မိုခါမုန်တိုင်းဟာ ၁ဝ စုနှစ်ကျော်အတွင်း မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ ဒုတိယအားအပြင်းဆုံး ဖြစ်ဖွယ်ရှိနေ

 5134

ဂျန်ဇက် (NP News) - မေ ၁၃

မေလ ၁၄ ရက်၊ နေလည်ပိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကေ့ာဘဇာဒေသကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်မယ့် မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ ၁ဝ စုနှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးတဲ့မုန်တိုင်းတွေထဲမှာ ဒုတိယအားအပြင်းဆုံး မုန်တိုင်း တစ်ခုဖြစ်လာဖွယ်ရှိနေတယ်လို့ အိန္ဒိယမိုးလေဝသနဲ့ဇလဗေဒဌာန India Meteorological Department (IMD) က ခန့်မှန်းထားပါတယ်။

မိုခါမုန်တိုင်းဟာ ကျောက်ဖြူမြို့ နဲ့ ကော့ဘဇာဒေသကို ဝင်ရောက်တိုက်ခိုက်ချိန်အတွင်း လေတိုက်နှုန်းဟာ တစ်နာရီ ၁၅ဝ-၁၆ဝ ကီလိုမီတာနှုန်းကနေ ၁၇၅ ကီလိုမီတာနှုန်းအထိ မြင့်တက်ဖွယ်ရှိနေကြောင်း IMD က သုံးသပ် ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဝင်ရောက်ချိန်မှာ မိုးသည်းထန်စွာရွာသွန်းမှုများနဲ့ လှိုင်းကြီးလေထန်မှုတွေလည်း ဖြစ်လာနိုင်ပြီး ဒီရေဟာ ၂ မီတာကနေ ၂ ဒသမ ၅ မီတာအတွင်းရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ Skymet Weather Services အဖွဲ့ကတော့ မိုခါမုန်တိုင်းဟာ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ချိန်အတွင်း တစ်နာရီလေတိုက်နှုန်းဟာ ၁၆၇-၂၂၁ ကီလိုမီတာနှုန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ခန့်မှန်းထားတဲ့အတိုင်း တိုက်ခတ်လာမယ်ဆိုရင် မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ ၁ဝ စုနှစ်အတွင်း မြန်မာနိုင်ငံ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းတွေထဲ ဒုတိယအားအပြင်းဆုံးမုန်တိုင်းတစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်က မြန်မာနိုင်ငံကို ဂီရီဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ဖူးပြီး အဲဒီဂီရိမုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း ၂၅ဝ ကီလိုမီတာနှုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂီရိမုန်တိုင်းဟာ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံ တောင်ပိုင်းဒေသအများစုကိုတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်ရှိ မြို့များမှာ မုန်တိုင်းဒဏ်ကို ခံခဲ့ရကြောင်းသိရပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့အတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုများ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်း ဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တွေဟာ ဒီသီတင်းပတ်အစောပိုင်းကတည်းက မြန်မာနိုင်ငံ တဝှမ်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ဖို့ စီစဉ်ခဲ့ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ရခိုင် ပြည်နယ်တို့မှာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေကို အရှိန်မြင့်လုပ်ကိုင်ခဲ့တယ်လို့ OCHA က သတင်းထုတ်ပြန် ထားပါတယ်။

Zawgyi Version;
မိုခါမုန္တိုင္းဟာ ၁ဝ စုႏွစ္ေက်ာ္အတြင္း ျမန္မာႏိုင္ငံကို တိုက္ခတ္ခဲ့တဲ့မုန္တိုင္းေတြထဲမွာ ဒုတိယအားအျပင္းဆုံး ျဖစ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေမ ၁၃

ေမလ ၁၄ ရက္၊ ေနလည္ပိုင္းမွာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံ ေက့ာဘဇာေဒသကို ျဖတ္ေက်ာ္ဝင္ေရာက္တိုက္ခိုက္မယ့္ မိုခါဆိုင္ကလုန္းမုန္တိုင္းဟာ ၿပီးခဲ့တဲ့ ၁ဝ စုႏွစ္ေက်ာ္အတြင္း ျမန္မာႏိုင္ငံကို ဝင္ေရာက္တိုက္ခိုက္ခဲ့ဖူးတဲ့မုန္တိုင္းေတြထဲမွာ ဒုတိယအားအျပင္းဆုံး မုန္တိုင္း တစ္ခုျဖစ္လာဖြယ္ရွိေနတယ္လို႔ အိႏၵိယမိုးေလဝသနဲ႔ဇလေဗဒဌာန India Meteorological Department (IMD) က ခန႔္မွန္းထားပါတယ္။

မိုခါမုန္တိုင္းဟာ ေက်ာက္ျဖဴၿမိဳ႕ နဲ႔ ေကာ့ဘဇာေဒသကို ဝင္ေရာက္တိုက္ခိုက္ခ်ိန္အတြင္း ေလတိုက္ႏႈန္းဟာ တစ္နာရီ ၁၅ဝ-၁၆ဝ ကီလိုမီတာႏႈန္းကေန ၁၇၅ ကီလိုမီတာႏႈန္းအထိ ျမင့္တက္ဖြယ္ရွိေနေၾကာင္း IMD က သုံးသပ္ ခန႔္မွန္းထားပါတယ္။

မုန္တိုင္း ဝင္ေရာက္ခ်ိန္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားနဲ႔ လႈိင္းႀကီးေလထန္မႈေတြလည္း ျဖစ္လာႏိုင္ၿပီး ဒီေရဟာ ၂ မီတာကေန ၂ ဒသမ ၅ မီတာအတြင္းေရာက္ရွိႏိုင္တယ္လို႔ ဆိုပါတယ္။ Skymet Weather Services အဖြဲ႕ကေတာ့ မိုခါမုန္တိုင္းဟာ ျမန္မာႏိုင္ငံ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္ခ်ိန္အတြင္း တစ္နာရီေလတိုက္ႏႈန္းဟာ ၁၆၇-၂၂၁ ကီလိုမီတာႏႈန္းအထိ ရွိႏိုင္ေၾကာင္း ခန႔္မွန္းထားပါတယ္။

ခန႔္မွန္းထားတဲ့အတိုင္း တိုက္ခတ္လာမယ္ဆိုရင္ မိုခါဆိုင္ကလုန္းမုန္တိုင္းဟာ ၿပီးခဲ့တဲ့ ၁ဝ စုႏွစ္အတြင္း ျမန္မာႏိုင္ငံ ကို ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ မုန္တိုင္းေတြထဲ ဒုတိယအားအျပင္းဆုံးမုန္တိုင္းတစ္ခု ျဖစ္လာဖြယ္ရွိေနပါတယ္။ ၂ဝ၁ဝ ျပည့္ႏွစ္က ျမန္မာႏိုင္ငံကို ဂီရီဆိုင္ကလုန္းမုန္တိုင္း တိုက္ခတ္ခဲ့ဖူးၿပီး အဲဒီဂီရိမုန္တိုင္းဟာ တစ္နာရီ ေလတိုက္ႏႈန္း ၂၅ဝ ကီလိုမီတာႏႈန္းနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ဂီရိမုန္တိုင္းဟာ ၂ဝ၁ဝ ျပည့္ႏွစ္ ေအာက္တိုဘာလက ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသအမ်ားစုကိုတိုက္ခတ္ခဲ့ျခင္းျဖစ္ၿပီး၊ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕မ်ားမွာ မုန္တိုင္းဒဏ္ကို ခံခဲ့ရေၾကာင္းသိရပါတယ္။

ကမာၻ႔မိုးေလဝသအဖြဲ႕ (WMO) က မိုခါဆိုင္ကလုန္းမုန္တိုင္းဟာ ျမန္မာႏိုင္ငံ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံတို႔အတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္မႈမ်ား ထပ္မံျဖစ္လာဖြယ္ရွိေနေၾကာင္း ဆိုထားပါတယ္။ ကုလသမဂၢရဲ႕ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕ေတြဟာ ဒီသီတင္းပတ္အေစာပိုင္းကတည္းက ျမန္မာႏိုင္ငံ တဝွမ္းမွာ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ဖို႔ စီစဥ္ခဲ့ၿပီး ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းနဲ႔ ရခိုင္ ျပည္နယ္တို႔မွာ ႀကိဳတင္ျပင္ဆင္ေရးလုပ္ငန္းေတြကို အရွိန္ျမင့္လုပ္ကိုင္ခဲ့တယ္လို႔ OCHA က သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.