ကမ္ဘာ့ဂင်းနစ်စံချိန်ပေါင်း(၂၅ဝ) ကျော်ကို ချိုးဖျက်နိုင်ခဲ့သူတစ်ဦးက ဂင်းနစ်စံချိန်သစ် ထပ်တင်ရန်ကြိုးပမ်း

704

Pika (NP News) - ဧပြီ ၂၄
ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးသူ ဒေးဗစ်ရက်ရှ်သည် ပေါင်(၂ဝ) အလေးချိန်ရှိသော (dumbbell) ဝိတ်တုံးကို ၎င်း၏ ဘယ်လက်နှင့် ညာလက်အတွင်း အလှည့်အပြောင်းအကြိမ် (၁ဝဝ) ကို အချိန်(၁၅ ဒသမ ၈၈) စက္ကန်ဖြင့် လုပ်ဆောင် နိုင်ခဲ့ပြီး နောက်ထပ် ဂင်းနစ်စံချိန်တစ်ခုတင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
STEM ပညာရေးမြှင့်တင်ရန်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်(၂၅ဝ) ကျော် ချိုးဖျက်ခဲ့သော ဒေးဗစ်ရက်ရှ်က ၎င်းသည် ယခင်ကပေါင်(၂ဝ) အလေးချိန်ရှိသော (kettle ball) ဝိတ်တုံးကို အသုံးပြုကာ ဘယ်လက်နှင့် ညာလက်ကြား အလှည့်အပြောင်းကို အကြိမ်(၁ဝဝ)လုပ်ရန်အတွက် ကြိုးပမ်းခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထိုစဥ်အချိန်က ၎င်းသည် လက်ကိုင်ကို အပြည့်အဝဆုပ်ကိုင်ထားခြင်းမျိုး မရှိသောကြောင့် ကြိုးစားမှုကို ဂင်းနစ်စံချိန်မှတ်တမ်းတင်သူများက ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ဒေးဗစ်ရက်ရှ်သည် ၎င်း၏ နောက်ဆုံး ကြိုးစားမှုအတွင်း (dumbbell) ဝိတ်တုံးကို အသုံးပြုခဲ့သည့်အတွက် အောက်ဘက်မှ အပြည့်အဝ ဆုပ်ကိုင်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေးဗစ်ရက်ရှ်၏ နောက်ဆုံးကြိုးစားမှုသည် အကြိမ်(၁ဝဝ) ကို (၁၅ ဒသမ ၈၈) စက္ကန့်ဖြင့် ပြီးဆုံးအောင် လုပ်ဆောင် နိုင်ခဲ့ပြီး (၂ဝ၁၉) ခုနှစ်တွင် German André Ortolf က တင်ထားသော ယခင်စံချိန်(၂၄ ဒသမ ၁၆) စက္ကန့်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔ဂင္းနစ္စံခ်ိန္ေပါင္း(၂၅ဝ) ေက်ာ္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့သူတစ္ဦးက ဂင္းနစ္စံခ်ိန္သစ္ ထပ္တင္ရန္ႀကိဳးပမ္း
Pika (NP News) - ဧၿပီ ၂၄
ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးသူ ေဒးဗစ္ရက္ရွ္သည္ ေပါင္(၂ဝ) အေလးခ်ိန္ရွိေသာ (dumbbell) ဝိတ္တုံးကို ၎၏ ဘယ္လက္ႏွင့္ ညာလက္အတြင္း အလွည့္အေျပာင္းအႀကိမ္ (၁ဝဝ) ကို အခ်ိန္(၁၅ ဒသမ ၈၈) စကၠန္ျဖင့္ လုပ္ေဆာင္ ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ဂင္းနစ္စံခ်ိန္တစ္ခုတင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။
STEM ပညာေရးျမႇင့္တင္ရန္အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္(၂၅ဝ) ေက်ာ္ ခ်ိဳးဖ်က္ခဲ့ေသာ ေဒးဗစ္ရက္ရွ္က ၎သည္ ယခင္ကေပါင္(၂ဝ) အေလးခ်ိန္ရွိေသာ (kettle ball) ဝိတ္တုံးကို အသုံးျပဳကာ ဘယ္လက္ႏွင့္ ညာလက္ၾကား အလွည့္အေျပာင္းကို အႀကိမ္(၁ဝဝ)လုပ္ရန္အတြက္ ႀကိဳးပမ္းခဲ့ဖူးေၾကာင္း ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း ထိုစဥ္အခ်ိန္က ၎သည္ လက္ကိုင္ကို အျပည့္အဝဆုပ္ကိုင္ထားျခင္းမ်ိဳး မရွိေသာေၾကာင့္ ႀကိဳးစားမႈကို ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္သူမ်ားက ျငင္းပယ္ခဲ့ေၾကာင္း သိရသည္။ ေဒးဗစ္ရက္ရွ္သည္ ၎၏ ေနာက္ဆုံး ႀကိဳးစားမႈအတြင္း (dumbbell) ဝိတ္တုံးကို အသုံးျပဳခဲ့သည့္အတြက္ ေအာက္ဘက္မွ အျပည့္အဝ ဆုပ္ကိုင္ထားႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ေဒးဗစ္ရက္ရွ္၏ ေနာက္ဆုံးႀကိဳးစားမႈသည္ အႀကိမ္(၁ဝဝ) ကို (၁၅ ဒသမ ၈၈) စကၠန႔္ျဖင့္ ၿပီးဆုံးေအာင္ လုပ္ေဆာင္ ႏိုင္ခဲ့ၿပီး (၂ဝ၁၉) ခုႏွစ္တြင္ German André Ortolf က တင္ထားေသာ ယခင္စံခ်ိန္(၂၄ ဒသမ ၁၆) စကၠန႔္ကို ခ်ိဳးဖ်က္ ႏိုင္ခဲ့ေၾကာင္း သိရသည္။