ဘရာဇီးနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးပြီး လူထောင်ချီဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်း

484

Pika (NP News) - ဇွန် ၁၉
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၁၃)ဦး သေဆုံးခဲ့ပြီး လူထောင်ချီ နေအိမ်စွန့်ခွာခဲ့ရကြောင်း အာဏာပိုင်များက ဇွန်လ(၁၈)ရက်တွင် ပြောကြားခဲ့သည်။
Rio Grande do Sul ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် ပြည်နယ် မြို့တော် Porto Alegre အပါအဝင် မြို့ပေါင်းဒါဇင်ချီ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မုန်တိုင်းဒဏ် အခံရဆုံးနေရာတစ်ခုဖြစ်သော Caraa မြို့တွင် နောက်ထပ်ရုပ်အလောင်းနှစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ (၁၃)ဦးထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ပြောကြား ခဲ့သည်။
ထို့အပြင် သေဆုံးသူများထဲတွင် လေးလသားအရွယ်ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံမီဒီယာများ က ဖော်ပြခဲ့သည်။ Sao Leopoldo မြို့မှ အမျိုးသမီးတစ်ဦးက "ရေက ကျွန်မတို့အိမ်ထဲမှာ ခါးလယ်လောက်ထိကို ရောက်သွားတာပါ။ မီးသတ်သမားတွေ အမြန်ရောက်လာပြီး ကျွန်မတို့ကို လှေနဲ့ကယ်ဆယ်သွားတာပါ၊၊ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အဲဒါက အိမ်မက်ဆိုးတစ်ခုလိုပါပဲ" ဟု ပြောဆိုခဲ့သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် ရဟတ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး လူပေါင်း (၃၇၁၃) ဦး၏ နေအိမ်များပျက်စီးခဲ့ကာ (၆၉၇)ဦးကို မုန်တိုင်းဒဏ်အခံရဆုံးဒေသများမှ ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
Rio Grande do Sul ပြည်နယ်အုပ်ချုပ်ရေးမှူး Eduardo Leite သည် အစိုးရတာဝန်ရှိသူများ၊ ရှာဖွေကယ်ဆယ် ရေးသမားများနှင့်အတူ ရဟတ်ယာဉ်ဖြင့် မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံရသော ဒေသများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ Caraa မြို့အုပ်ချုပ်ရေးမှူးသည် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး သွားသော ရာနှင့်ချီသည့်လူများနေသည့် ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့ကြောင်း သိရသည်။
၎င်း က "Caraa မြို့အခြေအနေဟာ ကျွန်တော်တို့ကို စိုးရိမ်ပူပန်မှုတွေဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ မုန်တိုင်း ဒဏ်အခံရဆုံးနေရာတွေကို သွားရောက်ပြီး အကူအညီလိုအပ်နေသူတွေကို အမြန်ဆုံးအကူအညီပေးဖို့ လိုအပ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ပြီးခဲသည့်နှစ်များအတွင်း လူအသေအပျောက်များသော ရာသီဥတုဘေးအန္တရာယ်များ ဆက်တိုက်ကြုံတွေ့နေရပြီး ရာသီဥတုဖောက်ပြန်မှုများ ပိုမိုဆိုးရွားလာနေကြောင်း ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

Zawgyi Version;
ဘရာဇီးႏိုင္ငံတြင္ ဆိုင္ကလုန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၁၃)ဦးေသဆုံးၿပီး လူေထာင္ခ်ီေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္း
Pika (NP News) - ဇြန္ ၁၉
ဘရာဇီးႏိုင္ငံ ေတာင္ပိုင္းတြင္ ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၁၃)ဦး ေသဆုံးခဲ့ၿပီး လူေထာင္ခ်ီ ေနအိမ္စြန႔္ခြာခဲ့ရေၾကာင္း အာဏာပိုင္မ်ားက ဇြန္လ(၁၈)ရက္တြင္ ေျပာၾကားခဲ့သည္။
Rio Grande do Sul ျပည္နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ေလျပင္းမ်ားတိုက္ခတ္မႈေၾကာင့္ ျပည္နယ္ ၿမိဳ႕ေတာ္ Porto Alegre အပါအဝင္ ၿမိဳ႕ေပါင္းဒါဇင္ခ်ီ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ မုန္တိုင္းဒဏ္ အခံရဆုံးေနရာတစ္ခုျဖစ္ေသာ Caraa ၿမိဳ႕တြင္ ေနာက္ထပ္႐ုပ္အေလာင္းႏွစ္ေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ေသဆုံးသူဦးေရမွာ (၁၃)ဦးထိ ျမင့္တက္လာခဲ့ေၾကာင္း ျပည္နယ္အရပ္ဘက္ ကာကြယ္ေရးေအဂ်င္စီက ေျပာၾကား ခဲ့သည္။
ထို႔အျပင္ ေသဆုံးသူမ်ားထဲတြင္ ေလးလသားအ႐ြယ္ကေလးငယ္တစ္ဦးလည္း ပါဝင္ေၾကာင္း ေဒသခံမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။ Sao Leopoldo ၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးက "ေရက ကြၽန္မတို႔အိမ္ထဲမွာ ခါးလယ္ေလာက္ထိကို ေရာက္သြားတာပါ။ မီးသတ္သမားေတြ အျမန္ေရာက္လာၿပီး ကြၽန္မတို႔ကို ေလွနဲ႔ကယ္ဆယ္သြားတာပါ၊၊ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ အဲဒါက အိမ္မက္ဆိုးတစ္ခုလိုပါပဲ" ဟု ေျပာဆိုခဲ့သည္။
မုန္တိုင္းတိုက္ခတ္ၿပီးေနာက္ ရဟတ္ယာဥ္မ်ားျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ၿပီး လူေပါင္း (၃၇၁၃) ဦး၏ ေနအိမ္မ်ားပ်က္စီးခဲ့ကာ (၆၉၇)ဦးကို မုန္တိုင္းဒဏ္အခံရဆုံးေဒသမ်ားမွ ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း သိရသည္။
Rio Grande do Sul ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Eduardo Leite သည္ အစိုးရတာဝန္ရွိသူမ်ား၊ ရွာေဖြကယ္ဆယ္ ေရးသမားမ်ားႏွင့္အတူ ရဟတ္ယာဥ္ျဖင့္ မုန္တိုင္းဒဏ္အဆိုး႐ြားဆုံးခံရေသာ ေဒသမ်ားသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။ Caraa ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးသည္ ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ေနအိမ္မ်ား ပ်က္စီး သြားေသာ ရာႏွင့္ခ်ီသည့္လူမ်ားေနသည့္ ကယ္ဆယ္ေရးစခန္းကို သြားေရာက္ခဲ့ေၾကာင္း သိရသည္။
၎ က "Caraa ၿမိဳ႕အေျခအေနဟာ ကြၽန္ေတာ္တို႔ကို စိုးရိမ္ပူပန္မႈေတြျဖစ္ေစပါတယ္။ ကြၽန္ေတာ္တို႔ဟာ မုန္တိုင္း ဒဏ္အခံရဆုံးေနရာေတြကို သြားေရာက္ၿပီး အကူအညီလိုအပ္ေနသူေတြကို အျမန္ဆုံးအကူအညီေပးဖို႔ လိုအပ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ဘရာဇီးႏိုင္ငံတြင္ ၿပီးခဲသည့္ႏွစ္မ်ားအတြင္း လူအေသအေပ်ာက္မ်ားေသာ ရာသီဥတုေဘးအႏၲရာယ္မ်ား ဆက္တိုက္ႀကဳံေတြ႕ေနရၿပီး ရာသီဥတုေဖာက္ျပန္မႈမ်ား ပိုမိုဆိုး႐ြားလာေနေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကား ခဲ့သည္။