နိုင်ငံပြိုကွဲမည့် ဘေးဥပါဒ်ဆီသို့ ပါကစ္စတန် ဦးတည်နေဟု အင်မရန်ခန်းပြော

 809

Htay Oung (NP News) - မေ ၁၉

အာဏာရ ညွန့်ပေါင်းအစိုးရဟာ သူ့ရဲ့ပါတီကို ဖြိုလှဲပစ်ဖို့ စစ်တပ်နဲ့ ပူးပေါင်းကြံစည်နေတယ်လို့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက စွပ်စွဲလိုက်ပါတယ်၊ ပါကစ္စတန်ဟာ ကပ်ဘေးကျရောက်လုဆဲဆဲအခြေအနေကို ဦးတည်သွားနေပြီး နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားဖွယ်ရှိကြောင်း ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက သတိပေးလိုက်တယ်လို့ Times of India က မေလ ၁၈ ရက်က ရေးသားပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကို အဆုံးသတ်ဖို့အတွက် တစ်ခုတည်းသော အဖြေမှာ ရွေးကောက်ပွဲကျင်းပရန်ဖြစ်ကြောင်း “ပါကစ္စတန်တာရစ်အီးအင်ဆာ့ဖ်” (PTI) ပါတီအကြီးအကဲ အသက် (၇ဝ)အရွယ် ဝန်ကြီးချုပ်ဟောင်းရဲ့ လာဟိုးမြို့ ဇမ်မန်ပတ်ခ်နေအိမ်မှ ဗုဒ္ဓဟူးနေ့ ဗီဒီယိုလင့်ခ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု PDM ခေါင်းဆောင်များနဲ့ လန်ဒန်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ နဝပ်ရှာရစ်ဖ်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နင်းချေပြီး နိုင်ငံ့လူ့အဖွဲ့အစည်းတွေကို ဖျက်ဆီးခံရမှာလား ဒါမှမဟုတ် ပါကစ္စတန်စစ်တပ်ကို နာမည်ဆိုးနဲ့ ဆိုင်းဘုတ်ကပ်ခံရတဲ့အထိ ဖြစ်လာမလားဆိုတဲ့အပေါ် စိုးရိမ်မှု အနည်းဆုံးသူများဖြစ်ကြောင်း၊ သူတို့လုယက်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို ကယ်တင်ဖို့အတွက် သူတို့ကိုယ် ကျိုးစီးပွားတွေကို ဂရုစိုက်နေကြတယ်လို့ ခန်းက ပြောပါတယ်။

PDM ဟာ အဲဒီအချိန် ဝန်ကြီးချုပ်ဖြစ်တဲ့ အင်မရန်ခန်းကို အတိုက်အခံ လုပ်ဖို့ ၂ဝ၂ဝ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပါကစ္စတန်နိုင်ငံရေး ညွန့်ပေါင်းအုပ်စုဖြစ်ပါတယ်။ ခန်းအစိုးရရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ ပြိုင်ဘက်များအပေါ် နိုင်ငံရေးအနိုင်ကျင့်မှု၊ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒမှာ လွဲမှားစွာ စီမံခန့်ခွဲနေတယ်လို့ စွပ်စွဲရာမှာ ခန်းရဲ့ PTI ပါတီမှ သာကူးများပင် ပါ၀င်ခဲ့ပါတယ်။ အဲ့ဒီ အုပ်စုရဲ့ အယုံအကြည်မရှိ ပါလီမန်အဆိုတင်သွင်းမှုနဲ့ ၂ဝ၂၂ ခုနှစ် ဧပြီလမှာ ခန်းကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ နောက်ပိုင်း PDM ဟာ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး လက်ရှိ၀န်ကြီးချုပ် ရှာဘက်ဇ်ရှာရစ်ဖ်ကို ခေါင်းဆောင် ခန့်အပ်ခဲ့ပါတယ်။

( အသက် ၇၁ နှစ်အရွယ် ရှာဘက်ဇ်ဟာ လန်ဒန်မှာ ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း နဝပ်ရှာရာရစ်ဖ် (၇၃)နှစ် ရဲ့ ညီဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ပနားမား ပေါက်ကြား စာရွက်စာတန်းများ ကိစ္စနဲ့ ပတ်သက်ပြီး ရာထူးမှ နှုတ်ထွက်ပေးလိုက်ရပါတယ်။ ၂ဝ၁၉ ခုနှစ် လူသားချင်းစာနာမှုအရ အာမခံပေးထားခိုက် လန်ဒန်မှာ ဆေးဝါးကုသမှုခံယူရန် ထွက်ခွာသွားရမှာ ပြန်မလာတော့သူဖြစ်ပါတယ်။ ပါကစ္စတန်မှာ အချမ်းသာဆုံးနဲ့ ရှာဘက်ဇ် စီးပွားရေးမင်းဆက် ခေါင်း ဆောင်တစ်ဦးဖြစ်သူ နဝပ်ဟာ (၃)ကြိမ်တိတိ ဝန်ကြီးချုပ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး မျက်ကွယ်မှာ ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်ခြင်း ခံထားရပါတယ်။

မေလ ၉ ရက်က အစ္စလာမာဘတ် တရားလွှတ်တော်ချုပ်မှာ အမှုကြားနာနေတဲ့ အင်မရန်ခန်းကို ပါကစ္စတန် အဂတိတိုက်ဖက်ရေးအဖွဲ့က ပြဇာတ်ဆန်ဆန် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ သူထိန်းသိမ်းခံရခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝှမ်း မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ခန်းဖမ်းဆီးခံရတဲ့ကိစ္စဟာ ဥပဒေကြောင်းအရ တရားမဝင်ဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီး အစောင့်အရှောက်အကာအကွယ်နဲ့ အာမခံပေးလိုက်တယ်လို့ BBC က မေလ ၁၃ ရက်က ရေးသားပါတယ်။

သူ့ပါတီကို ဖြိုလှဲဖို့ နိုင်ငံရေးပယောဂနဲ့ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အာဏာရ ညွန့်ပေါင်းအဖွဲ့နဲ့ ပန်ဂျပ်ပြည် နယ် အိမ်စောင့်အစိုးရ ကိုယ်စားပြုသူတို့ရဲ့ လုံးဝဥဿုံ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ ခန်းက အခိုင်အမာ ပြောကြားပါတယ်။ ပါကစ္စတန်စစ်တပ်အပေါ် သူ့ရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီး စစ်တပ်အပေါ် ပြစ်တင်ရှုတ်ချရတာ ကိုယ့်သားသမီးအကြောင်း မကောင်းပြောရသလို ရှိကြောင်း၊ နိုင်ငံတော်အဖွဲ့အစည်းတွေရဲ့ ပြည် တွင်းရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဘူးလို့ တပ်မတော်က ထပ်ခါတလဲလဲ ပြောခဲ့ဖူးကြောင်း၊ အရင် စစ်ဦးစီးချုပ်က ပူးပေါင်းကြံစည်ကြောင်းတွေ ပြောဆိုပြီးတဲ့အခါမှာလည်း စစ်တပ်ရဲ့နှောက်ယှက်မှု မခံရကြောင်း၊ မဲခွဲဆုံးဖြတ်ပြီး ခန်းအာဏာရမယ်ဆိုရင် လက်ရှိတပ်မတော်အကြီးအကဲကို အကြောင်းကြားမယ်လို့ နိုင်ငံရေးသမားအချို့က ပြောပြထားကြောင်း၊ ဇမ်မန်ပတ်ခ်နေအိမ်မှာ အကြမ်းဖက်သမား (၄ဝ) ခန့် ပုန်းအောင်းနေတယ်လို့ ပန်ဂျပ်အစိုးရရဲ့ ပြောကြားချက်ကို ခန်းက ပြင်းပြင်းထန်ထန် ပယ်ချလိုက်ပါတယ်။ ရှာဖွေဝရမ်းရရှိတယ်ဆိုရင် သူ့ရဲ့နေအိမ်ကို အချိန်မရွေး တရားဥပဒေနဲ့အညီ ရှာဖွေရမှာဖြစ် ကြောင်း၊ သူကိုယ်တိုင်တောင် အကြမ်းဖက်သမားများရဲ့ အသက်အန္တရာယ် ပေးတာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဖြစ်ကြောင်း၊ ဒါပေမယ့် တိုင်းပြည်ရဲ့ အကြီးဆုံး နိုင်ငံရေးပါတီ PTI ကို ဖြိုလှဲဖို့ အတွက် ဒီလိုမျိုး အကြောင်းပြချက်တော့ မပေးပါနဲ့လို့ တုန့်ပြန်လိုက်ပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပါကစ္စတန်လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ PTI နဲ့အတူ ရပ်တည်နေပြီး ကျန် ၃ဝ ရာခိုင်နှုန်း ကတော့ အာဏာရညွန့်ပေါင်းအစိုးရရဲ့ ပါတီအသီးသီးအပေါ် ထောက်ခံသူများဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဗီဒီယိုလင့်ခ်မှ မိန့်ခွန်းပြောကြားပြီးနောက် ဇမ်မန်ပတ်ခ်အတွင်း အကြမ်းဖက်သမား မရှိကြောင်း မျက်မြင်သိရှိနိုင်ဖို့အတွက် အီလက်ထရွန်းနစ်နဲ့ ဒစ်ဂျစ်တယ်သတင်းမီဒီယာ ကိုယ်စားလှယ်များကို ခန်းက ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ အိမ်အကူများနဲ့ ရဲတပ်ဖွဲ့ဝင်အချို့သာ အိမ်အတွင်းမှာ ရှိနေကြောင်း နေအိမ်ကို သွားရောက်ကြည့်ရှုခဲ့သူ မီဒီယာများက နောက်ပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီနေ့ စောစောပိုင်းမှာတော့ သူ့ရဲ့နေအိမ်ကို ရဲများဝိုင်းထားကြောင်း၊ နောက်ထပ် အဖမ်းမခံရမီ နောက်ဆုံး tweet ဖြစ်နိုင်တယ်လို့ အင်မရန်ခန်းက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူ့အိမ်အ ပြင်ဘက်မှာ ရဲတွေ နေရာယူထားပုံ ဗီဒီယိုတချို့ကိုလည်း လွှင့်တင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ မေလ ၉ ရက် အစ္စလာမ်မာဘတ် တရားရုံးချုပ်မှာ ခန်းကို လုံခြုံရေးရဲတပ်ဖွဲ့က ဖမ်းဆီးမှုဟာ ပါကစ္စတန်မှာ ဆူပူအုံကြွမှုများ ဖြစ်ပွားစေခဲ့ပါတယ်။ ကန့်ကွက်ဆန္ဒပြသူတွေရဲ့ ရာဝဲလ်ပင်ဒီရှိ စစ်ဋ္ဌာနချုပ် (GHQ) ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဟာ ပါကစ္စတန်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရပါတယ်။ လာဟိုးမြို့တပ်မမှူးနေအိမ်ကိုလည်း မီးတင်ရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် သူတို့ရဲ့ အလုပ်သမား အယောက် ၄၀ သေဆုံးခဲ့ရတယ်လို့ အင်မရန် ခန်းရဲ့ ပါတီက ပြောကြားပေမဲ့ အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုများအတွင်း သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးသူများ၊ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သူတို့ကို ပါကစ္စတန် စစ်တပ်အက်ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေတို့အပါအဝင် တည်ဆဲတရားဥပဒေများအရ တရားမျှတမှု ရှာဖွေသွားမှာဖြစ်ကြောင်း တပ်မတော်အကြီးအကဲက ကတိပြုထားပါတယ်။

ရုရှား၊ တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့အပေါ် ပါကစ္စတန်ရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များကြောင့် အမေရိကန်ဦးဆောင် ပူးပေါင်းကြံစည်မှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စွပ်စွဲခြင်းခံရတဲ့ ပါလီမန်အယုံအကြည် မရှိ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ အင်မရန်ခန်း အရေးနိမ့်ပြီး ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။

(Times of India., 18 May 2023,” Imran Khan: Pakistan heading towards disaster, may face East Pakistan-like situation.”ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)

zawgyi version
ႏိုင္ငံၿပိဳကြဲမည့္ ေဘးဥပါဒ္ဆီသို႔ ပါကစၥတန္ ဦးတည္ေနဟု အင္မရန္ခန္းေျပာ
Htay Oung (NP News) - ေမ ၁၉

အာဏာရ ၫြန္႔ေပါင္းအစိုးရဟာ သူ႔ရဲ႕ပါတီကို ၿဖိဳလွဲပစ္ဖို႔ စစ္တပ္နဲ႔ ပူးေပါင္းႀကံစည္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ေဟာင္း အင္မရန္ခန္းက စြပ္စြဲလိုက္ပါတယ္၊ ပါကစၥတန္ဟာ ကပ္ေဘးက်ေရာက္လုဆဲဆဲအေျခအေနကို ဦးတည္သြားေနၿပီး ႏိုင္ငံအစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲသြားဖြယ္ရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္း အင္မရန္ခန္းက သတိေပးလိုက္တယ္လို႔ Times of India က ေမလ ၁၈ ရက္က ေရးသားပါတယ္။

ႏိုင္ငံေရးမတည္ၿငိမ္မႈကို အဆုံးသတ္ဖို႔အတြက္ တစ္ခုတည္းေသာ အေျဖမွာ ေ႐ြးေကာက္ပြဲက်င္းပရန္ျဖစ္ေၾကာင္း “ပါကစၥတန္တာရစ္အီးအင္ဆာ့ဖ္” (PTI) ပါတီအႀကီးအကဲ အသက္ (၇ဝ)အ႐ြယ္ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ လာဟိုးၿမိဳ႕ ဇမ္မန္ပတ္ခ္ေနအိမ္မွ ဗုဒၶဟူးေန႔ ဗီဒီယိုလင့္ခ္မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားပါတယ္။

ပါကစၥတန္ ဒီမိုကရက္တစ္လႈပ္ရွားမႈ PDM ေခါင္းေဆာင္မ်ားနဲ႔ လန္ဒန္မွာ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ နဝပ္ရွာရစ္ဖ္တို႔ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို နင္းေခ်ၿပီး ႏိုင္ငံ့လူ႔အဖြဲ႕အစည္းေတြကို ဖ်က္ဆီးခံရမွာလား ဒါမွမဟုတ္ ပါကစၥတန္စစ္တပ္ကို နာမည္ဆိုးနဲ႔ ဆိုင္းဘုတ္ကပ္ခံရတဲ့အထိ ျဖစ္လာမလားဆိုတဲ့အေပၚ စိုးရိမ္မႈ အနည္းဆုံးသူမ်ားျဖစ္ေၾကာင္း၊ သူတို႔လုယက္ထားတဲ့ စည္းစိမ္ဥစၥာေတြကို ကယ္တင္ဖို႔အတြက္ သူတို႔ကိုယ္ က်ိဳးစီးပြားေတြကို ဂ႐ုစိုက္ေနၾကတယ္လို႔ ခန္းက ေျပာပါတယ္။

PDM ဟာ အဲဒီအခ်ိန္ ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ အင္မရန္ခန္းကို အတိုက္အခံ လုပ္ဖို႔ ၂ဝ၂ဝ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့တဲ့ ပါကစၥတန္ႏိုင္ငံေရး ၫြန္႔ေပါင္းအုပ္စုျဖစ္ပါတယ္။ ခန္းအစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ညံ့ဖ်င္းမႈ၊ ၿပိဳင္ဘက္မ်ားအေပၚ ႏိုင္ငံေရးအႏိုင္က်င့္မႈ၊ စီးပြားေရးနဲ႔ ႏိုင္ငံျခားေရးမူဝါဒမွာ လြဲမွားစြာ စီမံခန္႔ခြဲေနတယ္လို႔ စြပ္စြဲရာမွာ ခန္းရဲ႕ PTI ပါတီမွ သာကူးမ်ားပင္ ပါ၀င္ခဲ့ပါတယ္။ အဲ့ဒီ အုပ္စုရဲ႕ အယုံအၾကည္မရွိ ပါလီမန္အဆိုတင္သြင္းမႈနဲ႔ ၂ဝ၂၂ ခုႏွစ္ ဧၿပီလမွာ ခန္းကို ျဖဳတ္ခ်ႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္း PDM ဟာ အစိုးရအဖြဲ႕ ဖြဲ႕စည္းခဲ့ၿပီး လက္ရွိ၀န္ႀကီးခ်ဳပ္ ရွာဘက္ဇ္ရွာရစ္ဖ္ကို ေခါင္းေဆာင္ ခန္႔အပ္ခဲ့ပါတယ္။

( အသက္ ၇၁ ႏွစ္အ႐ြယ္ ရွာဘက္ဇ္ဟာ လန္ဒန္မွာ ထြက္ေျပးတိမ္းေရွာင္ေနသူ ဝန္ႀကီးခ်ဳပ္ေဟာင္း နဝပ္ရွာရာရစ္ဖ္ (၇၃)ႏွစ္ ရဲ႕ ညီျဖစ္ပါတယ္။ ၂ဝ၁၇ ခုႏွစ္ ပနားမား ေပါက္ၾကား စာ႐ြက္စာတန္းမ်ား ကိစၥနဲ႔ ပတ္သက္ၿပီး ရာထူးမွ ႏႈတ္ထြက္ေပးလိုက္ရပါတယ္။ ၂ဝ၁၉ ခုႏွစ္ လူသားခ်င္းစာနာမႈအရ အာမခံေပးထားခိုက္ လန္ဒန္မွာ ေဆးဝါးကုသမႈခံယူရန္ ထြက္ခြာသြားရမွာ ျပန္မလာေတာ့သူျဖစ္ပါတယ္။ ပါကစၥတန္မွာ အခ်မ္းသာဆုံးနဲ႔ ရွာဘက္ဇ္ စီးပြားေရးမင္းဆက္ ေခါင္း ေဆာင္တစ္ဦးျဖစ္သူ နဝပ္ဟာ (၃)ႀကိမ္တိတိ ဝန္ႀကီးခ်ဳပ္ တာဝန္ယူခဲ့ဖူးသူျဖစ္ၿပီး မ်က္ကြယ္မွာ ေထာင္ဒဏ္ (၁ဝ)ႏွစ္ ခ်မွတ္ျခင္း ခံထားရပါတယ္။

ေမလ ၉ ရက္က အစၥလာမာဘတ္ တရားလႊတ္ေတာ္ခ်ဳပ္မွာ အမႈၾကားနာေနတဲ့ အင္မရန္ခန္းကို ပါကစၥတန္ အဂတိတိုက္ဖက္ေရးအဖြဲ႕က ျပဇာတ္ဆန္ဆန္ ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ သူထိန္းသိမ္းခံရျခင္းနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတစ္ဝွမ္း မၿငိမ္မသက္မႈမ်ား ျဖစ္ပြားခဲ့ပါတယ္။ ခန္းဖမ္းဆီးခံရတဲ့ကိစၥဟာ ဥပေဒေၾကာင္းအရ တရားမဝင္ဘူးလို႔ တရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ၿပီး အေစာင့္အေရွာက္အကာအကြယ္နဲ႔ အာမခံေပးလိုက္တယ္လို႔ BBC က ေမလ ၁၃ ရက္က ေရးသားပါတယ္။

သူ႔ပါတီကို ၿဖိဳလွဲဖို႔ ႏိုင္ငံေရးပေယာဂနဲ႔ ဖမ္းဆီးခံရျခင္းျဖစ္ၿပီး အာဏာရ ၫြန႔္ေပါင္းအဖြဲ႕နဲ႔ ပန္ဂ်ပ္ျပည္ နယ္ အိမ္ေစာင့္အစိုးရ ကိုယ္စားျပဳသူတို႔ရဲ႕ လုံးဝဥႆုံ ပူးေပါင္းႀကံစည္မႈျဖစ္တယ္လို႔ ခန္းက အခိုင္အမာ ေျပာၾကားပါတယ္။ ပါကစၥတန္စစ္တပ္အေပၚ သူ႔ရဲ႕ေဝဖန္မႈနဲ႔ပတ္သက္ၿပီး စစ္တပ္အေပၚ ျပစ္တင္ရႈတ္ခ်ရတာ ကိုယ့္သားသမီးအေၾကာင္း မေကာင္းေျပာရသလို ရွိေၾကာင္း၊ ႏိုင္ငံေတာ္အဖြဲ႕အစည္းေတြရဲ႕ ျပည္ တြင္းေရးကိစၥေတြမွာ ဝင္ေရာက္မစြက္ဖက္ဘူးလို႔ တပ္မေတာ္က ထပ္ခါတလဲလဲ ေျပာခဲ့ဖူးေၾကာင္း၊ အရင္ စစ္ဦးစီးခ်ဳပ္က ပူးေပါင္းႀကံစည္ေၾကာင္းေတြ ေျပာဆိုၿပီးတဲ့အခါမွာလည္း စစ္တပ္ရဲ႕ေႏွာက္ယွက္မႈ မခံရေၾကာင္း၊ မဲခြဲဆုံးျဖတ္ၿပီး ခန္းအာဏာရမယ္ဆိုရင္ လက္ရွိတပ္မေတာ္အႀကီးအကဲကို အေၾကာင္းၾကားမယ္လို႔ ႏိုင္ငံေရးသမားအခ်ိဳ႕က ေျပာျပထားေၾကာင္း၊ ဇမ္မန္ပတ္ခ္ေနအိမ္မွာ အၾကမ္းဖက္သမား (၄ဝ) ခန႔္ ပုန္းေအာင္းေနတယ္လို႔ ပန္ဂ်ပ္အစိုးရရဲ႕ ေျပာၾကားခ်က္ကို ခန္းက ျပင္းျပင္းထန္ထန္ ပယ္ခ်လိုက္ပါတယ္။ ရွာေဖြဝရမ္းရရွိတယ္ဆိုရင္ သူ႔ရဲ႕ေနအိမ္ကို အခ်ိန္မေ႐ြး တရားဥပေဒနဲ႔အညီ ရွာေဖြရမွာျဖစ္ ေၾကာင္း၊ သူကိုယ္တိုင္ေတာင္ အၾကမ္းဖက္သမားမ်ားရဲ႕ အသက္အႏၲရာယ္ ေပးတာနဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ ျဖစ္ေၾကာင္း၊ ဒါေပမယ့္ တိုင္းျပည္ရဲ႕ အႀကီးဆုံး ႏိုင္ငံေရးပါတီ PTI ကို ၿဖိဳလွဲဖို႔ အတြက္ ဒီလိုမ်ိဳး အေၾကာင္းျပခ်က္ေတာ့ မေပးပါနဲ႔လို႔ တုန္႔ျပန္လိုက္ပါတယ္။

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ ပါကစၥတန္လူဦးေရရဲ႕ ၇ဝ ရာခိုင္ႏႈန္းဟာ PTI နဲ႔အတူ ရပ္တည္ေနၿပီး က်န္ ၃ဝ ရာခိုင္ႏႈန္း ကေတာ့ အာဏာရၫြန႔္ေပါင္းအစိုးရရဲ႕ ပါတီအသီးသီးအေပၚ ေထာက္ခံသူမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။

ဗီဒီယိုလင့္ခ္မွ မိန္႔ခြန္းေျပာၾကားၿပီးေနာက္ ဇမ္မန္ပတ္ခ္အတြင္း အၾကမ္းဖက္သမား မရွိေၾကာင္း မ်က္ျမင္သိရွိႏိုင္ဖို႔အတြက္ အီလက္ထ႐ြန္းနစ္နဲ႔ ဒစ္ဂ်စ္တယ္သတင္းမီဒီယာ ကိုယ္စားလွယ္မ်ားကို ခန္းက ဝင္ေရာက္ခြင့္ျပဳခဲ့ပါတယ္။ အိမ္အကူမ်ားနဲ႔ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕သာ အိမ္အတြင္းမွာ ရွိေနေၾကာင္း ေနအိမ္ကို သြားေရာက္ၾကည့္ရႈခဲ့သူ မီဒီယာမ်ားက ေနာက္ပိုင္းမွာ ေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမဲ့ အဲ့ဒီေန႔ ေစာေစာပိုင္းမွာေတာ့ သူ႔ရဲ႕ေနအိမ္ကို ရဲမ်ားဝိုင္းထားေၾကာင္း၊ ေနာက္ထပ္ အဖမ္းမခံရမီ ေနာက္ဆုံး tweet ျဖစ္ႏိုင္တယ္လို႔ အင္မရန္ခန္းက သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ သူ႔အိမ္အ ျပင္ဘက္မွာ ရဲေတြ ေနရာယူထားပုံ ဗီဒီယိုတခ်ိဳ႕ကိုလည္း လႊင့္တင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ေမလ ၉ ရက္ အစၥလာမ္မာဘတ္ တရား႐ုံးခ်ဳပ္မွာ ခန္းကို လုံၿခဳံေရးရဲတပ္ဖြဲ႕က ဖမ္းဆီးမႈဟာ ပါကစၥတန္မွာ ဆူပူအုံႂကြမႈမ်ား ျဖစ္ပြားေစခဲ့ပါတယ္။ ကန္႔ကြက္ဆႏၵျပသူေတြရဲ႕ ရာဝဲလ္ပင္ဒီရွိ စစ္႒ာနခ်ဳပ္ (GHQ) ကို ဝင္ေရာက္စီးနင္းခဲ့ျခင္းဟာ ပါကစၥတန္သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ျမင္ေတြ႕ရပါတယ္။ လာဟိုးၿမိဳ႕တပ္မမႉးေနအိမ္ကိုလည္း မီးတင္ရႈိ႕ ဖ်က္ဆီးခဲ့ၾကပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားရဲ႕ ပစ္ခတ္မႈေၾကာင့္ သူတို႔ရဲ႕ အလုပ္သမား အေယာက္ ၄၀ ေသဆုံးခဲ့ရတယ္လို႔ အင္မရန္ ခန္းရဲ႕ ပါတီက ေျပာၾကားေပမဲ့ အၾကမ္းဖက္႐ုန္းရင္းဆန္ခတ္မႈမ်ားအတြင္း ေသဆုံးသူ ၁၀ ဦးအထိ ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

မီးရႈိ႕ဖ်က္ဆီးသူမ်ား၊ အရပ္ဘက္နဲ႔ စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ားကို တိုက္ခိုက္ခဲ့သူတို႔ကို ပါကစၥတန္ စစ္တပ္အက္ဥပေဒ၊ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒတို႔အပါအဝင္ တည္ဆဲတရားဥပေဒမ်ားအရ တရားမွ်တမႈ ရွာေဖြသြားမွာျဖစ္ေၾကာင္း တပ္မေတာ္အႀကီးအကဲက ကတိျပဳထားပါတယ္။

႐ုရွား၊ တ႐ုတ္နဲ႔ အာဖဂန္နစၥတန္ႏိုင္ငံတို႔အေပၚ ပါကစၥတန္ရဲ႕ လြတ္လပ္တဲ့ ႏိုင္ငံျခားေရးမူဝါဒ ဆုံးျဖတ္ခ်က္မ်ားေၾကာင့္ အေမရိကန္ဦးေဆာင္ ပူးေပါင္းႀကံစည္မႈတစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း စြပ္စြဲျခင္းခံရတဲ့ ပါလီမန္အယုံအၾကည္ မရွိ အဆိုကို မဲခြဲဆုံးျဖတ္ရာမွာ အင္မရန္ခန္း အေရးနိမ့္ၿပီး ရာထူးမွ ဖယ္ရွားျခင္း ခံခဲ့ရပါတယ္။

(Times of India., 18 May 2023,” Imran Khan: Pakistan heading towards disaster, may face East Pakistan-like situation.”ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာ ျပန္ဆိုသည္။)

Related news

© 2021. All rights reserved.