ရန်ကုန်-မန္တလေးအမြန်လမ်းတွင် “အောင်ကျော်မိုး” ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသား(၁)ဦး သေဆုံး

 2329

Pearl (NP News) – ဧပြီ ၄

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် "အောင်ကျော်မိုး" ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်အကူ အမျိုးသား(၁)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၃ ရက်)၊ ည (၁၂)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ နေပြည် တော်၊ လယ်ဝေးမြို့နယ်၊ မိုင်တိုင်အမှတ် (၁၉၄/၂) တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်တိုင်အနီးတွင် အမျိုးသား (၂၇)ဦး နှင့် အမျိုးသမီး(၂၈)ဦး စုစုပေါင်း(၅၅)ဦးတို့ လိုက်ပါလာသည့် အောင်ကျော်မိုးခရီးသည် တင်ယာဉ်သည် အရှိန်လွန်၍ တံတားလက်ရမ်းအား တိုက်မိခဲ့ကြောင်း သိရသည်။

"အရှိန်လွန်ပြီး တံတားလက်ရန်းကို တိုက်တာ၊ ဆုံးတာက ယာဉ်အကူ စပါယ်ယာပေါ့၊ ကျန်တဲ့လူက နည်းနည်း ပွန်းပဲ့တာမျိုးပဲ၊ ဖြစ်တာကတော့ လယ်ဝေးမြို့နယ်အပိုင်ထဲမှာဖြစ်တာပေါ့" ဟု ပလွေးအမြန်လမ်း မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

ထိုသို့ဖြစ်ပွားမှုကြောင့် ရန်ကုန်မြို့တွင် နေထိုင်သူ ယာဉ်အကူအမျိုးသား(၁)ဦး သေဆုံးပြီး အမျိုးသား(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား နေပြည်တောင်ကုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများမှာ စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ “ေအာင္ေက်ာ္မိုး” ခရီးသည္တင္ယာဥ္ တိမ္းေမွာက္မႈျဖစ္ပြားရာ အမ်ိဳးသား(၁)ဦး ေသဆုံး
Pearl (NP News) – ဧၿပီ ၄

ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတြင္ "ေအာင္ေက်ာ္မိုး" ခရီးသည္တင္ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားၿပီး ယာဥ္အကူ အမ်ိဳးသား(၁)ဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၃ ရက္)၊ ည (၁၂)နာရီ အခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ ေနျပည္ ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ မိုင္တိုင္အမွတ္ (၁၉၄/၂) တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိုင္တိုင္အနီးတြင္ အမ်ိဳးသား (၂၇)ဦး ႏွင့္ အမ်ိဳးသမီး(၂၈)ဦး စုစုေပါင္း(၅၅)ဦးတို႔ လိုက္ပါလာသည့္ ေအာင္ေက်ာ္မိုးခရီးသည္ တင္ယာဥ္သည္ အရွိန္လြန္၍ တံတားလက္ရမ္းအား တိုက္မိခဲ့ေၾကာင္း သိရသည္။

"အရွိန္လြန္ၿပီး တံတားလက္ရန္းကို တိုက္တာ၊ ဆုံးတာက ယာဥ္အကူ စပါယ္ယာေပါ့၊ က်န္တဲ့လူက နည္းနည္း ပြန္းပဲ့တာမ်ိဳးပဲ၊ ျဖစ္တာကေတာ့ လယ္ေဝးၿမိဳ႕နယ္အပိုင္ထဲမွာျဖစ္တာေပါ့" ဟု ပေလြးအျမန္လမ္း မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

ထိုသို႔ျဖစ္ပြားမႈေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူ ယာဥ္အကူအမ်ိဳးသား(၁)ဦး ေသဆုံးၿပီး အမ်ိဳးသား(၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား ေနျပည္ေတာင္ကုတင္(၁ဝဝဝ)ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူမ်ားမွာ စိုးရိမ္ဖြယ္ရာအေျခအေနမဟုတ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.