အမေရိကန် အကြွေးပြန်ဆပ်ရန် ပျက်ကွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကမောက်ကမဖြစ်ရ မည့် အခြေအနေမှ တွန်းလှန်နိုင်ပါသလား (ဘာသာပြန်ဆောင်းပါး)

 2115

Htay Oung (NP News) - မေ ၂ဝ

လက်ရှိ အမေရိကန်အစိုးရဟာ နောက်ပြန်ဆုတ်ပေးရရင်လည်း ကြောက်လို့ အထင်သေးခံရမယ်၊ ရှေ့ဆက်တိုးရင်လည်း သေတဲ့အထိ ရေကုန်ရေခမ်း ခွပ်ဖို့သာရှိတဲ့ “ကြက်တိုက်ပွဲ"လို သမိုင်းတစ် လျှောက် ကြေးအကြီးဆုံး ကစားပွဲကို ဆင်နွှဲနေပါတယ်။

ဒီမိုကရက်များနဲ့ ရီပတ်ဘလစ်ကင်တွေက အမေရိကန်နိုင်ငံတော်ကို ငွေပိုမိုချေး ယူခွင့်မပြု သို့မဟုတ် သူတို့ပြောနေတဲ့ ဝေါဟာအတိုင်း “အမြင့်ဆုံး ကြွေးမြီ ပမာဏ” ကို ထပ်မံမြှင့်တင်ရန် သဘောမတူဘူး ဆိုရင် ကမ္ဘာ့အကြီးဆုံးစီးပွားရေးဟာ သူ့အပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီ ကန်ဒေါ်လာ (၃၁ ဒသမ ၄) ထရီလျံ(ပေါင် ၂၅ ထရီလျံ) ကို ပြန်မဆပ်နိုင်ပဲ ဖြစ်သွားရလိမ့်မယ်လို့ BBC က ယမန်နေ့ (မေလ ၁၉ ရက်)က ရေးသားပါတယ်။

ဇွန်လ ၁ ရက်ကို အဲဒီကိစ္စ အပြီးသတ် သဘောတူညီချက်ရယူဖို့ “ ယ-ရက်"အဖြစ် သတ်မှတ်ထားပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ နောက်ဆက်တွဲ ရလဒ်တွေနဲ့ သေချာပေါက် ပျက်စီးဆုံးရှုံးရလိမ့်မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျယ်ရီမီဟန့်က သတိပေးထားပါတယ်။

အကောင်း မျှော်လင့်ချက်ကတော့ အမေရိကန်အနေနဲ့ အတိုးရော အရင်းပါ ပြန်မဆပ်နိုင်တဲ့ အဖြစ်မျိုးထိ ရောက်စရာ မရှိဘူးလို့ ကျွမ်းကျင်သူတွေက ထင်မှတ်ကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ဖြစ်လာခဲ့ရင်လည်း ( အမေရိကန်ဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဂျီဒီပီမှာ ရာခိုင်နှုန်းအများဆုံး ပါ၀င်နေတာကြောင့်) ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို ပါတီပွဲပေးသလို တစ်ယောက်တစ်ပေါက် ဖြစ်ရနိုင်ကြောင်း၊ ၂ဝဝ၈ ခုနှစ်တုန်းက ကမ္ဘာ့ဘဏ်လုပ်ငန်း နယ်ပယ် ပြိုလဲလုနီး ဖြစ်ခဲ့ရတာကို ရည်ညွှန်းပြီး ယူကေနိုင်ငံ “ပမ်မာ“ ရင်းနှီးမြှုပ်နှံမှုဘဏ် အကြီးအကဲ ဆိုမွန်ဖရန့်က မှတ်ချက်ပေးပါတယ်။

( အမေရိကန်အစိုးရ အဆက်ဆက် လက်ဖွာဖွာနဲ့ သုံးလာလိုက်ကြတာ ဘတ်ဂျက်လိုငွေပြမှု နှစ်စဉ် ကြီးမားသည်ထက် ကြီးမားလာခဲ့ပါတယ်။ လိုငွေပြမှုကို အာမခံငွေချေးစာချုပ်တွေ ထုတ်ရောင်းနည်း အပါအ၀င် ဖြေ ရှင်းရင်း စုစုပေါင်း ကြွေးမြီပမာဏဟာ ဒေါ်လာ ၃၁ ဒသမ ၄ ထရီလျံအထိ လည်ပင်းခိုက်လာပါတယ်။ အဲဒီ အမြင့်ဆုံးကြွေးမြီပမာဏကို ယခုထက် ထပ်မံတိုးမြှင့် မပေးခဲ့ရင် အမေရိကန်ရဲ့ အာမခံချေးငွေစာချုပ်တွေအတွက် အတိုး လည်းမပေးနိုင် အရင်းလည်း ပြန်မဆပ်နိုင်ပဲ သိက္ခာကျ အရှက်ကွဲရပါလိမ့်မယ်။) ဝါရှင်တန်အနေနဲ့ နောက်ထပ်လည်း ငွေချေးယူခွင့် မရှိတော့ပဲ ဖြစ်သွားရပါလိမ့်မယ်။

ဝန်ထမ်းတွေကို လုပ်ခလစာ ပေးဖို့၊ သက်သာချောင်ချိရေး ငွေပေးချေဖို့၊ ပညာရေး၊ ကျန်းမာရေး၊ ပင်စင်လစာ ပေးဖို့စသည်ဖြင့် အစိုးရရဲ့ (ငွေသုံးစွဲနိုင်အားနဲ့ ပေးချေနိုင်မှု) အသုံးစရိတ်အတွက် ငွေကြေးမရှိပဲ ဖြစ်ရပါလိမ့်မယ်။ အဲဒီအတွက် အမေရိကန်ပြည်တွင်းမှာ အကျပ်အတည်းဆိုက်ပြီး စီးပွားရေးထိခိုက်သွားလိမ့်မယ်လို့ “အေဂျေဘဲလ်“ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဒါရိုက်တာ” ရပ်စ်မိုးလ်ဒ်"က ရှင်းပြပါတယ်။

အမေရိကန် အစိုးရအနေနဲ့ ကာလရှည် ကြွေးမြီသဘောတူညီချက်ကို မဆောင်ရွက်နိုင်ဘူးဆိုရင် တိုင်းပြည် စီးပွားရေးဟာ ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားနိုင်ကြောင်း အိမ်ဖြူတော် စီးပွားရေးအကြံပေးကောင်စီက ခန့်မှန်းထားပါတယ်။ အတိုးအရင်း ပြန်မဆပ်နိုင်တဲ့ ပြဿနာဟာ အမေရိကန်အတွက် စီးပွားပျက်ကပ်အထိ ဦးတည်သွားစေလိမ့်မယ်လို့ ကင်းဗရစ်တက္ကသိုလ် ကွင်းစ်ကောလိပ် ဘောဂဗေဒပညာရှင်တစ်ဦးက ပြောပါတယ်။

အထူးသဖြင့် အမေရိကန်အပေါ် အဓိက ကုန်သွယ်ဖက်အဖြစ် မှတ်ယူထားတဲ့ ယူကေအပါအဝင် ကမ္ဘာတစ်ဝှမ်း လုံးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုများ ရှိလာမှာဖြစ်ပါတယ်။ ယူကေနောက် ဂျပန်၊ ဂျာမနီ ဆက်ကာ ဆက်ကာ လာပါလိမ့်မယ်၊ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး ကုန် သွယ်ဖက်များထဲမှ တစ်ခုဖြစ်တဲ့အတွက် အခြားနိုင်ငံများအနေနဲ့ ကုန်ပစ္စည်း၀ယ်လိုအား လျော့ကျသွားလိမ့်လို့ ဆိုပါတယ်။

( ဒီနေရာမှာ အမေရိကန်က ငွေအများဆုံး အကြွေးတင်နေတာ ဒေါ်လာ ဘီလျံ ၁,၁ဝဝ နီးပါး ဂျပန်ဖြစ်ပြီး၊ ဒုတိယ တရုတ်နောက်မှာ ယူကေ၊ ဘယ်လ်ဂျီယန်နဲ့ လူဇင်းဘတ်တို့က အသီးသီး ဆက်လက် ရပ်တည်နေကြ ပါတယ်။ သူတို့အနေနဲ့ “ခင်ဗျားအကြွေး ပြေလည်မှ ပေး"သဘောထားကြီးပေးရင်တောင် အကြွေးတွေက ထပ်ကာ ထပ်ကာ တိုးနေ၊ လောလောဆယ် ကုန်သွယ်ဖို့ အမေရိကန်သူဋ္ဌေးမှာ သင်္ဘောနစ်နေတာမို့ သူတို့ လည်း ဘာဆက်လုပ်ရမှန်း မသိ၊ ဆင်းရဲတဲ့ နိုင်ငံငယ်များမှာ “ခွက်ပျောက်ကိန်း” ကြုံရပါလိမ့်မယ်။)

အမေရိကန်အတွက်နဲ့ ယူကေမှာ စီးပွားရေးနှေးကွေးရတာမျိုး မဖြစ်နိုင်ဘူးလို့ ပညာရှင်အချို့က ယူဆကြပေမဲ့ အချို့ကတော့ ၁ဝဝ ရာခိုင်နှုန်းသေချာတယ်လို့ ပြောကြပါတယ်။ ကုန်သွယ်ရေးကို ထိခိုက်စေတဲ့အပြင် အမေရိကန်ရဲ့ အကျပ်ဆိုက်မှုက ယူကေမှာ ပေါင်နှံမှုတွေ ပိုစျေးကြီးပြီး အလုပ်လက်မဲ့တွေ တိုးလာနိုင်လို့ အတော်ဆိုးရွားလိမ့် မယ်လို့ သုံးသပ်ပါတယ်။ တွက်ဆစွန့်စားရတာတွေ ပိုများလာပြီး ရလဒ်အနေနဲ့ စားစရာ ပေါင်မုန့်တွေ စျေးကြီး ကုန်ပါလိမ့်မယ်။ စားနပ်ရိက္ခာနှင့် လောင်စာဆီစျေးတွေ ပိုကြီးလာမယ်ဆိုရင် လူသန်းပေါင်းများစွာတို့ရဲ့ စား သောက်နေထိုင်မှုစရိတ်များ တိုးမြင့်လာပါလိမ့်မယ်။

အမြင့်ဆုံး ကြွေးမြီသတ်မှတ်ချက်ကို ယခုထက် တိုးမြှင့်ပေးလိုက်ရင်လည်း နောက်ထပ် အကြွေးယူရမှာ ဖြစ်ပြီး၊ အမေရိကန်အစိုးရရဲ့ လက်ရှိအနေအထားအတိုင်း ဆက်သုံးနေပုံနဲ့ဆို ဒီထက်ပိုပို အကြွေးတင်ရင်း ပြဿာနာ ကြီးသည်ထက် ကြီးလာရပါလိမ့်မယ်၊ အမေရိကန်ရဲ့ စစ်ရေး-စီးပွားရေး-ကုန်သွယ်ရေးဟာ ကမ္ဘာအနှံ့ ဖြန့်ကြက် နေတဲ့အတွက် မသုံးမဖြစ်တာတွေလည်း အများကြီး ရှိနေပါတယ်။

အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ အရန်ငွေ ကြေးဖြစ်နေပါတယ်။ ကမ္ဘာ့စတော့ဈေးကွက်များမှာ အမေရိကန်ရဲ့ ပါ၀င်မှုဟာ ၆ဝ ရာခိုင်နှုန်းတန်ဖိုးရှိနေပါတယ်။ အမေရိကန် ရှယ်ယာတွေနဲ့ အတူ ဒေါ်လာမတည်မငြိမ်နဲ့ တန်ဖိုး ကျ ဆင်းသွားပါလိမ့်မယ်။ ဗြုံးကနဲ ကြည့်လိုက်ရင် ဒေါ်လာစျေးကျဆင်းတယ်ဆိုတာ ၀မ်းသာစရာကြီးလိုလို ထင် မှတ်ရပေမဲ့ အဲ့ဒါဟာ ( နိုင်ငံအချင်းချင်း ငွေပေးငွေယူလုပ်ရာမှာ) ကမောက်ကမတွေဖြစ်ပြီး ဆိုးဆိုးရွားရွား ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

၂ဝ၁၁ ခုနှစ်တုန်းက ကမောက်ကမဖြစ်နိုင်ခြေများမတိုင်မီ နာရီပိုင်းအလိုထိ အမြင့်ဆုံးကြွေးမြီ သတ်မှတ်ဖို့အတွက် ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်များဟာ လိပ်ခဲတင်းလင်း ရှိခဲ့ဖူးပါတယ်။ အမေရိကန် စတော့ဈေးကွက်တွေ ထိုးကျသွားပါတယ်။ ဒါပေမယ့် ရှယ်ယာတွေ သိသိသာသာ ကျဆင်းသွားတာမျိုး ကြောက်စရာ ကောင်းတာက ခဏတာလောက် ဖြစ်ခဲ့ပြီး ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်လည်း ဒီလိုဖြစ်လိမ့် လာမလား မျှော်လင့်ရပါတယ်။

ပင်စင်လစာ ခံစားနေရသူတွေ ထိခိုက်နိုင်ပေမယ့် အခြေအနေကို လိုင်းအောက် တစ်နေရာရာမှာ ဆွဲထား နိုင်ရင် အဲဒီလိုငွေကို ဖြည့်ဆည်းဖို့ အချိန်ရပါပြီလို့ “အေဂျေဘဲလ်“ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဒါရိုက်တာ” ရပ်စ်မိုးလ်ဒ်" က ဆိုပါတယ်။

(BBC 19 May 2023,” Could a US debt default unleash global chaos?” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အေမရိကန္ အေႂကြးျပန္ဆပ္ရန္ ပ်က္ကြက္မႈႏွင့္ ကမာၻလုံးဆိုင္ရာ ကေမာက္ကမျဖစ္ရမည့္ အေျခ အေနမွ တြန္းလွန္ႏိုင္ပါသလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေမ ၂ဝ

လက္ရွိ အေမရိကန္အစိုးရဟာ ေနာက္ျပန္ဆုတ္ေပးရရင္လည္း ေၾကာက္လို႔ အထင္ေသးခံရမယ္၊ ေရွ႕ဆက္တိုးရင္လည္း ေသတဲ့အထိ ေရကုန္ေရခမ္း ခြပ္ဖို႔သာရွိတဲ့ “ၾကက္တိုက္ပြဲ"လို သမိုင္းတစ္ ေလွ်ာက္ ေၾကးအႀကီးဆုံး ကစားပြဲကို ဆင္ႏႊဲေနပါတယ္။

ဒီမိုကရက္မ်ားနဲ႔ ရီပတ္ဘလစ္ကင္ေတြက အေမရိကန္ႏိုင္ငံေတာ္ကို ေငြပိုမိုေခ်း ယူခြင့္မျပဳ သို႔မဟုတ္ သူတို႔ေျပာေနတဲ့ ေဝါဟာအတိုင္း “အျမင့္ဆုံး ေႂကြးၿမီ ပမာဏ” ကို ထပ္မံျမႇင့္တင္ရန္ သေဘာမတူဘူး ဆိုရင္ ကမာၻ႔အႀကီးဆုံးစီးပြားေရးဟာ သူ႔အေပၚမွာ တင္ရွိေနတဲ့ ေႂကြးၿမီ ကန္ေဒၚလာ (၃၁ ဒသမ ၄) ထရီလ်ံ(ေပါင္ ၂၅ ထရီလ်ံ) ကို ျပန္မဆပ္ႏိုင္ပဲ ျဖစ္သြားရလိမ့္မယ္လို႔ BBC က ယမန္ေန႔ (ေမလ ၁၉ ရက္)က ေရးသားပါတယ္။

ဇြန္လ ၁ ရက္ကို အဲဒီကိစၥ အၿပီးသတ္ သေဘာတူညီခ်က္ရယူဖို႔ “ ယ-ရက္"အျဖစ္ သတ္မွတ္ထားပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ ေနာက္ဆက္တြဲ ရလဒ္ေတြနဲ႔ ေသခ်ာေပါက္ ပ်က္စီးဆုံးရႈံးရလိမ့္မယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး ဂ်ယ္ရီမီဟန္႔က သတိေပးထားပါတယ္။

အေကာင္း ေမွ်ာ္လင့္ခ်က္ကေတာ့ အေမရိကန္အေနနဲ႔ အတိုးေရာ အရင္းပါ ျပန္မဆပ္ႏိုင္တဲ့ အျဖစ္မ်ိဳးထိ ေရာက္စရာ မရွိဘူးလို႔ ကြၽမ္းက်င္သူေတြက ထင္မွတ္ၾကျခင္းျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီလို ျဖစ္လာခဲ့ရင္လည္း ( အေမရိကန္ဟာ ကမာၻႀကီးတစ္ခုလုံးရဲ႕ ဂ်ီဒီပီမွာ ရာခိုင္ႏႈန္းအမ်ားဆုံး ပါ၀င္ေနတာေၾကာင့္) ကမာၻ႔ဘ႑ာေရး အက်ပ္အတည္းကို ပါတီပြဲေပးသလို တစ္ေယာက္တစ္ေပါက္ ျဖစ္ရႏိုင္ေၾကာင္း၊ ၂ဝဝ၈ ခုႏွစ္တုန္းက ကမာၻ႔ဘဏ္လုပ္ငန္း နယ္ပယ္ ၿပိဳလဲလုနီး ျဖစ္ခဲ့ရတာကို ရည္ၫႊန္းၿပီး ယူေကႏိုင္ငံ “ပမ္မာ“ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ အႀကီးအကဲ ဆိုမြန္ဖရန္႔က မွတ္ခ်က္ေပးပါတယ္။

( အေမရိကန္အစိုးရ အဆက္ဆက္ လက္ဖြာဖြာနဲ႔ သုံးလာလိုက္ၾကတာ ဘတ္ဂ်က္လိုေငြျပမႈ ႏွစ္စဥ္ ႀကီးမားသည္ထက္ ႀကီးမားလာခဲ့ပါတယ္။ လိုေငြျပမႈကို အာမခံေငြေခ်းစာခ်ဳပ္ေတြ ထုတ္ေရာင္းနည္း အပါအ၀င္ ေျဖ ရွင္းရင္း စုစုေပါင္း ေႂကြးၿမီပမာဏဟာ ေဒၚလာ ၃၁ ဒသမ ၄ ထရီလ်ံအထိ လည္ပင္းခိုက္လာပါတယ္။ အဲဒီ အျမင့္ဆုံးေႂကြးၿမီပမာဏကို ယခုထက္ ထပ္မံတိုးျမႇင့္ မေပးခဲ့ရင္ အေမရိကန္ရဲ႕ အာမခံေခ်းေငြစာခ်ဳပ္ေတြအတြက္ အတိုး လည္းမေပးႏိုင္ အရင္းလည္း ျပန္မဆပ္ႏိုင္ပဲ သိကၡာက် အရွက္ကြဲရပါလိမ့္မယ္။) ဝါရွင္တန္အေနနဲ႔ ေနာက္ထပ္လည္း ေငြေခ်းယူခြင့္ မရွိေတာ့ပဲ ျဖစ္သြားရပါလိမ့္မယ္။

ဝန္ထမ္းေတြကို လုပ္ခလစာ ေပးဖို႔၊ သက္သာေခ်ာင္ခ်ိေရး ေငြေပးေခ်ဖို႔၊ ပညာေရး၊ က်န္းမာေရး၊ ပင္စင္လစာ ေပးဖို႔စသည္ျဖင့္ အစိုးရရဲ႕ (ေငြသုံးစြဲႏိုင္အားနဲ႔ ေပးေခ်ႏိုင္မႈ) အသုံးစရိတ္အတြက္ ေငြေၾကးမရွိပဲ ျဖစ္ရပါလိမ့္မယ္။ အဲဒီအတြက္ အေမရိကန္ျပည္တြင္းမွာ အက်ပ္အတည္းဆိုက္ၿပီး စီးပြားေရးထိခိုက္သြားလိမ့္မယ္လို႔ “ေအေဂ်ဘဲလ္“ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ ဒါ႐ိုက္တာ” ရပ္စ္မိုးလ္ဒ္"က ရွင္းျပပါတယ္။

အေမရိကန္ အစိုးရအေနနဲ႔ ကာလရွည္ ေႂကြးၿမီသေဘာတူညီခ်က္ကို မေဆာင္႐ြက္ႏိုင္ဘူးဆိုရင္ တိုင္းျပည္ စီးပြားေရးဟာ ၆ ဒသမ ၁ ရာခိုင္ႏႈန္းအထိ က်ဳံ႕ဝင္သြားႏိုင္ေၾကာင္း အိမ္ျဖဴေတာ္ စီးပြားေရးအႀကံေပးေကာင္စီက ခန႔္မွန္းထားပါတယ္။ အတိုးအရင္း ျပန္မဆပ္ႏိုင္တဲ့ ျပႆနာဟာ အေမရိကန္အတြက္ စီးပြားပ်က္ကပ္အထိ ဦးတည္သြားေစလိမ့္မယ္လို႔ ကင္းဗရစ္တကၠသိုလ္ ကြင္းစ္ေကာလိပ္ ေဘာဂေဗဒပညာရွင္တစ္ဦးက ေျပာပါတယ္။

အထူးသျဖင့္ အေမရိကန္အေပၚ အဓိက ကုန္သြယ္ဖက္အျဖစ္ မွတ္ယူထားတဲ့ ယူေကအပါအဝင္ ကမာၻတစ္ဝွမ္း လုံးအတြက္ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈမ်ား ရွိလာမွာျဖစ္ပါတယ္။ ယူေကေနာက္ ဂ်ပန္၊ ဂ်ာမနီ ဆက္ကာ ဆက္ကာ လာပါလိမ့္မယ္၊ အေမရိကန္ဟာ ကမာၻ႔အႀကီးဆုံး ကုန္ သြယ္ဖက္မ်ားထဲမွ တစ္ခုျဖစ္တဲ့အတြက္ အျခားႏိုင္ငံမ်ားအေနနဲ႔ ကုန္ပစၥည္း၀ယ္လိုအား ေလ်ာ့က်သြားလိမ့္လို႔ ဆိုပါတယ္။

( ဒီေနရာမွာ အေမရိကန္က ေငြအမ်ားဆုံး အေႂကြးတင္ေနတာ ေဒၚလာ ဘီလ်ံ ၁,၁ဝဝ နီးပါး ဂ်ပန္ျဖစ္ၿပီး၊ ဒုတိယ တ႐ုတ္ေနာက္မွာ ယူေက၊ ဘယ္လ္ဂ်ီယန္နဲ႔ လူဇင္းဘတ္တို႔က အသီးသီး ဆက္လက္ ရပ္တည္ေနၾက ပါတယ္။ သူတို႔အေနနဲ႔ “ခင္ဗ်ားအေႂကြး ေျပလည္မွ ေပး"သေဘာထားႀကီးေပးရင္ေတာင္ အေႂကြးေတြက ထပ္ကာ ထပ္ကာ တိုးေန၊ ေလာေလာဆယ္ ကုန္သြယ္ဖို႔ အေမရိကန္သူေ႒းမွာ သေဘၤာနစ္ေနတာမို႔ သူတို႔ လည္း ဘာဆက္လုပ္ရမွန္း မသိ၊ ဆင္းရဲတဲ့ ႏိုင္ငံငယ္မ်ားမွာ “ခြက္ေပ်ာက္ကိန္း” ႀကဳံရပါလိမ့္မယ္။)

အေမရိကန္အတြက္နဲ႔ ယူေကမွာ စီးပြားေရးေႏွးေကြးရတာမ်ိဳး မျဖစ္ႏိုင္ဘူးလို႔ ပညာရွင္အခ်ိဳ႕က ယူဆၾကေပမဲ့ အခ်ိဳ႕ကေတာ့ ၁ဝဝ ရာခိုင္ႏႈန္းေသခ်ာတယ္လို႔ ေျပာၾကပါတယ္။ ကုန္သြယ္ေရးကို ထိခိုက္ေစတဲ့အျပင္ အေမရိကန္ရဲ႕ အက်ပ္ဆိုက္မႈက ယူေကမွာ ေပါင္ႏွံမႈေတြ ပိုေစ်းႀကီးၿပီး အလုပ္လက္မဲ့ေတြ တိုးလာႏိုင္လို႔ အေတာ္ဆိုး႐ြားလိမ့္ မယ္လို႔ သုံးသပ္ပါတယ္။ တြက္ဆစြန႔္စားရတာေတြ ပိုမ်ားလာၿပီး ရလဒ္အေနနဲ႔ စားစရာ ေပါင္မုန္႔ေတြ ေစ်းႀကီး ကုန္ပါလိမ့္မယ္။ စားနပ္ရိကၡာႏွင့္ ေလာင္စာဆီေစ်းေတြ ပိုႀကီးလာမယ္ဆိုရင္ လူသန္းေပါင္းမ်ားစြာတို႔ရဲ႕ စား ေသာက္ေနထိုင္မႈစရိတ္မ်ား တိုးျမင့္လာပါလိမ့္မယ္။

အျမင့္ဆုံး ေႂကြးၿမီသတ္မွတ္ခ်က္ကို ယခုထက္ တိုးျမႇင့္ေပးလိုက္ရင္လည္း ေနာက္ထပ္ အေႂကြးယူရမွာ ျဖစ္ၿပီး၊ အေမရိကန္အစိုးရရဲ႕ လက္ရွိအေနအထားအတိုင္း ဆက္သုံးေနပုံနဲ႔ဆို ဒီထက္ပိုပို အေႂကြးတင္ရင္း ျပႆာနာ ႀကီးသည္ထက္ ႀကီးလာရပါလိမ့္မယ္၊ အေမရိကန္ရဲ႕ စစ္ေရး-စီးပြားေရး-ကုန္သြယ္ေရးဟာ ကမာၻအႏွံ႔ ျဖန္႔ၾကက္ ေနတဲ့အတြက္ မသုံးမျဖစ္တာေတြလည္း အမ်ားႀကီး ရွိေနပါတယ္။

အေမရိကန္ေဒၚလာဟာ ကမာၻ႔ အရန္ေငြ ေၾကးျဖစ္ေနပါတယ္။ ကမာၻ႔စေတာ့ေဈးကြက္မ်ားမွာ အေမရိကန္ရဲ႕ ပါ၀င္မႈဟာ ၆ဝ ရာခိုင္ႏႈန္းတန္ဖိုးရွိေနပါတယ္။ အေမရိကန္ ရွယ္ယာေတြနဲ႔ အတူ ေဒၚလာမတည္မၿငိမ္နဲ႔ တန္ဖိုး က် ဆင္းသြားပါလိမ့္မယ္။ ၿဗဳံးကနဲ ၾကည့္လိုက္ရင္ ေဒၚလာေစ်းက်ဆင္းတယ္ဆိုတာ ၀မ္းသာစရာႀကီးလိုလို ထင္ မွတ္ရေပမဲ့ အဲ့ဒါဟာ ( ႏိုင္ငံအခ်င္းခ်င္း ေငြေပးေငြယူလုပ္ရာမွာ) ကေမာက္ကမေတြျဖစ္ၿပီး ဆိုးဆိုး႐ြား႐ြား ရလဒ္ေတြ ထြက္ေပၚလာႏိုင္ပါတယ္။

၂ဝ၁၁ ခုႏွစ္တုန္းက ကေမာက္ကမျဖစ္ႏိုင္ေျခမ်ားမတိုင္မီ နာရီပိုင္းအလိုထိ အျမင့္ဆုံးေႂကြးၿမီ သတ္မွတ္ဖို႔အတြက္ ဒီမိုကရက္တစ္နဲ႔ ရီပတ္ဘလစ္ကန္မ်ားဟာ လိပ္ခဲတင္းလင္း ရွိခဲ့ဖူးပါတယ္။ အေမရိကန္ စေတာ့ေဈးကြက္ေတြ ထိုးက်သြားပါတယ္။ ဒါေပမယ့္ ရွယ္ယာေတြ သိသိသာသာ က်ဆင္းသြားတာမ်ိဳး ေၾကာက္စရာ ေကာင္းတာက ခဏတာေလာက္ ျဖစ္ခဲ့ၿပီး ျပန္လည္ ဆယ္ယူႏိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္လည္း ဒီလိုျဖစ္လိမ့္ လာမလား ေမွ်ာ္လင့္ရပါတယ္။

ပင္စင္လစာ ခံစားေနရသူေတြ ထိခိုက္ႏိုင္ေပမယ့္ အေျခအေနကို လိုင္းေအာက္ တစ္ေနရာရာမွာ ဆြဲထား ႏိုင္ရင္ အဲဒီလိုေငြကို ျဖည့္ဆည္းဖို႔ အခ်ိန္ရပါၿပီလို႔ “ေအေဂ်ဘဲလ္“ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ ဒါ႐ိုက္တာ” ရပ္စ္မိုးလ္ဒ္" က ဆိုပါတယ္။

(BBC 19 May 2023,” Could a US debt default unleash global chaos?” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.