ဒူးရင်းပွဲတော်ကို လာမည့် နှစ်လယ်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား

80

ချယ်ရီ (NP News) - စက်တင်ဘာ ၁၃
ဒူးရင်းပွဲတော်ကို လာမည့် နှစ်လယ်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံက သိရသည်။
လာမည့် (၂၀၂၆)ခုနှစ်အတွက် ဒူးရင်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ မေလ အတွင်း ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ပွဲတော်ပြပွဲ၊ ပြိုင်ပွဲနှင့်ဆွေးနွေးပွဲလည်း ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ရွှေဒင်္ဂါး၊ ကျောက်စိမ်း အပါအဝင် ဒူးရင်းမျိုးကွဲပေါင်း (၁၈) မျိုးရှိပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ဒေသအချို့တွင် ဒူးရင်းဖြစ်ထွန်းကာ တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းလာသည့်အတွက် ဒူးရင်းသီးကို တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် အရည်အသွေးကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးပြီး ဈေးကွက်သစ်ဖော်ဆောင်ရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်း မှတ်ပုံတင်ရန် ရှိနေပြီး နိုင်ငံတကာနှင့်ဆက်သွယ်၊ ဆက်ဆံရာတွင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဒူးရင္းပြဲေတာ္ကို လာမည့္ ႏွစ္လယ္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၌ က်င္းပျပဳလုပ္ရန္ စီစဥ္ထား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၃
ဒူးရင္းပြဲေတာ္ကို လာမည့္ ႏွစ္လယ္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၌ က်င္းပျပဳလုပ္မည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္၊ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းထံက သိရသည္။
လာမည့္ (၂၀၂၆)ခုႏွစ္အတြက္ ဒူးရင္းပြဲေတာ္ကို ၂၀၂၆ ခုႏွစ္၊ ေမလ အတြင္း ရန္ကုန္ၿမိဳ႕ရွိ ေျမပေဒသာကြၽန္းတြင္ က်င္းပျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ အဆိုပါ ပြဲေတာ္ျပပြဲ၊ ၿပိဳင္ပြဲႏွင့္ေဆြးေႏြးပြဲလည္း ပါဝင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ေ႐ႊဒဂၤါး၊ ေက်ာက္စိမ္း အပါအဝင္ ဒူးရင္းမ်ိဳးကြဲေပါင္း (၁၈) မ်ိဳးရွိၿပီး မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္းႏွင့္ ေဒသအခ်ိဳ႕တြင္ ဒူးရင္းျဖစ္ထြန္းကာ တ႐ုတ္ႏိုင္ငံမွ ဝယ္လိုအားေကာင္းလာသည့္အတြက္ ဒူးရင္းသီးကို တန္ဖိုးျမင့္ထုတ္ကုန္ထုတ္လုပ္မႈႏွင့္ ႏိုင္ငံတကာေဈးကြက္သို႔ ထိုးေဖာက္ႏိုင္ရန္အတြက္ အရည္အေသြးေကာင္းမ်ိဳးမ်ား ေ႐ြးခ်ယ္စိုက္ပ်ိဳးၿပီး ေဈးကြက္သစ္ေဖာ္ေဆာင္ရန္ အစီအစဥ္ရွိေနေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ ဒူးရင္းစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းကို ဖြဲ႕စည္း မွတ္ပုံတင္ရန္ ရွိေနၿပီး ႏိုင္ငံတကာႏွင့္ဆက္သြယ္၊ ဆက္ဆံရာတြင္ ပိုမိုအဆင္ေျပမည္ျဖစ္ေၾကာင္း သိရသည္။