ကမ္ဘာ့အကြီးဆုံး ပျံသန်းနိုင်သည့် လေဖောင်းရဟတ်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်

 505

Pika (NP News) - အောက်တိုဘာ ၁၂

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လေဖောင်းရဟတ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ ကြောင်းသိရ သည်။ အဆိုပါ စမ်းသပ်ပျံ သန်းမှုအတွင်း လေဖောင်းရဟတ် သည် လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး လျှပ်စစ်ဓာတ် အားထုတ်လုပ်ပေးနိုင်သည့် ပထမဆုံး လေဖောင်းရဟတ်တစ်ခုဖြစ်လာခဲ့ ကြောင်းသိရသည်။
လေရဟတ်များသည် ပြန်လည်ပြည့်ဖြိုးမြဲ စိမ်းလန်းသောစွမ်းအင်အတွက် တရုတ်နိုင်ငံ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ် နေပြီဖြစ်သော်လည်း တရုတ်အစိုးရသည် ကုန်ကျစရိတ်ကိုလျှော့ချရန်နှင့် တပ်ဆင်မှုဆိုင်ရာ စွမ်းရည်များ ကိုမြှင့်တင်နိုင်ရန် အမြဲတမ်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါကြိုးပမ်းမှုများနှင့်အတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေစဉ်အချိန်အတွင်း လျင်မြန်စွာနေရာ ရွှေ့ ပြောင်းနိုင်သည့် ဘက်စုံသုံးလေ ဖောင်းရဟတ်ကို တရုတ်က တီထွင်ဖန်တီးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ (၁၅၀ဝ) ဟုအမည်ပေးထားသည့် ရေပေါ်လေအားလျှပ်စစ်စနစ်သည် (၁၃)ထပ်ရှိသော အဆောက်အအုံတစ်ခုခန့်မြင့်ကာ အရှည်မှာ ဘတ်စ ကက်ဘောတစ်ကွင်းစာခန့်ရှိကြောင်းသိရသည်။
ထို့ပြင် ၎င်းသည် ကြီးမားသောရေပေါ်လေ ယာဉ်အင်ဂျင်နှင့်ဆင်တူပြီး အမြင့်(၁၅၀ဝ)မီတာ အထိလည် ပတ်နိုင် စွမ်းရှိကာ ပုံမှန်လေရဟတ်များထက် ပိုမိုတည်ငြိမ်ကြောင်းသိရသည်။ Beijing Linyi Yunchuan Energy Technology Co. Ltd ကုမ္ပဏီကတီထွင်ဖန်တီးခဲ့သော ကမ္ဘာ့အကြီးဆုံး ပျံသန်းနိုင်သည့်လေဖောင်းရဟတ်တွင် ရဟတ်ကိုတည် ငြိမ်စွာမောင်းနှင်ရန်အတွက် ဟီလီယမ်ဖြည့်ထားသော ဂက်စ်အိတ်တစ်ခုပါရှိကြောင်းသိရသည်။
(၁၀ဝ)ကီလိုဝပ်အဆင့်သတ်မှတ်ထားသော ဂျင်နရေတာ(၁၂)လုံး၏အကူအညီဖြင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်သည့်စနစ်သည် ကြိုးများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားကို မြေပြင်သို့ ပုံမှန်ပို့ ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် လေဖောင်းရဟတ်များ၏ အဓိကအားသာချက်တစ်ခုမှာ ကြီးမားသောသတ္တုမျှော်စင်များနှင့် ရဟတ်များ ဆောက်လုပ်ရန် မလိုအပ်ခြင်းဖြစ်ပြီး ကုန်ကျစရိတ် များကို သိသိသာသာလျှော့ချပေးနိုင်ကြောင်းသိရသည်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံး ပ်ံသန္းႏိုင္သည့္ ေလေဖာင္းရဟတ္ကို တ႐ုတ္က ေအာင္ျမင္စြာ စမ္းသပ္
Pika (NP News) - ေအာက္တိုဘာ ၁၂

တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔အႀကီးဆုံး ေလေဖာင္းရဟတ္တစ္ခုကို ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏိုင္ခဲ့ ေၾကာင္းသိရ သည္။ အဆိုပါ စမ္းသပ္ပ်ံ သန္းမႈအတြင္း ေလေဖာင္းရဟတ္ သည္ လွ်ပ္စစ္ဓာတ္အား (၁)မဂၢါဝပ္ ထုတ္လုပ္ေပးႏိုင္ခဲ့ၿပီး လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္ေပးႏိုင္သည့္ ပထမဆုံး ေလေဖာင္းရဟတ္တစ္ခုျဖစ္လာခဲ့ ေၾကာင္းသိရသည္။
ေလရဟတ္မ်ားသည္ ျပန္လည္ျပည့္ၿဖိဳးၿမဲ စိမ္းလန္းေသာစြမ္းအင္အတြက္ တ႐ုတ္ႏိုင္ငံ၏ ႀကီးမားေသာ အစိတ္အပိုင္းတစ္ခုျဖစ္ ေနၿပီျဖစ္ေသာ္လည္း တ႐ုတ္အစိုးရသည္ ကုန္က်စရိတ္ကိုေလွ်ာ့ခ်ရန္ႏွင့္ တပ္ဆင္မႈဆိုင္ရာ စြမ္းရည္မ်ား ကိုျမႇင့္တင္ႏိုင္ရန္ အၿမဲတမ္းႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါႀကိဳးပမ္းမႈမ်ားႏွင့္အတူ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးေနစဥ္အခ်ိန္အတြင္း လ်င္ျမန္စြာေနရာ ေ႐ႊ႕ ေျပာင္းႏိုင္သည့္ ဘက္စုံသုံးေလ ေဖာင္းရဟတ္ကို တ႐ုတ္က တီထြင္ဖန္တီးခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ (၁၅၀ဝ) ဟုအမည္ေပးထားသည့္ ေရေပၚေလအားလွ်ပ္စစ္စနစ္သည္ (၁၃)ထပ္ရွိေသာ အေဆာက္အအုံတစ္ခုခန႔္ျမင့္ကာ အရွည္မွာ ဘတ္စ ကက္ေဘာတစ္ကြင္းစာခန႔္ရွိေၾကာင္းသိရသည္။
ထို႔ျပင္ ၎သည္ ႀကီးမားေသာေရေပၚေလ ယာဥ္အင္ဂ်င္ႏွင့္ဆင္တူၿပီး အျမင့္(၁၅၀ဝ)မီတာ အထိလည္ ပတ္ႏိုင္ စြမ္းရွိကာ ပုံမွန္ေလရဟတ္မ်ားထက္ ပိုမိုတည္ၿငိမ္ေၾကာင္းသိရသည္။ Beijing Linyi Yunchuan Energy Technology Co. Ltd ကုမၸဏီကတီထြင္ဖန္တီးခဲ့ေသာ ကမာၻ႔အႀကီးဆုံး ပ်ံသန္းႏိုင္သည့္ေလေဖာင္းရဟတ္တြင္ ရဟတ္ကိုတည္ ၿငိမ္စြာေမာင္းႏွင္ရန္အတြက္ ဟီလီယမ္ျဖည့္ထားေသာ ဂက္စ္အိတ္တစ္ခုပါရွိေၾကာင္းသိရသည္။
(၁၀ဝ)ကီလိုဝပ္အဆင့္သတ္မွတ္ထားေသာ ဂ်င္နေရတာ(၁၂)လုံး၏အကူအညီျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ လုပ္သည့္စနစ္သည္ ႀကိဳးမ်ားမွ တစ္ဆင့္ လွ်ပ္စစ္ဓာတ္အားကို ေျမျပင္သို႔ ပုံမွန္ပို႔ ေဆာင္ေပးမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ေလေဖာင္းရဟတ္မ်ား၏ အဓိကအားသာခ်က္တစ္ခုမွာ ႀကီးမားေသာသတၱဳေမွ်ာ္စင္မ်ားႏွင့္ ရဟတ္မ်ား ေဆာက္လုပ္ရန္ မလိုအပ္ျခင္းျဖစ္ၿပီး ကုန္က်စရိတ္ မ်ားကို သိသိသာသာေလွ်ာ့ခ်ေပးႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.