ဂါဇာအပစ်အခတ်ရပ်စဲရေးက ဆက်ရှိနေလိမ့်ဦးမယ်လို့ ယုံကြည်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 73

Pika (NP News) - အောက်တိုဘာ ၁၂

အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့ဟာ တိုက်ခိုက်ရတာကို ငြီးငွေ့လာမှုနဲ့အတူ အောက်တိုဘာလ(၁ဝ)ရက် က စတင်ခဲ့တဲ့ ဂါဇာမှာ အစ္စရေးရဲ့အပစ်အခတ်ရပ်စဲထားမှုဟာ ဆက်ရှိနေလိမ့်ဦးမယ်ဆိုတာကို ယုံကြည်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အပစ်အခတ်ရပ်စဲရေးက ဆက်ရှိနေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ အစ္စရေးနဲ့ဟားမက် လက်နက်ကိုင်အဖွဲ့တို့ဟာ တိုက်ခိုက်ရတာကို ငြီးငွေ့နေကြပါပြီ” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ယခုသီတင်းပတ် အတွင်း အစ္စရေးနဲ့အီဂျစ်နိုင်ငံတို့ကို သွားရောက်လည်ပတ်မယ့် ၎င်းရဲ့အစီအစဉ်တွေကို ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
လာမယ့်အောက်တိုဘာလ(၁၃)ရက်မှာ ပျက်စီးနေတဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂါတ်ကိုဆွေးနွေးဖို့အတွက် အီဂျစ်မှာ ခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။ ပြီးတော့ ဂါဇာအပစ်အခတ်ရပ်စဲရေးဟာ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ် ပိုင်းဒေသငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ ဒေါ်နယ်ထရမ့်က “အခုကျွန်တော်တို့မှာ အပူအပင်တွေနည်းနည်းရှိပေမယ့် အဲဒီ မီးတွေကို မြန်မြန်ငြိမ်း သတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာအပစ္အခတ္ရပ္စဲေရးက ဆက္ရွိေနလိမ့္ဦးမယ္လို႔ ယုံၾကည္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၂
အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ဟာ တိုက္ခိုက္ရတာကို ၿငီးေငြ႕လာမႈနဲ႔အတူ ေအာက္တိုဘာလ(၁ဝ)ရက္ က စတင္ခဲ့တဲ့ ဂါဇာမွာ အစၥေရးရဲ႕အပစ္အခတ္ရပ္စဲထားမႈဟာ ဆက္ရွိေနလိမ့္ဦးမယ္ဆိုတာကို ယုံၾကည္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အပစ္အခတ္ရပ္စဲေရးက ဆက္ရွိေနဦးမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ အစၥေရးနဲ႔ဟားမက္ လက္နက္ကိုင္အဖြဲ႕တို႔ဟာ တိုက္ခိုက္ရတာကို ၿငီးေငြ႕ေနၾကပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ယခုသီတင္းပတ္ အတြင္း အစၥေရးနဲ႔အီဂ်စ္ႏိုင္ငံတို႔ကို သြားေရာက္လည္ပတ္မယ့္ ၎ရဲ႕အစီအစဥ္ေတြကို ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
လာမယ့္ေအာက္တိုဘာလ(၁၃)ရက္မွာ ပ်က္စီးေနတဲ့ ဂါဇာကမ္းေျမာင္ေဒသရဲ႕အနာဂါတ္ကိုေဆြးေႏြးဖို႔အတြက္ အီဂ်စ္မွာ ေခါင္းေဆာင္အမ်ားအျပားနဲ႔ ေတြ႕ဆုံသြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ အဲဒီေဆြးေႏြးပြဲေတြဟာ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕မွာ ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အစၥေရးလႊတ္ေတာ္မွာ မိန႔္ခြန္းေျပာသြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ပါတယ္။ ၿပီးေတာ့ ဂါဇာအပစ္အခတ္ရပ္စဲေရးဟာ ပိုမိုက်ယ္ျပန႔္တဲ့ အေရွ႕အလယ္ ပိုင္းေဒသၿငိမ္းခ်မ္းေရးကို ဦးတည္သြားႏိုင္မယ္လို႔ ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။ ေဒၚနယ္ထရမ့္က “အခုကြၽန္ေတာ္တို႔မွာ အပူအပင္ေတြနည္းနည္းရွိေပမယ့္ အဲဒီ မီးေတြကို ျမန္ျမန္ၿငိမ္း သတ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.