မြန်မာနိုင်ငံသားမောင်းနှင်လာသော ကားဝင်တိုက်သည့်အတွက် ထိုင်းနိုင်ငံသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 3702

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် ဇွန်လ ၂၉ ရက်က ယာဉ်တိုက်မှု ကျူးလွန်ခဲ့ခြင်း ကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများ က ပြောသည်။

Bang Len ရဲစခန်းမှ ရဲမှူး Uthit Laoha ဦးဆောင်သောရဲတပ်ဖွဲ့သည် Nakhon Pathom ပြည်နယ် Bang Len ဒေသ Koh Rad ဈေးနားတွင် ယာဉ်တိုက်မှုကျူးလွန်ကြောင်း သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသားတစ်ဦးကို လမ်းပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံသား A Srilachan ဆိုသူသည် မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် Yamaha Spark 110 အမျိုးအစား ဆိုင်ကယ်ကို စီးနင်းလာခဲ့ပြီး တစ်ခြမ်းမှ မြန်မာနိုင်ငံသား ဆန်းအောင် မောင်းနှင်လာသော ကားဖြင့် တိုက်မိကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ကားမောင်းသမားဖြစ်သူ ဆန်းအောင်သည် Bang Len ဒေသမှ ငါးများကို Nakhon Pathom ပြည်နယ်ရှိဈေးကို အချိန်မီပို့ဆောင်နိုင်ရန်အတွက် ပစ်ကပ်ကားကို မိုးရေထဲမှာ အရှိန်မြင့်မောင်းနှင်လာချိန်တွင် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

ထိုင်းနိုင်ငံသားသည် ဆိုင်ကယ်ကို ရာဘာတောထဲမှ မောင်းနှင်လာခဲ့ပြီးနောက် လမ်းပေါ်တွင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား ဆန်းအောင်ကို လက်ရှိအချိန်တွင် ဖမ်းဆီးထားသလို ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများကိုလည်း အသေးစိတ်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သောကြောင့် မြန်မာနိုင်ငံသားမောင်းနှင်လာသည့် ငါးများ တင်ဆောင်လာသော Isuzu D-Max အမျိုးအစား ပစ်ကပ်ကား၏ ညာဖက်ခြမ်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံသားေမာင္းႏွင္လာေသာ ကားဝင္တိုက္သည့္အတြက္ ထိုင္းႏိုင္ငံသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားတစ္ဦးသည္ ဇြန္လ ၂၉ ရက္က ယာဥ္တိုက္မႈ က်ဴးလြန္ခဲ့ျခင္း ေၾကာင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ား က ေျပာသည္။

Bang Len ရဲစခန္းမွ ရဲမႉး Uthit Laoha ဦးေဆာင္ေသာရဲတပ္ဖြဲ႕သည္ Nakhon Pathom ျပည္နယ္ Bang Len ေဒသ Koh Rad ေဈးနားတြင္ ယာဥ္တိုက္မႈက်ဴးလြန္ေၾကာင္း သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ သြားေရာက္ စစ္ေဆးခဲ့ရာ ထိုင္းႏိုင္ငံသားတစ္ဦးကို လမ္းေပၚတြင္ လဲက်ေသဆုံးေနသည္ကို ေတြ႕ျမင္ခဲ့ရေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသား A Srilachan ဆိုသူသည္ မိုးသည္းထန္စြာ႐ြာသြန္းေနခ်ိန္တြင္ Yamaha Spark 110 အမ်ိဳးအစား ဆိုင္ကယ္ကို စီးနင္းလာခဲ့ၿပီး တစ္ျခမ္းမွ ျမန္မာႏိုင္ငံသား ဆန္းေအာင္ ေမာင္းႏွင္လာေသာ ကားျဖင့္ တိုက္မိကာ ပြဲခ်င္းၿပီးေသဆုံးခဲ့ျခင္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသား ကားေမာင္းသမားျဖစ္သူ ဆန္းေအာင္သည္ Bang Len ေဒသမွ ငါးမ်ားကို Nakhon Pathom ျပည္နယ္ရွိေဈးကို အခ်ိန္မီပို႔ေဆာင္ႏိုင္ရန္အတြက္ ပစ္ကပ္ကားကို မိုးေရထဲမွာ အရွိန္ျမင့္ေမာင္းႏွင္လာခ်ိန္တြင္ အရွိန္မထိန္းႏိုင္ဘဲ စလစ္ျဖစ္ကာ ဆိုင္ကယ္ကို ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သုံးသပ္ထားသည္။

ထိုင္းႏိုင္ငံသားသည္ ဆိုင္ကယ္ကို ရာဘာေတာထဲမွ ေမာင္းႏွင္လာခဲ့ၿပီးေနာက္ လမ္းေပၚတြင္ တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ထိုင္းရဲတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသား ဆန္းေအာင္ကို လက္ရွိအခ်ိန္တြင္ ဖမ္းဆီးထားသလို ပတ္ဝန္းက်င္ရွိ မ်က္ျမင္သက္ေသမ်ားကိုလည္း အေသးစိတ္စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။ ထိုင္းရဲတပ္ဖြဲ႕၏ အဆိုအရ ဆိုင္ကယ္ျဖင့္ တိုက္မိခဲ့ေသာေၾကာင့္ ျမန္မာႏိုင္ငံသားေမာင္းႏွင္လာသည့္ ငါးမ်ား တင္ေဆာင္လာေသာ Isuzu D-Max အမ်ိဳးအစား ပစ္ကပ္ကား၏ ညာဖက္ျခမ္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

Related news

© 2021. All rights reserved.