အသားတိုးကြက် ခြံဖမ်းဈေးယခင်လကထက် တစ်ပိဿာ ကျပ်(၁ဝဝဝ)ကျော် ဈေးထပ်မံမြင့်တက်လာ

1355

NP News - ဇွန် ၁၄
ကြက်မွေးမြူရေးခြံများမှတစ်ဆင့် ရန်ကုန်ရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်ဘဲဈေးကို ရောင်းချလာသည့် အသားတိုးကြက်ခြံဖမ်းဈေးနှုန်းများသည် ပြီးခဲ့သည့်လကထက် ငွေကျပ် (၁ဝဝဝ)ကျော်အထိဈေးမြင့်လာခဲ့ကြောင်း သိရသည်။
အသားတိုးကြက်ဈေးသည် ပြီးခဲ့သည့် မေလက ဈေးနှုန်းကျဆင်းနေလျက်ရှိရာ ယခုဇွန်လဆန်းတွင် တစ်ပိဿာ ငွေကျပ် ၆၆ဝဝ မှ ၆၈ဝဝ ကျပ် အထိပေါက်ဈေးတွေရှိနေကြောင်း ကြက်သားရောင်းချသူများကပြောသည်။
ရန်ကုန်မြို့အတွင်း အသားတိုးကြက်ဒိုင်ရောင်းဈေးသည် အနိမ့်ဆုံးအနေဖြင့် အသားတိုးကြက်တစ်ပိဿာလျှင် ၆၉ဝဝ ကျပ်မှ ၇၁ဝဝ ကျပ်၊ အခြားကြက်အမျိုးအမယ်များဖြစ်သည့် ဆီမီးဒံပေါက်ကြက်သည် တစ်ပိဿာလျှင် ၉၇ဝဝ ကျပ် နှင့် ၉၈ဝဝ ကျပ်၊ ကြက်နီမ ခေါ် ဥဒုံးကြက်သည် တစ်ပိဿာလျှင် ၈၂ဝဝ ကျပ် နှင့် ၈၃ဝဝ ကျပ်ရှိနေကာ ဗမာကြက်အမျိုးအစားသည် ဗမာကြက် ဆိုဒ်အသေးတစ်ပိဿာလျှင် ၁၄၅ဝဝကျပ်မှ ဗမာကြက်ဆိုဒ်အကြီး တစ်ပိဿာလျှင် ၁၅၅ဝဝ ကျပ်အထိ ဈေးမြင့်တက်လာကြောင်းသိရသည်။
မွေးမြူသူများအနေဖြင့် ကြက်တစ်ပိဿာ ထုတ်လုပ်မှုအတွက် အနည်းဆုံးငွေကျပ် ၆ဝဝဝ ကျပ် နှုန်းကုန်ကျမှုရှိနေပြီး လက်ရှိ ကြက်ပေါက်တစ်ကောင်၏ဈေးသည်လည်း တစ်ကောင်လျှင် ၁၁၅ဝ ကျပ် ဈေးတွေရှိနေကြောင်းသိရသည်။

zawgyi version
အသားတိုးၾကက္ ၿခံဖမ္းေဈးယခင္လကထက္ တစ္ပိႆာ က်ပ္(၁ဝဝဝ)ေက်ာ္ ေဈးထပ္မံျမင့္တက္လာ
NP News - ဇြန္ ၁၄
ၾကက္ေမြးျမဴေရးၿခံမ်ားမွတစ္ဆင့္ ရန္ကုန္ရွိ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ၾကက္ဘဲေဈးကို ေရာင္းခ်လာသည့္ အသားတိုးၾကက္ၿခံဖမ္းေဈးႏႈန္းမ်ားသည္ ၿပီးခဲ့သည့္လကထက္ ေငြက်ပ္ (၁ဝဝဝ)ေက်ာ္အထိေဈးျမင့္လာခဲ့ေၾကာင္း သိရသည္။
အသားတိုးၾကက္ေဈးသည္ ၿပီးခဲ့သည့္ ေမလက ေဈးႏႈန္းက်ဆင္းေနလ်က္ရွိရာ ယခုဇြန္လဆန္းတြင္ တစ္ပိႆာ ေငြက်ပ္ ၆၆ဝဝ မွ ၆၈ဝဝ က်ပ္ အထိေပါက္ေဈးေတြရွိေနေၾကာင္း ၾကက္သားေရာင္းခ်သူမ်ားကေျပာသည္။
ရန္ကုန္ၿမိဳ႕အတြင္း အသားတိုးၾကက္ဒိုင္ေရာင္းေဈးသည္ အနိမ့္ဆုံးအေနျဖင့္ အသားတိုးၾကက္တစ္ပိႆာလွ်င္ ၆၉ဝဝ က်ပ္မွ ၇၁ဝဝ က်ပ္၊ အျခားၾကက္အမ်ိဳးအမယ္မ်ားျဖစ္သည့္ ဆီမီးဒံေပါက္ၾကက္သည္ တစ္ပိႆာလွ်င္ ၉၇ဝဝ က်ပ္ ႏွင့္ ၉၈ဝဝ က်ပ္၊ ၾကက္နီမ ေခၚ ဥဒုံးၾကက္သည္ တစ္ပိႆာလွ်င္ ၈၂ဝဝ က်ပ္ ႏွင့္ ၈၃ဝဝ က်ပ္ရွိေနကာ ဗမာၾကက္အမ်ိဳးအစားသည္ ဗမာၾကက္ ဆိုဒ္အေသးတစ္ပိႆာလွ်င္ ၁၄၅ဝဝက်ပ္မွ ဗမာၾကက္ဆိုဒ္အႀကီး တစ္ပိႆာလွ်င္ ၁၅၅ဝဝ က်ပ္အထိ ေဈးျမင့္တက္လာေၾကာင္းသိရသည္။
ေမြးျမဴသူမ်ားအေနျဖင့္ ၾကက္တစ္ပိႆာ ထုတ္လုပ္မႈအတြက္ အနည္းဆုံးေငြက်ပ္ ၆ဝဝဝ က်ပ္ ႏႈန္းကုန္က်မႈရွိေနၿပီး လက္ရွိ ၾကက္ေပါက္တစ္ေကာင္၏ေဈးသည္လည္း တစ္ေကာင္လွ်င္ ၁၁၅ဝ က်ပ္ ေဈးေတြရွိေနေၾကာင္းသိရသည္။