ရခိုင်မှ နေရပ်စွန့်ခွာသူများအား ပြန်လက်ခံရေးလုပ်ငန်းကို အမြန်ဆောင်ရွက်နိုင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး

 392

ယွန်း (NP News) - ဇွန် ၂၄

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးလုပ်ငန်းများကို အမြန်ဆောင်ရွက်နိုင်ရေး မြန်မာ-ဘင်္ဂလားဒေ့်ရှ် နှစ်နိုင်ငံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံးတာဝန်ခံ Mr. A. S. M. Sayem အား ဇွန်လ(၂၃)ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် အထက်ပါကဲ့သို့ နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုမြှင့်တင်နိုင်ရေး အပါအဝင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာတို့၌ ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့် အိမ်ထောင်စုစာရင်းများအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ စစ်ဆေးပြီးသူ စုစုပေါင်း လူဦးရေ (၈၇ဝဝဝ) ကျော်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်းပြန်ပြီးသားဖြစ်ကြောင်း သိရသည်။

အဆိုပါ စိစစ်ပြီးလူဦးရေအနက် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားတွေ့ရှိခဲ့သူ(၅၆ဝဝဝ) ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင်ပါဝင်သူ (၉ဝဝ) ခန့်နှင့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားမတွေ့သူ (၃ဝဝဝဝ) ကျော် ပါရှိကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။

၎င်းတို့အနက်မှ နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး အိမ်ထောင်စု(၂ဝဝ)ကျော်၊ လူဦးရေ(၇ဝဝ) ကျော်ကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

zawgyi version
ရခိုင္မွ ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လက္ခံေရးလုပ္ငန္းကို အျမန္ေဆာင္႐ြက္ႏိုင္ေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံေဆြးေႏြး

ယြန္း (NP News) - ဇြန္ ၂၄

ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္လက္ခံႏိုင္ေရးလုပ္ငန္းမ်ားကို အျမန္ေဆာင္႐ြက္ႏိုင္ေရး ျမန္မာ-ဘဂၤလားေဒ့္ရွ္ ႏွစ္ႏိုင္ငံ ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ရန္ကုန္ၿမိဳ႕ရွိ ဘဂၤလားေဒ့ရွ္သံ႐ုံးမွ သံ႐ုံးတာဝန္ခံ Mr. A. S. M. Sayem အား ဇြန္လ(၂၃)ရက္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးပိုမိုျမႇင့္တင္ႏိုင္ေရး အပါအဝင္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္လက္ခံေရးလုပ္ငန္းကို ေဆာလ်င္စြာ စတင္ႏိုင္ေရးကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံ အက်ိဳးတူက႑မ်ားအျပင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာစာမ်က္ႏွာတို႔၌ ပူးေပါင္းေဆာင္ ႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေရး ကိစၥမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားႏွင့္ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံမွေပးပို႔လာသည့္ အိမ္ေထာင္စုစာရင္းမ်ားအနက္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလကုန္အထိ စစ္ေဆးၿပီးသူ စုစုေပါင္း လူဦးေရ (၈၇ဝဝဝ) ေက်ာ္ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတဆင့္ သံတမန္လမ္းေၾကာင္းျဖင့္ ေပးပို႔အေၾကာင္းျပန္ၿပီးသားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စိစစ္ၿပီးလူဦးေရအနက္ ျမန္မာႏိုင္ငံတြင္ ေနထိုင္ေၾကာင္း အေထာက္အထားေတြ႕ရွိခဲ့သူ(၅၆ဝဝဝ) ေက်ာ္၊ ျပည္ထဲေရးဝန္ႀကီးဌာန၏ အၾကမ္းဖက္စာရင္းတြင္ပါဝင္သူ (၉ဝဝ) ခန႔္ႏွင့္ ျမန္မာႏိုင္ငံတြင္ ေနထိုင္ေၾကာင္း အေထာက္အထားမေတြ႕သူ (၃ဝဝဝဝ) ေက်ာ္ ပါရွိေၾကာင္းကို လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က ၿပီးခဲ့သည့္ ဧၿပီလတြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ ေျပာၾကားခဲ့သည္။

၎တို႔အနက္မွ ႏွစ္ႏိုင္ငံညႇိႏႈိင္းခ်က္အရ ျပန္လည္လက္ခံေရးလုပ္ငန္းမ်ားကို Pilot Project ျဖင့္ ေဆာင္႐ြက္ရန္ သေဘာတူခဲ့ၿပီး အိမ္ေထာင္စု(၂ဝဝ)ေက်ာ္၊ လူဦးေရ(၇ဝဝ) ေက်ာ္ကို ျမန္မာႏိုင္ငံအေနျဖင့္ ျပန္လည္လက္ခံရန္ လ်ာထားေပးပို႔ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.