အိမ်တိုင်ရာရောက် စားအုန်းဆီရောင်းချရာတွင် မသမာမှုပြုလုပ်ခြင်းကြောင့် ဖုန်းနံပါတ် (၁၈၀ဝဝ)ကျော်ကို မှာခွင့်ပိတ်ထား

3933

ပုံစာ - အိမ်တိုင်ရာရောက် စားအုန်းဆီ ပို့ဆောင်မှုမြင်ကွင်း
စော(NP News) - ဇူလိုင် ၂
အိမ်တိုင်ရာရောက် စားအုန်းဆီပို့ဆောင်ရေးစနစ်ဖြင့်ရောင်းချရာတွင် မသမာခြင်းနှင့် အချက်အလက်မှားပေးခြင်းများကြောင့် ဖုန်းနံပါတ် (၁၈၀ဝဝ)ကျော်ကို မှာယူခွင့်ပိတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကို NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်တိုင်ရာရောက် (Door to Door)စနစ်ဖြင့် စားအုန်းဆီ များကို ရောင်းချပေးရန်စီစဉ်ခဲ့ပြီး ပြီးခဲ့သော (၂၀၂၄)ခုနှစ် ဩဂုတ်လမှစ၍ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမှာစာတွေထဲမှာလည်း သေချာလေးကို စိစစ်ရတဲ့ အပိုင်းတွေရှိတယ်။ ဖုန်းနံပါတ် (၁၈၀ဝဝ) ကျော် Ban ထားတယ်”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်က ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် တစ်ရက်လျှင် (၆၅၀ဝ)မှ (၇၀ဝဝ)အထိ အော်ဒါကောက်ခံရောင်းချပေးလျက်ရှိရာ လက်ရှိအချိန်အထိ အိမ်ထောင်စုတစ်သန်းဝန်း ကျင်ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။
“လိပ်စာတွေတိုက်ဆိုင်စစ်ဆေးတယ်။ ဖုန်း နံပါတ်တွေလည်းတိုက်ဆိုင်စစ်ဆေးတယ်။ တချို့ ကျတော့လည်း ဖုန်းနံပါတ်မျိုးစုံနဲ့မှာတာပေါ့။ အိမ်နံပါတ်အမှားတွေရော၊ အလွဲတွေရောပေးပြီးတော့ အဲဒီလိုမျိုးမှာတာရှိတယ်။ ကျွန်တော်တို့က လစဉ်လစဉ်စာရင်းတွေက ကြည့်နေတာ။ လိပ်စာ အမှားဖုန်း နံပါတ်တော့မှန်တယ်၊ တစ်လလျှင် အိမ်ထောင်စုတစ်စုကို တစ်ကြိမ်လို့ပြောတဲ့အခါမှာ ပိုပို လိုလိုယူတဲ့ ဖုန်းတွေ၊ Sim Card တွေ စက်ပိတ်ထားတယ်။ တချို့ကျတော့ နည်းလမ်းအမျိုးမျိုးနဲ့မှာပြီးတော့ ပြန် ရောင်းတဲ့လူတွေကနေပြီးတော့တစ်ဆင့် ကြိုးစားပြီး ဝယ်ယူတာတွေ တွေ့ရှိရတယ်။ ကျွန်တော်တို့က အဲဒီနံပါတ်တွေကို စိစစ်ပြီးတော့ Ban ထားတာပါ။ ပြောရရင်တော့ စားသုံးသူ Own Used အတွက် မဟုတ်တော့ဘဲနဲ့ တစ်ဆင့်ပြန်လည်ရောင်းချလိုသူတွေက နည်းလမ်းမျိုးစုံနဲ့ကြိုးစားတဲ့ အပေါ်မှာစိစစ် ပြီးတော့ကြပ်မတ်ပြီးတော့ Ban လိုက်တာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစနစ်တွင် သယ်ယူပို့ဆောင်ခကို ဝယ်သူကပေးဆောင်ရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခ နှုန်းထားများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် (၃၃)မြို့နယ်ကို (၂၅၀ဝ)ကျပ်ထက် မပိုသော နှုန်းနှင့်တိုင်းစည်ပင်နယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ကို များကို (၃၀ဝဝ)ကျပ်ထက်မပိုသော နှုန်းထားဖြင့် ကောက်ခံနေကြောင်း သိရသည်။
ဇွန် (၂၃)ရက်မှ (၂၉)ရက်အထိ ရန်ကုန်အထိုင်လက်ကားရည်òန်းဈေးသည် စားအုန်းဆီ တစ် ပိဿာလျှင် (၆၀၈၀)ကျပ်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန် (၁၂) သိန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပမှတန်ချိန် ကိုး သိန်းခန့် တင်သွင်းနေရကာ စားအုန်းဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။

zawgyi version
အိမ္တိုင္ရာေရာက္ စားအုန္းဆီေရာင္းခ်ရာတြင္ မသမာမႈျပဳလုပ္ျခင္းေၾကာင့္ ဖုန္းနံပါတ္ (၁၈၀ဝဝ)ေက်ာ္ကို မွာခြင့္ပိတ္ထား
ေစာ(NP News) - ဇူလိုင္ ၂
အိမ္တိုင္ရာေရာက္ စားအုန္းဆီပို႔ေဆာင္ေရးစနစ္ျဖင့္ေရာင္းခ်ရာတြင္ မသမာျခင္းႏွင့္ အခ်က္အလက္မွားေပးျခင္းမ်ားေၾကာင့္ ဖုန္းနံပါတ္ (၁၈၀ဝဝ)ေက်ာ္ကို မွာယူခြင့္ပိတ္ထားေၾကာင္း ျမန္မာႏိုင္ငံဆီကုန္ သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းကို NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္ မ်ားအသင္းက ရန္ကုန္တိုင္းေဒသႀကီးအတြင္း အိမ္တိုင္ရာေရာက္ (Door to Door)စနစ္ျဖင့္ စားအုန္းဆီ မ်ားကို ေရာင္းခ်ေပးရန္စီစဥ္ခဲ့ၿပီး ၿပီးခဲ့ေသာ (၂၀၂၄)ခုႏွစ္ ဩဂုတ္လမွစ၍ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အမွာစာေတြထဲမွာလည္း ေသခ်ာေလးကို စိစစ္ရတဲ့ အပိုင္းေတြရွိတယ္။ ဖုန္းနံပါတ္ (၁၈၀ဝဝ) ေက်ာ္ Ban ထားတယ္”ဟု ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ဒုဥကၠ႒ ဦးပိုင္ၿဖိဳးသန႔္က ေျပာသည္။ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ တစ္ရက္လွ်င္ (၆၅၀ဝ)မွ (၇၀ဝဝ)အထိ ေအာ္ဒါေကာက္ခံေရာင္းခ်ေပးလ်က္ရွိရာ လက္ရွိအခ်ိန္အထိ အိမ္ေထာင္စုတစ္သန္းဝန္း က်င္ေရာင္းခ်ေပးၿပီးျဖစ္ေၾကာင္း သိရသည္။
“လိပ္စာေတြတိုက္ဆိုင္စစ္ေဆးတယ္။ ဖုန္း နံပါတ္ေတြလည္းတိုက္ဆိုင္စစ္ေဆးတယ္။ တခ်ိဳ႕ က်ေတာ့လည္း ဖုန္းနံပါတ္မ်ိဳးစုံနဲ႔မွာတာေပါ့။ အိမ္နံပါတ္အမွားေတြေရာ၊ အလြဲေတြေရာေပးၿပီးေတာ့ အဲဒီလိုမ်ိဳးမွာတာရွိတယ္။ ကြၽန္ေတာ္တို႔က လစဥ္လစဥ္စာရင္းေတြက ၾကည့္ေနတာ။ လိပ္စာ အမွားဖုန္း နံပါတ္ေတာ့မွန္တယ္၊ တစ္လလွ်င္ အိမ္ေထာင္စုတစ္စုကို တစ္ႀကိမ္လို႔ေျပာတဲ့အခါမွာ ပိုပို လိုလိုယူတဲ့ ဖုန္းေတြ၊ Sim Card ေတြ စက္ပိတ္ထားတယ္။ တခ်ိဳ႕က်ေတာ့ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔မွာၿပီးေတာ့ ျပန္ ေရာင္းတဲ့လူေတြကေနၿပီးေတာ့တစ္ဆင့္ ႀကိဳးစားၿပီး ဝယ္ယူတာေတြ ေတြ႕ရွိရတယ္။ ကြၽန္ေတာ္တို႔က အဲဒီနံပါတ္ေတြကို စိစစ္ၿပီးေတာ့ Ban ထားတာပါ။ ေျပာရရင္ေတာ့ စားသုံးသူ Own Used အတြက္ မဟုတ္ေတာ့ဘဲနဲ႔ တစ္ဆင့္ျပန္လည္ေရာင္းခ်လိုသူေတြက နည္းလမ္းမ်ိဳးစုံနဲ႔ႀကိဳးစားတဲ့ အေပၚမွာစိစစ္ ၿပီးေတာ့ၾကပ္မတ္ၿပီးေတာ့ Ban လိုက္တာပါ” ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါစနစ္တြင္ သယ္ယူပို႔ေဆာင္ခကို ဝယ္သူကေပးေဆာင္ရျခင္းျဖစ္ၿပီး သယ္ယူပို႔ေဆာင္ခ ႏႈန္းထားမ်ားမွာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္ (၃၃)ၿမိဳ႕နယ္ကို (၂၅၀ဝ)က်ပ္ထက္ မပိုေသာ ႏႈန္းႏွင့္တိုင္းစည္ပင္နယ္နိမိတ္ျပင္ပ (၁၁) ၿမိဳ႕နယ္ကို မ်ားကို (၃၀ဝဝ)က်ပ္ထက္မပိုေသာ ႏႈန္းထားျဖင့္ ေကာက္ခံေနေၾကာင္း သိရသည္။
ဇြန္ (၂၃)ရက္မွ (၂၉)ရက္အထိ ရန္ကုန္အထိုင္လက္ကားရည္òန္းေဈးသည္ စားအုန္းဆီ တစ္ ပိႆာလွ်င္ (၆၀၈၀)က်ပ္ျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္ (၁၂) သိန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပမွတန္ခ်ိန္ ကိုး သိန္းခန႔္ တင္သြင္းေနရကာ စားအုန္းဆီကို မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔မွ အမ်ားဆုံးတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။