ရုရှားနိုင်ငံမှာ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စီး ပျက်ကျ

 206

Pika (NP News) - မေ ၂၅
ရုရှားနိုင်ငံ Oryol ဒေသ Naryshkino ရွာအနီးမှာ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေတပ် အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ TASS သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ရဟတ်ယာဉ် ပျက်ကျရတဲ့အကြောင်းအရင်းဟာ နည်းပညာချို့ယွင်းမှုကြောင့်ဖြစ်နိုင်တယ်လို့ TASS သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီရဟတ်ယာဉ်ပျက်ကျမှုနဲ့အတူ အရပ်ဘက်ပြည်သူတွေ ထိခိုက်/သေဆုံးခဲ့တာမျိုးမရှိဘူးလို့ ဒေသတွင်း အုပ်ချုပ်ရေးမှူး Andrei Klychkov က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် လက်ရှိအချိန်မှာ မီးသတ်အဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပြီး မီးငြိမ်းသတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ Andrei Klychkov က ထပ်မံပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ရဟတ်ယာဉ်ဟာ ဘယ်လိုရဟတ်ယာဉ်အမျိုးအစားဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဘယ်နှစ်ဦးလိုက်ပါသွားခဲ့တယ်ဆိုတဲ့အချက်တွေကို တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံမွာ စစ္ဘက္ဆိုင္ရာရဟတ္ယာဥ္တစ္စီး ပ်က္က်
Pika (NP News) - ေမ ၂၅
႐ုရွားႏိုင္ငံ Oryol ေဒသ Naryshkino ႐ြာအနီးမွာ စစ္ဘက္ဆိုင္ရာရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး ေလတပ္ အဖြဲ႕ဝင္တစ္ဦး ေသဆုံးခဲ့တယ္လို႔ TASS သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ရဟတ္ယာဥ္ ပ်က္က်ရတဲ့အေၾကာင္းအရင္းဟာ နည္းပညာခ်ိဳ႕ယြင္းမႈေၾကာင့္ျဖစ္ႏိုင္တယ္လို႔ TASS သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီရဟတ္ယာဥ္ပ်က္က်မႈနဲ႔အတူ အရပ္ဘက္ျပည္သူေတြ ထိခိုက္/ေသဆုံးခဲ့တာမ်ိဳးမရွိဘူးလို႔ ေဒသတြင္း အုပ္ခ်ဳပ္ေရးမႉး Andrei Klychkov က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ လက္ရွိအခ်ိန္မွာ မီးသတ္အဖြဲ႕ဝင္ေတြဟာ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိေနၿပီး မီးၿငိမ္းသတ္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ Andrei Klychkov က ထပ္မံေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ရဟတ္ယာဥ္ဟာ ဘယ္လိုရဟတ္ယာဥ္အမ်ိဳးအစားျဖစ္တယ္ဆိုတဲ့အခ်က္နဲ႔ ဘယ္ႏွစ္ဦးလိုက္ပါသြားခဲ့တယ္ဆိုတဲ့အခ်က္ေတြကို တာဝန္ရွိသူေတြက လက္ရွိအခ်ိန္အထိ ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.