ရွာပတ်ပတ်လည် မိုင်းများဖြင့် ပိတ်ဆို့ခံနေရတဲ့ ခင်ဦးမြို့နယ်ထဲက မဒေါင်းလှ

 2350

မြူနစ်၊ Pearl (NP News) - မေ ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပြည်သူ့စစ်ရွာအဖြစ် နာမည်ကြီးသည့် မဒေါင်းလှရွာ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အခက်အခဲများစွာ တွေ့ကြုံနေရကြောင်း သိရှိရသည်။ မဒေါင်းလှပြည်သူ့ စစ်ရွာအား င်္ဏီ ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်း တိုက် ခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။ မိမိရပ်ရွာ ကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်ဖွဲ့စည်းခဲ့သော မဒေါင်းလှရွာ၏အခြေအနေကို NP News က မဒေါင်းလှရွာသူတစ်ဦးအား မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး - အရင်ဆုံးမေးချင်တာက အစ်မတို့ရွာ နာမည်လေးပေါ့။ နောက်ပြီးတော့ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရှိတယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်မှာ ဘယ်ရွာတွေ ရှိလဲဆိုတာကို အရင်ဦးဆုံး ပြောပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ ကျွန်မတို့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မဒေါင်းလှရွာပါ။ ဘေးပတ်ဝန်းကျင်ရွာတွေက တော့ အနောက်မှာတော့ မဒေါင်းကြီးရွာနဲ့ ရွှေကာရွာဆို တဲ့ ရွာ(၂)ရွာရှိတယ်။ မြောက်ဘက်မှာက နှဲတွင်းရွာ၊ မိုးနက်ရွာရှိတယ်။ အဲဒါကတော့ တစ်မိုင်မရှိ တရှိ ရွာလေးတွေပေါ့။ အရှေ့ဘက်မှာတော့ ရွှေကျိုင်းရွာ ရှိတယ်။ တောင်ဘက်မှာကတော့ ပေါက်တောရွာ ရှိ တယ်ပေါ့နော်။

မေး - ၂၀၂၁ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော် အာဏာရယူပြီးတဲ့အချိန်မှာပေါ့နော် ရွာရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ဘယ်လိုမျိုးဖြတ်သန်းခဲ့ကြလဲ။
ဖြေ - ၂၀၂၁ ခုနှစ် တပ်မတော် အာဏာထိန်းပြီးတဲ့ နောက်မှာတော့ ဘယ်လိုအခြေအနေလဲဆိုတော့ ပထမဦးဆုံး ကျွန်မတို့ရွာကို စတင်ပြီးတော့ သူတို့ (PDF အဖွဲ့)လုပ်လိုက်တာက ရက်တွေနေ့တွေတော့ မမှတ်မိတော့ဘူး။ ရွာရဲ့နောက်ဘက်မှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို စပြီးတော့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပစ်တယ်။ နောက်ဒုတိယအကြိမ်က ပထမ ဦးဆုံး ကျောင်းတွေစဖွင့်တဲ့အခါကျတော့ ဖွင့်ပြီး တစ်ပတ် မပြည့်သေးဘူး ဆရာမတွေကို လုံခြုံရေးအနေနဲ့ လိုက်ပြီးတော့ ခင်ဦးကို ကျောင်းဆင်းလိုက်ပို့တဲ့အ ချိန်မှာ ကျောင်းဆင်းလို့ဆိုပြီးတော့ နောက်ကနေ တူမီးနဲ့လိုက်ပစ်တယ်။ အဲဒီမှာ ရွာကတစ်ယောက် ဒဏ်ရာရတယ်။ အဲဒီရဲ့နောက် (၁၀)လပိုင်း (၁၅)ရက် နေ့လယ် (၂)နာရီကျတော့ သူတို့ PDF ယောကျာ်း၊ မိန်းမ သူတို့အဖွဲ့က (၁၀ဝ)လောက်ရှိတယ်‌ပေါ့နော်။ ရွာကိုဝင်လာပြီး တော့ ရွာကို မီးနဲ့ရှို့တယ်။ မီးနဲ့ရှို့ပြီးတဲ့နောက် (၁၅) ရက်နေ့ကနေပြီးတော့ (၁၈)ရက်နေ့ကျတော့ ဒီရွာက ကလေးတစ်ယောက်ကို သူတို့ အကြောင်းမဲ့ တစ်ခါ အရင်သတ်ဖြတ်လာတယ်။ ဒီနယ်မှာ စတင်ပြီးဖြစ်တာ အဲဒီဦးဆုံးပဲပေါ့။ စတင်ပြီးတော့ သူတို့ အကြောင်းမဲ့ ပြည်သူတစ်ယောက်ကို အရင်သတ်ဖြတ်တယ်။ သတ်ဖြတ်ပြီး အဲဒီရဲ့နောက် ဘာတွေဆက်ဖြစ်လဲဆို တော့ ဒီရွာကို သူတို့ဝင်တိုက်တယ်ပေါ့။ (၂)ခါ၊ (၃)ခါ အဲဒီလိုမျိုးဝင်တိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့ရွာက ခုခံပြီးတော့ ပြန်ပြီးတော့ လုပ်တယ်။ အဲဒီမှာ ကျွန်မ တို့ဘက်က အခုချိန်ထိ အဲဒီလို အကျအဆုံး ဘာညာ ကတော့ မရှိပါဘူး။ ကျွန်မတို့ရွာကို တိုက်ရင် ပြန်ပြီး တော့ ခုခံတယ်ပေါ့။ ပြီးတော့ အဲဒီရဲ့ နောက်ပိုင်းကျ တော့ ဘာဖြစ်လဲဆိုတော့ ကျွန်မတို့ရွာရဲ့(၆)မိုင် လောက် ဇီးကုန်းမှာ ဆိုင်ကယ်နဲ့ ဈေးဝယ်သွားတဲ့ အမျိုးသမီး နှစ်ယောက်ကိုပေါ့။ အဲဒီမှာ အမျိုးသမီး တစ်ယောက်ကိုကျ ပြန်လွှတ်ပြီး တစ်ယောက်ကိုကျ ပြည်သူ့စစ်မိန်းမဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ ဒူးထောက်ခိုင်းပြီးတော့ ခေါင်းကိုတေ့ပြီး သေနတ်နဲ့ ပစ်သတ်တယ်။ ဒါပေမဲ့ မသေဘူး။ အဲဒါလည်း နေပြည်တော်မှာ သွားကုတယ်။ အဲဒီရဲ့ နောက်ပိုင်း ကျတော့ ဘယ်လိုဖြစ်လာတုံးဆိုတော့ ရွာက ကျွဲ တွေ ၊ နွားတွေပေါ့နော်။ ဆိတ်တွေပေါ့။ အဲဒီ နွား ရယ်၊ ဆိတ်ရယ်တွေကို အဲဒီတောထဲမှာ လိုက်ပြီးတော့ သူတို့က အုပ်စုနဲ့ အနိုင်ကျင့်ပြီးတော့ မောင်းသွား တာတွေ ရှိတယ်။ အဲဒီလိုမျိုးမောင်းသွားတာတွေ ရှိတာပေါ့နော်။ အဲဒီရဲ့ နောက်ပိုင်းကျ အခု ဘာတွေ လုပ်လာလဲဆိုတော့ ကျွန်မတို့ရွာမှာ (၂)နှစ်ကျော်လာ ပြီ။ အဲဒီ (၂)နှစ်ခွဲထဲရောက်ပြီ ကျွန်မတို့ရွာမှာ ဖြစ် တာ။ သွားမယ့် လမ်းကြောင်းတွေမှာ ပတ်ပတ်လည် တွေမှာ မိုင်းတွေထောင်ထားတယ်။ ဈေးသွားလို့လည်း မရဘူး။ ပြီးတော့ အခု စပါးတွေ ဘာတွေရောင်းလို့ ချလို့လည်း မရဘူး။ ပြီးတော့ ရွာနဲ့ ပတ်သက်ပြီးတော့ အကုန်လုံး ပတ်သက်တဲ့သူမှန်သမျှကို အကုန်လုံးသူ တို့က ဒီရွာနဲ့ပတ်သက်တယ် သတင်းကြားရင် အကုန် လုံး သူတို့ခေါ်ပြီးတော့ အကြောင်းမရှိ အကြောင်း ရှာပြီးတော့ အဲဒီလို သတ်ပစ်တာတွေ ရှိတယ်။ အခု လောလောဆယ်ကတော့ ကျွန်မတို့က တောင်သူတွေ ဆိုတော့ ဒီဆန်စပါးမှ မရောင်းရတာ ဘယ်ကမှ ဝင် ငွေ မရှိဘူးလေ။ ဒီဆန်တွေ စပါးတွေကျ ရောင်းဖို့ဟာ သူတို့က လမ်းကြောင်းတွေ အကုန်ပိတ်ဆို့ထား တယ်။ ဝယ်တဲ့လူ ပွဲစားတွေကလည်း မဝယ်ရဲဘူး။ သူတို့က ခြိမ်းခြောက်ထားတယ်ဆိုတော့ ကျွန်မတို့ အနေနဲ့ကတော့ အခက်အခဲရှိတာပေါ့။

မေး - အဲဒီမဒေါင်းလှရွာမှာ စုစုပေါင်း အိမ်ခြေအားဖြင့် ဘယ်လောက်လောက် ရှိမလဲ။ ပြီးတော့ လူဦးရေအား ဖြင့်ကော ဘယ်လောက်လောက်ရှိမလဲ။
ဖြေ - အိမ်ခြေကတော့ (၁၄၀) လောက်တော့ရှိတယ်။ အခု ရွာမှာ မနေဘဲနဲ့ အရေးအခင်းဖြစ်ပြီးမှ ပြေးတာ။ ရွာကို မီးနဲ့ရှို့လို့ ပြေးတဲ့ဟာတွေကတော့ (၄၀)လောက်တော့ရှိမှာပေါ့။ အခုလောလောဆယ်ကတော့ အိမ်ခြေ (၁၀ဝ)၊ (၉၀) လောက်ပဲ ရှိတော့တာပေါ့။ နေတဲ့လူရောပေါ့။ လူဦးရေကတော့ ခါတိုင်းဆိုရင် ကျား၊ မ (၆၀ဝ)အေးအေးလောက်ရှိတယ်။ အခုတော့ အဲဒီလောက်တော့ မရှိတော့ဘူး။ အခုတော့ (၃၀ဝ)ကျော်၊ (၄၀ဝ) အေးအေးလောက်ရှိမှာပေါ့။ ကလေး၊ လူကြီးပေါ့။ အဲဒီလောက်ပဲ ရှိတော့မှာ။

မေး - အဓိကတော့ ရွာသူ/ရွာသားတွေဟာ ဘာတွေ လုပ်ကိုင်ပြီးတော့ ဘယ်လိုစားသောက် နေကြလဲ။
ဖြေ- လုပ်ကိုင်စားသောက်တာက တောင်ယာ အလုပ်ပေါ့။ ဒီတောင်ယာ တစ်မျိုးပဲရှိတာ။ အခု နွေစပါးမစိုက်ကြရဘူး။ ဘာလို့ဆို စက်တွေနဲ့ အလုပ် လုပ်ကြရတာဆိုတော့ သူတို့က လမ်းကြောင်းတွေ ဒီလိုပိတ်ထားတော့ သွားလို့၊ လာလို့ မရဘူး။ စက်ထွန် ဖို့က ဆီတွေ ဘာတွေ မရှိဘူးလေ။ မရှိတော့ ဒီနှစ် နွေရာသီကို နားထားလိုက်ရတာပေါ့။ အဲဒီလိုမျိုး စပါးတွေကလည်း မထွက်ဘူးလေ။ ဆန်စပါးထား စရာနေရာတွေကလည်း မရှိတဲ့အခါကျတော့ ဒီနွေ ရာသီကို ကျုံ့ပစ်လိုက်ရသလိုလည်း ဖြစ်တာပေါ့။

မေး - နောက်တစ်ခုက မဒေါင်းလှရွာက ပြည်သူ့ စစ်ရွာလို့လည်း နာမည်ကြီးတော့လေ။ ဘာကြောင့် ပြည်သူ့စစ်ရွာလို့ ဖြစ်လာတာလဲ။ အဲဒါလေးလည်း ရှင်းပေးပါဦး။
ဖြေ - ပြည်သူ့စစ်ရွာဆိုပြီးတော့ ဘယ်လို‌ကြောင့် ခေါ်လဲဆိုတော့ အစကတော့ သူတို့(င်္ဏီ) က ရွာကို မီးရှို့ပြီးတဲ့နောက်ပိုင်း၊ ပညာရေးနဲ့ပတ်သက်လို့ လုပ် ပြီးတဲ့ နောက်ပိုင်းတော့ မဖြစ်တော့ဘူးပေါ့။ နောက် ကိုယ့်ရွာကိုတော့ ဒီလိုမျိုးလုပ်နေရင် ငါတို့ရွာ ပိုဆိုး သွားလိမ့်မယ်။ အဲဒီကြောင့်မို့ ဒီလိုမျိုးပူးပေါင်းမယ်ပေါ့။ ပူးပေါင်းပြီးတော့ ကိုယ့်ရွာကိုယ်ကာကွယ်မယ်ပေါ့။ သူများရွာကိုတော့ စော်ကားမော်ကားလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကိုယ့်ရွာကိုယ်မှ မကာကွယ်ရင် ကိုယ့်ရွာက တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ ရွာလည်း ကျန်မှာမဟုတ်ဘူး။ ဒီထက်ပိုဆိုးလိမ့်မယ် ဆိုပြီးတော့ အဲဒီလိုမျိုး ကိုယ့်ရွာကိုယ်ကာကွယ်ဖို့ အ တွက် ပြည်သူ့စစ်ဖွဲ့လိုက်တာ။

မေး - ပြည်သူ့စစ်မှာကျတော့ ဘယ်လိုလူတွေ တာဝန်ထမ်းဆောင်ကြလဲ။ ဘယ်လိုမျိုးပုံစံတွေနဲ့ တာဝန်ထမ်းဆောင်ကြလဲ။
ဖြေ - ဘယ်လိုမျိုးတာဝန်ထမ်းဆောင်လဲဆိုတော့ ပြည်သူ့စစ်မှာတော့ ကျွန်မတို့အခု ရွာမှာ ကင်း (၆)ကင်းရှိတယ်လေ။ နေ့မှာ နေ့ဆိုင်းကျတဲ့လူရှိတယ်။ ညမှာ ညပေါ့။ ဘယ်လိုတာဝန်ထမ်းဆောင်လဲဆိုတော့ လူကြီး လူငယ်ပေါ့။ အသက် (၁၈)၊ (၂၀) ကနေပြီး တော့ ဟိုဘက် (၃၅)၊ (၄၀)အထိ။ အဲဒီလိုမျိုးတာဝန် ထမ်းဆောင်ကြပါတယ်။

မေး - အဲဒီလိုမျိုး ပြည်သူ့စစ်ကို မဒေါင်းလှရွာမှာ ဖွဲ့ပြီးတဲ့နောက်မှာပေါ့နော် ဘယ်လိုမျိုးပြဿနာတွေ ကြုံတွေ့ရလဲ။ အဓိက က ဘယ်လိုမျိုး တိုက်ခိုက်ခံရ တာမျိုးတွေရှိလဲ။
ဖြေ - ကျွန်မတို့ ဒီပြည်သူ့စစ်ဖွဲ့ပြီးတဲ့နောက်မှာ သူတို့က အမျိုးမျိုးပေါ့။ ရှော့ဒုံးတွေ၊ ပစ်တဲ့ရှော့ဒုံး အရေအတွက်ဆိုရင် အလုံး (၂၀ဝ)၊ (၃၀ဝ)ကတော့ ကျော်ပြီ။ ရှော့ဒုံးတွေနဲ့ ပစ်ပြီးတိုက်ခိုက်တယ်။ နောက်ပြီးတော့ ဒရုန်းတွေနဲ့ချပြီး အဲဒီလိုမျိုးတွေ တိုက်ခိုက်တယ်။ အဲဒီရွာနီးကနေပြီးတော့ မိုင်းတွေ ထောင်ပြီးတော့ သွားမယ့်လမ်းကြောင်းတွေမှာ အဲဒီလိုမျိုးတွေ နှောင့်ယှက်တယ်။ အခုဆို လမ်းကြောင်းတွေ အကုန်လုံးမှာ မိုင်းတွေရှိတယ်။ အဲဒီမှာ မိုင်းတွေကြောင့် သွားလို့လာလို့မရတော့ဘူး။ များသောအားဖြင့်တော့ ရှော့ဒုံးတွေနဲ့ တိုက်ခိုက်တာ များတယ်။

မေး - ခုနက မိုင်းတွေဆိုပြီး ပြောသံကြားလို့လေ။ မိုင်းဆိုတာ မဒေါင်းလှရွာရဲ့ ပတ်ဝန်းကျင်မှာ ထောင် ထားတာလား။ ဘယ်လိုပုံစံမျိုးနဲ့တွေ့လဲ မိုင်းတွေ အများစုကို။
ဖြေ - ဟုတ်ကဲ့။ ကျွန်မတို့ရွာက မဟာနန္ဒာ ကန် ပေါင်ရိုးဘက်ကပဲ သွားရတာကိုး။ မြို့တွေ သွားရ မယ်ဆိုရင်။ ကျွန်မတို့ရွာရဲ့ မြောက်မှာဆိုရင် (၆)မိုင်ကျော်မှာဆိုရင် ထန်းတစ်ပင်ဇီးကုန်းမြို့ဆိုတာ ရှိတယ်။ ကျွန်မတို့ တောင်ဘက်ကိုသွားမယ်ဆိုရင် မဟာနန္ဒာကန်ပေါင်ရိုးက သွားမယ်ဆိုရင် (၆)မိုင် လောက်မှာ ခင်ဦးမြို့ဆိုတာ ရှိတယ်။ ဒီကနေပြီးတော့ ဇီးကုန်းကို ဈေးဝယ်သွားမယ်ဆိုရင် ကျွန်မတို့ မိုင် ဝက်တောင် မရောက်သေးဘူး သူတို့က အကုန်လမ်း တွေပေါ်မှာ မိုင်းတွေ ထောင်ထားတယ်။ ဒီမဟာ နန္ဒာကန်ပေါင်ရိုး တစ်လျှောက်မှာပေါ့နော်။ အဲဒီ အပေါ်မှာတွေရော အောက်မှာတွေရော အကုန်လုံး သူတို့က နေရာမလပ် တိုက်မိုင်းတွေတို့၊ မြေမြှုပ်မိုင်း တွေတို့ အကုန်ထောင်ထားတယ်။ ပြီးရင် သစ်ပင်တွေ ပေါ်မှာလည်း သူတို့ စိန်ပြောင်းတွေ ဘာတွေ ဆင် ထားတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။ ထောင်ထားတာ တွေရှိတယ်။

မေး - အဲဒီမိုင်းတွေကို ရှင်းတာလင်းတာမျိုးကော တပ်ဘက်က လုပ်ပေးတာတွေ ရှိလား။
ဖြေ - ရှိပါတယ်။ တစ်ခါတလေ အဲဒီလိုမျိုး လမ်း ကြောင်းတွေ ဘာတွေ တပ်ဘက်က ရှင်းပေးတာမျိုး တွေ ရှိတယ်။ အခုနောက်ပိုင်းတော့ တစ်ခါတလေ တပ်ဘက်က နည်းနည်းလေးတော့ အလှမ်းနည်း နည်းဝေးသွားတာပေါ့။ ဟိုလိုဝေးတာရယ်တော့ မဟုတ်ဘူး။ လာတော့ လာမှာပေါ့ လမ်းကြောင်း ရှင်းဖို့လင်းဖို့ကတော့။ တပ်က အဲဒီလိုမျိုး လာပြီး ရှင်းပေး တာတွေတော့ရှိတယ်။

မေး - အဲဒီလို မိုင်းတွေ ရှိနေတဲ့အတွက်ပေါ့နော် လယ်ယာလုပ်ငန်းခွင်တို့၊ နောက် စားရေးသောက်ရေး အတွက် ပစ္စည်းဝယ်တာတို့ သွားတဲ့အခါမျိုးမှာကော ဘယ်လိုမျိုးတွေ ကြုံတွေ့ရတာမျိုးရှိလဲ။
ဖြေ - ကျွန်မတို့ကတော့ အဲဒီလိုမျိုး မိုင်းတွေထောင် ထားတဲ့အတွက် ကျွန်မတို့စားရေးသောက်တာအ တွက်ကတော့ အဲဒီလိုမျိုး မိုင်းတွေနဲ့ကျတော့ မသွား ရဲဘူးပေါ့။ ဟိုးဘက်ရက်ကဆို ကျွန်မတို့ ဆားတောင်မှ ခတ်စရာမရှိဘူး။ အကုန်လုံး စရိတ်ပြတ်သွားတော့ လွန်ခဲ့တဲ့ သင်္ကြန်မတိုင်မီလေး ရွာကနေ စွန့်စားပြီး တော့ ကိုယ့်ဘာသာမိုင်းတွေ ရှင်းပြီးတော့ ကားနဲ့ (၂)ခေါက် ၊ (၃)ခေါက် သယ်လိုက်တဲ့အတွက် အခုတော့ တော်တော်လေး (၄)၊ (၅)လစာ အကုန်လုံးပြည့်စုံပါပြီ။

မေး - ခုနက အစ်မပြောတဲ့အထဲမှာလေ စပါးတွေက မရောင်းရဘူးဆိုတာ မရောင်းရတဲ့ စပါးတွေက စုစုပေါင်းအားဖြင့် ဘယ်လောက်လောက်များ ရှိလဲ။ ပြီးတော့ မရောင်းရတာကော ဘယ်လောက်လောက် ကြာပြီလဲပေါ့။
ဖြေ - မရောင်းရတာတော့ (၂)နှစ်ကျော်သွားပြီပေါ့။ (၁)နှစ်ကို (၂)သီးစားပေါ့။ နွေရာသီ တစ်သီးစားတယ်။ မိုးရာသီ တစ်သီးစားတယ်ဆိုတော့ တစ်နှစ်ကို (၂)သီးစားပေါ့။ ကျွန်မတို့ရွာမှာ စပါးက (၂)သောင်း၊ (၃)သောင်းတော့ရှိမှာပေါ့။ ရောင်းမှ မရောင်းရတာ။ အခုက ထားစရာမရှိတာက တစ်ပိုင်းပေါ့။ မရောင်းရ တာက တစ်ပိုင်းပေါ့။ အဲဒီကျတော့ ဒီစက်တွေက ထွန်စရာဆီတွေ ဘာတွေမရှိတော့ မလုပ်ရတာက တစ်ပိုင်းဆိုတော့ တောင်သူ လုပ်တာကိုတော့ အခု လောလောဆယ်တော့ နားထားရတာပေါ့။

မေး - ဟုတ်ကဲ့။ အဲဒါဆိုရင် အစ်မတို့ရွာက ပြည်သူ့စစ်ရွာဆိုတော့လေ ဘေးပတ်ဝန်းကျင်က ရွာ တွေကကော ဘယ်လိုမျိုး အခြေအနေရှိလဲ။ အစ်မတို့ အနေနဲ့ ဆက်ဆံရေးလုပ်တဲ့အခါမှာ ဆက်သွယ်ရေး လုပ်တဲ့အခါမှာ ဘယ်လိုမျိုး ကြုံနေရတာလဲ။ ဘေး ပတ်ဝန်းကျင်တွေကရော ပြည်သူ့စစ်တွေ ရှိလား။
ဖြေ - ပြည်သူ့စစ်ကတော့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အကုန်လုံးပတ်ပတ်လည် သူတို့လည်း ဘယ်လိုလို့ ကျွန်မ မပြောပါဘူး။ ကျွန်မတို့ရွာ တစ်ရွာ ပဲ ပြည်သူ့စစ်ရွာ။ အဲဒီလို ဖြစ်နေတာပေါ့။ ဘေးရွာ တွေကလည်း ကျွန်မတို့ရွာတွေနဲ့ အဆက်အဆံ မရှိကြဘူးလေ။

မေး - ၂၀၂၁ခုနှစ် မတိုင်ခင်တုန်းကကော အဲဒီရွာတွေ နဲ့ အဆက်အဆံတွေ ရှိကြလား။ ဘယ်လိုမျိုးတွေရှိလဲ။
ဖြေ - ရှိတယ်။ ရှိတယ်။ ၂၀၂၁ တုန်းကတော့ ဒီလိုပဲ နှစ်ရွာ တစ်ရွာနေကြ၊ သွားကြ၊ လာကြ ဘာပွဲရှိရှိ ပျော်ပျော်ပါးပါး သွားကြ၊ လာကြပေါ့။ အဲဒီလိုတွေ နေခဲ့ကြတာပေါ့။ အခုကျတော့ အဲဒီလိုမျိုးတွေ ကျွန်မတို့ရွာကို ပစ်ပယ်ထားသလို ဖြစ်နေတာပေါ့။ သူတို့ကတော့ အဆက်အဆံလည်း မလုပ်ကြဘူး။ လုပ်လည်း မလုပ်ရဲကြဘူးလေ။ ဒါပေမဲ့ အခု ကျွန်မ တို့ရွာလိုပဲ သူတို့လည်း နာတာပါပဲ။ ဘာလို့လဲဆိုတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးပေါ့။ ဒါပေမဲ့ ဘေးရွာတွေကကျတော့ စီးပွားရေးက အကုန်လုံး လုပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ စပါးဈေးတွေက ကောင်းတယ်။ သူတို့ကကျတော့ သွားလို့လာလို့ ရောင်းလို့ စားလို့ အဲဒီလိုမျိုးတွေ အကုန်လုံး သွားလို့လာလို့အဆင်ပြေ၊ ရောင်းလို့ချလို့အဆင်ပြေတယ်ဆိုတော့ သူတို့ အလှူတွေ ဘာတွေပေးကြ။ သူတို့ရွာတွေမှာကျတော့ လုပ်နေကြတာပဲ။

မေး - အစ်မတို့ မဒေါင်းလှရွာရဲ့ လက်ရှိ အခက်အခဲ က ဘာတွေများဖြစ်မလဲ။ စားဝတ်နေရေးက အစပေါ့။
ဖြေ - အခက်အခဲဖြစ်တာက ပညာရေးလည်း အခက်အခဲဖြစ်တယ်။ အဓိကကတော့ ကျန်းမာရေး ပါ။ ကျန်းမာရေးကတော့ အခု ရောဂါအခြေအနေ တော်တော်ဆိုးနေရင်တောင် သွားလို့လာလို့ကမရ။ အဲဒီ ကျန်းမာရေးနဲ့ပတ်သက်ရင်ပေါ့။ ပညာရေး ရော။ စီးပွားရေးရောပေါ့။ အဲဒီ (၃)ခုလုံးက တော်တော် လေးကို လိုအပ်တယ်ပေါ့။

မေး - မဒေါင်းလှရွာမှာ ကလေးငယ်တွေကို ဘယ် လိုမျိုး ပညာသင်ကြားပေးနေတာရှိလဲ။
ဖြေ - ပညာရေးကျတော့ ကျွန်မတို့ဆီက ရွာက အခု ပညာတတ်လေးတွေပေါ့ ၊ ဘွဲ့ရပညာတတ်လေးတွေ ရှိတဲ့အခါကျတော့ ရွာမှာပဲ (၅)ယောက် သင်ပြပေး နေတာလေးတွေ ရှိတယ်။ အထက်တန်းကျောင်း အထိရှိတယ်။ မဒေါင်းလှအခြေခံပညာအထက် တန်းကျောင်း။ အရင်တုန်းကတော့ ရွာနီးက ရွာတွေ ကတော့ အကုန်လုံးလာတက်ကြတယ် ရွာကျောင်း ကို။ အခုတော့ ကျွန်မတို့ရွာတစ်ရွာတည်း ။ ဘယ်သူမှ လည်း လာမတက်ကြဘူး။

မေး - အဲဒီကျောင်းမှာ ဆရာ၊ ဆရာမတွေကောရှိလား။ ဆရာ၊ ဆရာမဆိုတာ နိုင်ငံတော်က တာဝန်ပေးထားတဲ့ ပညာရေးဝန်ထမ်းတွေပေါ့။
ဖြေ - ဆရာ၊ ဆရာမတွေလည်း တစ်ယောက်မှ မရှိ ဘူး။ ရွာက လူလေးတွေပဲ ကူညီပြီး သင်ပေးရတာ ပေါ့လေ။ အထက်ကတော့ချမပေးဘူး။ ဖြစ်စေချင်တာ ကတော့ ကျွန်မတို့က ပညာရေး၊ စီးပွားရေး၊ ကျန်းမာ ရေး ဒီ(၃)ချက်လေးကိုတော့ ဖြစ်အောင်တော့ လုပ် ပေးစေချင်တာပေါ့။ အခုက အကုန်လုံးပေါ့။ သူမှ ကိုယ်မှမဟုတ်ပါဘူး။ ကျွန်မတို့ရွာရယ်လို့ ဘေးပတ် ဝန်းကျင်ရယ်လို့ မပြောပါဘူး။ အကုန်လုံး နစ်နာကြ တာပဲလေ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးရော။ အဘက်ဘက်က အကုန်လုံး သူမို့လို့၊ ငါမို့လို့၊ ဘယ်ရွာမို့လို့၊ ညာရွာမို့လို့တော့ မဟုတ်ပါဘူး။ အကုန် လုံးအတူတူ ဒုက္ခရောက်ကြတာပါပဲ။

မေး - ဟုတ်ကဲ့။ လက်ရှိ မဒေါင်းလှရွာက လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင်ကာလနဲ့ လက်ရှိ ဖြတ်သန်း နေရတဲ့ ကာလကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာတွေ ကွာခြားသွားလဲ။
ဖြေ - ဘာတွေ ကွာခြားသွားလဲဆိုတော့ ကွာခြားတာ တော့ တော်တော်လေးကို ကွာခြားသွားပါတယ်။ အဲဒီ ၂၀၂၁ ဟိုဘက်မတိုင်ခင်ကတော့ လူမှုရေးရော၊ စီးပွားရေးရော၊ ကျန်းမာရေးရော အကုန်လုံး အစစ အရာရာ အကုန်အဆင်ပြေကြပါတယ်။ ပတ်ဝန်း ကျင်နဲ့ ရွာပတ်ဝန်းကျင်ရော ဘာပဲဖြစ်ဖြစ် သွားလို့ လာလို့ အကုန်အဆင်ပြေတယ်။ နောက် ဒီ ၂၀၂၁ နောက်ပိုင်း အာဏာထိန်းပြီးတဲ့ နောက်ပိုင်းကတော့ ရွာကို ဒီလိုမျိုး ဝင်လုပ်လိုက်တာတွေ ဘာတွေညာတွေ အကုန်လုံး ခြုံကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ ကိုယ့် ဘာသာ လက်နက်ကိုင်ပြီး ကိုယ့်ရွာကိုယ်ကာကွယ် လိုက်တဲ့အတွက်ကျတော့ အခုအကုန်လုံး အနေကျုံ့ သလို ဖြစ်သွားတာ။ စီးပွားရေးရော၊ ပညာရေးရော အကုန်လုံး၊ အကုန်လုံးကို နောက်ကောက်ကျသလို ဖြစ်သွားတယ်။

မေး - ဟုတ်ကဲ့ဗျ။ တစ်ချက်ကလေ အဲဒီမှာ ပြည်သူ့ စစ်ဖွဲ့ထားတဲ့ရွာဆိုတော့ လက်နက်တွေကျတော့ရော ဘယ်လိုမျိုး ရကြလဲ။
ဖြေ - လက်နက်တွေကတော့ နိုင်ငံတော်က ချပေး တာပါ ကျွန်မတို့ကို။ အစစအရာရာ အကုန်လုံး၊ ခဲယမ်းလက်နက် အကုန် လုံးချပေးပါတယ်။ ပြီးတော့ ပြည်သူ့စစ်ရဲ့လစာ၊ ရိက္ခာ အကုန်လုံးကို တပ်မတော် လိုပဲရရှိပါတယ်။

မေး - အဲဒီလိုမျိုး ပြည်သူ့စစ်ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကြီးကြီးမားမားတိုက်ပွဲ ဖြစ်တာမျိုးရှိလား မဒေါင်းလှ ရွာမှာ။ ဘယ်လိုပုံစံမျိုးတွေ ဖြစ်ကြလဲ။
ဖြေ - ဟုတ်ကဲ့ရှိပါတယ်။ (၃) ကြိမ်တော့ ကြီးကြီး မားမား ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးတွေ ဖြစ်တုံးဆို တော့ ကျွန်မရက်တော့ မမှတ်မိဘူး။ ပထမဦးဆုံး တစ်ခါကတော့ အဲဒီသူတို့ (၇၀)၊ (၈၀)လောက်တော့ ရှိမှာပေါ့ သူတို့ရဲ့အင်အားက။ သူတို့ ထမ်းလာတဲ့ လက်လုပ်စိန်ပြောင်းတို့ လက်လုပ်တူမီးသေနတ် တို့ ပေါ့။ အဲဒါက ပထမဦးဆုံးပေါ့။ အာဏာထိန်းပြီးနောက်‌ ရွာကို သူတို့လက်လုပ်စိန်ပြောင်းတွေ၊ တူမီးတွေ ဘာတွေပေါ့၊ ကာဘိုင်တွေ ဘာတွေ မပါသေးဘူး မောင်းပြန်တွေနဲ့ အဲဒီလိုမျိုး သူတို့ကျွန်မတို့ရွာကို လာတိုက်တယ်။ လာတိုက်တဲ့အခါကျတော့ ကျွန်မတို့ ရွာကလည်း အင်အားများများ မသုံးလိုက်ရပါဘူး။ ကျွန်မတို့ရွာကလည်း (၆)ယောက်၊ (၇)ယောက် လောက်နဲ့ ခံပစ်လိုက်တာ။ (၆)ယောက်က ပစ်တယ်၊ (၁)ယောက်က ကျည်ထိုးပေးတယ်။ အဲဒီမှာ သူတို့ အကျအဆုံးများစွာနဲ့ပဲ။ သူတို့က ကွင်းပြင်ကြီးထဲက တက်လာတာကိုး။ ဒီကနေရာယူပြီး ပစ်ရုံပဲလေ။ အဲဒီ မှာ တစ်ခါနောက်ဆုတ်သွားတယ်။ မနှစ်ပိုင်းလောက် ကျတော့ တစ်ခါ ရွာကို အလုံးအရင်းနဲ့ လာပြီးတော့ ဝိုင်းတယ်။ ပစ်တယ်။ ခတ်တယ်ပေါ့။ ကျွန်မတို့က လည်း ခုခံပြီးတော့ ပစ်တယ်။ အဲဒါလည်း သူတို့ အကျအဆုံးများစွာနဲ့ သူတို့တစ်ခါ နောက်ပြန်ဆုတ် သွားရတယ်။ ပြီးခဲ့တဲ့ တစ်လကျော်လောက်က တစ်ခါ။ တောင်ဘက်ကနေပြီးတော့ သူတို့ အင်အား (၆၀)၊ (၁၀ဝ)လောက်နဲ့ လာပြီးတော့ ကျွန်မတို့ရွာကို ဝိုင်းတယ်၊ ပစ်တယ်။ ဒါပေမဲ့ သူတို့ရှေ့မတိုးနိုင်ဘူး။ သူတို့လည်း ဒီက ခံပစ်တော့ အကျအဆုံးများစွာနဲ့ပဲ သူတို့ ဒီလိုပဲ နောက်ပြန်ပြီး ဆုတ်သွားတယ်။ ကြီးကြီးမားမားက တော့ အဲဒီ (၃)ခါပဲ။ (၃)ခါပဲ သူတို့ အဲဒီလို လာတိုက်တာ။ အခုချိန်ထိတော့ ကျွန်မတို့ရွာ ကတော့ အဲဒီလို မျိုးပေါ့နော် သူတို့ပစ်လို့ကြောင့်မိုလို့၊ သူတို့ လုပ်လိုက် တဲ့အတွက်ကြောင့်မို့ ဘာတစ်ခုမှ ကြီးကြီးမားမား ထိခိုက်တာတို့၊ ဖြစ်တာတို့ပျက်တာတို့ အခုချိန်ထိ မရှိသေးဘူး။ (၂)နှစ်ခွဲထဲ ရောက်ပါပြီ။

မေး - ဟုတ်ကဲ့ ကျေးဇူးပါ။ အစ်မအနေနဲ့ နောက်ထပ် ဖြည့်စွက်ပြောချင်တာ ရှိသေးလား။
ဖြေ - ဟုတ်ကဲ့။ ကျွန်မ ဖြည့်စွက်ပြောချင်တာကတော့ နိုင်ငံတော် အကြီးအကဲကြီးတွေ၊ ခေါင်းဆောင်ကြီး တွေကို ပြောချင်တာကတော့ ကျွန်မတို့ ရွာလေးကို ပေါ့လေ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဒီ (၃)ချက်လေးကို ပြည့်စုံအောင် လုပ်ပေးဖို့ရယ်၊ နောက် တစ်ချက်ပြောချင်တာက ကျွန်မတို့ရွာကို လက်နက် အင်အားကိုပိုပြီးတော့ ကောင်းတဲ့ဟာလေးတို့၊ ခဲယမ်း ပေါ့။ အဲဒါမျိုးလေး ကျွန်မတို့ရွာကို ပြည့်စုံစွာ ချပေး ထားမယ်ဆိုရင် ကျွန်မတို့ရွာက အဆင်ပြေသွားမှာပါ။ အဲဒါလေးလည်း ကျွန်မတို့ရွာလေးကိုလည်း ကူညီပေးပါဦးလို့ ပြောချင်ပါတယ်။

zawgyi version
႐ြာပတ္ပတ္လည္ မိုင္းမ်ားျဖင့္ ပိတ္ဆို႔ခံေနရတဲ့ ခင္ဦးၿမိဳ႕နယ္ထဲက မေဒါင္းလွ
ျမဴနစ္၊ Pearl (NP News) - ေမ ၂

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္တြင္ ျပည္သူ႔စစ္႐ြာအျဖစ္ နာမည္ႀကီးသည့္ မေဒါင္းလွ႐ြာ၌ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးစသည့္ အခက္အခဲမ်ားစြာ ေတြ႕ႀကဳံေနရေၾကာင္း သိရွိရသည္။ မေဒါင္းလွျပည္သူ႔ စစ္႐ြာအား ဏႌ ပူးေပါင္းအဖြဲ႕မ်ားက ဝိုင္းဝန္း တိုက္ ခိုက္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ မိမိရပ္႐ြာ ကို ကာကြယ္ရန္အတြက္ ျပည္သူ႔စစ္ဖြဲ႕စည္းခဲ့ေသာ မေဒါင္းလွ႐ြာ၏အေျခအေနကို NP News က မေဒါင္းလွ႐ြာသူတစ္ဦးအား ေမးျမန္းထားမႈမ်ားကို ျပန္လည္ေဖာ္ျပလိုက္ပါသည္။

ေမး - အရင္ဆုံးေမးခ်င္တာက အစ္မတို႔႐ြာ နာမည္ေလးေပါ့။ ေနာက္ၿပီးေတာ့ ဘယ္ေနရာ၊ ဘယ္ေဒသမွာ ရွိတယ္ဆိုတာရယ္၊ ပတ္ဝန္းက်င္မွာ ဘယ္႐ြာေတြ ရွိလဲဆိုတာကို အရင္ဦးဆုံး ေျပာေပးပါဦး။
ေျဖ - ဟုတ္ကဲ့။ ကြၽန္မတို႔က စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္ မေဒါင္းလွ႐ြာပါ။ ေဘးပတ္ဝန္းက်င္႐ြာေတြက ေတာ့ အေနာက္မွာေတာ့ မေဒါင္းႀကီး႐ြာနဲ႔ ေ႐ႊကာ႐ြာဆို တဲ့ ႐ြာ(၂)႐ြာရွိတယ္။ ေျမာက္ဘက္မွာက ႏွဲတြင္း႐ြာ၊ မိုးနက္႐ြာရွိတယ္။ အဲဒါကေတာ့ တစ္မိုင္မရွိ တရွိ ႐ြာေလးေတြေပါ့။ အေရွ႕ဘက္မွာေတာ့ ေ႐ႊက်ိဳင္း႐ြာ ရွိတယ္။ ေတာင္ဘက္မွာကေတာ့ ေပါက္ေတာ႐ြာ ရွိ တယ္ေပါ့ေနာ္။

ေမး - ၂၀၂၁ ခုႏွစ္မွာ တပ္မေတာ္က ႏိုင္ငံေတာ္ အာဏာရယူၿပီးတဲ့အခ်ိန္မွာေပါ့ေနာ္ ႐ြာရဲ႕ အေျခအေနက ဘယ္လိုရွိလဲ။ ဘယ္လိုမ်ိဳးျဖတ္သန္းခဲ့ၾကလဲ။
ေျဖ - ၂၀၂၁ ခုႏွစ္ တပ္မေတာ္ အာဏာထိန္းၿပီးတဲ့ ေနာက္မွာေတာ့ ဘယ္လိုအေျခအေနလဲဆိုေတာ့ ပထမဦးဆုံး ကြၽန္မတို႔႐ြာကို စတင္ၿပီးေတာ့ သူတို႔ (PDF အဖြဲ႕)လုပ္လိုက္တာက ရက္ေတြေန႔ေတြေတာ့ မမွတ္မိေတာ့ဘူး။ ႐ြာရဲ႕ေနာက္ဘက္မွာရွိတဲ့ မိုင္တဲတာဝါတိုင္ကို စၿပီးေတာ့ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးပစ္တယ္။ ေနာက္ဒုတိယအႀကိမ္က ပထမ ဦးဆုံး ေက်ာင္းေတြစဖြင့္တဲ့အခါက်ေတာ့ ဖြင့္ၿပီး တစ္ပတ္ မျပည့္ေသးဘူး ဆရာမေတြကို လုံၿခဳံေရးအေနနဲ႔ လိုက္ၿပီးေတာ့ ခင္ဦးကို ေက်ာင္းဆင္းလိုက္ပို႔တဲ့အ ခ်ိန္မွာ ေက်ာင္းဆင္းလို႔ဆိုၿပီးေတာ့ ေနာက္ကေန တူမီးနဲ႔လိုက္ပစ္တယ္။ အဲဒီမွာ ႐ြာကတစ္ေယာက္ ဒဏ္ရာရတယ္။ အဲဒီရဲ႕ေနာက္ (၁၀)လပိုင္း (၁၅)ရက္ ေန႔လယ္ (၂)နာရီက်ေတာ့ သူတို႔ PDF ေယာက်ာ္း၊ မိန္းမ သူတို႔အဖြဲ႕က (၁၀ဝ)ေလာက္ရွိတယ္‌ေပါ့ေနာ္။ ႐ြာကိုဝင္လာၿပီး ေတာ့ ႐ြာကို မီးနဲ႔ရႈိ႕တယ္။ မီးနဲ႔ရႈိ႕ၿပီးတဲ့ေနာက္ (၁၅) ရက္ေန႔ကေနၿပီးေတာ့ (၁၈)ရက္ေန႔က်ေတာ့ ဒီ႐ြာက ကေလးတစ္ေယာက္ကို သူတို႔ အေၾကာင္းမဲ့ တစ္ခါ အရင္သတ္ျဖတ္လာတယ္။ ဒီနယ္မွာ စတင္ၿပီးျဖစ္တာ အဲဒီဦးဆုံးပဲေပါ့။ စတင္ၿပီးေတာ့ သူတို႔ အေၾကာင္းမဲ့ ျပည္သူတစ္ေယာက္ကို အရင္သတ္ျဖတ္တယ္။ သတ္ျဖတ္ၿပီး အဲဒီရဲ႕ေနာက္ ဘာေတြဆက္ျဖစ္လဲဆို ေတာ့ ဒီ႐ြာကို သူတို႔ဝင္တိုက္တယ္ေပါ့။ (၂)ခါ၊ (၃)ခါ အဲဒီလိုမ်ိဳးဝင္တိုက္တယ္။ ဒါေပမဲ့ ကြၽန္မတို႔႐ြာက ခုခံၿပီးေတာ့ ျပန္ၿပီးေတာ့ လုပ္တယ္။ အဲဒီမွာ ကြၽန္မ တို႔ဘက္က အခုခ်ိန္ထိ အဲဒီလို အက်အဆုံး ဘာညာ ကေတာ့ မရွိပါဘူး။ ကြၽန္မတို႔႐ြာကို တိုက္ရင္ ျပန္ၿပီး ေတာ့ ခုခံတယ္ေပါ့။ ၿပီးေတာ့ အဲဒီရဲ႕ ေနာက္ပိုင္းက် ေတာ့ ဘာျဖစ္လဲဆိုေတာ့ ကြၽန္မတို႔႐ြာရဲ႕(၆)မိုင္ ေလာက္ ဇီးကုန္းမွာ ဆိုင္ကယ္နဲ႔ ေဈးဝယ္သြားတဲ့ အမ်ိဳးသမီး ႏွစ္ေယာက္ကိုေပါ့။ အဲဒီမွာ အမ်ိဳးသမီး တစ္ေယာက္ကိုက် ျပန္လႊတ္ၿပီး တစ္ေယာက္ကိုက် ျပည္သူ႔စစ္မိန္းမဆိုၿပီးေတာ့ ေခါင္းစဥ္တပ္ၿပီးေတာ့ ဒူးေထာက္ခိုင္းၿပီးေတာ့ ေခါင္းကိုေတ့ၿပီး ေသနတ္နဲ႔ ပစ္သတ္တယ္။ ဒါေပမဲ့ မေသဘူး။ အဲဒါလည္း ေနျပည္ေတာ္မွာ သြားကုတယ္။ အဲဒီရဲ႕ ေနာက္ပိုင္း က်ေတာ့ ဘယ္လိုျဖစ္လာတုံးဆိုေတာ့ ႐ြာက ကြၽဲ ေတြ ၊ ႏြားေတြေပါ့ေနာ္။ ဆိတ္ေတြေပါ့။ အဲဒီ ႏြား ရယ္၊ ဆိတ္ရယ္ေတြကို အဲဒီေတာထဲမွာ လိုက္ၿပီးေတာ့ သူတို႔က အုပ္စုနဲ႔ အႏိုင္က်င့္ၿပီးေတာ့ ေမာင္းသြား တာေတြ ရွိတယ္။ အဲဒီလိုမ်ိဳးေမာင္းသြားတာေတြ ရွိတာေပါ့ေနာ္။ အဲဒီရဲ႕ ေနာက္ပိုင္းက် အခု ဘာေတြ လုပ္လာလဲဆိုေတာ့ ကြၽန္မတို႔႐ြာမွာ (၂)ႏွစ္ေက်ာ္လာ ၿပီ။ အဲဒီ (၂)ႏွစ္ခြဲထဲေရာက္ၿပီ ကြၽန္မတို႔႐ြာမွာ ျဖစ္ တာ။ သြားမယ့္ လမ္းေၾကာင္းေတြမွာ ပတ္ပတ္လည္ ေတြမွာ မိုင္းေတြေထာင္ထားတယ္။ ေဈးသြားလို႔လည္း မရဘူး။ ၿပီးေတာ့ အခု စပါးေတြ ဘာေတြေရာင္းလို႔ ခ်လို႔လည္း မရဘူး။ ၿပီးေတာ့ ႐ြာနဲ႔ ပတ္သက္ၿပီးေတာ့ အကုန္လုံး ပတ္သက္တဲ့သူမွန္သမွ်ကို အကုန္လုံးသူ တို႔က ဒီ႐ြာနဲ႔ပတ္သက္တယ္ သတင္းၾကားရင္ အကုန္ လုံး သူတို႔ေခၚၿပီးေတာ့ အေၾကာင္းမရွိ အေၾကာင္း ရွာၿပီးေတာ့ အဲဒီလို သတ္ပစ္တာေတြ ရွိတယ္။ အခု ေလာေလာဆယ္ကေတာ့ ကြၽန္မတို႔က ေတာင္သူေတြ ဆိုေတာ့ ဒီဆန္စပါးမွ မေရာင္းရတာ ဘယ္ကမွ ဝင္ ေငြ မရွိဘူးေလ။ ဒီဆန္ေတြ စပါးေတြက် ေရာင္းဖို႔ဟာ သူတို႔က လမ္းေၾကာင္းေတြ အကုန္ပိတ္ဆို႔ထား တယ္။ ဝယ္တဲ့လူ ပြဲစားေတြကလည္း မဝယ္ရဲဘူး။ သူတို႔က ၿခိမ္းေျခာက္ထားတယ္ဆိုေတာ့ ကြၽန္မတို႔ အေနနဲ႔ကေတာ့ အခက္အခဲရွိတာေပါ့။

ေမး - အဲဒီမေဒါင္းလွ႐ြာမွာ စုစုေပါင္း အိမ္ေျခအားျဖင့္ ဘယ္ေလာက္ေလာက္ ရွိမလဲ။ ၿပီးေတာ့ လူဦးေရအား ျဖင့္ေကာ ဘယ္ေလာက္ေလာက္ရွိမလဲ။
ေျဖ - အိမ္ေျခကေတာ့ (၁၄၀) ေလာက္ေတာ့ရွိတယ္။ အခု ႐ြာမွာ မေနဘဲနဲ႔ အေရးအခင္းျဖစ္ၿပီးမွ ေျပးတာ။ ႐ြာကို မီးနဲ႔ရႈိ႕လို႔ ေျပးတဲ့ဟာေတြကေတာ့ (၄၀)ေလာက္ေတာ့ရွိမွာေပါ့။ အခုေလာေလာဆယ္ကေတာ့ အိမ္ေျခ (၁၀ဝ)၊ (၉၀) ေလာက္ပဲ ရွိေတာ့တာေပါ့။ ေနတဲ့လူေရာေပါ့။ လူဦးေရကေတာ့ ခါတိုင္းဆိုရင္ က်ား၊ မ (၆၀ဝ)ေအးေအးေလာက္ရွိတယ္။ အခုေတာ့ အဲဒီေလာက္ေတာ့ မရွိေတာ့ဘူး။ အခုေတာ့ (၃၀ဝ)ေက်ာ္၊ (၄၀ဝ) ေအးေအးေလာက္ရွိမွာေပါ့။ ကေလး၊ လူႀကီးေပါ့။ အဲဒီေလာက္ပဲ ရွိေတာ့မွာ။

ေမး - အဓိကေတာ့ ႐ြာသူ/႐ြာသားေတြဟာ ဘာေတြ လုပ္ကိုင္ၿပီးေတာ့ ဘယ္လိုစားေသာက္ ေနၾကလဲ။
ေျဖ- လုပ္ကိုင္စားေသာက္တာက ေတာင္ယာ အလုပ္ေပါ့။ ဒီေတာင္ယာ တစ္မ်ိဳးပဲရွိတာ။ အခု ေႏြစပါးမစိုက္ၾကရဘူး။ ဘာလို႔ဆို စက္ေတြနဲ႔ အလုပ္ လုပ္ၾကရတာဆိုေတာ့ သူတို႔က လမ္းေၾကာင္းေတြ ဒီလိုပိတ္ထားေတာ့ သြားလို႔၊ လာလို႔ မရဘူး။ စက္ထြန္ ဖို႔က ဆီေတြ ဘာေတြ မရွိဘူးေလ။ မရွိေတာ့ ဒီႏွစ္ ေႏြရာသီကို နားထားလိုက္ရတာေပါ့။ အဲဒီလိုမ်ိဳး စပါးေတြကလည္း မထြက္ဘူးေလ။ ဆန္စပါးထား စရာေနရာေတြကလည္း မရွိတဲ့အခါက်ေတာ့ ဒီေႏြ ရာသီကို က်ဳံ႕ပစ္လိုက္ရသလိုလည္း ျဖစ္တာေပါ့။

ေမး - ေနာက္တစ္ခုက မေဒါင္းလွ႐ြာက ျပည္သူ႔ စစ္႐ြာလို႔လည္း နာမည္ႀကီးေတာ့ေလ။ ဘာေၾကာင့္ ျပည္သူ႔စစ္႐ြာလို႔ ျဖစ္လာတာလဲ။ အဲဒါေလးလည္း ရွင္းေပးပါဦး။
ေျဖ - ျပည္သူ႔စစ္႐ြာဆိုၿပီးေတာ့ ဘယ္လို‌ေၾကာင့္ ေခၚလဲဆိုေတာ့ အစကေတာ့ သူတို႔(ဏႌ) က ႐ြာကို မီးရႈိ႕ၿပီးတဲ့ေနာက္ပိုင္း၊ ပညာေရးနဲ႔ပတ္သက္လို႔ လုပ္ ၿပီးတဲ့ ေနာက္ပိုင္းေတာ့ မျဖစ္ေတာ့ဘူးေပါ့။ ေနာက္ ကိုယ့္႐ြာကိုေတာ့ ဒီလိုမ်ိဳးလုပ္ေနရင္ ငါတို႔႐ြာ ပိုဆိုး သြားလိမ့္မယ္။ အဲဒီေၾကာင့္မို႔ ဒီလိုမ်ိဳးပူးေပါင္းမယ္ေပါ့။ ပူးေပါင္းၿပီးေတာ့ ကိုယ့္႐ြာကိုယ္ကာကြယ္မယ္ေပါ့။ သူမ်ား႐ြာကိုေတာ့ ေစာ္ကားေမာ္ကားလုပ္ဖို႔ေတာ့ မဟုတ္ပါဘူး။ ကိုယ့္႐ြာကိုယ္မွ မကာကြယ္ရင္ ကိုယ့္႐ြာက တစ္ေယာက္မွ က်န္မွာမဟုတ္ဘူး။ ႐ြာလည္း က်န္မွာမဟုတ္ဘူး။ ဒီထက္ပိုဆိုးလိမ့္မယ္ ဆိုၿပီးေတာ့ အဲဒီလိုမ်ိဳး ကိုယ့္႐ြာကိုယ္ကာကြယ္ဖို႔ အ တြက္ ျပည္သူ႔စစ္ဖြဲ႕လိုက္တာ။

ေမး - ျပည္သူ႔စစ္မွာက်ေတာ့ ဘယ္လိုလူေတြ တာဝန္ထမ္းေဆာင္ၾကလဲ။ ဘယ္လိုမ်ိဳးပုံစံေတြနဲ႔ တာဝန္ထမ္းေဆာင္ၾကလဲ။
ေျဖ - ဘယ္လိုမ်ိဳးတာဝန္ထမ္းေဆာင္လဲဆိုေတာ့ ျပည္သူ႔စစ္မွာေတာ့ ကြၽန္မတို႔အခု ႐ြာမွာ ကင္း (၆)ကင္းရွိတယ္ေလ။ ေန႔မွာ ေန႔ဆိုင္းက်တဲ့လူရွိတယ္။ ညမွာ ညေပါ့။ ဘယ္လိုတာဝန္ထမ္းေဆာင္လဲဆိုေတာ့ လူႀကီး လူငယ္ေပါ့။ အသက္ (၁၈)၊ (၂၀) ကေနၿပီး ေတာ့ ဟိုဘက္ (၃၅)၊ (၄၀)အထိ။ အဲဒီလိုမ်ိဳးတာဝန္ ထမ္းေဆာင္ၾကပါတယ္။

ေမး - အဲဒီလိုမ်ိဳး ျပည္သူ႔စစ္ကို မေဒါင္းလွ႐ြာမွာ ဖြဲ႕ၿပီးတဲ့ေနာက္မွာေပါ့ေနာ္ ဘယ္လိုမ်ိဳးျပႆနာေတြ ႀကဳံေတြ႕ရလဲ။ အဓိက က ဘယ္လိုမ်ိဳး တိုက္ခိုက္ခံရ တာမ်ိဳးေတြရွိလဲ။
ေျဖ - ကြၽန္မတို႔ ဒီျပည္သူ႔စစ္ဖြဲ႕ၿပီးတဲ့ေနာက္မွာ သူတို႔က အမ်ိဳးမ်ိဳးေပါ့။ ေရွာ့ဒုံးေတြ၊ ပစ္တဲ့ေရွာ့ဒုံး အေရအတြက္ဆိုရင္ အလုံး (၂၀ဝ)၊ (၃၀ဝ)ကေတာ့ ေက်ာ္ၿပီ။ ေရွာ့ဒုံးေတြနဲ႔ ပစ္ၿပီးတိုက္ခိုက္တယ္။ ေနာက္ၿပီးေတာ့ ဒ႐ုန္းေတြနဲ႔ခ်ၿပီး အဲဒီလိုမ်ိဳးေတြ တိုက္ခိုက္တယ္။ အဲဒီ႐ြာနီးကေနၿပီးေတာ့ မိုင္းေတြ ေထာင္ၿပီးေတာ့ သြားမယ့္လမ္းေၾကာင္းေတြမွာ အဲဒီလိုမ်ိဳးေတြ ေႏွာင့္ယွက္တယ္။ အခုဆို လမ္းေၾကာင္းေတြ အကုန္လုံးမွာ မိုင္းေတြရွိတယ္။ အဲဒီမွာ မိုင္းေတြေၾကာင့္ သြားလို႔လာလို႔မရေတာ့ဘူး။ မ်ားေသာအားျဖင့္ေတာ့ ေရွာ့ဒုံးေတြနဲ႔ တိုက္ခိုက္တာ မ်ားတယ္။

ေမး - ခုနက မိုင္းေတြဆိုၿပီး ေျပာသံၾကားလို႔ေလ။ မိုင္းဆိုတာ မေဒါင္းလွ႐ြာရဲ႕ ပတ္ဝန္းက်င္မွာ ေထာင္ ထားတာလား။ ဘယ္လိုပုံစံမ်ိဳးနဲ႔ေတြ႕လဲ မိုင္းေတြ အမ်ားစုကို။
ေျဖ - ဟုတ္ကဲ့။ ကြၽန္မတို႔႐ြာက မဟာနႏၵာ ကန္ ေပါင္႐ိုးဘက္ကပဲ သြားရတာကိုး။ ၿမိဳ႕ေတြ သြားရ မယ္ဆိုရင္။ ကြၽန္မတို႔႐ြာရဲ႕ ေျမာက္မွာဆိုရင္ (၆)မိုင္ေက်ာ္မွာဆိုရင္ ထန္းတစ္ပင္ဇီးကုန္းၿမိဳ႕ဆိုတာ ရွိတယ္။ ကြၽန္မတို႔ ေတာင္ဘက္ကိုသြားမယ္ဆိုရင္ မဟာနႏၵာကန္ေပါင္႐ိုးက သြားမယ္ဆိုရင္ (၆)မိုင္ ေလာက္မွာ ခင္ဦးၿမိဳ႕ဆိုတာ ရွိတယ္။ ဒီကေနၿပီးေတာ့ ဇီးကုန္းကို ေဈးဝယ္သြားမယ္ဆိုရင္ ကြၽန္မတို႔ မိုင္ ဝက္ေတာင္ မေရာက္ေသးဘူး သူတို႔က အကုန္လမ္း ေတြေပၚမွာ မိုင္းေတြ ေထာင္ထားတယ္။ ဒီမဟာ နႏၵာကန္ေပါင္႐ိုး တစ္ေလွ်ာက္မွာေပါ့ေနာ္။ အဲဒီ အေပၚမွာေတြေရာ ေအာက္မွာေတြေရာ အကုန္လုံး သူတို႔က ေနရာမလပ္ တိုက္မိုင္းေတြတို႔၊ ေျမျမႇဳပ္မိုင္း ေတြတို႔ အကုန္ေထာင္ထားတယ္။ ၿပီးရင္ သစ္ပင္ေတြ ေပၚမွာလည္း သူတို႔ စိန္ေျပာင္းေတြ ဘာေတြ ဆင္ ထားတယ္။ အဲဒီလိုမ်ိဳးေတြ ရွိတယ္။ ေထာင္ထားတာ ေတြရွိတယ္။

ေမး - အဲဒီမိုင္းေတြကို ရွင္းတာလင္းတာမ်ိဳးေကာ တပ္ဘက္က လုပ္ေပးတာေတြ ရွိလား။
ေျဖ - ရွိပါတယ္။ တစ္ခါတေလ အဲဒီလိုမ်ိဳး လမ္း ေၾကာင္းေတြ ဘာေတြ တပ္ဘက္က ရွင္းေပးတာမ်ိဳး ေတြ ရွိတယ္။ အခုေနာက္ပိုင္းေတာ့ တစ္ခါတေလ တပ္ဘက္က နည္းနည္းေလးေတာ့ အလွမ္းနည္း နည္းေဝးသြားတာေပါ့။ ဟိုလိုေဝးတာရယ္ေတာ့ မဟုတ္ဘူး။ လာေတာ့ လာမွာေပါ့ လမ္းေၾကာင္း ရွင္းဖို႔လင္းဖို႔ကေတာ့။ တပ္က အဲဒီလိုမ်ိဳး လာၿပီး ရွင္းေပး တာေတြေတာ့ရွိတယ္။

ေမး - အဲဒီလို မိုင္းေတြ ရွိေနတဲ့အတြက္ေပါ့ေနာ္ လယ္ယာလုပ္ငန္းခြင္တို႔၊ ေနာက္ စားေရးေသာက္ေရး အတြက္ ပစၥည္းဝယ္တာတို႔ သြားတဲ့အခါမ်ိဳးမွာေကာ ဘယ္လိုမ်ိဳးေတြ ႀကဳံေတြ႕ရတာမ်ိဳးရွိလဲ။
ေျဖ - ကြၽန္မတို႔ကေတာ့ အဲဒီလိုမ်ိဳး မိုင္းေတြေထာင္ ထားတဲ့အတြက္ ကြၽန္မတို႔စားေရးေသာက္တာအ တြက္ကေတာ့ အဲဒီလိုမ်ိဳး မိုင္းေတြနဲ႔က်ေတာ့ မသြား ရဲဘူးေပါ့။ ဟိုးဘက္ရက္ကဆို ကြၽန္မတို႔ ဆားေတာင္မွ ခတ္စရာမရွိဘူး။ အကုန္လုံး စရိတ္ျပတ္သြားေတာ့ လြန္ခဲ့တဲ့ သၾကၤန္မတိုင္မီေလး ႐ြာကေန စြန႔္စားၿပီး ေတာ့ ကိုယ့္ဘာသာမိုင္းေတြ ရွင္းၿပီးေတာ့ ကားနဲ႔ (၂)ေခါက္ ၊ (၃)ေခါက္ သယ္လိုက္တဲ့အတြက္ အခုေတာ့ ေတာ္ေတာ္ေလး (၄)၊ (၅)လစာ အကုန္လုံးျပည့္စုံပါၿပီ။

ေမး - ခုနက အစ္မေျပာတဲ့အထဲမွာေလ စပါးေတြက မေရာင္းရဘူးဆိုတာ မေရာင္းရတဲ့ စပါးေတြက စုစုေပါင္းအားျဖင့္ ဘယ္ေလာက္ေလာက္မ်ား ရွိလဲ။ ၿပီးေတာ့ မေရာင္းရတာေကာ ဘယ္ေလာက္ေလာက္ ၾကာၿပီလဲေပါ့။
ေျဖ - မေရာင္းရတာေတာ့ (၂)ႏွစ္ေက်ာ္သြားၿပီေပါ့။ (၁)ႏွစ္ကို (၂)သီးစားေပါ့။ ေႏြရာသီ တစ္သီးစားတယ္။ မိုးရာသီ တစ္သီးစားတယ္ဆိုေတာ့ တစ္ႏွစ္ကို (၂)သီးစားေပါ့။ ကြၽန္မတို႔႐ြာမွာ စပါးက (၂)ေသာင္း၊ (၃)ေသာင္းေတာ့ရွိမွာေပါ့။ ေရာင္းမွ မေရာင္းရတာ။ အခုက ထားစရာမရွိတာက တစ္ပိုင္းေပါ့။ မေရာင္းရ တာက တစ္ပိုင္းေပါ့။ အဲဒီက်ေတာ့ ဒီစက္ေတြက ထြန္စရာဆီေတြ ဘာေတြမရွိေတာ့ မလုပ္ရတာက တစ္ပိုင္းဆိုေတာ့ ေတာင္သူ လုပ္တာကိုေတာ့ အခု ေလာေလာဆယ္ေတာ့ နားထားရတာေပါ့။

ေမး - ဟုတ္ကဲ့။ အဲဒါဆိုရင္ အစ္မတို႔႐ြာက ျပည္သူ႔စစ္႐ြာဆိုေတာ့ေလ ေဘးပတ္ဝန္းက်င္က ႐ြာ ေတြကေကာ ဘယ္လိုမ်ိဳး အေျခအေနရွိလဲ။ အစ္မတို႔ အေနနဲ႔ ဆက္ဆံေရးလုပ္တဲ့အခါမွာ ဆက္သြယ္ေရး လုပ္တဲ့အခါမွာ ဘယ္လိုမ်ိဳး ႀကဳံေနရတာလဲ။ ေဘး ပတ္ဝန္းက်င္ေတြကေရာ ျပည္သူ႔စစ္ေတြ ရွိလား။
ေျဖ - ျပည္သူ႔စစ္ကေတာ့ မရွိဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အကုန္လုံးပတ္ပတ္လည္ သူတို႔လည္း ဘယ္လိုလို႔ ကြၽန္မ မေျပာပါဘူး။ ကြၽန္မတို႔႐ြာ တစ္႐ြာ ပဲ ျပည္သူ႔စစ္႐ြာ။ အဲဒီလို ျဖစ္ေနတာေပါ့။ ေဘး႐ြာ ေတြကလည္း ကြၽန္မတို႔႐ြာေတြနဲ႔ အဆက္အဆံ မရွိၾကဘူးေလ။

ေမး - ၂၀၂၁ခုႏွစ္ မတိုင္ခင္တုန္းကေကာ အဲဒီ႐ြာေတြ နဲ႔ အဆက္အဆံေတြ ရွိၾကလား။ ဘယ္လိုမ်ိဳးေတြရွိလဲ။
ေျဖ - ရွိတယ္။ ရွိတယ္။ ၂၀၂၁ တုန္းကေတာ့ ဒီလိုပဲ ႏွစ္႐ြာ တစ္႐ြာေနၾက၊ သြားၾက၊ လာၾက ဘာပြဲရွိရွိ ေပ်ာ္ေပ်ာ္ပါးပါး သြားၾက၊ လာၾကေပါ့။ အဲဒီလိုေတြ ေနခဲ့ၾကတာေပါ့။ အခုက်ေတာ့ အဲဒီလိုမ်ိဳးေတြ ကြၽန္မတို႔႐ြာကို ပစ္ပယ္ထားသလို ျဖစ္ေနတာေပါ့။ သူတို႔ကေတာ့ အဆက္အဆံလည္း မလုပ္ၾကဘူး။ လုပ္လည္း မလုပ္ရဲၾကဘူးေလ။ ဒါေပမဲ့ အခု ကြၽန္မ တို႔႐ြာလိုပဲ သူတို႔လည္း နာတာပါပဲ။ ဘာလို႔လဲဆိုေတာ့ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးေပါ့။ ဒါေပမဲ့ ေဘး႐ြာေတြကက်ေတာ့ စီးပြားေရးက အကုန္လုံး လုပ္လို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ စပါးေဈးေတြက ေကာင္းတယ္။ သူတို႔ကက်ေတာ့ သြားလို႔လာလို႔ ေရာင္းလို႔ စားလို႔ အဲဒီလိုမ်ိဳးေတြ အကုန္လုံး သြားလို႔လာလို႔အဆင္ေျပ၊ ေရာင္းလို႔ခ်လို႔အဆင္ေျပတယ္ဆိုေတာ့ သူတို႔ အလႉေတြ ဘာေတြေပးၾက။ သူတို႔႐ြာေတြမွာက်ေတာ့ လုပ္ေနၾကတာပဲ။

ေမး - အစ္မတို႔ မေဒါင္းလွ႐ြာရဲ႕ လက္ရွိ အခက္အခဲ က ဘာေတြမ်ားျဖစ္မလဲ။ စားဝတ္ေနေရးက အစေပါ့။
ေျဖ - အခက္အခဲျဖစ္တာက ပညာေရးလည္း အခက္အခဲျဖစ္တယ္။ အဓိကကေတာ့ က်န္းမာေရး ပါ။ က်န္းမာေရးကေတာ့ အခု ေရာဂါအေျခအေန ေတာ္ေတာ္ဆိုးေနရင္ေတာင္ သြားလို႔လာလို႔ကမရ။ အဲဒီ က်န္းမာေရးနဲ႔ပတ္သက္ရင္ေပါ့။ ပညာေရး ေရာ။ စီးပြားေရးေရာေပါ့။ အဲဒီ (၃)ခုလုံးက ေတာ္ေတာ္ ေလးကို လိုအပ္တယ္ေပါ့။

ေမး - မေဒါင္းလွ႐ြာမွာ ကေလးငယ္ေတြကို ဘယ္ လိုမ်ိဳး ပညာသင္ၾကားေပးေနတာရွိလဲ။
ေျဖ - ပညာေရးက်ေတာ့ ကြၽန္မတို႔ဆီက ႐ြာက အခု ပညာတတ္ေလးေတြေပါ့ ၊ ဘြဲ႕ရပညာတတ္ေလးေတြ ရွိတဲ့အခါက်ေတာ့ ႐ြာမွာပဲ (၅)ေယာက္ သင္ျပေပး ေနတာေလးေတြ ရွိတယ္။ အထက္တန္းေက်ာင္း အထိရွိတယ္။ မေဒါင္းလွအေျခခံပညာအထက္ တန္းေက်ာင္း။ အရင္တုန္းကေတာ့ ႐ြာနီးက ႐ြာေတြ ကေတာ့ အကုန္လုံးလာတက္ၾကတယ္ ႐ြာေက်ာင္း ကို။ အခုေတာ့ ကြၽန္မတို႔႐ြာတစ္႐ြာတည္း ။ ဘယ္သူမွ လည္း လာမတက္ၾကဘူး။

ေမး - အဲဒီေက်ာင္းမွာ ဆရာ၊ ဆရာမေတြေကာရွိလား။ ဆရာ၊ ဆရာမဆိုတာ ႏိုင္ငံေတာ္က တာဝန္ေပးထားတဲ့ ပညာေရးဝန္ထမ္းေတြေပါ့။
ေျဖ - ဆရာ၊ ဆရာမေတြလည္း တစ္ေယာက္မွ မရွိ ဘူး။ ႐ြာက လူေလးေတြပဲ ကူညီၿပီး သင္ေပးရတာ ေပါ့ေလ။ အထက္ကေတာ့ခ်မေပးဘူး။ ျဖစ္ေစခ်င္တာ ကေတာ့ ကြၽန္မတို႔က ပညာေရး၊ စီးပြားေရး၊ က်န္းမာ ေရး ဒီ(၃)ခ်က္ေလးကိုေတာ့ ျဖစ္ေအာင္ေတာ့ လုပ္ ေပးေစခ်င္တာေပါ့။ အခုက အကုန္လုံးေပါ့။ သူမွ ကိုယ္မွမဟုတ္ပါဘူး။ ကြၽန္မတို႔႐ြာရယ္လို႔ ေဘးပတ္ ဝန္းက်င္ရယ္လို႔ မေျပာပါဘူး။ အကုန္လုံး နစ္နာၾက တာပဲေလ။ ပညာေရး၊ စီးပြားေရး၊ က်န္းမာေရးေရာ။ အဘက္ဘက္က အကုန္လုံး သူမို႔လို႔၊ ငါမို႔လို႔၊ ဘယ္႐ြာမို႔လို႔၊ ညာ႐ြာမို႔လို႔ေတာ့ မဟုတ္ပါဘူး။ အကုန္ လုံးအတူတူ ဒုကၡေရာက္ၾကတာပါပဲ။

ေမး - ဟုတ္ကဲ့။ လက္ရွိ မေဒါင္းလွ႐ြာက လြန္ခဲ့တဲ့ ၂၀၂၁ ခုႏွစ္မတိုင္ခင္ကာလနဲ႔ လက္ရွိ ျဖတ္သန္း ေနရတဲ့ ကာလကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ဘာေတြ ကြာျခားသြားလဲ။
ေျဖ - ဘာေတြ ကြာျခားသြားလဲဆိုေတာ့ ကြာျခားတာ ေတာ့ ေတာ္ေတာ္ေလးကို ကြာျခားသြားပါတယ္။ အဲဒီ ၂၀၂၁ ဟိုဘက္မတိုင္ခင္ကေတာ့ လူမႈေရးေရာ၊ စီးပြားေရးေရာ၊ က်န္းမာေရးေရာ အကုန္လုံး အစစ အရာရာ အကုန္အဆင္ေျပၾကပါတယ္။ ပတ္ဝန္း က်င္နဲ႔ ႐ြာပတ္ဝန္းက်င္ေရာ ဘာပဲျဖစ္ျဖစ္ သြားလို႔ လာလို႔ အကုန္အဆင္ေျပတယ္။ ေနာက္ ဒီ ၂၀၂၁ ေနာက္ပိုင္း အာဏာထိန္းၿပီးတဲ့ ေနာက္ပိုင္းကေတာ့ ႐ြာကို ဒီလိုမ်ိဳး ဝင္လုပ္လိုက္တာေတြ ဘာေတြညာေတြ အကုန္လုံး ၿခဳံၾကည့္လိုက္မယ္ဆိုရင္ ကြၽန္မတို႔ ကိုယ့္ ဘာသာ လက္နက္ကိုင္ၿပီး ကိုယ့္႐ြာကိုယ္ကာကြယ္ လိုက္တဲ့အတြက္က်ေတာ့ အခုအကုန္လုံး အေနက်ဳံ႕ သလို ျဖစ္သြားတာ။ စီးပြားေရးေရာ၊ ပညာေရးေရာ အကုန္လုံး၊ အကုန္လုံးကို ေနာက္ေကာက္က်သလို ျဖစ္သြားတယ္။

ေမး - ဟုတ္ကဲ့ဗ်။ တစ္ခ်က္ကေလ အဲဒီမွာ ျပည္သူ႔ စစ္ဖြဲ႕ထားတဲ့႐ြာဆိုေတာ့ လက္နက္ေတြက်ေတာ့ေရာ ဘယ္လိုမ်ိဳး ရၾကလဲ။
ေျဖ - လက္နက္ေတြကေတာ့ ႏိုင္ငံေတာ္က ခ်ေပး တာပါ ကြၽန္မတို႔ကို။ အစစအရာရာ အကုန္လုံး၊ ခဲယမ္းလက္နက္ အကုန္ လုံးခ်ေပးပါတယ္။ ၿပီးေတာ့ ျပည္သူ႔စစ္ရဲ႕လစာ၊ ရိကၡာ အကုန္လုံးကို တပ္မေတာ္ လိုပဲရရွိပါတယ္။

ေမး - အဲဒီလိုမ်ိဳး ျပည္သူ႔စစ္ဖြဲ႕ၿပီးတဲ့ ေနာက္ပိုင္းမွာ ႀကီးႀကီးမားမားတိုက္ပြဲ ျဖစ္တာမ်ိဳးရွိလား မေဒါင္းလွ ႐ြာမွာ။ ဘယ္လိုပုံစံမ်ိဳးေတြ ျဖစ္ၾကလဲ။
ေျဖ - ဟုတ္ကဲ့ရွိပါတယ္။ (၃) ႀကိမ္ေတာ့ ႀကီးႀကီး မားမား ျဖစ္ပါတယ္။ ဘယ္လိုပုံစံမ်ိဳးေတြ ျဖစ္တုံးဆို ေတာ့ ကြၽန္မရက္ေတာ့ မမွတ္မိဘူး။ ပထမဦးဆုံး တစ္ခါကေတာ့ အဲဒီသူတို႔ (၇၀)၊ (၈၀)ေလာက္ေတာ့ ရွိမွာေပါ့ သူတို႔ရဲ႕အင္အားက။ သူတို႔ ထမ္းလာတဲ့ လက္လုပ္စိန္ေျပာင္းတို႔ လက္လုပ္တူမီးေသနတ္ တို႔ ေပါ့။ အဲဒါက ပထမဦးဆုံးေပါ့။ အာဏာထိန္းၿပီးေနာက္‌ ႐ြာကို သူတို႔လက္လုပ္စိန္ေျပာင္းေတြ၊ တူမီးေတြ ဘာေတြေပါ့၊ ကာဘိုင္ေတြ ဘာေတြ မပါေသးဘူး ေမာင္းျပန္ေတြနဲ႔ အဲဒီလိုမ်ိဳး သူတို႔ကြၽန္မတို႔႐ြာကို လာတိုက္တယ္။ လာတိုက္တဲ့အခါက်ေတာ့ ကြၽန္မတို႔ ႐ြာကလည္း အင္အားမ်ားမ်ား မသုံးလိုက္ရပါဘူး။ ကြၽန္မတို႔႐ြာကလည္း (၆)ေယာက္၊ (၇)ေယာက္ ေလာက္နဲ႔ ခံပစ္လိုက္တာ။ (၆)ေယာက္က ပစ္တယ္၊ (၁)ေယာက္က က်ည္ထိုးေပးတယ္။ အဲဒီမွာ သူတို႔ အက်အဆုံးမ်ားစြာနဲ႔ပဲ။ သူတို႔က ကြင္းျပင္ႀကီးထဲက တက္လာတာကိုး။ ဒီကေနရာယူၿပီး ပစ္႐ုံပဲေလ။ အဲဒီ မွာ တစ္ခါေနာက္ဆုတ္သြားတယ္။ မႏွစ္ပိုင္းေလာက္ က်ေတာ့ တစ္ခါ ႐ြာကို အလုံးအရင္းနဲ႔ လာၿပီးေတာ့ ဝိုင္းတယ္။ ပစ္တယ္။ ခတ္တယ္ေပါ့။ ကြၽန္မတို႔က လည္း ခုခံၿပီးေတာ့ ပစ္တယ္။ အဲဒါလည္း သူတို႔ အက်အဆုံးမ်ားစြာနဲ႔ သူတို႔တစ္ခါ ေနာက္ျပန္ဆုတ္ သြားရတယ္။ ၿပီးခဲ့တဲ့ တစ္လေက်ာ္ေလာက္က တစ္ခါ။ ေတာင္ဘက္ကေနၿပီးေတာ့ သူတို႔ အင္အား (၆၀)၊ (၁၀ဝ)ေလာက္နဲ႔ လာၿပီးေတာ့ ကြၽန္မတို႔႐ြာကို ဝိုင္းတယ္၊ ပစ္တယ္။ ဒါေပမဲ့ သူတို႔ေရွ႕မတိုးႏိုင္ဘူး။ သူတို႔လည္း ဒီက ခံပစ္ေတာ့ အက်အဆုံးမ်ားစြာနဲ႔ပဲ သူတို႔ ဒီလိုပဲ ေနာက္ျပန္ၿပီး ဆုတ္သြားတယ္။ ႀကီးႀကီးမားမားက ေတာ့ အဲဒီ (၃)ခါပဲ။ (၃)ခါပဲ သူတို႔ အဲဒီလို လာတိုက္တာ။ အခုခ်ိန္ထိေတာ့ ကြၽန္မတို႔႐ြာ ကေတာ့ အဲဒီလို မ်ိဳးေပါ့ေနာ္ သူတို႔ပစ္လို႔ေၾကာင့္မိုလို႔၊ သူတို႔ လုပ္လိုက္ တဲ့အတြက္ေၾကာင့္မို႔ ဘာတစ္ခုမွ ႀကီးႀကီးမားမား ထိခိုက္တာတို႔၊ ျဖစ္တာတို႔ပ်က္တာတို႔ အခုခ်ိန္ထိ မရွိေသးဘူး။ (၂)ႏွစ္ခြဲထဲ ေရာက္ပါၿပီ။

ေမး - ဟုတ္ကဲ့ ေက်းဇူးပါ။ အစ္မအေနနဲ႔ ေနာက္ထပ္ ျဖည့္စြက္ေျပာခ်င္တာ ရွိေသးလား။
ေျဖ - ဟုတ္ကဲ့။ ကြၽန္မ ျဖည့္စြက္ေျပာခ်င္တာကေတာ့ ႏိုင္ငံေတာ္ အႀကီးအကဲႀကီးေတြ၊ ေခါင္းေဆာင္ႀကီး ေတြကို ေျပာခ်င္တာကေတာ့ ကြၽန္မတို႔ ႐ြာေလးကို ေပါ့ေလ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး ဒီ (၃)ခ်က္ေလးကို ျပည့္စုံေအာင္ လုပ္ေပးဖို႔ရယ္၊ ေနာက္ တစ္ခ်က္ေျပာခ်င္တာက ကြၽန္မတို႔႐ြာကို လက္နက္ အင္အားကိုပိုၿပီးေတာ့ ေကာင္းတဲ့ဟာေလးတို႔၊ ခဲယမ္း ေပါ့။ အဲဒါမ်ိဳးေလး ကြၽန္မတို႔႐ြာကို ျပည့္စုံစြာ ခ်ေပး ထားမယ္ဆိုရင္ ကြၽန္မတို႔႐ြာက အဆင္ေျပသြားမွာပါ။ အဲဒါေလးလည္း ကြၽန္မတို႔႐ြာေလးကိုလည္း ကူညီေပးပါဦးလို႔ ေျပာခ်င္ပါတယ္။

Related news

© 2021. All rights reserved.