(၂၆)ကြိမ်မြောက် အခမဲ့ရွှေပညာဒါနသင်တန်းကို ဘာသာရပ်(၁ဝ)မျိုးဖြင့် သင်ကြားမည်

 667

စော (NP News) - ဇွန် ၂ဝ

(၂၆)ကြိမ်မြောက် အခမဲ့ရွှေပညာဒါနသင်တန်းကို ဘာသာရပ်(၁ဝ)မျိုးဖြင့် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့(ဇွန်လ ၂ဝ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

(၂၆)ကြိမ်မြောက်ရွှေပညာဒါနသင်တန်းတွင် အသိပညာပေးရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၇)အား ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါသင်တန်းတွင် ငွေကြေးခဝါချ အသိပညာပေးခြင်း၊ ရွှေတူးဖော်ခြင်း၊ ရွှေပန်းထိမ်၊ ရွှေအပေါင်ခံခြင်းများအပြင် ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း၊ ရွှေဒင်္ဂါး/ငွေဒင်္ဂါး၊ ကျောက်မျက်ပညာ၊ အသုံးချရွှေသင်္ချာနှင့် ရွှေဆိုင်ဖွင့်လှစ်ခြင်းကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် (ဇွန်လ ၂၂)ရက်တွင် ကိုယ်တိုင်လျှောက်လွှာပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ ကန့်သတ်ထားပြီး ဇူလိုင်လ(၁)ရက်မှ ဇူလိုင်လ(၁ဝ)ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

zawgyi version
(၂၆)ႀကိမ္ေျမာက္ အခမဲ့ေ႐ႊပညာဒါနသင္တန္းကို ဘာသာရပ္(၁ဝ)မ်ိဳးျဖင့္ သင္ၾကားမည္

ေစာ (NP News) - ဇြန္ ၂ဝ

(၂၆)ႀကိမ္ေျမာက္ အခမဲ့ေ႐ႊပညာဒါနသင္တန္းကို ဘာသာရပ္(၁ဝ)မ်ိဳးျဖင့္ သင္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ ယေန႔(ဇြန္လ ၂ဝ ရက္)တြင္ အထက္ပါကဲ့သို႔အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

(၂၆)ႀကိမ္ေျမာက္ေ႐ႊပညာဒါနသင္တန္းတြင္ အသိပညာေပးေ႐ႊသင္တန္းႏွင့္ ေငြေၾကးခဝါခ်မႈႏွင့္အၾကမ္း ဖက္မႈအား ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးဆိုင္ရာ အသိပညာေပးသင္တန္းအမွတ္စဥ္(၇)အား ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

အဆိုပါသင္တန္းတြင္ ေငြေၾကးခဝါခ် အသိပညာေပးျခင္း၊ ေ႐ႊတူးေဖာ္ျခင္း၊ ေ႐ႊပန္းထိမ္၊ ေ႐ႊအေပါင္ခံျခင္းမ်ားအျပင္ ေ႐ႊသန႔္စင္ျခင္းႏွင့္ မီးလင္းေ႐ႊေဈးကြက္ေရာင္းဝယ္ျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ ေ႐ႊဆိုင္ဖြင့္ရန္ အေျခခံတြက္ခ်က္နည္း၊ ေ႐ႊဒဂၤါး/ေငြဒဂၤါး၊ ေက်ာက္မ်က္ပညာ၊ အသုံးခ်ေ႐ႊသခ်ၤာႏွင့္ ေ႐ႊဆိုင္ဖြင့္လွစ္ျခင္းကိုလည္း သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ (ဇြန္လ ၂၂)ရက္တြင္ ကိုယ္တိုင္ေလွ်ာက္လႊာေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းတြင္ သင္တန္းသားဦးေရ ကန႔္သတ္ထားၿပီး ဇူလိုင္လ(၁)ရက္မွ ဇူလိုင္လ(၁ဝ)ရက္အထိ ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.