မန္တလေးတွင် စွန့်ပစ်ပစ္စည်းများအတွင်းပါလာသည့် မိုင်းပေါက်ကွဲ၍ (၁)ဦးသေဆုံး

716

သန့်ဇင် (NP News) - အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စွန့်ပစ်ပစ္စည်းများအတွင်းပါလာသည့် မိုင်းပေါက်ကွဲ၍ (၁)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပေါက်ကွဲမှုသည် ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်)၊ ညနေ ၃ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က ပြည်ကြီးတံခွန်မြိုနယ်၊(စ)ရပ်ကွက်၊ ၅၄ ဘီလမ်း၊ ၁၂၃ နှင့် ၁၂၄ လမ်းကြားရှိနေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပန်းရံလား လက်သမားလားလုပ်တဲ့သူက နောင်ချိုကသံတိုသံစတွေသယ်လာတာ။ အဲဒီသယ်လာတဲ့အထဲမှာ ပိုက်ပုံစံမျိုးဟာတွေလည်း စုပြီးထည့်ပြီးသယ်လာတာပေါ့။ အဲဒီမှာ အိမ်မှာရှိတဲ့လူက ထုတ်ကြည့်ရင်းနဲ့ဖြစ်တာ။ ထုတ်ကြည့်ရင်းနဲ့ မိုင်းမှန်းသိလို့ ပစ်ထုတ်လိုက်တာမှာ ကျန်တဲ့လူတွေကို ထိသွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် (၃) နှစ်အရွယ် ကလေးငယ်(၁)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီး(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်နေရာအား သက်ဆိုင်ရာက စစ်ဆေးမှုများ လာရောက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“အဲဒီမှာ (၁)ယောက် သေတယ်။ မနေ့က အဲဒီလိုဖြစ်ပြီး လမ်းပိတ်ပြီး အဲဒီအိမ်ကို စစ်ဆေးတာတွေ့ရတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
မႏၲေလးတြင္ စြန႔္ပစ္ပစၥည္းမ်ားအတြင္းပါလာသည့္ မိုင္းေပါက္ကြဲ၍ (၁)ဦးေသဆုံး
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၂
မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ စြန႔္ပစ္ပစၥည္းမ်ားအတြင္းပါလာသည့္ မိုင္းေပါက္ကြဲ၍ (၁)ဦးေသဆုံးကာ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ေပါက္ကြဲမႈသည္ ယမန္ေန႔ (ေအာက္တိုဘာ ၁၁ ရက္)၊ ညေန ၃ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳနယ္၊(စ)ရပ္ကြက္၊ ၅၄ ဘီလမ္း၊ ၁၂၃ ႏွင့္ ၁၂၄ လမ္းၾကားရွိေနအိမ္တစ္အိမ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပန္းရံလား လက္သမားလားလုပ္တဲ့သူက ေနာင္ခ်ိဳကသံတိုသံစေတြသယ္လာတာ။ အဲဒီသယ္လာတဲ့အထဲမွာ ပိုက္ပုံစံမ်ိဳးဟာေတြလည္း စုၿပီးထည့္ၿပီးသယ္လာတာေပါ့။ အဲဒီမွာ အိမ္မွာရွိတဲ့လူက ထုတ္ၾကည့္ရင္းနဲ႔ျဖစ္တာ။ ထုတ္ၾကည့္ရင္းနဲ႔ မိုင္းမွန္းသိလို႔ ပစ္ထုတ္လိုက္တာမွာ က်န္တဲ့လူေတြကို ထိသြားတာ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ေပါက္ကြဲမႈေၾကာင့္ အသက္ (၃) ႏွစ္အ႐ြယ္ ကေလးငယ္(၁)ဦး မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသမီး(၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး အခင္းျဖစ္ေနရာအား သက္ဆိုင္ရာက စစ္ေဆးမႈမ်ား လာေရာက္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
“အဲဒီမွာ (၁)ေယာက္ ေသတယ္။ မေန႔က အဲဒီလိုျဖစ္ၿပီး လမ္းပိတ္ၿပီး အဲဒီအိမ္ကို စစ္ေဆးတာေတြ႕ရတယ္” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။