အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် MSME လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုမြင့်မားလာရေး ဆောင်ရွက်မည်

 990

ယွန်း (NP News) - မေ ၂၉

အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် MSME လုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှု မြင့်မားလာရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားမတည်ရေးအတွက် ရန်ပုံငွေမှ ‌ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ငွေကျပ်ဘီလျံ(၄ဝဝ)ကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းများကို ခွဲ‌ဝေထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါခွဲဝေငွေများဖြင့် တိုင်းနှင့်ပြည်နယ်များက ‌ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ MSME စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌမှဆိုသည်။

ထို့ပြင် MSME လုပ်ငန်းများတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်အသုံးပြုနိုင်ရေးနှင့် အသွင်ကူးပြောင်းမှု အပိုင်းသည်လည်း များစွာအရေးပါကြောင်း ၎င်းမှ အသိပေးပြောဆိုထားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် နိုင်ငံတော်က ပံ့ပိုးမည့် ငွေကြေးအရင်း အနှီးနှင့် အခွန်အခသက်သာခွင့် အပါအဝင် အထောက်အပံ့အားလုံးကိုခံစားခွင့်ရရန် ဒီဂျစ်တယ်စနစ်ဖြင့် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရေးလုပ်ဆောင်ရန် နစကအနေဖြင့် အသိပေးထုတ်ပြန်ပြီးဖြစ်သည်။

သို့ဖြစ်၍ အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် မြန်ဆန်မှန်ကန်သည့် နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်၍ MSME လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုမြင့်မားပြီး ဒစ်ဂျစ်တယ်စီးပွားရေး ပီပြင်လာစေရန် ဗဟိုကော်မတီအနေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အာဆီယံႏိုင္ငံမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ရန္ MSME လုပ္ငန္းမ်ား ဒစ္ဂ်စ္တယ္နည္းပညာ အသုံးျပဳမႈျမင့္မားလာေရး ေဆာင္႐ြက္မည္

ယြန္း (NP News) - ေမ ၂၉

အာဆီယံႏိုင္ငံမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ရန္ MSME လုပ္ငန္းမ်ားကို ဒစ္ဂ်စ္တယ္နည္းပညာ အသုံးျပဳမႈ ျမင့္မားလာေရး ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုထားသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပခဲ့ေသာ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံ့စီးပြားမတည္ေရးအတြက္ ရန္ပုံေငြမွ ‌ေဒသဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ရန္ ေငြက်ပ္ဘီလ်ံ(၄ဝဝ)ကို တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ MSME လုပ္ငန္းမ်ားကို ခြဲ‌ေဝထားၿပီးျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါခြဲေဝေငြမ်ားျဖင့္ တိုင္းႏွင့္ျပည္နယ္မ်ားက ‌ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံအေဆာက္အအုံမ်ား၊ ထုတ္လုပ္မႈလုပ္ငန္းမ်ား၊ MSME စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသည္ကို ေတြ႕ရေၾကာင္း နစကဥကၠ႒မွဆိုသည္။

ထို႔ျပင္ MSME လုပ္ငန္းမ်ားတိုးတက္ေရးအတြက္ ဒစ္ဂ်စ္တယ္အသုံးျပဳႏိုင္ေရးႏွင့္ အသြင္ကူးေျပာင္းမႈ အပိုင္းသည္လည္း မ်ားစြာအေရးပါေၾကာင္း ၎မွ အသိေပးေျပာဆိုထားသည္။

အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္က ပံ့ပိုးမည့္ ေငြေၾကးအရင္း အႏွီးႏွင့္ အခြန္အခသက္သာခြင့္ အပါအဝင္ အေထာက္အပံ့အားလုံးကိုခံစားခြင့္ရရန္ ဒီဂ်စ္တယ္စနစ္ျဖင့္ အြန္လိုင္းမွ မွတ္ပုံတင္ႏိုင္ေရးလုပ္ေဆာင္ရန္ နစကအေနျဖင့္ အသိေပးထုတ္ျပန္ၿပီးျဖစ္သည္။

သို႔ျဖစ္၍ အာဆီယံႏိုင္ငံမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ရန္အတြက္ ျမန္ဆန္မွန္ကန္သည့္ နည္းလမ္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္၍ MSME လုပ္ငန္းမ်ား၏ ဒစ္ဂ်စ္တယ္နည္းပညာ အသုံးျပဳမႈျမင့္မားၿပီး ဒစ္ဂ်စ္တယ္စီးပြားေရး ပီျပင္လာေစရန္ ဗဟိုေကာ္မတီအေနျဖင့္ ေထာက္ပံ့ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.