တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကို မြောက်ကိုရီးယားထုတ်ပြန်ပြသ

 409

Pika (NP News) - အောက်တိုဘာ ၁၂

နိုင်ငံခြားခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ကြီးမားတဲ့စစ်ရေးပြပွဲအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ် အပါအဝင် နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ စစ်တပ်ရဲ့အားအကောင်းဆုံးလက်နက်တွေကို ထုတ်ပြန်ပြသခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ကင်ဂျုံအန်းဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကို လာမယ့်သီတင်းပတ်တွေအတွင်း စမ်းသပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ အောက်တိုဘာလ(၁၀)ရက်မှာ စတင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အာဏာရအလုပ်သမားပါတီ တည်ထောင်မှုနှစ်(၈၀)ပြည့် အထိမ်းအမှတ်ချီတက်ပွဲဟာ ကင်ဂျုံအန်းရဲ့ ကြီးထွားလာနေတဲ့ သံတမန်ရေးရာခြေလှမ်းနဲ့ အမေရိကန်နဲ့ အာရှတို့မှာရှိတဲ့ပြိုင်ဘက်တွေကို ပစ်မှတ်ထားနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေတည်ဆောက်ဖို့ တွန်းအားတွေကို မီးမောင်းထိုးပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ရေးပြပွဲအခမ်းအနားအတွင်း အင်အားအပြင်းဆုံးနျူကလီးယား မဟာဗျူဟာမြောက်လက်နက်စနစ်လို့ ဖော်ပြပြောဆိုခဲ့တဲ့ Hwasong-20 အမည်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကို ပြသခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ တောင်ကိုရီးယားကပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယခင်က ထုတ်ပြန်ပြောဆိုထားတဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည် နဲ့ အသံထက်မြန်တဲ့ဒုံးကျည်တွေကို စစ်ရေးပြပွဲအခမ်းအနားအတွင်း ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ကို ေျမာက္ကိုရီးယားထုတ္ျပန္ျပသ
Pika (NP News) - ေအာက္တိုဘာ ၁၂
ႏိုင္ငံျခားေခါင္းေဆာင္ေတြတက္ေရာက္ခဲ့တဲ့ႀကီးမားတဲ့စစ္ေရးျပပြဲအတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ အပါအဝင္ န်ဴကလီးယားလက္နက္တပ္ဆင္ထားတဲ့ စစ္တပ္ရဲ႕အားအေကာင္းဆုံးလက္နက္ေတြကို ထုတ္ျပန္ျပသခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ကင္ဂ်ဳံအန္းဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ကို လာမယ့္သီတင္းပတ္ေတြအတြင္း စမ္းသပ္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္း သိရပါတယ္။ ေအာက္တိုဘာလ(၁၀)ရက္မွာ စတင္ခဲ့တဲ့ ေျမာက္ကိုရီးယားရဲ႕ အာဏာရအလုပ္သမားပါတီ တည္ေထာင္မႈႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ခ်ီတက္ပြဲဟာ ကင္ဂ်ဳံအန္းရဲ႕ ႀကီးထြားလာေနတဲ့ သံတမန္ေရးရာေျခလွမ္းနဲ႔ အေမရိကန္နဲ႔ အာရွတို႔မွာရွိတဲ့ၿပိဳင္ဘက္ေတြကို ပစ္မွတ္ထားႏိုင္တဲ့ စစ္လက္နက္ပစၥည္းေတြတည္ေဆာက္ဖို႔ တြန္းအားေတြကို မီးေမာင္းထိုးျပခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီစစ္ေရးျပပြဲအခမ္းအနားအတြင္း အင္အားအျပင္းဆုံးန်ဴကလီးယား မဟာဗ်ဴဟာေျမာက္လက္နက္စနစ္လို႔ ေဖာ္ျပေျပာဆိုခဲ့တဲ့ Hwasong-20 အမည္ရွိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ကို ျပသခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ေတာင္ကိုရီးယားကပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိတယ္လို႔ ယခင္က ထုတ္ျပန္ေျပာဆိုထားတဲ့ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္၊ ခ႐ုဇ္ဒုံးက်ည္ နဲ႔ အသံထက္ျမန္တဲ့ဒုံးက်ည္ေတြကို စစ္ေရးျပပြဲအခမ္းအနားအတြင္း ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.