လာမည့် ဇူလိုင်လအတွင်း အယ်လ်နီညို ဖြစ်ပွားနိုင်ကြောင်း မိုးဇလအသိပေး

3368

စော (NP News) - ဇွန် ၂၈
လာမည့် ဇူလိုင်လအတွင်းပေါ်ပေါက်လာနိုင်သည့် အားအတင့်အသင့်ရှိသည့် အယ်လ်နီညိုကြောင့် အပူချိန်မြင့်မားမှုများ ဖြစ်ပွားလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ (ဇွန်လ ၂၈ ရက်)တွင် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုများသည် အားအနည်းငယ်ရှိသည့် အယ်လ်နီညိုအခြေအနေ၌ရှိနေကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံတကာ မိုးလေဝသဌာနများရှိ သင်္ချာပုံစံပြု မော်ဒယ်များ၏ ခန်းမှန်းချက်များအရ ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
အဆိုပါအယ်လ်နီညိုသည် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်နေသည့် အယ်လ်နီညိုဖြစ်သော်လည်း အကျိုးသက်ရောက်မှုများကြုံတွေ့နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
၎င်း၏ အကျိုးသက်ရောက်မှုသည် မိုးရွာသွန်းမှု ပုံစံမူမမှန်ခြင်း၊ အပူချိန် မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း စသည့် ရာသီဥတုအပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အယ်လ်နီညိုဖြစ်စဉ်အရ အပူချိန်မြင့်မားခြင်း၊ နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းခြင်း ၊ ပူပြင်းခြောက်သွေ့ခြင်းစသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
လတ်တလောမိုးလေဝသအခြေအနေများအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

zawgyi version
လာမည့္ ဇူလိုင္လအတြင္း အယ္လ္နီညိဳ ျဖစ္ပြားႏိုင္ေၾကာင္း မိုးဇလအသိေပး
ေစာ (NP News) - ဇြန္ ၂၈
လာမည့္ ဇူလိုင္လအတြင္းေပၚေပါက္လာႏိုင္သည့္ အားအတင့္အသင့္ရွိသည့္ အယ္လ္နီညိဳေၾကာင့္ အပူခ်ိန္ျမင့္မားမႈမ်ား ျဖစ္ပြားလာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔ (ဇြန္လ ၂၈ ရက္)တြင္ အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။
အီေကြတာအနီးရွိ အပူပိုင္းပစိဖိတ္သမုဒၵရာ (Tropical Pacific Ocean)၏ ပင္လယ္ေရ မ်က္ႏွာျပင္အပူခ်ိန္ႏွင့္ ေလထုမ်ားသည္ အားအနည္းငယ္ရွိသည့္ အယ္လ္နီညိဳအေျခအေန၌ရွိေနေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ႏိုင္ငံတကာ မိုးေလဝသဌာနမ်ားရွိ သခ်ၤာပုံစံျပဳ ေမာ္ဒယ္မ်ား၏ ခန္းမွန္းခ်က္မ်ားအရ ဇူလိုင္လအတြင္း အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳ အေျခအေနသို႔ ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။
အဆိုပါအယ္လ္နီညိဳသည္ အပူပိုင္းပစိဖိတ္သမုဒၵရာ၌ ျဖစ္ေပၚေနသည့္ အယ္လ္နီညိဳျဖစ္ေသာ္လည္း အက်ိဳးသက္ေရာက္မႈမ်ားႀကဳံေတြ႕ႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
၎၏ အက်ိဳးသက္ေရာက္မႈသည္ မိုး႐ြာသြန္းမႈ ပုံစံမူမမွန္ျခင္း၊ အပူခ်ိန္ ျမင့္မားျခင္း၊ မုန္တိုင္းျဖစ္ေပၚမႈ မူမမွန္ျခင္း စသည့္ ရာသီဥတုအေျပာင္းအလဲမ်ား ျဖစ္ေပၚေလ့ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အယ္လ္နီညိဳျဖစ္စဥ္အရ အပူခ်ိန္ျမင့္မားျခင္း၊ ေနရာကြက္က်ားမိုးသည္းထန္စြာ႐ြာသြန္းျခင္း ၊ ပူျပင္းေျခာက္ေသြ႕ျခင္းစသည့္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္သည့္အေျခအေနမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။
လတ္တေလာမိုးေလဝသအေျခအေနမ်ားအရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလအားအသင့္အတင့္ရွိၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ေနရာအႏွံအျပား မိုးထစ္ခ်ဳန္း႐ြာကာ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း သိရသည္။