ရေဦးမြို့နယ်၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အလောင်း(၃)လောင်းတွေ့ရှိခဲ့ဟု ရဲတပ်ဖွဲ့ဆို

 666

NP News - ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်း(၂)လောင်း နှင့် အမျိုးသမီး အလောင်း(၁)လောင်းကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် ရေဦးမြို့နယ်၊ ရွာမိသာ-ညောင်လှကျေးရွာသွား မူးဘောင်လမ်းပေါ်၌ အထက်ပါအလောင်း(၃)လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာရှိ အလောင်း(၃)လောင်းတွင် ခန္ဒာကိုယ်အနှံ့၌ ပြတ်ရှဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အထက်ပါကဲ့သို့ သေဆုံးသူများသည် ရေဦးမြို့နယ်၊ မုတ်စီကျေးရွာအတွင်းနေထိုင်သူများဖြစ်ပြီး ဦးကံ ကောင်း(၇၂)နှစ်၊ ဦးဝင်းဗိုလ်(၄၇)နှစ်နှင့် ဒေါ်စန်းနွယ်(၄၅)နှစ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများကို စစ်ဆေးနိုင်ရန် ရေဦးမြို့နယ်ကုတင်(၁ဝဝ)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထပ်မံပြောဆိုထားသည်။

zawgyi version
ေရဦးၿမိဳ႕နယ္၌ ဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည့္ အေလာင္း(၃)ေလာင္းေတြ႕ရွိခဲ့ဟု ရဲတပ္ဖြဲ႕ဆို

NP News - ဇြန္ ၂၇

စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္၌ ဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း(၂)ေလာင္း ႏွင့္ အမ်ိဳးသမီး အေလာင္း(၁)ေလာင္းကို ေတြ႕ရွိခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထား သည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၄ ရက္၊ နံနက္ ၁ဝ နာရီအခ်ိန္တြင္ ေရဦးၿမိဳ႕နယ္၊ ႐ြာမိသာ-ေညာင္လွေက်း႐ြာသြား မူးေဘာင္လမ္းေပၚ၌ အထက္ပါအေလာင္း(၃)ေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါေနရာရွိ အေလာင္း(၃)ေလာင္းတြင္ ခႏၵာကိုယ္အႏွံ႔၌ ျပတ္ရွဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

အထက္ပါကဲ့သို႔ ေသဆုံးသူမ်ားသည္ ေရဦးၿမိဳ႕နယ္၊ မုတ္စီေက်း႐ြာအတြင္းေနထိုင္သူမ်ားျဖစ္ၿပီး ဦးကံ ေကာင္း(၇၂)ႏွစ္၊ ဦးဝင္းဗိုလ္(၄၇)ႏွစ္ႏွင့္ ေဒၚစန္းႏြယ္(၄၅)ႏွစ္တို႔ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဆုံးသူမ်ားကို စစ္ေဆးႏိုင္ရန္ ေရဦးၿမိဳ႕နယ္ကုတင္(၁ဝဝ)ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထပ္မံေျပာဆိုထားသည္။

Related news

© 2021. All rights reserved.