အမြန်လမ်း မိုင်တိုင်(၁၅၅)အနီးတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ

 10664

NP News - ဇွန် ၁

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်(၁၅၅)အနီးတွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၃၁ ရက်)၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အမြန်လမ်း မိုင်တိုင်အမှတ် (၁၅၅)အနီးနှင့် သဲဖြူကျေးရွာအနီးရှိ ကုန်ထုတ်လမ်းပေါ်၌ အထက်ပါကဲ့သို့ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

လေကြောင်းအရန်တပ်မှ ဗိုလ်ကြီးရဲနိုင်သည် ဆိုင်ကယ်မောင်းနှင်နေစဉ်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဗိုလ်ကြီးရဲနိုင်၏ ဦးခေါင်းနှင့်လည်ပင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ဗိုလ်ကြီးရဲနိုင်အား ရေတာရှည်မြို့နယ် PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူး PDF အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ဗိုလ်ကြီးရဲနိုင်၏ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း ရေတာရှည်မြို့နယ် PDF အဖွဲ့က ယူဆောင်သွားခဲ့ကြောင်း သိရသည်။

zawgyi version
အျမန္လမ္း မိုင္တိုင္(၁၅၅)အနီးတြင္ တပ္မေတာ္မွ ဗိုလ္ႀကီးတစ္ဦးေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရ

NP News - ဇြန္ ၁

ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္း၊ မိုင္တိုင္(၁၅၅)အနီးတြင္ တပ္မေတာ္မွ ဗိုလ္ႀကီးအဆင့္ရွိသူတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၃၁ ရက္)၊ ညေန ၅ နာရီခြဲအခ်ိန္ခန႔္တြင္ အျမန္လမ္း မိုင္တိုင္အမွတ္ (၁၅၅)အနီးႏွင့္ သဲျဖဴေက်း႐ြာအနီးရွိ ကုန္ထုတ္လမ္းေပၚ၌ အထက္ပါကဲ့သို႔ လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

ေလေၾကာင္းအရန္တပ္မွ ဗိုလ္ႀကီးရဲႏိုင္သည္ ဆိုင္ကယ္ေမာင္းႏွင္ေနစဥ္အခ်ိန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဗိုလ္ႀကီးရဲႏိုင္၏ ဦးေခါင္းႏွင့္လည္ပင္းတို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

ဗိုလ္ႀကီးရဲႏိုင္အား ေရတာရွည္ၿမိဳ႕နယ္ PDF အဖြဲ႕က လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ပဲခူး PDF အဖြဲ႕က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ ဗိုလ္ႀကီးရဲႏိုင္၏ ဖုန္းတစ္လုံးႏွင့္ ဆိုင္ကယ္တစ္စီးကိုလည္း ေရတာရွည္ၿမိဳ႕နယ္ PDF အဖြဲ႕က ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.