မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် တာမွေမြို့နယ်တို့ရှိ ရပ်ကွက်အချို့၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်

 1428

ယွန်း (NP News) - ဇွန် ၂၄

မနက်ဖြန်(ဇွန်လ ၂၅ ရက်)တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့ရှိ ရပ်ကွက်အချို့၌ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း(YESC)မှ ထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း(YESC)မှ ယနေ့(ဇွန်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ အသိ ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြို့နယ်များမှ ခရိုင်စုဖွဲ့အင်အားဖြင့် 66kV သီတာ(၁+၂)ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုများကို ဇွန်လ(၂၅)ရက်တွင် နံနက်(၉)နာရီ မှ နေ့လည်(၁)နာရီအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း YESC မှ ဆိုထားသည်။

ထို့ကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မင်္ဂလာတောင်ညွန့်မြို့နယ် နှင့်တာမွေမြို့နယ်ရှိ ရပ်ကွက်နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းအနေဖြင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

zawgyi version
မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ႏွင့္ တာေမြၿမိဳ႕နယ္တို႔ရွိ ရပ္ကြက္အခ်ိဳ႕၌ မနက္ျဖန္ ယာယီဓာတ္အားျပတ္ေတာက္မည္

ယြန္း (NP News) - ဇြန္ ၂၄

မနက္ျဖန္(ဇြန္လ ၂၅ ရက္)တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ႏွင့္ တာေမြၿမိဳ႕နယ္တို႔ရွိ ရပ္ကြက္အခ်ိဳ႕၌ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္း(YESC)မွ ထုတ္ျပန္ထားသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္း(YESC)မွ ယေန႔(ဇြန္လ ၂၄ ရက္)တြင္ အထက္ပါကဲ့သို႔ အသိ ေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ ခ႐ိုင္စုဖြဲ႕အင္အားျဖင့္ 66kV သီတာ(၁+၂)ဓာတ္အားလိုင္းႏွင့္မလြတ္ကင္းေသာ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းျခင္းကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆာင္႐ြက္မႈမ်ားကို ဇြန္လ(၂၅)ရက္တြင္ နံနက္(၉)နာရီ မွ ေန႔လည္(၁)နာရီအထိ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း YESC မွ ဆိုထားသည္။

ထို႔ေၾကာင့္ လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ႏွင့္တာေမြၿမိဳ႕နယ္ရွိ ရပ္ကြက္ေနရာအခ်ိဳ႕တြင္ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္းအေနျဖင့္ ဓာတ္အားျပတ္ေတာက္ခ်ိန္ၾကာျမင့္မႈမရွိေစေရးႏွင့္ ဓာတ္အားျပတ္ဧရိယာ ေလ်ာ့နည္းေစေရးအတြက္ အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.