အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရပြီးနောက် ထပ်မံလုပ်ကြံသတ်ဖြတ်ရန် စုံစမ်းခံနေရသည့် အနုပညာရှင်များစာရင်း ထွက်ပေါ်လာ

 51951

သတင်းအဖွဲ့ (NP News) - ဇွန် ၄

အဆိုတော် လီလီနိုင်ကျော် သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် ထပ်မံလုပ်ကြံသတ်ဖြတ်ရန် စုံစမ်းခံနေရသည့် အနုပညာရှင်များစာရင်း ထွက်ပေါ်လာခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၃ဝ ရက် ညပိုင်းအချိန်တွင် အဆိုတော် လီလီနိုင်ကျော်သည် ၎င်း၏ နေအိမ်တိုက်ခန်းအရှေ့၌ NUG လက်အောက်ခံ PDF အဖွဲ့ဝင်တစ်ဦး၏ သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ လုပ်ကြံခံရပြီးနောက်ပိုင်းတွင် ထပ်မံလုပ်ကြံမည်ဟုယူဆရသည့် အနုပညာရှင်များစာရင်းကို လူမှုကွန်ရက် စာမျက်နှာများ၌ ဖြန့်ဝေလာသည်ကို တွေ့ရှိရသည်။

အဆိုပါအနုပညာရှင်များ၏ စာရင်းကို အရိပ်မဲ့(Shadowless) တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ဖြန့်ဝေရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်းအနုပညာရှင်များနှင့်ပတ်သက်သော နေရပ်လိပ်စာ၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသူများ၏ အချက်အလက်များကို သိရှိပါက သတင်းပေးပို့ရန် ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။

၎င်းတယ်လီဂရမ်ချန်နယ်သည် ဟာသသရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင်၊ အဆိုတော် ယုန်လေး၊ အကယ်ဒမီ ရန်အောင် အပါအဝင် အနုပညာရှင်(၇)ဦး၏ အမည်စာရင်းများကို ဖြန့်ဝေရေးသားခဲ့ပြီး ယင်းအနုပညာရှင်များနှင့်ပတ်သက်သော အချက်အလက်များကို သတင်းပေးပို့ရန်အတွက် တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။

အရိပ်မဲ့(Shadowless) တယ်လီဂရမ်ချန်နယ်မှ အထက်ပါကဲ့သို့ ရေးသားဖြန့်ဝေခဲ့ပြီးနောက် ဝင်ရောက်မှတ်ချက်ပြုသူအချို့ကလည်း စာရင်းပါအနုပညာရှင်(၇)ဦးအပြင် အခြားသောအနုပညာရှင်များဖြစ်သည့် လူမင်း၊ ပြေတီဦးအပါအဝင် အနုပညာရှင်အများအပြားကိုလည်း လုပ်ကြံရန် comment ရေးသားကာ တောင်းဆိုခဲ့သည်ကိုလည်း တွေ့ရှိရသည်။

အဆိုပါ တယ်လီဂရမ်ချန်နယ်ကို NUG နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရပြီး တော်လှန်ရေးအား အနှောက်အယှက်ပေးနိုင်သည့် ဒလန်၊ သစ္စာဖောက်များကို ထိုက်တန်သည့်အရေးယူမှုမျိုးပြုလုပ်ရန်လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရန်အတွက် တည်ထောင်ထားခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

“သတ်ဖို့စာထုတ်တယ်ဆိုတာက ကျွန်တော်ဘာလုပ်လို့လဲ။ ဘာလုပ်မိသလဲ။ ကျွန်တော့်ကြောင့် ဘယ်သူထောင်ကျဖူးလဲ။ ဘယ်မိသားစုတွေ ဘဝပျက်ဖူးသလဲ။ ကျွန်တော်သည် ပရဟိတအများဆုံးလုပ်တယ်။ သူများတွေကို ကူညီစောင့်ရှောက်တယ်။ မရှိတဲ့သူတွေကိုလှူတယ်။ ဒါတွေကလည်း သက်သေသာဓကတွေ ရှိပြီးသားပါ။ အခုဆိုရင်လည်း လူရွှင်တော်တွေ ဘဝတိုးတက်အောင်လို့ ဟာသအစည်းအရုံးဖြစ်အောင် လူရွှင်တော်အသင်းလေးကနေစပြီးတော့ ကျွန်တော်ကြိုးစားခဲ့တယ်။ အဲဒီတော့ ကျွန်တော့်ကို ဘာဖြစ်လို့သတ်ချင်တာလဲ။ စစ်ကောင်စီနဲ့ပေါင်းတယ်လို့ တချို့က ပြောကြတယ်လေ။ အဲဒီလိုဆိုရင် တစ်ခုထပ်မေးချင်တာက အကယ်ဒမီပေးပွဲ၊ လွတ်လပ်ရေးပွဲ၊ သင်္ကြန်ပြီးတော့ ခုလိုမျိုး လေဘေးရန်ပုံငွေပွဲ အဲဒီလိုပွဲတွေမှာ လူပေါင်းမြောက်များစွာပါတဲ့အထဲကမှ ကျွန်တော်ကို ဘာလို့ရွေးထုတ်တာလဲ” ဟု ဟာသသရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင်က NP News ကိုပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ ဖြင့် အမှုဖွင့်ခံထားရပြီး နစကထံ ခံဝန်လက်မှတ်ရေးထိုးထားကာ ပူးပေါင်းဆောင်ရွက်နေသည့် အနုပညာရှင်များရှိသော်လည်း ၎င်းအပေါ် ယခုကဲ့သို့ ပစ်မှတ်ထားခြင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း လူရွှင်တော်ဒိန်းဒေါင်က မေးခွန်းထုတ်ထားသည်။

“စိုးရိမ်တာပေါ့ဗျာ။ သားသမီးတွေလည်းရှိတယ်လေ။ (၁)နှစ်မပြည့်သေးတဲ့သမီးလေးရော။ ဒီနှစ်မှကျောင်းစထားတဲ့ သမီးလေးတွေရော မူကြိုထားရတဲ့ကလေးတွေရောရှိတယ်‌။ မိဘရှိတယ်။ ညီအစ် ကို‌မောင်နှမရှိတယ်။ စိုးရိမ်တာပေါ့။ ဘာလို့ စိုးရိမ်လဲဆိုရင် တစ်ခါတစ်လေကျလို့ရှိရင် ကိုယ်လည်းဘာပြစ်မှုမှ မကျူးလွန်ဘဲနဲ့ အဲဒီလို တစ်ဖက်သက်ကြီးစွပ်စွဲပြီး တော့ လုပ်မယ်ဆိုတာကြီးကတော့ အတ္တကြီးလွန်းတယ်လို့ထင်တယ်” ဟု ဒိန်းဒေါင်က ဆက်လက်ပြောဆိုထားသည်။

အဆိုတော်ယုန်လေးအား လုပ်ကြံသတ်ဖြတ်နိုင်ပါက ငွေကျပ်သိန်း (၂၅ဝဝ) ပေးမည်ဟု သဘောဆောင်သည့် ပြောဆိုရေးသားမှုများကိုလည်း လူမှုကွန်ရက်စာမျက်နှာများ၌ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိခဲ့ရသည်။

လက်နက်မဲ့ပြည်သူများကို သေကြေပျက်စီးစေချင်မျိုးနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ လုပ်ဆောင်သည်ဖြစ်စေ လုံးဝဆန့်ကျင်ကြောင်းနှင့် မလုပ်သင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

“ကျွန်တော်တို့ဟာ စစ်ပွဲဖြစ်နေရင်တောင်မှ အရပ်ဖက်ပစ်မှတ်တွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေအနည်းဆုံးဖြစ်အောင် ရှောင်ကြဉ်ရတယ်။ ဒါက ကျင့်ဝတ်ပေါ့။ အဲဒီတော့ အရပ်ဖက်ပစ်မှတ်တွေ သတ်ဖြတ်တာတွေ။ ပြီးတော့ လက်နက်မဲ့ပြည်သူတွေ သေကြေတာတွေနဲ့ပတ်သက်လို့ ဘယ်ဘက်ကပဲ လုပ်လုပ် ကျွန်တော်ကတော့ လုံးဝဆန့်ကျင်ပါတယ်။ ဒါဟာ မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးပေါ့ ရှောင်ရှားရမယ့် ကိစ္စလို့တော့မြင်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

နိုင်ငံရေးသဘောထား မတူညီမှုအပေါ်၌ ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်းများသည် ဒီမိုကရေစီဖော်ဆောင်နိုင်သော အလေ့အကျင့်မျိုးမဟုတ်ဟု ယူဆကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။

အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကလည်း အပြစ်မဲ့အရပ်သား၊ ပြည်သူများအား အကြမ်းဖက်ကာ လုပ်ကြံသတ်ဖြတ်ဆောင်ရွက်နေမှုများကို လုံးဝလက်မခံကြောင်းနှင့် ပြုလုပ်နေသည့် ပုဂ္ဂိုလ်များဘက်ကလည်း လူသားချင်းစာနာစိတ်မွေးကာ ရပ်တန့်ရန် လိုအပ်ကြောင်း NP News ကို မှတ်ချက်ပြု ပြောဆိုထားသည်။

“ဒီလုပ်ကြံသတ်ဖြတ်အကြမ်းဖက်တာတွေက ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ ကျွန်တော်တို့ အမျိုးသားသရုပ်လက္ခာတွေ အားလုံးအပေါ်မှာ ရိုက်ခတ်မှုကြီးကြီးမားမားရှိတယ်။ ယုံတောင် မယုံနိုင်တဲ့အနေအထား ဖြစ်ဖြစ်လာတာပေါ့ဗျာ။ ဒါတွေက ဖြစ်သင့်၊ မဖြစ်သင့်ဆိုရင် မဖြစ်သင့်ဘူးပေါ့ဗျာ။ မဖြစ်သင့်တဲ့ဟာကို ဖြစ်အောင်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေဘက်က ကျွန်တော်တို့ရဲ့ လာမယ့်အနာဂတ်၊ လာမယ့်နိုင်ငံတော်တည်ဆောက်ရေးကို တွေးပြီးတော့ ရပ်စေချင်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးပဋိပက္ခကာလများအတွင် အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့ အစည်းများသည်လည်း ခြိမ်းခြောက်ခံရကာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

နိုင်ငံရေးပါတီများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်၍ “နိုင်ငံရေးနည်းလမ်းနဲ့သွားမယ်ဆိုတဲ့ဟာတွေက နောက်တန်းကို ရောက်သွားတာကိုဗျ။ ဉာဏ်အားထက် ခွန်အားကို သွားကြတာကို။ အဲဒီမှာ ထိပ်တိုက်တွေ့မှုတွေ ရှိလာတာပေါ့။ ကိုယ်က မှန်တယ်။ သူက မှန်တယ်။ ဒီလိုနိုင်ငံရေးနည်းလမ်းနဲ့ သွားတဲ့ဟာက တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအတွက် ဆန့်ကျင်ဘက်ဖြစ်လာတယ်။ အဲဒါမျိုးအမြင်လေးတွေနဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ ဆန့်ကျင်မှု၊ ဝေဖန်ထောက်ပြမှု၊ ပြစ်တင်ရှုတ်ချမှုတွေကိုလည်း ဒီကာလ ဒီနိုင်ငံမှာလည်း ခံကြရတယ်။ ခံနေကြဆဲဖြစ်တယ်” ဟု ဒေါက်တာအေးမောင်က မှတ်ချက်ပြုထားသည်။

အလားတူ လက်ရှိနိုင်ငံရေးပဋိပက္ခများအတွင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ရေးအ တွက် လွတ်လပ်စွာသီးခြားရပ်တည်ပြီး တိုက်တွန်းပြောဆိုနေသည့် NP News အပါအဝင် ပြည်တွင်းမီဒီယာများသည်လည်း ခြိမ်းခြောက်မှုကို ခံနေရလျက်ရှိသည်။

မီဒီယာသမားများကို ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့အား မပြုလုပ်သင့်ကြောင်းနှင့် ၎င်းကဲ့သို့လုပ်ရပ်များကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပြောသည်။

“အဖြစ်မှန်ကို ရပ်တည်တဲ့ သတင်းမီဒီယာအချို့ရှိမယ်။ အစိုးရရဲ့သတင်းမီဒီယာရှိမယ်။ တစ်ဖက်က အခုနလို NUG တို့နဲ့ ပတ်သက်တဲ့ မီဒီယာတွေရှိမယ်ပေါ့ဗျာ။ ဒါလေးတွေကို ဖတ်ရင် သိသာပါတယ်။ မီဒီယာဆိုတာ လူထုကို ဖြစ်စဉ်ဖြစ်ရပ်ကို သင်ခန်းစာယူအောင်၊ နားလည်အောင် လူထုသိအောင် ဖွင့်ချပေးတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့အခါမှာ အလွန်တရာအရေးကြီးတယ်ဗျ။ အဲဒါကို သူ့ဘက်ကိုယ့်ဘက်က သဘောပေါက်ပေးဖို့လိုတယ်။ စစ်မြေပြင်မှာတောင်မှ သတင်းအမှန်ကို ရစေချင်တဲ့အခါမှာ အသက်စွန့်ပြီးတောင်မှ သတင်းယူပေးကြတာပဲလေ။ ဒါဟာ မီဒီယာတွေရဲ့ စွန့်လွတ်စွန့်စားပြီးမှ လူထုကို အလုပ်အ ကျွေးပြုတဲ့ကဏ္ဍဗျ။ အဲဒီလိုပုဂ္ဂိုလ်တွေကို အခုနလို သူ့ဘက်ကိုယ့်ဘက် ပေတံနဲ့တိုင်းပြီးမှ လုပ်ကြံတာတို့၊ သတ်ဖြတ်တာတို့ အခြားဆောင်ရွက်တာတို့က မလုပ်အပ်ဘူး။ ကျွန်တော်တို့ကတော့ ပြစ်တင်ရှုတ်ချပါတယ်။ ဘယ်ဘက်က ဖြစ်ဖြစ်။ သတင်းမီဒီယာသမားတွေရဲ့ ရပ်တည်ချက်ဘက်ကလည်း သူ့ရဲ့ ကျင့် ဝတ်နဲ့အညီ လူထုကို သတင်းအမှန်တွေကို တင်ပြပေးအပ်တယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ထို့ပြင် မီဒီယာများအနေဖြင့် နိုင်ငံအတွင်း၌ အကြမ်းဖက်မှုများ ပြင်းထန်နေချိန်တွင် အချို့သော ရေးသားပြောဆိုနေမှုများသည် အကြမ်းဖက်မှုများကို အားပေးမှုသဘောသက်ရောက်နေကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။

“မီဒီယာကို ခြိမ်းခြောက်တဲ့ ကိစ္စမျိုးကတော့ ဒါက လက်နက်မဲ့ ပြည်သူတွေကို ခြိမ်းခြောက်သလိုပဲ။ မီဒီယာတွေကို ခြိမ်းခြောက်တယ်ဆိုတဲ့ ကိစ္စဟာမဖြစ်ကို မဖြစ်သင့်ဘူး။ မီဒီယာတွေကလည်း ကိုယ့် Ethic ကို၊ ကိုယ့်ကျင့်ဝတ်ကို တိတိကျကျလိုက်နာဖို့လိုတယ်။ အခုဟာက ဒီအကြမ်းဖက်မှုတွေ ပြန့်ပွားလာတဲ့ ကိစ္စဟာ မီဒီယာတွေမှာလည်း တာဝန်ရှိတယ်လို့ မြင်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံ၌ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအထိ လက်နက်မဲ့ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဦးရေသည် (၄၇၃၇)ဦးအထိ ရှိခဲ့သည်။

ထိုသို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသူများထဲတွင် ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လက်နက်မဲ့အရပ်သားများ၊ နိုင်ငံရေးပါတီဝင်များ၊ အနုပညာရှင်များ ပါဝင်ထားသည်။

zawgyi version
အဆိုေတာ္လီလီႏိုင္ေက်ာ္ လုပ္ႀကံခံရၿပီးေနာက္ ထပ္မံလုပ္ႀကံသတ္ျဖတ္ရန္ စုံစမ္းခံေနရသည့္ အႏုပညာရွင္မ်ားစာရင္း ထြက္ေပၚလာ

သတင္းအဖြဲ႕ (NP News) - ဇြန္ ၄

အဆိုေတာ္ လီလီႏိုင္ေက်ာ္ ေသနတ္ျဖင့္ လုပ္ႀကံခံရၿပီးေနာက္ ထပ္မံလုပ္ႀကံသတ္ျဖတ္ရန္ စုံစမ္းခံေနရသည့္ အႏုပညာရွင္မ်ားစာရင္း ထြက္ေပၚလာခဲ့ေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့သည့္ ေမလ ၃ဝ ရက္ ညပိုင္းအခ်ိန္တြင္ အဆိုေတာ္ လီလီႏိုင္ေက်ာ္သည္ ၎၏ ေနအိမ္တိုက္ခန္းအေရွ႕၌ NUG လက္ေအာက္ခံ PDF အဖြဲ႕ဝင္တစ္ဦး၏ ေသနတ္ျဖင့္ အနီးကပ္လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရျခင္းျဖစ္သည္။

ထိုသို႔ လုပ္ႀကံခံရၿပီးေနာက္ပိုင္းတြင္ ထပ္မံလုပ္ႀကံမည္ဟုယူဆရသည့္ အႏုပညာရွင္မ်ားစာရင္းကို လူမႈကြန္ရက္ စာမ်က္ႏွာမ်ား၌ ျဖန႔္ေဝလာသည္ကို ေတြ႕ရွိရသည္။

အဆိုပါအႏုပညာရွင္မ်ား၏ စာရင္းကို အရိပ္မဲ့(Shadowless) တယ္လီဂရမ္ခ်န္နယ္မွတစ္ဆင့္ ျဖန႔္ေဝေရးသားခဲ့ျခင္းျဖစ္ၿပီး ၎အႏုပညာရွင္မ်ားႏွင့္ပတ္သက္ေသာ ေနရပ္လိပ္စာ၊ ပိုင္ဆိုင္မႈ၊ လုပ္ငန္းႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူမ်ား၏ အခ်က္အလက္မ်ားကို သိရွိပါက သတင္းေပးပို႔ရန္ ေရးသားျဖန႔္ေဝခဲ့သည္ကို ေတြ႕ရွိရသည္။

၎တယ္လီဂရမ္ခ်န္နယ္သည္ ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ဒိန္းေဒါင္၊ အဆိုေတာ္ ယုန္ေလး၊ အကယ္ဒမီ ရန္ေအာင္ အပါအဝင္ အႏုပညာရွင္(၇)ဦး၏ အမည္စာရင္းမ်ားကို ျဖန႔္ေဝေရးသားခဲ့ၿပီး ယင္းအႏုပညာရွင္မ်ားႏွင့္ပတ္သက္ေသာ အခ်က္အလက္မ်ားကို သတင္းေပးပို႔ရန္အတြက္ ေတာင္းခံခဲ့ျခင္းလည္း ျဖစ္သည္။

အရိပ္မဲ့(Shadowless) တယ္လီဂရမ္ခ်န္နယ္မွ အထက္ပါကဲ့သို႔ ေရးသားျဖန႔္ေဝခဲ့ၿပီးေနာက္ ဝင္ေရာက္မွတ္ခ်က္ျပဳသူအခ်ိဳ႕ကလည္း စာရင္းပါအႏုပညာရွင္(၇)ဦးအျပင္ အျခားေသာအႏုပညာရွင္မ်ားျဖစ္သည့္ လူမင္း၊ ေျပတီဦးအပါအဝင္ အႏုပညာရွင္အမ်ားအျပားကိုလည္း လုပ္ႀကံရန္ comment ေရးသားကာ ေတာင္းဆိုခဲ့သည္ကိုလည္း ေတြ႕ရွိရသည္။

အဆိုပါ တယ္လီဂရမ္ခ်န္နယ္ကို NUG ႏွင့္နီးစပ္ေသာ အသိုင္းအဝိုင္းက ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း သိရၿပီး ေတာ္လွန္ေရးအား အေႏွာက္အယွက္ေပးႏိုင္သည့္ ဒလန္၊ သစၥာေဖာက္မ်ားကို ထိုက္တန္သည့္အေရးယူမႈမ်ိဳးျပဳလုပ္ရန္လိုအပ္ေသာ သတင္းအခ်က္အလက္မ်ားေပးႏိုင္ရန္အတြက္ တည္ေထာင္ထားျခင္းျဖစ္ေၾကာင္း ေရးသားထားသည္ကို ေတြ႕ရသည္။

“သတ္ဖို႔စာထုတ္တယ္ဆိုတာက ကြၽန္ေတာ္ဘာလုပ္လို႔လဲ။ ဘာလုပ္မိသလဲ။ ကြၽန္ေတာ့္ေၾကာင့္ ဘယ္သူေထာင္က်ဖူးလဲ။ ဘယ္မိသားစုေတြ ဘဝပ်က္ဖူးသလဲ။ ကြၽန္ေတာ္သည္ ပရဟိတအမ်ားဆုံးလုပ္တယ္။ သူမ်ားေတြကို ကူညီေစာင့္ေရွာက္တယ္။ မရွိတဲ့သူေတြကိုလႉတယ္။ ဒါေတြကလည္း သက္ေသသာဓကေတြ ရွိၿပီးသားပါ။ အခုဆိုရင္လည္း လူ႐ႊင္ေတာ္ေတြ ဘဝတိုးတက္ေအာင္လို႔ ဟာသအစည္းအ႐ုံးျဖစ္ေအာင္ လူ႐ႊင္ေတာ္အသင္းေလးကေနစၿပီးေတာ့ ကြၽန္ေတာ္ႀကိဳးစားခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ့္ကို ဘာျဖစ္လို႔သတ္ခ်င္တာလဲ။ စစ္ေကာင္စီနဲ႔ေပါင္းတယ္လို႔ တခ်ိဳ႕က ေျပာၾကတယ္ေလ။ အဲဒီလိုဆိုရင္ တစ္ခုထပ္ေမးခ်င္တာက အကယ္ဒမီေပးပြဲ၊ လြတ္လပ္ေရးပြဲ၊ သၾကၤန္ၿပီးေတာ့ ခုလိုမ်ိဳး ေလေဘးရန္ပုံေငြပြဲ အဲဒီလိုပြဲေတြမွာ လူေပါင္းေျမာက္မ်ားစြာပါတဲ့အထဲကမွ ကြၽန္ေတာ္ကို ဘာလို႔ေ႐ြးထုတ္တာလဲ” ဟု ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ဒိန္းေဒါင္က NP News ကိုေျပာသည္။

ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅ ျဖင့္ အမႈဖြင့္ခံထားရၿပီး နစကထံ ခံဝန္လက္မွတ္ေရးထိုးထားကာ ပူးေပါင္းေဆာင္႐ြက္ေနသည့္ အႏုပညာရွင္မ်ားရွိေသာ္လည္း ၎အေပၚ ယခုကဲ့သို႔ ပစ္မွတ္ထားျခင္းသည္ မည္သည့္အတြက္ေၾကာင့္ျဖစ္ေၾကာင္း လူ႐ႊင္ေတာ္ဒိန္းေဒါင္က ေမးခြန္းထုတ္ထားသည္။

“စိုးရိမ္တာေပါ့ဗ်ာ။ သားသမီးေတြလည္းရွိတယ္ေလ။ (၁)ႏွစ္မျပည့္ေသးတဲ့သမီးေလးေရာ။ ဒီႏွစ္မွေက်ာင္းစထားတဲ့ သမီးေလးေတြေရာ မူႀကိဳထားရတဲ့ကေလးေတြေရာရွိတယ္‌။ မိဘရွိတယ္။ ညီအစ္ ကို‌ေမာင္ႏွမရွိတယ္။ စိုးရိမ္တာေပါ့။ ဘာလို႔ စိုးရိမ္လဲဆိုရင္ တစ္ခါတစ္ေလက်လို႔ရွိရင္ ကိုယ္လည္းဘာျပစ္မႈမွ မက်ဴးလြန္ဘဲနဲ႔ အဲဒီလို တစ္ဖက္သက္ႀကီးစြပ္စြဲၿပီး ေတာ့ လုပ္မယ္ဆိုတာႀကီးကေတာ့ အတၱႀကီးလြန္းတယ္လို႔ထင္တယ္” ဟု ဒိန္းေဒါင္က ဆက္လက္ေျပာဆိုထားသည္။

အဆိုေတာ္ယုန္ေလးအား လုပ္ႀကံသတ္ျဖတ္ႏိုင္ပါက ေငြက်ပ္သိန္း (၂၅ဝဝ) ေပးမည္ဟု သေဘာေဆာင္သည့္ ေျပာဆိုေရးသားမႈမ်ားကိုလည္း လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ က်ယ္က်ယ္ျပန႔္ျပန႔္ေတြ႕ရွိခဲ့ရသည္။

လက္နက္မဲ့ျပည္သူမ်ားကို ေသေၾကပ်က္စီးေစခ်င္မ်ိဳးႏွင့္ပတ္သက္၍ မည္သည့္အဖြဲ႕ကမွ် လုပ္ေဆာင္သည္ျဖစ္ေစ လုံးဝဆန႔္က်င္ေၾကာင္းႏွင့္ မလုပ္သင့္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

“ကြၽန္ေတာ္တို႔ဟာ စစ္ပြဲျဖစ္ေနရင္ေတာင္မွ အရပ္ဖက္ပစ္မွတ္ေတြ၊ အရပ္သား ထိခိုက္ေသဆုံးမႈေတြအနည္းဆုံးျဖစ္ေအာင္ ေရွာင္ၾကဥ္ရတယ္။ ဒါက က်င့္ဝတ္ေပါ့။ အဲဒီေတာ့ အရပ္ဖက္ပစ္မွတ္ေတြ သတ္ျဖတ္တာေတြ။ ၿပီးေတာ့ လက္နက္မဲ့ျပည္သူေတြ ေသေၾကတာေတြနဲ႔ပတ္သက္လို႔ ဘယ္ဘက္ကပဲ လုပ္လုပ္ ကြၽန္ေတာ္ကေတာ့ လုံးဝဆန႔္က်င္ပါတယ္။ ဒါဟာ မလုပ္သင့္ဘူး။ မျဖစ္သင့္ဘူးေပါ့ ေရွာင္ရွားရမယ့္ ကိစၥလို႔ေတာ့ျမင္ပါတယ္”ဟု ဦးကိုကိုႀကီးက ေျပာသည္။

ႏိုင္ငံေရးသေဘာထား မတူညီမႈအေပၚ၌ ၿခိမ္းေျခာက္ျခင္း၊ ဆဲဆိုျခင္းမ်ားသည္ ဒီမိုကေရစီေဖာ္ေဆာင္ႏိုင္ေသာ အေလ့အက်င့္မ်ိဳးမဟုတ္ဟု ယူဆေၾကာင္းလည္း ၎က သုံးသပ္ထားသည္။

အလားတူ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္ကလည္း အျပစ္မဲ့အရပ္သား၊ ျပည္သူမ်ားအား အၾကမ္းဖက္ကာ လုပ္ႀကံသတ္ျဖတ္ေဆာင္႐ြက္ေနမႈမ်ားကို လုံးဝလက္မခံေၾကာင္းႏွင့္ ျပဳလုပ္ေနသည့္ ပုဂၢိဳလ္မ်ားဘက္ကလည္း လူသားခ်င္းစာနာစိတ္ေမြးကာ ရပ္တန႔္ရန္ လိုအပ္ေၾကာင္း NP News ကို မွတ္ခ်က္ျပဳ ေျပာဆိုထားသည္။

“ဒီလုပ္ႀကံသတ္ျဖတ္အၾကမ္းဖက္တာေတြက ယဥ္ေက်းမႈ၊ သမိုင္းဆိုင္ရာ ကြၽန္ေတာ္တို႔ အမ်ိဳးသားသ႐ုပ္လကၡာေတြ အားလုံးအေပၚမွာ ႐ိုက္ခတ္မႈႀကီးႀကီးမားမားရွိတယ္။ ယုံေတာင္ မယုံႏိုင္တဲ့အေနအထား ျဖစ္ျဖစ္လာတာေပါ့ဗ်ာ။ ဒါေတြက ျဖစ္သင့္၊ မျဖစ္သင့္ဆိုရင္ မျဖစ္သင့္ဘူးေပါ့ဗ်ာ။ မျဖစ္သင့္တဲ့ဟာကို ျဖစ္ေအာင္လုပ္ေနၾကတဲ့ ပုဂၢိဳလ္ေတြဘက္က ကြၽန္ေတာ္တို႔ရဲ႕ လာမယ့္အနာဂတ္၊ လာမယ့္ႏိုင္ငံေတာ္တည္ေဆာက္ေရးကို ေတြးၿပီးေတာ့ ရပ္ေစခ်င္တယ္” ဟု ေဒါက္တာေအးေမာင္က ဆိုသည္။

ထို႔ျပင္ လက္ရွိႏိုင္ငံေရးပဋိပကၡကာလမ်ားအတြင္ အရပ္သားျပည္သူမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ မီဒီယာအဖြဲ႕ အစည္းမ်ားသည္လည္း ၿခိမ္းေျခာက္ခံရကာ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့ဖူးသည္။

ႏိုင္ငံေရးပါတီမ်ား ၿခိမ္းေျခာက္ခံရမႈႏွင့္ပတ္သက္၍ “ႏိုင္ငံေရးနည္းလမ္းနဲ႔သြားမယ္ဆိုတဲ့ဟာေတြက ေနာက္တန္းကို ေရာက္သြားတာကိုဗ်။ ဉာဏ္အားထက္ ခြန္အားကို သြားၾကတာကို။ အဲဒီမွာ ထိပ္တိုက္ေတြ႕မႈေတြ ရွိလာတာေပါ့။ ကိုယ္က မွန္တယ္။ သူက မွန္တယ္။ ဒီလိုႏိုင္ငံေရးနည္းလမ္းနဲ႔ သြားတဲ့ဟာက ေတာ္လွန္ေရးလက္နက္ကိုင္အင္အားစုေတြအတြက္ ဆန႔္က်င္ဘက္ျဖစ္လာတယ္။ အဲဒါမ်ိဳးအျမင္ေလးေတြနဲ႔ လက္နက္ကိုင္အင္အားစုေတြရဲ႕ ဆန႔္က်င္မႈ၊ ေဝဖန္ေထာက္ျပမႈ၊ ျပစ္တင္ရႈတ္ခ်မႈေတြကိုလည္း ဒီကာလ ဒီႏိုင္ငံမွာလည္း ခံၾကရတယ္။ ခံေနၾကဆဲျဖစ္တယ္” ဟု ေဒါက္တာေအးေမာင္က မွတ္ခ်က္ျပဳထားသည္။

အလားတူ လက္ရွိႏိုင္ငံေရးပဋိပကၡမ်ားအတြင္း ျမန္မာႏိုင္ငံ၌ အၾကမ္းဖက္မႈျဖစ္စဥ္မ်ား ရပ္တန႔္ေရးအ တြက္ လြတ္လပ္စြာသီးျခားရပ္တည္ၿပီး တိုက္တြန္းေျပာဆိုေနသည့္ NP News အပါအဝင္ ျပည္တြင္းမီဒီယာမ်ားသည္လည္း ၿခိမ္းေျခာက္မႈကို ခံေနရလ်က္ရွိသည္။

မီဒီယာသမားမ်ားကို ၿခိမ္းေျခာက္ျခင္း၊ လုပ္ႀကံသတ္ျဖတ္ျခင္းတို႔အား မျပဳလုပ္သင့္ေၾကာင္းႏွင့္ ၎ကဲ့သို႔လုပ္ရပ္မ်ားကိုလည္း ျပစ္တင္ရႈတ္ခ်ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က ေျပာသည္။

“အျဖစ္မွန္ကို ရပ္တည္တဲ့ သတင္းမီဒီယာအခ်ိဳ႕ရွိမယ္။ အစိုးရရဲ႕သတင္းမီဒီယာရွိမယ္။ တစ္ဖက္က အခုနလို NUG တို႔နဲ႔ ပတ္သက္တဲ့ မီဒီယာေတြရွိမယ္ေပါ့ဗ်ာ။ ဒါေလးေတြကို ဖတ္ရင္ သိသာပါတယ္။ မီဒီယာဆိုတာ လူထုကို ျဖစ္စဥ္ျဖစ္ရပ္ကို သင္ခန္းစာယူေအာင္၊ နားလည္ေအာင္ လူထုသိေအာင္ ဖြင့္ခ်ေပးတဲ့ စတုတၳမ႑ိဳင္ျဖစ္တဲ့အခါမွာ အလြန္တရာအေရးႀကီးတယ္ဗ်။ အဲဒါကို သူ႔ဘက္ကိုယ့္ဘက္က သေဘာေပါက္ေပးဖို႔လိုတယ္။ စစ္ေျမျပင္မွာေတာင္မွ သတင္းအမွန္ကို ရေစခ်င္တဲ့အခါမွာ အသက္စြန႔္ၿပီးေတာင္မွ သတင္းယူေပးၾကတာပဲေလ။ ဒါဟာ မီဒီယာေတြရဲ႕ စြန႔္လြတ္စြန႔္စားၿပီးမွ လူထုကို အလုပ္အ ေကြၽးျပဳတဲ့က႑ဗ်။ အဲဒီလိုပုဂၢိဳလ္ေတြကို အခုနလို သူ႔ဘက္ကိုယ့္ဘက္ ေပတံနဲ႔တိုင္းၿပီးမွ လုပ္ႀကံတာတို႔၊ သတ္ျဖတ္တာတို႔ အျခားေဆာင္႐ြက္တာတို႔က မလုပ္အပ္ဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ျပစ္တင္ရႈတ္ခ်ပါတယ္။ ဘယ္ဘက္က ျဖစ္ျဖစ္။ သတင္းမီဒီယာသမားေတြရဲ႕ ရပ္တည္ခ်က္ဘက္ကလည္း သူ႔ရဲ႕ က်င့္ ဝတ္နဲ႔အညီ လူထုကို သတင္းအမွန္ေတြကို တင္ျပေပးအပ္တယ္လို႔ပဲ သုံးသပ္ပါတယ္” ဟု ေဒါက္တာေအးေမာင္က ဆိုသည္။

ထို႔ျပင္ မီဒီယာမ်ားအေနျဖင့္ ႏိုင္ငံအတြင္း၌ အၾကမ္းဖက္မႈမ်ား ျပင္းထန္ေနခ်ိန္တြင္ အခ်ိဳ႕ေသာ ေရးသားေျပာဆိုေနမႈမ်ားသည္ အၾကမ္းဖက္မႈမ်ားကို အားေပးမႈသေဘာသက္ေရာက္ေနေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက ဆိုသည္။

“မီဒီယာကို ၿခိမ္းေျခာက္တဲ့ ကိစၥမ်ိဳးကေတာ့ ဒါက လက္နက္မဲ့ ျပည္သူေတြကို ၿခိမ္းေျခာက္သလိုပဲ။ မီဒီယာေတြကို ၿခိမ္းေျခာက္တယ္ဆိုတဲ့ ကိစၥဟာမျဖစ္ကို မျဖစ္သင့္ဘူး။ မီဒီယာေတြကလည္း ကိုယ့္ Ethic ကို၊ ကိုယ့္က်င့္ဝတ္ကို တိတိက်က်လိုက္နာဖို႔လိုတယ္။ အခုဟာက ဒီအၾကမ္းဖက္မႈေတြ ျပန႔္ပြားလာတဲ့ ကိစၥဟာ မီဒီယာေတြမွာလည္း တာဝန္ရွိတယ္လို႔ ျမင္ပါတယ္”ဟု ဦးကိုကိုႀကီးက ေျပာသည္။

ျမန္မာႏိုင္ငံ၌ ပဋိပကၡမ်ား စတင္ျဖစ္ပြားခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလအထိ လက္နက္မဲ့ျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္ခံခဲ့ရသည့္ ဦးေရသည္ (၄၇၃၇)ဦးအထိ ရွိခဲ့သည္။

ထိုသို႔ အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရသူမ်ားထဲတြင္ ရဟန္းသံဃာေတာ္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ လက္နက္မဲ့အရပ္သားမ်ား၊ ႏိုင္ငံေရးပါတီဝင္မ်ား၊ အႏုပညာရွင္မ်ား ပါဝင္ထားသည္။

Picture

L Ja San

04/06/2023 18:06

လူသေသွားလို့ နစကပြုတ်ရောလား NUG နေရာရရောလား အမုန်း တရားတွေလက်စားချေခြင်းတွေအစား ချစ်ခြင်းကိုယ်ချင်းစာစိတ် လေးနဲ့တုန့်ပြန်ရင်ပိုမကောင်းဘူးလား

Picture

saibo bobo

04/06/2023 20:56

အကုန်လုံးမှာတာဝန်ရှိတယ်တချို့နေရာတွေမှာစိုတပ်မတော်သားတွေလူမိုက်တွေနဲ့ပေါင်းပြီးဖိနိပ့်နေကြတာတွေကမကောင်းဘူးဖြစ်နေတယ်

Related news

© 2021. All rights reserved.