဂၤလားေဒ့ရွ္က တ႐ုတ္ကို ေက်ာ္တက္ ရန္ နီးကပ္လာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၆
EU (ေခၚ) ဥေရာပသမဂၢအဖြဲ႕ဝင္တိုင္းျပည္မ်ားသို႔ ဘဂၤလားေဒ့ရွ္ရဲ႕ အဝတ္အထည္တင္ပို႔မႈဟာ ၂၀၂၅ ခုႏွစ္ ဇန္နဝါ ရီမွ ဧၿပီလအတြင္း အေမရိကန္ေဒၚလာ ၈.၀၇ ဘီလီယံအထိ ေရာက္ရွိခဲ့ေၾကာင္း၊ အဲဒီပမာဏဟာ ယမန္ႏွစ္ အလားတူကာလ ေဒၚလာ ၆.၅၁ ဘီလီယံနဲ႔ႏႈိင္းယွဥ္လွ်င္ ၂၄ ရာခိုင္ႏႈန္း တိုးတက္လာျခင္းျဖစ္ေၾကာင္း၊ ေဒၚလာ ၈.၃၉ ဘီလီယံဖိုး တင္ပို႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံနဲ႔ မတိမ္းမယိမ္းျဖစ္လာၿပီး ေပက်င္းရဲ႕ တိုးတက္မႈမွာ ၂၁.၅ ရာခိုင္ႏႈန္းသာ ရွိတယ္လို႔ ဒါကာအေျခစိုက္ “ေဒးလီးစတား” က ၂ဝ၂၅ ခုႏွစ္ ဇြန္လ ေရးသားပါတယ္။
ဘဂၤလားေဒ့ရွ္ဟာ တင္ပို႔မႈတန္ဖိုးအရ တ႐ုတ္ကို ေက်ာ္တက္ရန္ နီးစပ္လာၿပီး ေဘာင္းဘီနဲ႔ ဂ်င္းထည္စသျဖင့္ ကုန္ပစၥည္းအမ်ိဳးအစားအခ်ိဳ႕ဆိုရင္ တင္ပို႔မႈပမာဏအရ သာလြန္ေနၿပီျဖစ္ပါတယ္။ ယခုလိုျဖစ္ရျခင္းရဲ႕ အဓိက အေၾကာင္းရင္းမွာ ဘဂၤလားေဒ့ရွ္အေနနဲ႔ အီးယူရဲ႕ LDC ေခၚ ဖြံ႕ၿဖိဳးမႈ အနည္းဆုံးတိုင္းျပည္မ်ားအတြက္ "Everything But Arms (EBA)" “လက္နက္မွလြဲ၍ အားလုံး” အစီအစဥ္အရ အေကာက္ခြန္ လုံးဝကင္းလြတ္ခြင့္ ရရွိထားျခင္းေၾကာင့္ ျဖစ္ပါတယ္။
တစ္ေက်ာ့ျပန္ သမၼတျဖစ္လာတဲ့ ေဒၚနယ္ထရမ့္လက္ထက္ မူဝါဒမ်ားအရ အေမရိကန္က ကမာၻ႔ႏိုင္ငံမ်ားအေပၚ အေကာက္ခြန္ႏႈန္းထား ျမႇင့္တင္ထားပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေပၚဆိုလွ်င္ အခြန္ ၃၇ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ လာခဲ့တယ္။ ဒါ့ေၾကာင့္ ဘဂၤလားေဒ့ရွ္အိတ္စ္ပို႔တင္ပို႔သူ အေတာ္မ်ားမ်ားတို႔ရဲ႕အီးယူေဈးကြက္ကို အာ႐ုံစိုက္လာ ျခင္းက ေရာင္းအားတိုးတက္ေစရန္ အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈမ်ား (ဥပမာ - ေငြေၾကးေဖာင္းပြမႈ၊ စြမ္းအင္ခ်ိဳ႕တဲ့မႈနဲ႔ ႐ုရွား-ယူကရိန္းစစ္ပြဲ) တို႔ျဖစ္ပြားေနေပမယ့္ ဘဂၤလားေဒ့ရွ္ရဲ႕ ဥေရာပ တိုင္းျပည္မ်ားသို႔ အထည္အလိပ္တင္ပို႔မႈဟာ တန္ဖိုးသာမက ပမာဏနဲ႔ ေဈးႏႈန္းတို႔မွာပါ တိုးျမင့္လာခဲ့ပါတယ္။
ေလာေလာဆယ္ အီးယူရဲ႕စုစုေပါင္း အဝတ္အထည္တင္သြင္းမႈ ၁၄ ရာခိုင္ႏႈန္းေက်ာ္ တိုးတက္ခဲ့ျခင္းကလည္း ဘဂၤ လားေဒ့ရွ္ထုတ္ကုန္မ်ားအေပၚ ဝယ္လိုအား ျမင့္တက္ေစခဲ့ပါတယ္။ အလားတူ အသင့္ခ်ဳပ္ပစၥည္မ်ား တင္ပို႔ေနတဲ့ အိႏၵိယ၊ ပါကစၥတန္၊ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္တို႔မွာ တိုးတက္မႈရွိခဲ့ေပမယ့္ တူရကီရဲ႕တင္ပို႔မႈမွာ က်ဆင္းသြားခဲ့ ေၾကာင္း ေတြ႕ရွိရပါတယ္။
ဒါကာ စက္မႈလုပ္ငန္းကို ဦးေဆာင္ေနသူမ်ားကေတာ့ ဘဂၤလားေဒ့ရွ္ရဲ႕ ေအာင္ျမင္မႈဟာ ကုန္ပစၥည္း အရည္အေသြး ပိုမိုေကာင္းမြန္လာျခင္း၊ ေဈးကြက္တန္ဖိုးျမင့္ အဝတ္အစားမ်ား ထုတ္လုပ္ႏိုင္ျခင္းနဲ႔ ကြဲျပားတဲ့ပစၥည္းအမ်ိဳးအစား မ်ားကို တိုးခ်ဲ႕ႏိုင္ျခင္းတို႔ေၾကာင့္လို႔ ေျပာပါတယ္။ စြမ္းအင္ေထာက္ပံ့မႈနဲ႔ ႏိုင္ငံေရးတည္ၿငိမ္မႈ ပိုမိုေကာင္းမြန္လာ မယ္ဆိုရင္ တင္ပို႔မႈမ်ား ဆက္လက္တိုးပြားလာလိမ့္မယ္လို႔ ယုံၾကည္ၾကပါတယ္။
ဒါေပမယ့္ တ႐ုတ္ႏိုင္ငံရဲ႕ ထုတ္လုပ္မႈစြမ္းရည္မွာ ဘဂၤလားေဒ့ရွ္ထက္ အဆမ်ားစြာသာလြန္ေနဆဲျဖစ္ေၾကာင္းကို လည္း လက္ခံထားၾကပါတယ္။
(အထက္ပါသတင္းကို ၾကည့္လွ်င္ ဘဂၤလားေဒ့ရွ္ေတာ့ RMG (ေခၚ) အသင့္ခ်ဳပ္ပစၥည္း ထုတ္လုပ္မႈတစ္ခုတည္းနဲ႔ ရတနာပုံဆိုက္ၿပီလို႔ ထင္မွတ္စရာရွိပါတယ္။ ဒါေပမယ့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အထည္ခ်ဳပ္စက္႐ုံ ၃ဝ ရာခိုင္ႏႈန္းခန႔္ဟာ တ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈ (သို႔မဟုတ္) ႏွစ္ႏိုင္ငံ အက်ိဳးတူ တည္ေထာင္ထားျခင္းမ်ားျဖစ္ေနပါ တယ္။ ဂ်င္းထည္- အိတ္အမ်ိဳးမ်ိဳး ထုတ္လုပ္တဲ့ စက္႐ုံအားလုံးနီးပါးမွာ တ႐ုတ္ပိုင္မ်ား ျဖစ္ၾကပါတယ္။
ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္လုပ္ငန္းအတြက္ ခ်ည္မွ်င္၊ ဖ်င္သား၊ ဆိုးေဆးနဲ႔ အျခားကုန္ၾကမ္း ၆၀-၇၀ ရာခိုင္ႏႈန္းကို ရရွိဖို႔ တ႐ုတ္ႏိုင္ငံအေပၚ မွီခိုေနရပါတယ္။ အဲဒီလိုျဖစ္ရျခင္းမွာ ဘဂၤလားေဒ့ရွ္ရဲ႕ျပည္တြင္းထုတ္လုပ္မႈ အား နည္းၿပီး တ႐ုတ္ကုန္ၾကမ္းပစၥည္းေတြရဲ႕ အရည္အေသြးနဲ႔ ေဈးႏႈန္းကို မယွဥ္ႏိုင္ျခင္းေၾကာင့္ ျဖစ္ပါတယ္။
ဒါေပမယ့္ တစ္ဖက္မွာလည္း အသင့္ခ်ဳပ္ပစၥည္း ထုတ္လုပ္မႈဟာ ဘဂၤလားေဒ့ရွ္ ဂ်ီဒီပီရဲ႕ ၁ဝ ရာခိုင္ႏႈန္းေက်ာ္နဲ႔ ပို႔ကုန္ ၈ဝ ရာခိုင္ႏႈန္း ကို ျဖည့္ဆည္းေပးထားၿပီး ဘဂၤလားေဒ့ရွ္အမ်ိဳးသမီးငယ္ ၄ သန္းေက်ာ္ကို အလုပ္အကိုင္ေပး ထားပါတယ္။ ႏွစ္စဥ္ တိုးပြားလာေနတဲ့ ပါးစပ္ေပါက္မ်ားကို ေကြၽးေမြးဖို႔အတြက္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမပါပဲ အစိုးရနဲ႔ ပုဂၢလိကခ်ည့္သက္သက္ ဝင္ေငြရရွိေစဖို႔ မျဖစ္ႏိုင္ပါဘူး။
တ႐ုတ္ရဲ႕ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈေတြလို႔ ေျပာေနၾကေပမယ့္ လွ်ပ္စစ္ဓါတ္အားသြယ္တန္းျခင္း၊ ဆိပ္ကမ္းမ်ား၊ လမ္း-တံတားမ်ား တည္ေဆာက္ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။ အကယ္၍ RMG လုပ္ငန္းမွ တ႐ုတ္တို႔ ထြက္ခြာသြားသည့္တိုင္ အဲဒီစက္႐ုံေတြကို ဖ်က္ယူသြားမွာ မဟုတ္ဘဲ ဘဂၤလားေဒ့ရွ္ရဲ႕ အေျခခံအေဆာက္အ အုံ အျဖစ္ က်န္ရွိေနမွာျဖစ္ပါတယ္။ ေလာေလာဆယ္ လုပ္ငန္းအက်ိဳးအျမတ္ အမ်ားစုဟာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံ သူမ်ားထံ စီးဆင္းေနေပမယ့္ ဘဂၤလားေဒ့ရွ္အတြက္ အခြန္ဝင္ေငြ၊ နည္းပညာ လႊဲေျပာင္းမႈ အနည္းငယ္နဲ႔ ျပည္တြင္း ေဈးကြက္ ဖြံ႕ၿဖိဳးမႈကို ရရွိေစပါတယ္။
ဒီအခ်က္ကို သေဘာေပါက္ရင္ ေဈးကြက္စီးပြားေရးနဲ႔ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးျခင္းကို အထိုက္အ ေလ်ာက္ နားလည္ႏိုင္မွာျဖစ္ပါတယ္။ ၁၉၈၈ ခုႏွစ္ ေနာက္ပိုင္းမွ ထူေထာင္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ လႈိင္သာယာနဲ႔ ေ႐ႊ ျပည္သာ၊ ေတာင္-ေျမာက္-အေရွ႕ဒဂုံၿမိဳ႕နယ္တို႔ အခ်ိန္တိုအတြင္း စည္ကားဖြံ႕ၿဖိဳးၿပီး ၿမိဳ႕လည္နဲ႔မျခား ျဖစ္လာပုံကို သေဘာေပါက္ပါလိမ့္မယ္။ အဲဒါေတြအားလုံးဟာ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းဝင္အားလုံးရဲ႕ စီးပြားေရး-က်န္းမာေရး-ပညာေရးနဲ႔ ဆက္စပ္ေနေၾကာင္း၊ က်ား/မ ျမန္မာလူ႐ြယ္ေပါင္း သန္းနဲ႔ခ်ီၿပီး ေ႐ႊ႕ေျပာင္းလုပ္သား အျဖစ္ ျပည္ပေရာက္ကုန္ရျခင္းကို ေလ်ာ့ခ်ႏိုင္ပါလိမ့္မယ္။ ။ သတင္းဘာသာျပန္သူ)
#HtayOung #OungMarine