ချောင်းနှစ်ခွ အနီးရှိ ကျေးရွာများတွင် ကျောင်းသား၊ ကျောင်းသူ (၈၀၀) ကျော် ပြန်လည်ပညာသင်ကြားနေ

306

Pearl (NP News) - အောက်တိုဘာ ၁၂
ချောင်းနှစ်ခွ အနီးရှိ ကျေးရွာများမှ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၈၀၀) ကျော်ကို ပညာသင်ကြားပေးနေ ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ နှင့် ကြာအင်းဆိပ်ကြီးကြားရှိ ကျေးရွာများတွင် ရွာသားများ ပြန်လည် ဝင်ရောက်နေပြီး လယ်စိုက်ပျိုးရေး လုပ်ငန်းများ ကို ပြန်လည်လုပ်ကိုင် လျက်ရှိကာ ချောင်းနှစ်ခွသို့ လှေကြီးများဖြင့် ကူး၍လည်းကောင်း ဒါလီချောင်းအား ပြည်သူလူထုအစီအစဥ်ဖြင့် ကိုယ်ထူ ကိုယ်ထ ယာယီတံတားထိုး၍လည်းကောင်း ဖြတ်သန်းသွားလာလျက် ရှိကြောင်းလည်း သိရသည်။
ထို့ပြင် ချောင်းနှစ်ခွအနီးရှိ သံပရာရွာ၊ ရွှေလင်းကျေးရွာ၊ ကျောက်ခဲကုန်းရွာ နှင့် မင်္ဂလာကုန်းရွာ စသည့် ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၃) ကျောင်း၊ စုစုပေါင်း (၄) ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူ (၈၅၀) ခန့် ကျောင်းပြန်လည် တက်ရောက်နေပြီး ဖြစ်ကြောင်း လည်း သိရသည်။
“ ချောင်းနှစ်ခွ၊ မရိကလ၊ ကော့ကမာ၊ သံပရာ၊ ဒါလီ၊ ရွှေလင်း၊ ကျောက်ခဲကုန်း၊ မင်္ဂလာကုန်း ရွာများမှာ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးစာသင်ကြားလျက်ရှိပါတယ်။ သံပရာရွာ အထက်တန်းကျောင်း၊ ကျောင်းသူ/သား ၇၀၀ ကျော်ကျောင်းအပ်ပြီး၊ ဆရာ/ ဆရာမ ၃၈ ဦးခန့် ပါ။ ရွှေလင်းကျေးရွာ၊ အမကကျောင်း ကျောင်းသူ/ကျောင်းသား ၅၀၊ ကျောက်ခဲကုန်းရွာ အမကကျောင်း ကျောင်းသူ/ကျောင်းသား ၅၀၊ မင်္ဂလာကုန်း အမကကျောင်း ကျောင်းသူ/ကျောင်းသား ၅၀ ၊ ဆရာ ဆရာမ ၅ ဦးစီပါ ညီ။ စုစုပေါင်း အထက ၁ ကျောင်း၊ အမက ၃ ကျောင်း၊ စုစုပေါင်း ကျောင်းသူ/ ကျောင်းသား ၈၅၀ ခန့် ကျောင်းပြန်လည်တက် ရောက်နိုင်မည်ဖြစ်ပါသည်” ဟု ဒေသခံ တစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်မှစ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ချောင်းနှစ်ခွအနီးရှိ ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးများဆောင်ရွက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရကာ လက်ရှိတွင် အဆိုပါကျေးရွာများကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင် ခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ေခ်ာင္းႏွစ္ခြ အနီးရွိ ေက်း႐ြာမ်ားတြင္ ေက်ာင္းသား၊ ေက်ာင္းသူ (၈၀၀) ေက်ာ္ ျပန္လည္ပညာသင္ၾကားေန
Pearl (NP News) - ေအာက္တိုဘာ ၁၂
ေခ်ာင္းႏွစ္ခြ အနီးရွိ ေက်း႐ြာမ်ားမွ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူ (၈၀၀) ေက်ာ္ကို ပညာသင္ၾကားေပးေန ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
တပ္မေတာ္ အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြ ႏွင့္ ၾကာအင္းဆိပ္ႀကီးၾကားရွိ ေက်း႐ြာမ်ားတြင္ ႐ြာသားမ်ား ျပန္လည္ ဝင္ေရာက္ေနၿပီး လယ္စိုက္ပ်ိဳးေရး လုပ္ငန္းမ်ား ကို ျပန္လည္လုပ္ကိုင္ လ်က္ရွိကာ ေခ်ာင္းႏွစ္ခြသို႔ ေလွႀကီးမ်ားျဖင့္ ကူး၍လည္းေကာင္း ဒါလီေခ်ာင္းအား ျပည္သူလူထုအစီအစဥ္ျဖင့္ ကိုယ္ထူ ကိုယ္ထ ယာယီတံတားထိုး၍လည္းေကာင္း ျဖတ္သန္းသြားလာလ်က္ ရွိေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေခ်ာင္းႏွစ္ခြအနီးရွိ သံပရာ႐ြာ၊ ေ႐ႊလင္းေက်း႐ြာ၊ ေက်ာက္ခဲကုန္း႐ြာ ႏွင့္ မဂၤလာကုန္း႐ြာ စသည့္ ေက်း႐ြာမ်ားရွိ အေျခခံပညာအထက္တန္းေက်ာင္း (၁)ေက်ာင္းႏွင့္ မူလတန္းေက်ာင္း (၃) ေက်ာင္း၊ စုစုေပါင္း (၄) ေက်ာင္းတို႔တြင္ ေက်ာင္းသား/ေက်ာင္းသူ (၈၅၀) ခန႔္ ေက်ာင္းျပန္လည္ တက္ေရာက္ေနၿပီး ျဖစ္ေၾကာင္း လည္း သိရသည္။
“ ေခ်ာင္းႏွစ္ခြ၊ မရိကလ၊ ေကာ့ကမာ၊ သံပရာ၊ ဒါလီ၊ ေ႐ႊလင္း၊ ေက်ာက္ခဲကုန္း၊ မဂၤလာကုန္း ႐ြာမ်ားမွာ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ၿပီးစာသင္ၾကားလ်က္ရွိပါတယ္။ သံပရာ႐ြာ အထက္တန္းေက်ာင္း၊ ေက်ာင္းသူ/သား ၇၀၀ ေက်ာ္ေက်ာင္းအပ္ၿပီး၊ ဆရာ/ ဆရာမ ၃၈ ဦးခန္႔ ပါ။ ေ႐ႊလင္းေက်း႐ြာ၊ အမကေက်ာင္း ေက်ာင္းသူ/ေက်ာင္းသား ၅၀၊ ေက်ာက္ခဲကုန္း႐ြာ အမကေက်ာင္း ေက်ာင္းသူ/ေက်ာင္းသား ၅၀၊ မဂၤလာကုန္း အမကေက်ာင္း ေက်ာင္းသူ/ေက်ာင္းသား ၅၀ ၊ ဆရာ ဆရာမ ၅ ဦးစီပါ ညီ။ စုစုေပါင္း အထက ၁ ေက်ာင္း၊ အမက ၃ ေက်ာင္း၊ စုစုေပါင္း ေက်ာင္းသူ/ ေက်ာင္းသား ၈၅၀ ခန္႔ ေက်ာင္းျပန္လည္တက္ ေရာက္ႏိုင္မည္ျဖစ္ပါသည္” ဟု ေဒသခံ တစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလလယ္ခန႔္မွစ၍ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ေခ်ာင္းႏွစ္ခြအနီးရွိ ေက်း႐ြာမ်ားတြင္ နယ္ေျမရွင္းလင္းေရးမ်ားေဆာင္႐ြက္ခဲ့သျဖင့္ တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး ေဒသခံမ်ား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ခဲ့ရကာ လက္ရွိတြင္ အဆိုပါေက်း႐ြာမ်ားကို တပ္မေတာ္က အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ ခဲ့ျခင္းျဖစ္သည္။