ပြည်တွင်းရှိ MSME လုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာအသုံးပြုကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ဆွေးနွေး

 392

ယွန်း (NP News) - ဇွန် ၂၇

ပြည်တွင်းရှိ MSME လုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုကာ နိုင်ငံတကာနှင့် ရင်ပေါင် တန်း အသုံးပြုနိုင်‌ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ယနေ့(ဇွန်လ ၂၇ ရက်)၊ နေ့လည် (၁)နာရီအချိန်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ MICT Park ရှိ Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် အပါအဝင် MSME လုပ်ငန်းရှင်များ နှင့် အွန်လိုင်းမှတက်ရောက်သူများ စုစုပေါင်း လူဦးရေ (၅ဝဝ)နီးပါး တက်ရောက် ခဲ့သည်။

လက်ရှိတွင် ဒီဂျစ်တယ်နည်းပညာများကို လူတိုင်းနီးပါး အသုံးပြုလာကြသည့်အတွက် လုပ်ငန်းကဏ္ဍများတွင်လည်း အသုံးပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ဦးတစ်ယောက်ချင်းစီအရတော့ ဒီဂျစ်တယ်နည်းပညာကို သုံးကြပါတယ်။ ကိုယ်ပိုင် ဗဟုသုတ၊ ရသမျိုးစုံ၊ ဂီတ အပါအဝင် ခံစားမှုတွေအတွက် သုံးကြပါတယ်။ ဒီနေ့အတွက် ရည်ရွယ်တာကတော့ လုပ်ငန်းမှာပါ ‌ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အထွေ ထွေ အတွင်းရေးမှူး ဒေါ်ချောငယ်ခင်က ဆိုသည်။

ထို့အတူ အသေးစားစီးပွားရေးလုပ်ငန်းများတွင်လည်း အသေးစားစီးပွားရေး လုပ်ငန်းအလျောက် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုမည်ဆိုပါက ပြည်ပနိုင်ငံများတွင်ပါ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့မှသာ အသေးစားစီးပွားရေးလုပ်ငန်းမှ အငယ်စားစီးပွားရေးလုပ်ငန်းသို့ ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုရန် လိုအပ်ပြီး လက်ရှိ MSME လုပ်ငန်းများ၌ အမျိုးသမီးလုပ်ငန်းရှင်များသည် ရာခိုင်နှုန်းပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

အလားတူ ပြည်တွင်းရှိ MSME လုပ်ငန်းများ စီးပွားရေးအခွင့်အလမ်းများတိုးတက်စေရန် ရည်ရွယ်ပြီး အထက်ပါကဲ့သို့ အသိပေးခြင်းဆိုင်ရာ အခမ်းအနားများကို လစဥ် ကျင်းပသွားမည်ဖြစ်ကြောင်း အခမ်းအနားမှ သိရသည်။

zawgyi version
ျပည္တြင္းရွိ MSME လုပ္ငန္းမ်ား ဒီဂ်စ္တယ္နည္းပညာအသုံးျပဳကာ ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္းႏိုင္ေရး ေဆြးေႏြး

ယြန္း (NP News) - ဇြန္ ၂၇

ျပည္တြင္းရွိ MSME လုပ္ငန္းမ်ား ဒီဂ်စ္တယ္နည္းပညာမ်ားကို အသုံးျပဳကာ ႏိုင္ငံတကာႏွင့္ ရင္ေပါင္ တန္း အသုံးျပဳႏိုင္‌ေရး အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပခဲ့သည္။

အဆိုပါ အခမ္းအနားကို ယေန႔(ဇြန္လ ၂၇ ရက္)၊ ေန႔လည္ (၁)နာရီအခ်ိန္တြင္ ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ MICT Park ရွိ Conference Hall တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အခမ္းအနားကို အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီႏွင့္ ျမန္မာႏိုင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္တို႔မွ ႀကီးမႉးက်င္းပျခင္း ျဖစ္သည္။

၎အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ စီးပြားေရးရာဝန္ႀကီး ဦးမ်ိဳးျမင့္ေအာင္ အပါအဝင္ MSME လုပ္ငန္းရွင္မ်ား ႏွင့္ အြန္လိုင္းမွတက္ေရာက္သူမ်ား စုစုေပါင္း လူဦးေရ (၅ဝဝ)နီးပါး တက္ေရာက္ ခဲ့သည္။

လက္ရွိတြင္ ဒီဂ်စ္တယ္နည္းပညာမ်ားကို လူတိုင္းနီးပါး အသုံးျပဳလာၾကသည့္အတြက္ လုပ္ငန္းက႑မ်ားတြင္လည္း အသုံးျပဳႏိုင္ရန္ရည္႐ြယ္၍ အဆိုပါ အခမ္းအနားကို က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“တစ္ဦးတစ္ေယာက္ခ်င္းစီအရေတာ့ ဒီဂ်စ္တယ္နည္းပညာကို သုံးၾကပါတယ္။ ကိုယ္ပိုင္ ဗဟုသုတ၊ ရသမ်ိဳးစုံ၊ ဂီတ အပါအဝင္ ခံစားမႈေတြအတြက္ သုံးၾကပါတယ္။ ဒီေန႔အတြက္ ရည္႐ြယ္တာကေတာ့ လုပ္ငန္းမွာပါ ‌ေဆာင္႐ြက္ႏိုင္ဖို႔ျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္ တြဲဖက္အေထြေထြ အတြင္း ေရးမႉး ေဒၚေခ်ာငယ္ခင္က ဆိုသည္။

ထို႔အတူ အေသးစားစီးပြားေရးလုပ္ငန္းမ်ားတြင္လည္း အေသးစားစီးပြားေရး လုပ္ငန္းအေလ်ာက္ ဒီဂ်စ္တယ္နည္းပညာမ်ားကို အသုံးျပဳမည္ဆိုပါက ျပည္ပႏိုင္ငံမ်ားတြင္ပါ အဆိုပါလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

သို႔မွသာ အေသးစားစီးပြားေရးလုပ္ငန္းမွ အငယ္စားစီးပြားေရးလုပ္ငန္းသို႔ ကူးေျပာင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ MSME လုပ္ငန္းမ်ားအေနျဖင့္ ဒီဂ်စ္တယ္နည္းပညာမ်ားကို အသုံးျပဳရန္ လိုအပ္ၿပီး လက္ရွိ MSME လုပ္ငန္းမ်ား၌ အမ်ိဳးသမီးလုပ္ငန္းရွင္မ်ားသည္ ရာခိုင္ႏႈန္းပိုမိုမ်ားျပားလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ျပည္တြင္းရွိ MSME လုပ္ငန္းမ်ား စီးပြားေရးအခြင့္အလမ္းမ်ားတိုးတက္ေစရန္ ရည္႐ြယ္ၿပီး အထက္ပါကဲ့သို႔ အသိေပးျခင္းဆိုင္ရာ အခမ္းအနားမ်ားကို လစဥ္ က်င္းပသြားမည္ျဖစ္ေၾကာင္း အခမ္းအနားမွ သိရသည္။

Related news

© 2021. All rights reserved.