အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့အင်အားသုံးကျူးကျော်မှုတွေကိုတားဆီးနိုင်ဖို့ အချိန်ရှိနေသေးကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

 2738

ဂျန်ဇက် (NP News) - ဇူလိုင် ၃

အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့အင်အားသုံးကျူးကျော်မှုတွေကိုတားဆီးနိုင်ဖို့ အချိန်ရှိနေ သေးကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးမက်မီလေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဗိုလ်ချုပ်ကြီးက တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် အင်အားသုံးမှုတွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် လာမယ့်နှစ်မှာ ထိုင်ဝမ်ကိုကျူးကျော်ဖို့ အဆင့်သင့်ဖြစ်ဖွယ်ရှိနေ ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကိုလာမယ့် ၂ဝ၂၇ ခုနှစ်မှာ ကျုးကျော်တိုက်ခိုက်မှုတွေ ရှိကောင်းရှိလာနိုင်ကြောင်း ထင်မြင်ချက်များလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်ဗိုလ်ချုပ်ကြီးမက်မီလေးက အမေရိကန်အစိုးရ နဲ့ အခြား နိုင်ငံတွေရဲ့အစိုးရတွေဟာ ထိုင်ဝမ်ကို ကျူးကျော်မယ့်အစီအစဉ်တွေဟာ ဆိုးရွားတဲ့အယူအဆမျိုးဖြစ်တယ် ဆိုတာကို တရုတ်သမ္မတရှီကျင့်ဖျင်ကို စည်းရုံးသိမ်းသွင်းရမှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ဗိုလ်ချုပ်ကြီးက "ထိုင်ဝမ်ကို ကျူးကျော်မယ် ဆုံးဖြတ်ချက်ဘယ်တော့မှ မဖြစ်လာနိုင်ဘူးဆိုတာကို တရုတ်သမ္မတ ရှီကျင့်ဖျင့်သိအောင်လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ဖြစ်ပြီးထိုင်ဝမ် နဲ့ အနာဂတ်မှာပြန်လည်ပေါင်းစည်းဖို့ အ စီအစဉ်များရှိနေကြောင်း၊ ထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်းရေးကို ငြိမ်းချမ်းစွာလုပ်ဆောင်မှာဖြစ်ပေမယ့် လိုအပ်မယ်ဆိုရင် အင်အားသုံးမှာဖြစ်ကြောင်း ပြောပါတယ်။

ထိုင်ဝမ်ကတော့ တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူလိုနေပြီး အမေရိကန်ထံကနေ အကူအညီများရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့ တင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့ပြီး တရုတ် နဲ့ အမေရိကန်ကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့လပိုင်း အတွင်း အေးစက်လာခဲ့ကြောင်းသိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္အေပၚ တ႐ုတ္ႏိုင္ငံရဲ႕အင္အားသုံးက်ဴးေက်ာ္မႈေတြကိုတားဆီးႏိုင္ဖို႔ အခ်ိန္ရွိေန ေသးေၾကာင္း အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၃

အေမရိကန္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္အေပၚ တ႐ုတ္ႏိုင္ငံရဲ႕အင္အားသုံးက်ဴးေက်ာ္မႈေတြကိုတားဆီးႏိုင္ဖို႔ အခ်ိန္ရွိေန ေသးေၾကာင္း အေမရိကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးမက္မီေလးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးက တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္နဲ႔ျပန္လည္ေပါင္းစည္းေရးအတြက္ အင္အားသုံးမႈေတြကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပမယ့္ လာမယ့္ႏွစ္မွာ ထိုင္ဝမ္ကိုက်ဴးေက်ာ္ဖို႔ အဆင့္သင့္ျဖစ္ဖြယ္ရွိေန ေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္ကိုလာမယ့္ ၂ဝ၂၇ ခုႏွစ္မွာ က်ဳးေက်ာ္တိုက္ခိုက္မႈေတြ ရွိေကာင္းရွိလာႏိုင္ေၾကာင္း ထင္ျမင္ခ်က္မ်ားလည္း ထြက္ေပၚေနပါတယ္။ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးမက္မီေလးက အေမရိကန္အစိုးရ နဲ႔ အျခား ႏိုင္ငံေတြရဲ႕အစိုးရေတြဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္မယ့္အစီအစဥ္ေတြဟာ ဆိုး႐ြားတဲ့အယူအဆမ်ိဳးျဖစ္တယ္ ဆိုတာကို တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို စည္း႐ုံးသိမ္းသြင္းရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးက "ထိုင္ဝမ္ကို က်ဴးေက်ာ္မယ္ ဆုံးျဖတ္ခ်က္ဘယ္ေတာ့မွ မျဖစ္လာႏိုင္ဘူးဆိုတာကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္သိေအာင္လုပ္ေဆာင္ရမယ္" လို႔ ေျပာပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ထိုင္ဝမ္ဟာ တ႐ုတ္ပိုင္နက္ျဖစ္ၿပီးထိုင္ဝမ္ နဲ႔ အနာဂတ္မွာျပန္လည္ေပါင္းစည္းဖို႔ အ စီအစဥ္မ်ားရွိေနေၾကာင္း၊ ထိုင္ဝမ္ နဲ႔ ျပန္လည္ေပါင္းစည္းေရးကို ၿငိမ္းခ်မ္းစြာလုပ္ေဆာင္မွာျဖစ္ေပမယ့္ လိုအပ္မယ္ဆိုရင္ အင္အားသုံးမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္ကခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူလိုေနၿပီး အေမရိကန္ထံကေန အကူအညီမ်ားရယူႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံနဲ႔ တင္းမာမႈေတြ ပိုမိုျဖစ္လာခဲ့ၿပီး တ႐ုတ္ နဲ႔ အေမရိကန္ၾကား ဆက္ဆံေရးဟာ ၿပီးခဲ့တဲ့လပိုင္းအတြင္း ေအးစက္လာခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.