မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ်တာဝန်ယူဖို့ သမ္မတပူတင် ရွေးချယ်ခန့်အပ်

 719

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

ရုရှားသမ္မတပူတင်ဟာ မွန်ဂိုလီးယား နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဟောင်း အစ်ကန်ဒါအက်ဇီဇောဗ့်ကို မြန်မာ နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr.Nikolay Listopadov ဟာ လာမယ့်ရက်ပိုင်း အတွင်းမှာ တာဝန်ပြီးဆုံးတဲ့အတွက် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မှာဖြစ်ပြီး အစ်ကန်ဒါ အက်ဇီဇောဗ့်က တာဝန်များကိုလွှဲပြောင်းရယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ သံအမတ်ကြီး H.E. Dr.Nikolay Listopadov ဟာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁ ရက်က စတင်တာဝန်ယူခဲ့ပြီးနောက် တာဝန်များပြီးဆုံးခဲ့တဲ့အတွက် ပြန်လည်ထွက်ခွာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအသစ်အဖြစ်တာဝန်ယူမယ့် အက်ဇီဇောဗ့်ဟာ ၁၉၇၈ ခုနှစ်မှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အင်စတီကျူကနေ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နဲ့ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ်အထိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် အက်ဇီဇောဗ့်ဟာ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ၂ဝ၁၃ ခုနှစ် ကနေ ၂ဝ၂၃ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး "For Merit to the Fatherland" II ရွှေ့တံဆိပ်ဆုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာ ရုရှားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး နှစ်နိုင်ငံကြားသံတမန်တွေ စေလွှတ်တာဝန်ထမ်းဆောင်ခြင်းများရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
မြန္ဂိုလီးယားႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးေဟာင္းကို ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအျဖစ္တာဝန္ယူဖို႔ သမၼတပူတင္ ေ႐ြးခ်ယ္ခန႔္အပ္
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

႐ုရွားသမၼတပူတင္ဟာ မြန္ဂိုလီးယား ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးေဟာင္း အစ္ကန္ဒါအက္ဇီေဇာဗ့္ကို ျမန္မာ ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအျဖစ္ ခန႔္အပ္လိုက္ေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး H.E. Dr.Nikolay Listopadov ဟာ လာမယ့္ရက္ပိုင္း အတြင္းမွာ တာဝန္ၿပီးဆုံးတဲ့အတြက္ ျမန္မာႏိုင္ငံက ျပန္လည္ထြက္ခြာေတာ့မွာျဖစ္ၿပီး အစ္ကန္ဒါ အက္ဇီေဇာဗ့္က တာဝန္မ်ားကိုလႊဲေျပာင္းရယူသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ သံအမတ္ႀကီး H.E. Dr.Nikolay Listopadov ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအျဖစ္ ၂ဝ၁၆ ခုႏွစ္ ဇူလိုင္ ၁ ရက္က စတင္တာဝန္ယူခဲ့ၿပီးေနာက္ တာဝန္မ်ားၿပီးဆုံးခဲ့တဲ့အတြက္ ျပန္လည္ထြက္ခြာေတာ့မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီးအသစ္အျဖစ္တာဝန္ယူမယ့္ အက္ဇီေဇာဗ့္ဟာ ၁၉၇၈ ခုႏွစ္မွာ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာန အင္စတီက်ဴကေန ႏိုင္ငံတကာဆက္ဆံေရး ဘာသာရပ္နဲ႔ဘြဲ႕ရရွိခဲ့သူျဖစ္ပါတယ္။ ၎ဟာ ၂ဝဝ၇ ခုႏွစ္ကေန ၂ဝ၁၃ ခုႏွစ္အထိ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ လက္ေထာက္ၫႊန္ၾကားေရးမႉး တာဝန္ယူခဲ့ ဖူးသူျဖစ္ပါတယ္။ ဒါ့အျပင္ အက္ဇီေဇာဗ့္ဟာ မြန္ဂိုလီးယားႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအျဖစ္ ၂ဝ၁၃ ခုႏွစ္ ကေန ၂ဝ၂၃ ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသူျဖစ္ၿပီး "For Merit to the Fatherland" II ေ႐ႊ႕တံဆိပ္ဆုကို ရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ လြတ္လပ္ေရးရရွိခဲ့တဲ့ ၁၉၄၈ ခုႏွစ္မွာ ႐ုရွားႏိုင္ငံနဲ႔ သံတမန္ဆက္ဆံေရးထူေထာင္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားသံတမန္ေတြ ေစလႊတ္တာဝန္ထမ္းေဆာင္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.