ဆွီဒင်နိုင်ငံမှာ ရိုလာကိုစတာ မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

588

ရောင်နီ (NP News) - ဇွန် ၂၆
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ Grona Lund အပန်းဖြေဥယျာဉ်မှာ တနင်္ဂနွေနေ့ (ဇွန်လ ၂၅ ရက်) က ရိုလာကိုစတာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပန်းခြံမှာရှိတဲ့ Jetline ရိုလာကိုစတာဟာ တနင်္ဂနွေနေ့(ဇွန်လ ၂၅ ရက်) က အများပြည်သူ လိုက်ပါစီးနင်းစဉ်အတွင်း စက်ပစ္စည်းချို့ယွင်းကာ ပျက်ကျခဲ့ကြောင်း မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ပြည်သူ့ အသံလွှင့်ဌာန SVT က ပြောကြားခဲ့ပါတယ်။
အဆိုပါမတော်တဆမှုကြောင့် ဒဏ်ရာပြင်းထန်သူ သုံးဦးအပါအဝင် လူကိုးဦးစလုံး ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မိသားစုနဲ့အတူ ပန်းခြံသို့လာရောက်လည်ပတ်တဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဂျန်တီလာဂျာစတက်က သူမဟာ အဖြစ်အပျက်အနီးမှာ ရှိနေခဲ့ပြီး ရိုလာကိုစတာ လမ်းကြောင်းမှ သတ္တုသံမြည်သံ များ၊ တုန်ခါနေခြင်းများကို သတိပြုမိကြောင်း ဆိုပါတယ်။ လူနာတင်ယာဉ်များ၊ မီးသတ်ကားများနဲ့ ရဟတ်ယာဉ် တစ်စင်းပန်းခြံကို ရောက်ရှိလာကာ ကယ်ဆယ်မှုတွေပြုလုပ်ခဲ့ပြီး မတော်တဆမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ တယ်လို့ သိရပါတယ်။
နှစ်သက်တမ်း ၁၄ဝ ရှိပြီဖြစ်တဲ့ အဆိုပါပန်းခြံကို နောက်ထပ်သတိပေးချက် မထုတ်ပြန်မီအထိ ပိတ်ထားမယ်လို့ Grona Lund က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ရိုလာကိုစတာဟာ အမြင့် ၃ဝ မီတာ (၉၈ ပေ) ရှိပြီး တစ်နာရီကို 90km/h (56 mph) အရှိန်နဲ့ မောင်းနှင်ကာ နှစ်စဉ်လာရောက်စီးနင်းသူ တစ်သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
ဆြီဒင္ႏိုင္ငံမွာ ႐ိုလာကိုစတာ မေတာ္တဆမႈေၾကာင့္ လူတစ္ဦးေသဆုံး၊ ၉ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဇြန္ ၂၆
ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕ရွိ Grona Lund အပန္းေျဖဥယ်ာဥ္မွာ တနဂၤေႏြေန႔ (ဇြန္လ ၂၅ ရက္) က ႐ိုလာကိုစတာ မေတာ္တဆမႈတစ္ခု ျဖစ္ပြားခဲ့ၿပီး လူတစ္ဦး ေသဆုံးကာ လူအမ်ားအျပား ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ပန္းၿခံမွာရွိတဲ့ Jetline ႐ိုလာကိုစတာဟာ တနဂၤေႏြေန႔(ဇြန္လ ၂၅ ရက္) က အမ်ားျပည္သူ လိုက္ပါစီးနင္းစဥ္အတြင္း စက္ပစၥည္းခ်ိဳ႕ယြင္းကာ ပ်က္က်ခဲ့ေၾကာင္း မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး ျပည္သူ႔ အသံလႊင့္ဌာန SVT က ေျပာၾကားခဲ့ပါတယ္။
အဆိုပါမေတာ္တဆမႈေၾကာင့္ ဒဏ္ရာျပင္းထန္သူ သုံးဦးအပါအဝင္ လူကိုးဦးစလုံး ေဆး႐ုံတင္ထားရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ မိသားစုနဲ႔အတူ ပန္းၿခံသို႔လာေရာက္လည္ပတ္တဲ့ သတင္းေထာက္တစ္ဦးျဖစ္တဲ့ ဂ်န္တီလာဂ်ာစတက္က သူမဟာ အျဖစ္အပ်က္အနီးမွာ ရွိေနခဲ့ၿပီး ႐ိုလာကိုစတာ လမ္းေၾကာင္းမွ သတၱဳသံျမည္သံ မ်ား၊ တုန္ခါေနျခင္းမ်ားကို သတိျပဳမိေၾကာင္း ဆိုပါတယ္။ လူနာတင္ယာဥ္မ်ား၊ မီးသတ္ကားမ်ားနဲ႔ ရဟတ္ယာဥ္ တစ္စင္းပန္းၿခံကို ေရာက္ရွိလာကာ ကယ္ဆယ္မႈေတြျပဳလုပ္ခဲ့ၿပီး မေတာ္တဆမႈကို ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေန တယ္လို႔ သိရပါတယ္။
ႏွစ္သက္တမ္း ၁၄ဝ ရွိၿပီျဖစ္တဲ့ အဆိုပါပန္းၿခံကို ေနာက္ထပ္သတိေပးခ်က္ မထုတ္ျပန္မီအထိ ပိတ္ထားမယ္လို႔ Grona Lund က ထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါ ႐ိုလာကိုစတာဟာ အျမင့္ ၃ဝ မီတာ (၉၈ ေပ) ရွိၿပီး တစ္နာရီကို 90km/h (56 mph) အရွိန္နဲ႔ ေမာင္းႏွင္ကာ ႏွစ္စဥ္လာေရာက္စီးနင္းသူ တစ္သန္းေက်ာ္ ရွိတယ္လို႔ သိရပါတယ္။