ဒူရ်ဂါပွဲတော်မတိုင်မီ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယသို့ ငါးသလောက်တန်ချိန် ၁၂၀၀ တင်ပို့မည်

 100

#HtayOung #OungMarine(NP News)-စက်တင်ဘာ-၁၃၊ ၂၀၂၅
မကြာမီ ကျင်းပမယ့် “ဒါရ်ဂါ ပူဇာပွဲတော်” မတိုင်မီ အိန္ဒိယနိုင်ငံကို ငါးသလောက် တန်ချိန် ၁၂၀၀ တင်ပို့ခွင့် ပြုရန် အစိုးရက မူဝါဒချမှတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၈-ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ နယူးဒေလီအခြေစိုက် “NDTV” သတင်း အေဂျင်စီက (9 September 2025) ရေးပါတယ်။

ငါးသလောက်ရဲ့ အနိမ့်ဆုံး ဈေးနှုန်းကို တစ်ကီလိုလျှင် အမေရိကန် ၁၂.၅ ဒေါ်လာနှုန်း သတ်မှတ်ထားပြီး စိတ် ပါဝင်စားတဲ့ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီအထိ ရုံးချိန် အတွင်း လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ လျှောက်လွှာနဲ့အတူ ပို့ကုန်ကုမ္ပဏီရဲ့ ကုန်သွယ်မှု လိုင်စင်၊ ပို့ ကုန် နိုင်ငံခြားဝင်ငွေ ရလမ်းနဲ့ ဝင်ငွေခွန်လက်မှတ်၊ ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ အခွန်ပြေစာ၊ အရောင်း စာချုပ်နဲ့ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားတဲ့ လိုင်စင်တို့ အပါအဝင် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုဟာမက် ယူနွတ်ရဲ့ ယာယီအစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံကို ငါးသလောက်တန်ချိန် ၂၄၂၀-တန် တင်ပို့ခဲ့ဖူးပါတယ်။ အစောဆုံးမှာ ၂၀၂၄-ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ဖြစ်ပြီး အနောက် ဘင်္ဂ လားပြည်နယ် “ဟောင်ဝါ ငါးဈေး” ရဲ့ လက်ရှိ ငါးသလောက်လက်ကားဈေးဟာ တစ်ကီလိုလျှင် ရူပီး ၁၄၀၀ မှ ၁၆၀၀ ရူပီးအထိ ရှိပါတယ်။ အရသာ ထူးကဲခြင်းကြောင့် နာမည်ကြီးလှတဲ့ “ဘင်္ဂလားဒေ့ရှ် ပက်ဒမာငါးသ လောက်” တို့ဟာ “ပီထရာပိုလီ-ဘန်နာပိုလီ နယ်စပ်ဂိတ်” ကို မှတဆင့် ဟောင်ဝါငါးဈေးကို တင်ပို့ပြီး ကာလ ကတ္တားတစ်ဝိုက်ရှိ လက်လီဈေးကွက်အသီးသီးသို့ ဆက်လက်ဖြန့်ဝေတယ်လို့ အိန္ဒိယသတင်းစာက ရေးပါတယ်။

ငါးသလောက်တို့ကို အိန္ဒိယ အနောက်ဘင်္ဂလားနဲ့ သြရိဿပြည်နယ်၊ မြန်မာနိုင်ငံ ဧရာဝတီနဲ့ စစ်တောင်းမြစ် ၊ ထိုင်းနိုင်ငံ မဲခေါင်မြစ်တို့မှာ တွေ့ရှိရပါတယ်။ မလေးရှား၊ ပါကစ္စတန် အိန္ဒူမြစ်နဲ့ အီရန် ပါရှန်းပင်လယ် ကွေ့ တို့မှာလည်း အနည်းငယ်တွေ့ရှိရပြီး ဂေဟစနစ်နဲ့ ရွှေ့ပြောင်းနေထိုင်ပုံစံကြောင့် ကမ္ဘာ့အခြားဒေသများမှာ မတွေ့ရှိနိုင်ပါ။
ငါးသလောက်တို့ဟာ ရေမျက်နှာပြင်အနီးမှာ အုပ်စုဖွဲ့ ကျက်စားလေ့ရှိပြီး ပင်လယ်ပြင်မှာ အနေများပါတယ်။ မျိုးပွားချိန်ရောက်တဲ့အခါ ရေချိုရေငန်စပ် မြစ်ချောင်းများအတိုင်း ဆန်တက်ပြီး ဥအုချလေ့ရှိပါ။ ဥ/မျိုးရည်များနဲ့ ဆူဖြိုးနေချိန် အဲ့ဒီအချိန် ငါးသလောက်တို့ဟာ အရသာထူးကဲခြင်းကြောင့် လူကြိုက်များပါတယ်။ မိတ်လိုက်ပြီး နောက် ပင်လယ်ပြင်ကို ပြန်ဆင်းတဲ့အခါ အပျော်ကျူးခဲ့သမျှ ကြုံလှီနေခြင်းကြောင့် “ငါးသလောက် ဘိန်းစား” လို့ ခေါ်ကြပါတယ်။ မြစ်ချောင်းများအတွင်း အုချထားတဲ့ ငါးသလောက်သားပေါက်တို့ဟာ ၁-နှစ်ကျော် ၂-နှစ် သားအရွယ်မှာ ပင်လယ်ပြင်သို့ ပြန်ဆင်းခိုက် အရွယ်အစား သေးငယ်ခြင်းကြောင့် “ငါးသလောက် ယောက်ဖ” လို့ ခေါ်ကြပြန်ပါတယ်။

ငါးသလောက်ဟာ အသားနူးညံ့ပြီး ရနံ့မွှေးခြင်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ပရိုတင်းနဲ့ ဗီတာမင် သတ္ထုဓါတ် များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့မှာ စီးပွားရေးအရ အရေးပါတဲ့ ငါးမျိုးစိတ် တစ်ခု ဖြစ်ပြီး အခါကြီး ရက်ကြီးများနဲ့ အလှူပွဲလမ်းသဘင် ဧည့်ခံပွဲများမှာ မပါအဖြစ် ဟင်းလျာဖြစ်ပါတယ်။ ငါးသလောက် ဆားနယ်၊ ငါးသလောက်ပေါင်း၊ ငါးသလောက်ဆီပြန် ငါးသလောက်ခြောက်စသဖြင့် နှစ်ခြိုက်စွာ အမျိုးမျိုး ချက်ပြုတ်စားသောက်ကြပါတယ်။

အိန္ဒိယဟာ ငါးသလောက် ထုတ်လုပ်နိုင်ပါတယ် ဒါပေမယ့် ကမ္ဘာ့ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံမှာ စားသုံးမှု အလွန်မြင့်မားပြီး အထူးသဖြင့် ဘာသာရေးပွဲတော်ရက်များမှာ အမြဲတန်း ဝယ်လိုအားများနေ တတ် ပါတယ်။ ဘင်္ဂလားဒေ့ရှ် ပက်ဒမာငါးသလောက်ဟာ အိန္ဒိယမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အလွန်အကျွံ ဖမ်းဆီးခြင်းကြောင့် ငါးသလောက်အရေအတွက် လျော့နည်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ မြစ်ရေညစ်ညမ်း မှုတို့က ငါးသလောက်တို့ရဲ့ ကျက်စားရာဒေသတွေကို ခြိမ်းခြောက်နေပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရှိတ် ဟာစီနာ လက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ ငါးသလောက်ပြည်ပတင်ပို့မှုကို တားမြစ်လိုက်ပေမယ့် ပွဲတော်ကာလအ တွင်း အိန္ဒိယနိုင်ငံကို ၂၀၁၉ ခုနှစ်ကစပြီး ခေတ္တခဏ ခွင့်ပြုပေးခဲ့ပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံ အရေးတကြီး ဆွေးနွေးရန်ရှိလျင် လေယာဉ်စင်းလုံးလိုက် တင်ပို့လေ့ရှိခြင်းကြောင့် “ငါးသလောက် သံခင်းတမန်ခင်း” လို့ ပြောစမှတ် တွင်ပါတယ်။

ရှိတ်ဟာစီနာအလွန် နယူးဒေလီ-ဒါကာ ဆက်ဆံရေး တင်းမာလာမှုကြောင့် အိန္ဒိယစားသုံးသူတွေဟာ ဘင်္ဂ လားဒေ့ရှ်ထွက် ငါးသလောက်အစား မြန်မာ့ငါးသလောက်ကို ရွေးချယ်ဝယ်ယူလာကြပါတယ်။ ဒါပေမယ့် မြန်မာ့ငါးသလောက်ရဲ့ ထုတ်လုပ်မှုပမာဏဟာ ဘင်္ဂလားဒေ့ရှ်လောက် မများပြားသေးတာကြောင့် ဝယ်လို အားကို အပြည့်အ၀ မဖြည့်ဆည်းနိုင်သေးပါဘူး။ ယူနွတ်အစိုးရရဲ့ အိန္ဒိယနိုင်ငံအတွက် အထူး ခွင့်ပြုချက်ပေး ရခြင်းဟာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ အကျိုးတူကုန်သွယ်မှုကို မြှင့်တင်ရန်နဲ့ ဒေသတွင်း ငါးသလောက် ဈေးကွက်ကို ထိန်းညှိမယ့် အရိပ်လက္ခဏာဖြစ်ပါတယ်။
.

===

Zawgyi Version:
ဒူရ္ဂါပြဲေတာ္မတိုင္မီ ဘဂၤလားေဒ့ရွ္က အိႏၵိယသို႔ ငါးသေလာက္တန္ခ်ိန္ ၁၂၀၀ တင္ပို႔မည္
#HtayOung #OungMarine(NP News)-စက္တင္ဘာ-၁၃၊ ၂၀၂၅
မၾကာမီ က်င္းပမယ့္ “ဒါရ္ဂါ ပူဇာပြဲေတာ္” မတိုင္မီ အိႏၵိယႏိုင္ငံကို ငါးသေလာက္ တန္ခ်ိန္ ၁၂၀၀ တင္ပို႔ခြင့္ ျပဳရန္ အစိုးရက မူဝါဒခ်မွတ္ထားေၾကာင္း ဘဂၤလားေဒ့ရွ္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၈-ရက္ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတယ္လို႔ နယူးေဒလီအေျခစိုက္ “NDTV” သတင္း ေအဂ်င္စီက (9 September 2025) ေရးပါတယ္။

ငါးသေလာက္ရဲ႕ အနိမ့္ဆုံး ေဈးႏႈန္းကို တစ္ကီလိုလွ်င္ အေမရိကန္ ၁၂.၅ ေဒၚလာႏႈန္း သတ္မွတ္ထားၿပီး စိတ္ ပါဝင္စားတဲ့ ပို႔ကုန္လုပ္ငန္းရွင္မ်ားအေနနဲ႔ ၂၀၂၅ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ေန႔ ညေန ၅ နာရီအထိ ႐ုံးခ်ိန္ အတြင္း ေလွ်ာက္လႊာမ်ား တင္သြင္းႏိုင္ေၾကာင္း၊ ေလွ်ာက္လႊာနဲ႔အတူ ပို႔ကုန္ကုမၸဏီရဲ႕ ကုန္သြယ္မႈ လိုင္စင္၊ ပို႔ ကုန္ ႏိုင္ငံျခားဝင္ေငြ ရလမ္းနဲ႔ ဝင္ေငြခြန္လက္မွတ္၊ ကုန္သြယ္မႈနဲ႔ ဝန္ေဆာင္မႈဆိုင္ရာ အခြန္ေျပစာ၊ အေရာင္း စာခ်ဳပ္နဲ႔ ငါးလုပ္ငန္းဦးစီးဌာနမွ ထုတ္ေပးထားတဲ့ လိုင္စင္တို႔ အပါအဝင္ သက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားကို ပူးတြဲတင္ျပရမယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မိုဟာမက္ ယူႏြတ္ရဲ႕ ယာယီအစိုးရလက္ထက္ ဘဂၤလားေဒ့ရွ္ဟာ အိႏၵိယႏိုင္ငံကို ငါးသေလာက္တန္ခ်ိန္ ၂၄၂၀-တန္ တင္ပို႔ခဲ့ဖူးပါတယ္။ အေစာဆုံးမွာ ၂၀၂၄-ခုႏွစ္ စက္တင္ဘာ ၂၇ ရက္ေန႔ျဖစ္ၿပီး အေနာက္ ဘဂၤ လားျပည္နယ္ “ေဟာင္ဝါ ငါးေဈး” ရဲ႕ လက္ရွိ ငါးသေလာက္လက္ကားေဈးဟာ တစ္ကီလိုလွ်င္ ႐ူပီး ၁၄၀၀ မွ ၁၆၀၀ ႐ူပီးအထိ ရွိပါတယ္။ အရသာ ထူးကဲျခင္းေၾကာင့္ နာမည္ႀကီးလွတဲ့ “ဘဂၤလားေဒ့ရွ္ ပက္ဒမာငါးသ ေလာက္” တို႔ဟာ “ပီထရာပိုလီ-ဘန္နာပိုလီ နယ္စပ္ဂိတ္” ကို မွတဆင့္ ေဟာင္ဝါငါးေဈးကို တင္ပို႔ၿပီး ကာလ ကတၱားတစ္ဝိုက္ရွိ လက္လီေဈးကြက္အသီးသီးသို႔ ဆက္လက္ျဖန႔္ေဝတယ္လို႔ အိႏၵိယသတင္းစာက ေရးပါတယ္။

ငါးသေလာက္တို႔ကို အိႏၵိယ အေနာက္ဘဂၤလားနဲ႔ ၾသရိႆျပည္နယ္၊ ျမန္မာႏိုင္ငံ ဧရာဝတီနဲ႔ စစ္ေတာင္းျမစ္ ၊ ထိုင္းႏိုင္ငံ မဲေခါင္ျမစ္တို႔မွာ ေတြ႕ရွိရပါတယ္။ မေလးရွား၊ ပါကစၥတန္ အိႏၵဴျမစ္နဲ႔ အီရန္ ပါရွန္းပင္လယ္ ေကြ႕ တို႔မွာလည္း အနည္းငယ္ေတြ႕ရွိရၿပီး ေဂဟစနစ္နဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္ပုံစံေၾကာင့္ ကမာၻ႔အျခားေဒသမ်ားမွာ မေတြ႕ရွိႏိုင္ပါ။
ငါးသေလာက္တို႔ဟာ ေရမ်က္ႏွာျပင္အနီးမွာ အုပ္စုဖြဲ႕ က်က္စားေလ့ရွိၿပီး ပင္လယ္ျပင္မွာ အေနမ်ားပါတယ္။ မ်ိဳးပြားခ်ိန္ေရာက္တဲ့အခါ ေရခ်ိဳေရငန္စပ္ ျမစ္ေခ်ာင္းမ်ားအတိုင္း ဆန္တက္ၿပီး ဥအုခ်ေလ့ရွိပါ။ ဥ/မ်ိဳးရည္မ်ားနဲ႔ ဆူၿဖိဳးေနခ်ိန္ အဲ့ဒီအခ်ိန္ ငါးသေလာက္တို႔ဟာ အရသာထူးကဲျခင္းေၾကာင့္ လူႀကိဳက္မ်ားပါတယ္။ မိတ္လိုက္ၿပီး ေနာက္ ပင္လယ္ျပင္ကို ျပန္ဆင္းတဲ့အခါ အေပ်ာ္က်ဴးခဲ့သမွ် ႀကဳံလွီေနျခင္းေၾကာင့္ “ငါးသေလာက္ ဘိန္းစား” လို႔ ေခၚၾကပါတယ္။ ျမစ္ေခ်ာင္းမ်ားအတြင္း အုခ်ထားတဲ့ ငါးသေလာက္သားေပါက္တို႔ဟာ ၁-ႏွစ္ေက်ာ္ ၂-ႏွစ္ သားအ႐ြယ္မွာ ပင္လယ္ျပင္သို႔ ျပန္ဆင္းခိုက္ အ႐ြယ္အစား ေသးငယ္ျခင္းေၾကာင့္ “ငါးသေလာက္ ေယာက္ဖ” လို႔ ေခၚၾကျပန္ပါတယ္။

ငါးသေလာက္ဟာ အသားႏူးညံ့ၿပီး ရနံ႔ေမႊးျခင္း၊ အိုမီဂါ-၃ ဖက္တီးအက္ဆစ္၊ ပ႐ိုတင္းနဲ႔ ဗီတာမင္ သတၳဳဓါတ္ မ်ား ႂကြယ္ဝစြာ ပါဝင္ပါတယ္။ အိႏၵိယ-ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံတို႔မွာ စီးပြားေရးအရ အေရးပါတဲ့ ငါးမ်ိဳးစိတ္ တစ္ခု ျဖစ္ၿပီး အခါႀကီး ရက္ႀကီးမ်ားနဲ႔ အလႉပြဲလမ္းသဘင္ ဧည့္ခံပြဲမ်ားမွာ မပါအျဖစ္ ဟင္းလ်ာျဖစ္ပါတယ္။ ငါးသေလာက္ ဆားနယ္၊ ငါးသေလာက္ေပါင္း၊ ငါးသေလာက္ဆီျပန္ ငါးသေလာက္ေျခာက္စသျဖင့္ ႏွစ္ၿခိဳက္စြာ အမ်ိဳးမ်ိဳး ခ်က္ျပဳတ္စားေသာက္ၾကပါတယ္။

အိႏၵိယဟာ ငါးသေလာက္ ထုတ္လုပ္ႏိုင္ပါတယ္ ဒါေပမယ့္ ကမာၻ႔ဒုတိယေျမာက္လူဦးေရအမ်ားဆုံးႏိုင္ငံမွာ စားသုံးမႈ အလြန္ျမင့္မားၿပီး အထူးသျဖင့္ ဘာသာေရးပြဲေတာ္ရက္မ်ားမွာ အၿမဲတန္း ဝယ္လိုအားမ်ားေန တတ္ ပါတယ္။ ဘဂၤလားေဒ့ရွ္ ပက္ဒမာငါးသေလာက္ဟာ အိႏၵိယမွာ နာမည္ႀကီးပါတယ္။ ဒါေပမယ့္ အလြန္အကြၽံ ဖမ္းဆီးျခင္းေၾကာင့္ ငါးသေလာက္အေရအတြက္ ေလ်ာ့နည္းျခင္း၊ ရာသီဥတုေျပာင္းလဲျခင္းနဲ႔ ျမစ္ေရညစ္ညမ္း မႈတို႔က ငါးသေလာက္တို႔ရဲ႕ က်က္စားရာေဒသေတြကို ၿခိမ္းေျခာက္ေနပါတယ္။ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ရွိတ္ ဟာစီနာ လက္ထက္ ဘဂၤလားေဒ့ရွ္ဟာ ငါးသေလာက္ျပည္ပတင္ပို႔မႈကို တားျမစ္လိုက္ေပမယ့္ ပြဲေတာ္ကာလအ တြင္း အိႏၵိယႏိုင္ငံကို ၂၀၁၉ ခုႏွစ္ကစၿပီး ေခတၱခဏ ခြင့္ျပဳေပးခဲ့ပါတယ္။ အထူးသျဖင့္ ႏွစ္ႏိုင္ငံ အေရးတႀကီး ေဆြးေႏြးရန္ရွိလ်င္ ေလယာဥ္စင္းလုံးလိုက္ တင္ပို႔ေလ့ရွိျခင္းေၾကာင့္ “ငါးသေလာက္ သံခင္းတမန္ခင္း” လို႔ ေျပာစမွတ္ တြင္ပါတယ္။

ရွိတ္ဟာစီနာအလြန္ နယူးေဒလီ-ဒါကာ ဆက္ဆံေရး တင္းမာလာမႈေၾကာင့္ အိႏၵိယစားသုံးသူေတြဟာ ဘဂၤ လားေဒ့ရွ္ထြက္ ငါးသေလာက္အစား ျမန္မာ့ငါးသေလာက္ကို ေ႐ြးခ်ယ္ဝယ္ယူလာၾကပါတယ္။ ဒါေပမယ့္ ျမန္မာ့ငါးသေလာက္ရဲ႕ ထုတ္လုပ္မႈပမာဏဟာ ဘဂၤလားေဒ့ရွ္ေလာက္ မမ်ားျပားေသးတာေၾကာင့္ ဝယ္လို အားကို အျပည့္အ၀ မျဖည့္ဆည္းႏိုင္ေသးပါဘူး။ ယူႏြတ္အစိုးရရဲ႕ အိႏၵိယႏိုင္ငံအတြက္ အထူး ခြင့္ျပဳခ်က္ေပး ရျခင္းဟာ ႏွစ္ႏိုင္ငံၾကား စီးပြားေရးဆိုင္ရာ အက်ိဳးတူကုန္သြယ္မႈကို ျမႇင့္တင္ရန္နဲ႔ ေဒသတြင္း ငါးသေလာက္ ေဈးကြက္ကို ထိန္းညႇိမယ့္ အရိပ္လကၡဏာျဖစ္ပါတယ္။
.

===

Related news

© 2021. All rights reserved.