နစကအစိုးရလက်ထက်အတွင်း အမေရိကန်ဒေါ်လာ (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရရှိထား

 416

မျိုးကြီး (NP News) - ဇွန် ၂၅

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရလက်ထက်အတွင်း အမေရိကန်ဒေါ်လာ (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အာဏာကို တပ်မတော်က စတင်ရယူသည့် ၂ဝ၂၁ ခုနှစ်အတွင်း၌ မြန်မာငွေကျပ် ဘီလျံ(၉၇ဝ) ကျော် (အမေရိကန်ဒေါ်လာသန်း ၄၆ဝ ကျော်)တန်ဖိုးရှိ ဘိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေး ခြောက်အပါအဝင် မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

ထို့နောက် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း၌ ငွေကျပ်ဘီလျံ (၁၁၂ဝ)ကျော် (အမေရိကန်ဒေါ်လာ ၅၃၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂၃ ခုနှစ် မေလကာလအထိ ငွေကျပ် (၃၇၇)ဘီလျံကျော်(အမေရိကန်ဒေါ်လာ ၁၇၉ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များက ဆိုထားသည်။

ထို့ကြောင့် နစကအစိုးရလက်ထက်အတွင်း မြန်မာငွေကျပ် (၂၄၆၇)ဘီလျံကျော်(အမေရိကန်ဒေါ်လာ (၁)ဘီလျံကျော်)တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။

၎င်းကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးမျိုးစုံအနက် ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အိုက်စ် ဖမ်းဆီးရမိမှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။

“နစကလက်ထက်မှာ မူးယစ်ဆေးဝါးဖမ်းမိတာက အတော်လေးများတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် ဖမ်းမိတဲ့ ဖြစ်စဉ်တွေက အများကြီးရှိသလို မိလိုက်ရင်လည်း နည်းနည်းပါးပါးပဲ မိတာမျိုးမဟုတ်ဘူး။ ကုန်ကားတွေနဲ့ သယ်ယူပို့ဆောင်နေတာတွေကိုပါ မိနေတာ။ ရန်ကုန်မှာဆိုရင်လည်း club တွေ၊ bar တွေမှာ မူးယစ်ဆေးဝါးက တော်တော်များများရတယ်လို့ သတင်းတွေကလည်း ထွက်နေတယ်။ ဒါတွေကိုပါ ထိထိရောက်ရောက် စစ်ဆေးမှုတွေ၊ အရေးယူမှုတွေ လုပ်စေချင်တယ်။ မူးယစ်ဆေးဝါးကြောင့် ဘာကောင်းကျိုးမှ မရဘူးလေ” ဟု ရန်ကုန်မြို့ခံတစ်ဦးက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးများသည် ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် ပရီကာဆာဓာတုပစ္စည်းများကြောင့် စိတ်ကြွရူးသွပ်ဆေးများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းဓါတုပစ္စည်းများကို တားဆီးဖမ်းဆီးနိုင်ရေးမှာ အထူးလိုအပ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွင်း၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ နယ်မြေများတွင် အဓိက လုပ်ဆောင်နေမှုများရှိကြောင်းလည်း ကြားသိရသည်။

zawgyi version
နစကအစိုးရလက္ထက္အတြင္း အေမရိကန္ေဒၚလာ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ိဳးစုံကို ဖမ္းဆီးရရွိထား

မ်ိဳးႀကီး (NP News) - ဇြန္ ၂၅

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရလက္ထက္အတြင္း အေမရိကန္ေဒၚလာ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ိဳးစုံကို ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္က စတင္ရယူသည့္ ၂ဝ၂၁ ခုႏွစ္အတြင္း၌ ျမန္မာေငြက်ပ္ ဘီလ်ံ(၉၇ဝ) ေက်ာ္ (အေမရိကန္ေဒၚလာသန္း ၄၆ဝ ေက်ာ္)တန္ဖိုးရွိ ဘိန္း၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား၊ အိုက္စ္၊ ေဆး ေျခာက္အပါအဝင္ မူးယစ္ေဆးဝါးမ်ိဳးစုံကို ဖမ္းဆီးရရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

ထို႔ေနာက္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း၌ ေငြက်ပ္ဘီလ်ံ (၁၁၂ဝ)ေက်ာ္ (အေမရိကန္ေဒၚလာ ၅၃၃ သန္းေက်ာ္) တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ိဳးစုံကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၂၃ ခုႏွစ္ ေမလကာလအထိ ေငြက်ပ္ (၃၇၇)ဘီလ်ံေက်ာ္(အေမရိကန္ေဒၚလာ ၁၇၉ သန္းေက်ာ္) တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ိဳးစုံကိုလည္း ဖမ္းဆီးရရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားက ဆိုထားသည္။

ထို႔ေၾကာင့္ နစကအစိုးရလက္ထက္အတြင္း ျမန္မာေငြက်ပ္ (၂၄၆၇)ဘီလ်ံေက်ာ္(အေမရိကန္ေဒၚလာ (၁)ဘီလ်ံေက်ာ္)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ိဳးစုံကို ဖမ္းဆီးရမိခဲ့ျခင္းလည္းျဖစ္သည္။

၎ကဲ့သို႔ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ိဳးစုံအနက္ ဘိန္းျဖဴ၊ စိတ္ႂကြ႐ူးသြပ္ေဆးျပားႏွင့္ အိုက္စ္ ဖမ္းဆီးရမိမႈသည္ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

“နစကလက္ထက္မွာ မူးယစ္ေဆးဝါးဖမ္းမိတာက အေတာ္ေလးမ်ားတယ္လို႔ ေျပာရမယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဖမ္းမိတဲ့ ျဖစ္စဥ္ေတြက အမ်ားႀကီးရွိသလို မိလိုက္ရင္လည္း နည္းနည္းပါးပါးပဲ မိတာမ်ိဳးမဟုတ္ဘူး။ ကုန္ကားေတြနဲ႔ သယ္ယူပို႔ေဆာင္ေနတာေတြကိုပါ မိေနတာ။ ရန္ကုန္မွာဆိုရင္လည္း club ေတြ၊ bar ေတြမွာ မူးယစ္ေဆးဝါးက ေတာ္ေတာ္မ်ားမ်ားရတယ္လို႔ သတင္းေတြကလည္း ထြက္ေနတယ္။ ဒါေတြကိုပါ ထိထိေရာက္ေရာက္ စစ္ေဆးမႈေတြ၊ အေရးယူမႈေတြ လုပ္ေစခ်င္တယ္။ မူးယစ္ေဆးဝါးေၾကာင့္ ဘာေကာင္းက်ိဳးမွ မရဘူးေလ” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

ျမန္မာႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ စိတ္ႂကြ႐ူးသြပ္ေဆးမ်ားသည္ ျပည္ပႏိုင္ငံမ်ားမွ ေရာက္ရွိလာသည့္ ပရီကာဆာဓာတုပစၥည္းမ်ားေၾကာင့္ စိတ္ႂကြ႐ူးသြပ္ေဆးမ်ား ျဖစ္ေပၚလာျခင္းျဖစ္ၿပီး ၎ဓါတုပစၥည္းမ်ားကို တားဆီးဖမ္းဆီးႏိုင္ေရးမွာ အထူးလိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံအတြင္း၌ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိရာ နယ္ေျမမ်ားတြင္ အဓိက လုပ္ေဆာင္ေနမႈမ်ားရွိေၾကာင္းလည္း ၾကားသိရသည္။

Related news

© 2021. All rights reserved.