မြင်းမူမြို့ရှိ မြို့ရှောင်လမ်းတွင် ဦးခေါင်းပြတ် ရုပ်အလောင်း တစ်လောင်းတွေ့ရှိ

 831

Pearl (NP News)-ဇွန် ၁၇
မြင်းမူမြို့ရှိ မြို့ရှောင်လမ်းတွင် ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြောင်း မြတ်သုခကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

အဆိုပါ ရုပ်အလောင်းအား ယနေ့ (ဇွန်လ ၁၇ရက်) ၊ နံနက် (၈)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် စစ်ကိုင်း တိုင်း၊ မြင်းမူမြို့၊ မြို့ရှောင်လမ်း(အနောက်လမ်းဆုံအနီး)တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် အသက် (၃၅)နှစ်အရွယ်ရှိ အငှားယာဉ်မောင်း အမျိုးသားတစ်ဦးဖြစ်ပြီး မြင်းမူမြို့၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်ကြောင်း သိရသည်။

" ဘာကြောင့် အသတ်ခံရလဲ မသိရပါဘူး။ Dead Body က ဦးခေါင်းတခြား ကိုယ်တခြားဖြစ်နေတယ်။ တခြားဒဏ်ရာ မရှိဘူး။ ကျွန်တော်တို့အထင် မနက် (၅)နာရီဝန်းကျင်လောက်က အသတ်ခံရတယ်ထင်တယ်။ ကျွန်တော်တို့ရောက်သွားတော့ လက်တွေတောင် တောင့်နေပြီ" ဟု အထက်ပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ၎င်းရုပ်အလောင်းအား မြင်းမူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ၎င်းနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version

ျမင္းမူၿမိဳ႕ရွိ ၿမိဳ႕ေရွာင္လမ္းတြင္ ဦးေခါင္းျပတ္ ႐ုပ္အေလာင္း တစ္ေလာင္းေတြ႕ရွိ

Pearl (NP News)-ဇြန္ ၁၇
ျမင္းမူၿမိဳ႕ရွိ ၿမိဳ႕ေရွာင္လမ္းတြင္ ဦးေခါင္းျပတ္ဒဏ္ရာျဖင့္ ေသဆုံးေနေသာ အမ်ိဳးသားတစ္ဦး၏ အေလာင္းအားေတြ႕ရွိခဲ့ေၾကာင္း ျမတ္သုခက်န္းမာေရးႏွင့္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

အဆိုပါ ႐ုပ္အေလာင္းအား ယေန႔ (ဇြန္လ ၁၇ရက္) ၊ နံနက္ (၈)နာရီ (၁၅)မိနစ္ အခ်ိန္ခန႔္တြင္ စစ္ကိုင္း တိုင္း၊ ျမင္းမူၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္း(အေနာက္လမ္းဆုံအနီး)တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူသည္ အသက္ (၃၅)ႏွစ္အ႐ြယ္ရွိ အငွားယာဥ္ေမာင္း အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ျမင္းမူၿမိဳ႕၊ တပင္ေ႐ႊထီးရပ္ကြက္တြင္ ေနထိုင္ေၾကာင္း သိရသည္။

" ဘာေၾကာင့္ အသတ္ခံရလဲ မသိရပါဘူး။ Dead Body က ဦးေခါင္းတျခား ကိုယ္တျခားျဖစ္ေနတယ္။ တျခားဒဏ္ရာ မရွိဘူး။ ကြၽန္ေတာ္တို႔အထင္ မနက္ (၅)နာရီဝန္းက်င္ေလာက္က အသတ္ခံရတယ္ထင္တယ္။ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ လက္ေတြေတာင္ ေတာင့္ေနၿပီ" ဟု အထက္ပါ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ၎႐ုပ္အေလာင္းအား ျမင္းမူေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ၎ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.