တောင်ကိုရီးယားမှာ နှစ်ပေါင်း ၃၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးမွေးဖွားနှုန်းမြင့်တက်

99

ရောင်နီ (NP News) - ဇွန် ၂၇
တောင်ကိုရီးယားမှာ ၂၀၂၅ ခုနှစ် ဧပြီလရဲ့ကလေးမွေးဖွားမှုအရေအတွက်ဟာ ယမန်နှစ် အလားတူလ (ဧပြီလ ၂၀၂၄ ခုနှစ်)နဲ့ နှိုင်းယှဉ်ရင် ၈.၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၃၄ နှစ်အတွင်း အကြီးမားဆုံး မွေးဖွားမှု တိုးတက်နှုန်းဖြစ်လာတယ်လို့ သိရပါတယ်။
ဇွန်လ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့စာရင်းအင်းအရ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ကလေးစုစုပေါင်း ၂၀,၇၁၇ ဦး မွေးဖွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလက မွေးဖွားနှုန်း ၁၉,၀၅၉ နဲ့ ယှဉ်ရင် ၈.၇ ရာခိုင်နှုန်း တိုးလာတာတွေ့ရကာ ၁၉၉၁ ခုနှစ် ဧပြီလနောက်ပိုင်း တိုးတက်မှုနှုန်းအမြင့်ဆုံးအဖြစ် တွေ့ရှိရပါတယ်။ ကလေးမွေးဖွားနှုန်း တိုးလာခြင်းနဲ့အတူ အိမ်ထောင်ပြုသူ အရေအတွက်လည်း သိသိသာသာ တိုးလာခဲ့တာ တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ လက်ထပ်ထိမ်းမြားမှုဟာ ၁၈,၉၂၁ ခု မှတ်တမ်းတင်ခဲ့ပြီး ယခင်နှစ် အလားတူလနဲ့နှိုင်းယှဉ်ရင် ၈၈၄ မှု (၄.၉ ရာခိုင်နှုန်း) တိုးလာတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ပါတယ်။
မွေးဖွားနှုန်းမြင့်တက်နေပေမယ့် တောင်ကိုရီးယားရဲ့သဘာဝအရ လူဦးရေ သေဆုံးမှုနှုန်းကတော့ ဧပြီလ တစ်လအတွင်း၂၈၇၈၅ ဦး ရှိနေပြီး ယခင်နှစ်ကထက် ၀.၈ ရာခိုင်နှုန်း တိုးလာတာကြောင့် ကလေးမွေးဖွားမှုမြင့်တက်လာခြင်းဟာ သေဆုံးမှုအရေအတွက်ကိုတော့ ထေမိအောင် မလုံလောက်သေးဘူးလို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ႏွစ္ေပါင္း ၃၄ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ကေလးေမြးဖြားႏႈန္းျမင့္တက္
ေရာင္နီ (NP News) - ဇြန္ ၂၇
ေတာင္ကိုရီးယားမွာ ၂၀၂၅ ခုႏွစ္ ဧၿပီလရဲ႕ကေလးေမြးဖြားမႈအေရအတြက္ဟာ ယမန္ႏွစ္ အလားတူလ (ဧၿပီလ ၂၀၂၄ ခုႏွစ္)နဲ႔ ႏႈိင္းယွဥ္ရင္ ၈.၇ ရာခိုင္ႏႈန္း တိုးလာခဲ့ၿပီး ၃၄ ႏွစ္အတြင္း အႀကီးမားဆုံး ေမြးဖြားမႈ တိုးတက္ႏႈန္းျဖစ္လာတယ္လို႔ သိရပါတယ္။
ဇြန္လ ၂၅ ရက္က ထုတ္ျပန္ခဲ့တဲ့စာရင္းအင္းအရ ၂၀၂၅ ခုႏွစ္၊ ဧၿပီလမွာ ကေလးစုစုေပါင္း ၂၀,၇၁၇ ဦး ေမြးဖြားခဲ့ၿပီး ၂၀၂၄ ခုႏွစ္ ဧၿပီလက ေမြးဖြားႏႈန္း ၁၉,၀၅၉ နဲ႔ ယွဥ္ရင္ ၈.၇ ရာခိုင္ႏႈန္း တိုးလာတာေတြ႕ရကာ ၁၉၉၁ ခုႏွစ္ ဧၿပီလေနာက္ပိုင္း တိုးတက္မႈႏႈန္းအျမင့္ဆုံးအျဖစ္ ေတြ႕ရွိရပါတယ္။ ကေလးေမြးဖြားႏႈန္း တိုးလာျခင္းနဲ႔အတူ အိမ္ေထာင္ျပဳသူ အေရအတြက္လည္း သိသိသာသာ တိုးလာခဲ့တာ ေတြ႕ရပါတယ္။ ၂၀၂၅ ခုႏွစ္ ဧၿပီလ လက္ထပ္ထိမ္းျမားမႈဟာ ၁၈,၉၂၁ ခု မွတ္တမ္းတင္ခဲ့ၿပီး ယခင္ႏွစ္ အလားတူလနဲ႔ႏႈိင္းယွဥ္ရင္ ၈၈၄ မႈ (၄.၉ ရာခိုင္ႏႈန္း) တိုးလာတယ္လို႔ သိရပါတယ္။ ဒါဟာ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးႏႈန္းထားျဖစ္ပါတယ္။
ေမြးဖြားႏႈန္းျမင့္တက္ေနေပမယ့္ ေတာင္ကိုရီးယားရဲ႕သဘာဝအရ လူဦးေရ ေသဆုံးမႈႏႈန္းကေတာ့ ဧၿပီလ တစ္လအတြင္း၂၈၇၈၅ ဦး ရွိေနၿပီး ယခင္ႏွစ္ကထက္ ၀.၈ ရာခိုင္ႏႈန္း တိုးလာတာေၾကာင့္ ကေလးေမြးဖြားမႈျမင့္တက္လာျခင္းဟာ ေသဆုံးမႈအေရအတြက္ကိုေတာ့ ေထမိေအာင္ မလုံေလာက္ေသးဘူးလို႔ သိရပါတယ္။