ဆိုင်ကယ်(၃)စီးဖြင့် သင်္ဃန်းဝတ်ရုံထားသူ(၆)ဦးက လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို ပစ်ခတ်ထွက်ပြေးမှု ရေးမြို့၌ ဖြစ်ပွား

 7992

NP News - ဧပြီ ၂၉

ဆိုင်ကယ်(၃)စီးဖြင့် သင်္ဃန်းဝတ်ရုံထားသူ(၆)ဦးက လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို ပစ်ခတ် ထွက်ပြေးမှု မွန်ပြည်နယ်၊ ရေးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီ ၂၉ ရက်) နံနက် ၇ နာရီကျော်အချိန်တွင် ရေးမြို့အဝင်၊ ကြိုးတံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရေးမြို့အဝင် ကြိုးတံတားအနီး၌ လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်နှင့် DKBA ပူးပေါင်းအဖွဲ့အား သင်္ဃန်းဝတ်ရုံထား သူ (၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာကာ သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရေးမြို့အဝင် ကြိုးတံတား လုံခြုံရေးလုပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ရယ် DKBA ပူးပေါင်းအဖွဲ့ကို သင်္ကန်းဝတ်နဲ့ ဘုန်းကြီးတု (၆)ယောက်က ဆိုင်ကယ်(၃)စီးနဲ့လာတယ်။ သင်္ဃာန်းဝတ်စုံတွေနဲ့ပေါ့။ လာတယ် ပြီးတော့ ပစ်ပြီး ထွက်ပြေးတယ်။ အစ်ကို တို့ဘက်က ထိခိုက်သွားတာရှိတယ်။ ရန်သူကတော့ ကျည်ဆံနဲ့ သင်္ကန်းပြုတ်ကျကျန်နေခဲ့တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ တစ်ဦးထိခိုက်သေဆုံးခဲ့ပြီး နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သင်္ဃန်းဝတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သူများကို တပ်မတော်လုံခြုံရေးအဖွဲ့မှ လိုက်လံရှင်းလင်းနေကြောင်း သိရ သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအား မွန်ပြည်နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကနဦး သတင်းအချက်အလက်များအရ သိရသည်။

အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၌ သင်္ဃန်းဝတ်ရုံထားသူများက ဈေးဝယ် ထွက်လာသော စစ်သား(၂)ဦးအား သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့သေးသည်။

မြန်မာလူမျိုးအများစု ကိုးကွယ်သည့် ဗုဒ္ဓဘာသာ ရဟန်းဃံဃာများ၏ အသုံးအဆောင် သင်္ဃန်းကို တလွဲအသုံးချကာ အထက်ပါကဲ့သို့ ပြုမူဆောင်ရွက်နေမှုများအပေါ် ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိနေသည်။

Zawgyi Version;
ဆိုင္ကယ္(၃)စီးျဖင့္ သဃၤန္းဝတ္႐ုံထားသူ(၆)ဦးက လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ ျပည္သူ႔စစ္ပူးေပါင္းအဖြဲ႕ကို ပစ္ခတ္ထြက္ေျပးမႈ ေရးၿမိဳ႕၌ ျဖစ္ပြား
NP News - ဧၿပီ ၂၉

ဆိုင္ကယ္(၃)စီးျဖင့္ သဃၤန္းဝတ္႐ုံထားသူ(၆)ဦးက လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ ျပည္သူ႔စစ္ပူးေပါင္းအဖြဲ႕ကို ပစ္ခတ္ ထြက္ေျပးမႈ မြန္ျပည္နယ္၊ ေရးၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဧၿပီ ၂၉ ရက္) နံနက္ ၇ နာရီေက်ာ္အခ်ိန္တြင္ ေရးၿမိဳ႕အဝင္၊ ႀကိဳးတံတားအနီးရွိ စစ္ေဆးေရးဂိတ္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေရးၿမိဳ႕အဝင္ ႀကိဳးတံတားအနီး၌ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ ျပည္သူ႔စစ္ႏွင့္ DKBA ပူးေပါင္းအဖြဲ႕အား သဃၤန္းဝတ္႐ုံထား သူ (၆)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

“ေရးၿမိဳ႕အဝင္ ႀကိဳးတံတား လုံၿခဳံေရးလုပ္ေနတဲ့ ျပည္သူ႔စစ္အဖြဲ႕ရယ္ DKBA ပူးေပါင္းအဖြဲ႕ကို သကၤန္းဝတ္နဲ႔ ဘုန္းႀကီးတု (၆)ေယာက္က ဆိုင္ကယ္(၃)စီးနဲ႔လာတယ္။ သဃၤာန္းဝတ္စုံေတြနဲ႔ေပါ့။ လာတယ္ ၿပီးေတာ့ ပစ္ၿပီး ထြက္ေျပးတယ္။ အစ္ကို တို႔ဘက္က ထိခိုက္သြားတာရွိတယ္။ ရန္သူကေတာ့ က်ည္ဆံနဲ႔ သကၤန္းျပဳတ္က်က်န္ေနခဲ့တယ္” ဟု ၎က ဆက္လက္ ေျပာသည္။

အဆိုပါ ပစ္ခတ္မႈျဖစ္စဥ္အတြင္း ျပည္သူ႔စစ္ပူးေပါင္းအဖြဲ႕မွ တစ္ဦးထိခိုက္ေသဆုံးခဲ့ၿပီး ႏွစ္ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရ ရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ သဃၤန္းဝတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္သူမ်ားကို တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မွ လိုက္လံရွင္းလင္းေနေၾကာင္း သိရ သည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈအား မြန္ျပည္နယ္အတြင္း လႈပ္ရွားေနသည့္ ေရးဘီလူးအဖြဲ႕မွ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ကနဦး သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အလားတူ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၌ သဃၤန္းဝတ္႐ုံထားသူမ်ားက ေဈးဝယ္ ထြက္လာေသာ စစ္သား(၂)ဦးအား ေသနတ္မ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္မႈျဖစ္ပြားခဲ့ေသးသည္။

ျမန္မာလူမ်ိဳးအမ်ားစု ကိုးကြယ္သည့္ ဗုဒၶဘာသာ ရဟန္းဃံဃာမ်ား၏ အသုံးအေဆာင္ သဃၤန္းကို တလြဲအသုံးခ်ကာ အထက္ပါကဲ့သို႔ ျပဳမူေဆာင္႐ြက္ေနမႈမ်ားအေပၚ ျပည္သူမ်ားက ျပစ္တင္ရႈတ္ခ်လ်က္ရွိေနသည္။

Picture

Ven Pannajota

29/04/2023 22:57

ကုသိုလ် အကုသိုလ်မှန်း မသိတော့တဲ့ လူတွေ ပြောတော့ ဓမ္မ အဓမ္မတဲ့ လုပ်တော့ အဓမ္မတွေချည်းပဲ

Picture

Htun Aung Kyaw

30/04/2023 07:47

နှစ်ခါရှိပီ ဒီကောင်တွေ ဒီလိုလုပ်ပုံနဲ့ ‌အရီးဒေါ်ပုံအောင်နေဦးမယ်

Related news

© 2021. All rights reserved.