ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်း အလုံဓာတ်အားခွဲရုံတွင် မီးလောင်မှုဖြစ်ပွား

 1219

NP News - ဧပြီ ၈
ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်း အလုံဓာတ်အားခွဲရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဖြစ်စဉ်သည် ဧပြီလ ၈ ရက်နေ့ ၆နာရီ ၃၅ မိနစ် တွင်မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး Level 3 ဖြစ်ကြောင်းသိရသည်။

အလုံဓာတ်အားခွဲရုံ မီး‌လောင်ကျွမ်းမှုကို Level 3 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ပြီး လူမှုကူညီရေးအဖွဲများ ၊လုံခြုံရေးတပ်ဖွဲများလည်း ရောက်ရှိလုံခြုံရေး ယူထားသည်ကို ကနဦးတွေ့ရသည်။

မီးလောင်ကျွမ်းမှု မြင်းကွင်းများအရ ဓာတ်အားခွဲရုံဖြစ်သည့်အတွက ပိုပြီးစိုးရိမ်စရာကောင်းပြီး ် မီးအားပိုပြင်းနေသည့်အနေအထားကို တွေ့မြင်ရသလို မီးခိုငွေ့များ ကောင်းကင်တွင် မဲမှောင်နေပြီး လေကြမ်းများတိုက်ခတ်နေသည့်အတွက် မီးသတ်ရန် ခက်ခဲ့နိုင်သည့်အခြေအနေဖြစ်သည်။

ထို့ပြင် မီးလောင်ကျွမ်းမှုသည် မိနစ်၄၀ နီးပါ ကြာမြင်ခဲ့ပြီး မီးအားသည်အလွန်ပြင်ထန်ခဲ့ခြင်းကြောင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ မီးညွှန်ကို လှမ်းမြင်ရကြောင်း သတင်းများအရသိရသည်။

မီးလောင်ကျွမ်းမှုကို ၇နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲက သတင်း ထုတ်ပြန်ထားသည်။

အလုံဓာတ်အားခွဲရုံ ဘယ်လိုကြောင့် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုအပေါ် လက်တလောတွင် စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။

#NPNews

ရန္ကုန္တိုင္း၊ အလုံၿမိဳနယ္၊ ေစာရန္ပိုင္ရပ္ကြက္၊ ကမ္းနားလမ္း အလုံဓာတ္အားခြဲ႐ုံတြင္ မီးေလာင္မႈျဖစ္ပြား
NP News - ဧၿပီ ၈
ရန္ကုန္တိုင္း၊ အလုံၿမိဳနယ္၊ ေစာရန္ပိုင္ရပ္ကြက္၊ ကမ္းနားလမ္း အလုံဓာတ္အားခြဲ႐ုံတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါျဖစ္စဥ္သည္ ဧၿပီလ ၈ ရက္ေန႔ ၆နာရီ ၃၅ မိနစ္ တြင္မီးစတင္ ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး Level 3 ျဖစ္ေၾကာင္းသိရသည္။

အလုံဓာတ္အားခြဲ႐ုံ မီး‌ေလာင္ကြၽမ္းမႈကို Level 3 ယာဥ္အုပ္စု ထြက္ခြာၿငိမ္းသတ္ခဲ့ၿပီး လူမႈကူညီေရးအဖြဲမ်ား ၊လုံၿခဳံေရးတပ္ဖြဲမ်ားလည္း ေရာက္ရွိလုံၿခဳံေရး ယူထားသည္ကို ကနဦးေတြ႕ရသည္။

မီးေလာင္ကြၽမ္းမႈ ျမင္းကြင္းမ်ားအရ ဓာတ္အားခြဲ႐ုံျဖစ္သည့္အတြက ပိုၿပီးစိုးရိမ္စရာေကာင္းၿပီး ္ မီးအားပိုျပင္းေနသည့္အေနအထားကို ေတြ႕ျမင္ရသလို မီးခိုေငြ႕မ်ား ေကာင္းကင္တြင္ မဲေမွာင္ေနၿပီး ေလၾကမ္းမ်ားတိုက္ခတ္ေနသည့္အတြက္ မီးသတ္ရန္ ခက္ခဲ့ႏိုင္သည့္အေျခအေနျဖစ္သည္။

ထို႔ျပင္ မီးေလာင္ကြၽမ္းမႈသည္ မိနစ္၄၀ နီးပါ ၾကာျမင္ခဲ့ၿပီး မီးအားသည္အလြန္ျပင္ထန္ခဲ့ျခင္းေၾကာင့္ ၾကည့္ျမင္တိုင္တစ္ဖက္ကမ္းမွ မီးၫႊန္ကို လွမ္းျမင္ရေၾကာင္း သတင္းမ်ားအရသိရသည္။

မီးေလာင္ကြၽမ္းမႈကို ၇နာရီ ၁၅ မိနစ္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး ၇ နာရီ မိနစ္ ၂၀ ဝန္းက်င္တြင္ ျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲက သတင္း ထုတ္ျပန္ထားသည္။

အလုံဓာတ္အားခြဲ႐ုံ ဘယ္လိုေၾကာင့္ မီး‌ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့မႈအေပၚ လက္တေလာတြင္ စုံစမ္းအတည္ျပဳေနဆဲျဖစ္သည္။

#NPNews

Related news

© 2021. All rights reserved.