ယာယီအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ သဘောတူ

 85

Pika (NP News) - အောက်တိုဘာ ၁၉
နှစ်နိုင်ငံကြား ယာယီအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့က သဘော တူညီခဲ့ကြကြောင်း ပါကစ္စတန်အစိုးရ ကထုတ်ပြန်ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင် တိုက်ပွဲ များကြောင့် အရပ်သားပြည်သူ တစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် သဘောတူညီချက် များထွက်ပေါ်လာခြင်း ဖြစ် သည်။
အဆိုပါသဘောတူညီချက်နှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရလာ ပြီးနောက်ပိုင်း အစ္စလာမ္မစ်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိသော အဆိုးရွားဆုံးတိုက်ပွဲများ အဆုံးသတ် သွားခဲ့ကြောင်းသိရသည်။ အချိန်(၄၈)နာရီကြာမြင့်မည့် ယာယီအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံစလုံးက ဆုံးဖြတ်ခဲ့ ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာ နက ‘‘ယာယီအပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ နှစ်ဖက်စလုံးဟာ တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် ရှုပ်ထွေးပြီး ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာအတွက် အပြုသဘောဆောင်တဲ့ အဖြေကိုရှာဖွေဖို့ ကြိုး ပမ်းဆောင်ရွက်မှုတွေ လုပ်ဆောင် သွားပါလိမ့်မယ်”ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
အဆိုပါအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပါကစ္စတန်ဘက်မှ တောင်းဆိုချက်များနှင့်အတူ ထွက်ပေါ်လာသောရလဒ်ဖြစ်ကြောင်း အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ထုတ်ပြန် ပြောကြားခဲ့သည်။ ထို့ပြင် ပါကစ္စတန်ဘက်က ရန်လိုမှုများမရှိသည့်အချိန်အထိ အပစ်အခတ်ရပ်စဲရေးကိုလိုက်နာရန် ၎င်း၏တပ်ဖွဲ့ များအားလုံးကို အာဖဂန်နစ္စတန်အစိုးရက တိုက် ရိုက်ညွှန်ကြားထားကြောင်း Zabihullah Mujahid က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
ယာယီအပစ္အခတ္ရပ္စဲေရး လုပ္ေဆာင္ရန္ ပါကစၥတန္ႏွင့္ အာဖဂန္နစၥတန္တို႔ သေဘာတူ
Pika (NP News) - ေအာက္တိုဘာ ၁၉
ႏွစ္ႏိုင္ငံၾကား ယာယီအပစ္အခတ္ရပ္စဲေရး လုပ္ေဆာင္ရန္ ပါကစၥတန္ႏွင့္ အာဖဂန္နစၥတန္ ႏိုင္ငံတို႔က သေဘာ တူညီခဲ့ၾကေၾကာင္း ပါကစၥတန္အစိုးရ ကထုတ္ျပန္ေျပာၾကားခဲ့သည္။ ေလေၾကာင္းတိုက္ခိုက္မႈမ်ားႏွင့္ ေျမျပင္ တိုက္ပြဲ မ်ားေၾကာင့္ အရပ္သားျပည္သူ တစ္ဒါဇင္ေက်ာ္ေသဆုံးခဲ့ၿပီး ပါကစၥတန္ႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔ၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့ၿပီးေနာက္ ယာယီအပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ရန္ သေဘာတူညီခ်က္ မ်ားထြက္ေပၚလာျခင္း ျဖစ္ သည္။
အဆိုပါသေဘာတူညီခ်က္ႏွင့္အတူ အာဖဂန္နစၥတန္ႏိုင္ငံတြင္ တာလီဘန္မ်ား အာဏာရလာ ၿပီးေနာက္ပိုင္း အစၥလာမၼစ္ႏိုင္ငံႏွစ္ႏိုင္ငံၾကား ျဖစ္ပြားလ်က္ရွိေသာ အဆိုး႐ြားဆုံးတိုက္ပြဲမ်ား အဆုံးသတ္ သြားခဲ့ေၾကာင္းသိရသည္။ အခ်ိန္(၄၈)နာရီၾကာျမင့္မည့္ ယာယီအပစ္အခတ္ရပ္စဲေရးကို အေကာင္အထည္ေဖာ္ရန္ ႏွစ္ႏိုင္ငံစလုံးက ဆုံးျဖတ္ခဲ့ ေၾကာင္း ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာ နက ‘‘ယာယီအပစ္အခတ္ရပ္စဲေရးကာလအတြင္းမွာ ႏွစ္ဖက္စလုံးဟာ ေတြ႕ဆုံေဆြးေႏြးမႈေတြကေနတစ္ဆင့္ ရႈပ္ေထြးၿပီး ေျဖရွင္းလို႔မရႏိုင္တဲ့ျပႆနာအတြက္ အျပဳသေဘာေဆာင္တဲ့ အေျဖကိုရွာေဖြဖို႔ ႀကိဳး ပမ္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ သြားပါလိမ့္မယ္”ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။
အဆိုပါအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္သည္ ပါကစၥတန္ဘက္မွ ေတာင္းဆိုခ်က္မ်ားႏွင့္အတူ ထြက္ေပၚလာေသာရလဒ္ျဖစ္ေၾကာင္း အာဖဂန္နစၥတန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ Zabihullah Mujahid က ထုတ္ျပန္ ေျပာၾကားခဲ့သည္။ ထို႔ျပင္ ပါကစၥတန္ဘက္က ရန္လိုမႈမ်ားမရွိသည့္အခ်ိန္အထိ အပစ္အခတ္ရပ္စဲေရးကိုလိုက္နာရန္ ၎၏တပ္ဖြဲ႕ မ်ားအားလုံးကို အာဖဂန္နစၥတန္အစိုးရက တိုက္ ႐ိုက္ၫႊန္ၾကားထားေၾကာင္း Zabihullah Mujahid က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.