ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့်မွေးနေ့၌ ပန်းသပိတ်လှုပ်ရှားမှုများရှိခဲ့ပြီး၊ ရန်ကုန်မြို့၌ ပါဝင်လှုပ်ရှားသည်ဟု ယူဆရသူများကို စစ်ဆေးမှုများပြုလုပ််ခဲ့

2238

NP News - ဇွန် ၁၉
ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့်မွေးနေ့၌ ပန်းသပိတ်လှုပ်ရှားမှုများရှိခဲ့ပြီး ရန်ကုန်မြို့တွင် ပါဝင်လှုပ်ရှားသည်ဟု ယူဆရသူများကို သက်ဆိုင်ရာက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇွန် ၁၉ ရက်) သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး လက်ရှိတွင် သူမအနေဖြင့် နေပြည်တော်ရှိ အချုပ်ထောင်၌ အကျဉ်းကျခံနေရလျက်ရှိသည်။
ယနေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၌ ပန်းသပိတ်ပြုလုပ်ရန် လူမှုကွန်ရက်စာမျက်နှာများ၌ စည်းရုံးမှုများရှိသကဲ့သို့ ပန်းသပိတ်၌ ပါဝင်လှုပ်ရှားခဲ့သူများလည်း ရှိခဲ့ကြောင်း တွေ့ရှိရသည်။
ထိုကဲ့သို့ ပန်းသပိတ်နှင့်အတူ ရန်ကုန်မြို့၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက ကင်းလှည့်စဉ်အချိန်တွင် သပိတ်၌ ပါဝင်လှုပ်ရှားသည်ဟု ယူဆရသူများကို ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်အတွင်း၌ လုံခြုံရေးအဖွဲ့ဝင်က လှည့်ကင်းဆောင်ရွက်စဉ်အချိန်တွင် သမာဓိရွှေဆိုင်မှ အမျိုးသမီးဝန်ထမ်း (၁ဝ)ဦးထက်မနည်းသည် ပန်းသပိတ်၌ ပါဝင်လှုပ်ရှားသည်ဟု ယူဆရသဖြင့် ခေါ်ယူစစ်ဆေးမှုများရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ပြောသည်။
အဆိုပါအမျိုးသမီးဝန်ထမ်းများသည် နှင်းဆီပန်းများ ပန်ဆင်ကာ ပန်းသပိတ်၌ ပါဝင်လှုပ်ရှားသည်ဟု ယူဆရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြန့်ရတနာသီရိဈေးအတွင်း၌ ဈေးရောင်းချနေသည့် ဈေးသည်အမျိုးသမီး(၁၈) ဦးခန့်ကိုလည်း နှင်းဆီပန်းများ ပန်ဆင်ကာ သပိတ်၌ ပါဝင်လှုပ်ရှားသည်ဟုယူဆရမှုဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ပန်းသပိတ်၌ ပါဝင်လှုပ်ရှားသည်ဟု ယူဆရသော အထက်ပါအမျိုးသမီးများကို စစ်ဆေးလျက်ရှိကြောင်း သိရပြီး အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိကို NP News အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယနေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၌ အခြားသောမြို့နယ်အချို့တွင် “ဗေဒါပျံ အံကိုခဲ ပန်းပန် လျက်ပဲ” စာသားများကိုင်ဆောင်ကာ ဆန္ဒပြမှုများ ရှိခဲ့သည်ကို တွေ့ရှိရသည်။

Zawgyi Version;
ေဒၚေအာင္ဆန္းစုၾကည္၏ (၇၈)ႏွစ္ျပည့္ေမြးေန႔၌ ပန္းသပိတ္လႈပ္ရွားမႈမ်ားရွိခဲ့ၿပီး၊ ရန္ကုန္ၿမိဳ႕၌ ပါဝင္လႈပ္ရွားသည္ဟု ယူဆရသူမ်ားကို စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့
NP News - ဇြန္ ၁၉
ေဒၚေအာင္ဆန္းစုၾကည္၏ (၇၈)ႏွစ္ျပည့္ေမြးေန႔၌ ပန္းသပိတ္လႈပ္ရွားမႈမ်ားရွိခဲ့ၿပီး ရန္ကုန္ၿမိဳ႕တြင္ ပါဝင္လႈပ္ရွားသည္ဟု ယူဆရသူမ်ားကို သက္ဆိုင္ရာက စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ယေန႔ (ဇြန္ ၁၉ ရက္) သည္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္၏ (၇၈)ႏွစ္ျပည့္ေမြးေန႔ျဖစ္ၿပီး လက္ရွိတြင္ သူမအေနျဖင့္ ေနျပည္ေတာ္ရွိ အခ်ဳပ္ေထာင္၌ အက်ဥ္းက်ခံေနရလ်က္ရွိသည္။
ယေန႔တြင္ က်ေရာက္သည့္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔၌ ပန္းသပိတ္ျပဳလုပ္ရန္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ စည္း႐ုံးမႈမ်ားရွိသကဲ့သို႔ ပန္းသပိတ္၌ ပါဝင္လႈပ္ရွားခဲ့သူမ်ားလည္း ရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။
ထိုကဲ့သို႔ ပန္းသပိတ္ႏွင့္အတူ ရန္ကုန္ၿမိဳ႕၌ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ကင္းလွည့္စဥ္အခ်ိန္တြင္ သပိတ္၌ ပါဝင္လႈပ္ရွားသည္ဟု ယူဆရသူမ်ားကို ေခၚယူစစ္ေဆးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္း၊ ပန္းပဲတန္းၿမိဳ႕နယ္အတြင္း၌ လုံၿခဳံေရးအဖြဲ႕ဝင္က လွည့္ကင္းေဆာင္႐ြက္စဥ္အခ်ိန္တြင္ သမာဓိေ႐ႊဆိုင္မွ အမ်ိဳးသမီးဝန္ထမ္း (၁ဝ)ဦးထက္မနည္းသည္ ပန္းသပိတ္၌ ပါဝင္လႈပ္ရွားသည္ဟု ယူဆရသျဖင့္ ေခၚယူစစ္ေဆးမႈမ်ားရွိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ေျပာသည္။
အဆိုပါအမ်ိဳးသမီးဝန္ထမ္းမ်ားသည္ ႏွင္းဆီပန္းမ်ား ပန္ဆင္ကာ ပန္းသပိတ္၌ ပါဝင္လႈပ္ရွားသည္ဟု ယူဆရသျဖင့္ ေခၚယူစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ မဂၤလာဒုံၿမိဳ႕နယ္အတြင္းရွိ ေထာက္ၾကန႔္ရတနာသီရိေဈးအတြင္း၌ ေဈးေရာင္းခ်ေနသည့္ ေဈးသည္အမ်ိဳးသမီး(၁၈) ဦးခန႔္ကိုလည္း ႏွင္းဆီပန္းမ်ား ပန္ဆင္ကာ သပိတ္၌ ပါဝင္လႈပ္ရွားသည္ဟုယူဆရမႈျဖင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ေခၚယူစစ္ေဆးမႈမ်ား ရွိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ဆက္လက္ေျပာဆိုထားသည္။
လက္ရွိတြင္ ပန္းသပိတ္၌ ပါဝင္လႈပ္ရွားသည္ဟု ယူဆရေသာ အထက္ပါအမ်ိဳးသမီးမ်ားကို စစ္ေဆးလ်က္ရွိေၾကာင္း သိရၿပီး အမႈဖြင့္ကာ အေရးယူေဆာင္႐ြက္ျခင္း ရွိ၊ မရွိကို NP News အေနျဖင့္ အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။
ယေန႔တြင္ က်ေရာက္သည့္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔၌ အျခားေသာၿမိဳ႕နယ္အခ်ိဳ႕တြင္ “ေဗဒါပ်ံ အံကိုခဲ ပန္းပန္ လ်က္ပဲ” စာသားမ်ားကိုင္ေဆာင္ကာ ဆႏၵျပမႈမ်ား ရွိခဲ့သည္ကို ေတြ႕ရွိရသည္။