လုံလောက်တဲ့မဲအရေအတွက် မရခဲ့ပေမယ့် ဝန်ကြီးချုပ်ဖြစ်ရေးမျှော်လင့်ချက်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း ရှေ့သို့ချီပါတီခေါင်းဆောင်ပြော

 834

ဂျန်ဇက် (NP News) - ဇူလိုင် ၁၄

ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့ပေမယ့် ဝန်ကြီးချုပ်ဖြစ်ရေးမျှော်လင့်ချက်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း ရှေ့သို့ချီပါတီခေါင်းဆောင် ပီတက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ လွှတ်တော်အတွင်းပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့ပြီး ကန့်ကွက်မဲ ၁၈၂ မဲ၊ ကြားနေမဲ ၁၉၉ မဲရရှိခဲ့ကြောင်း သိရပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဝန်ကြီးချုပ်ဖြစ်ဖို့ ကိုယ်စားလှယ်ဦးရေ ၇၅ဝ ရှိ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲ အနည်းဆုံး ၃၇၅ မဲ ရရှိရမယ်လို့ သတ်မှတ်ထားရာ ပီတဟာ အဆိုပါအရေအတွက်မျိုးကို မရခဲ့ကြောင်း သိရပါတယ်။

ပီတက "ကျွန်တော်ဟာ မဲရလဒ်တွေကို လက်ခံပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဖြစ်ရေး မျှော်လင့်ချက်ကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

ရှေ့သို့ချီပါတီခေါင်းဆောင်က အထက်လွှတ်တော်အမတ်တွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ အချို့အမတ် တွေဟာ လွှတ်တော်နှစ်ရပ်ပေါင်းပြုလုပ်တဲ့အစည်းအဝေးကို တက်ရောက်ခြင်းမရှိဘဲ ရှောင်ရှားနေကြောင်း ပြောပါ တယ်။ ၎င်းက "ကျွန်တော်အနေနဲ့ သတ်မှတ်ထားတဲ့ မဲအရေအတွက်မျိုးရရှိအောင် ထောက်ခံမဲရဖို့ မဟာဗျူဟာ မြောက်ကြိုးပမ်းရမယ်" လို့ ပြောပါတယ်။

အထက်လွှတ်တော်အမတ်တွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ထိုင်းဘုရင့်စနစ်ကို ဝေဖန်လို့ မရအောင် အကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းမယ်လို့ ပြောဆိုချက်များနဲ့ပတ်သက်ပြီး ပီတ နဲ့ ရှေ့သို့ချီပါတီကို လိုလားခြင်းမရှိကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ဒုတိယအကျော့ကို လာမယ့် ဇူလိုင် ၁၉ ရက် နဲ့ တတိယအကျော့ကို ဇူလိုင် ၂ဝ ရက်တို့မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
လုံေလာက္တဲ့မဲအေရအတြက္ မရခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ျဖစ္ေရးေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္မွာမဟုတ္ေၾကာင္း ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၄

ဇူလိုင္ ၁၃ ရက္က က်င္းပခဲ့တဲ့ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲမွာ လုံေလာက္တဲ့ မဲအေရအတြက္ မရခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ျဖစ္ေရးေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္မွာမဟုတ္ေၾကာင္း ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတလင္ဂ်ာ႐ိုအမ္ရက္ဟာ လႊတ္ေတာ္အတြင္းပထမအႀကိမ္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ပြဲမွာ ေထာက္ခံမဲ ၃၂၄ မဲသာ ရရွိခဲ့ၿပီး ကန႔္ကြက္မဲ ၁၈၂ မဲ၊ ၾကားေနမဲ ၁၉၉ မဲရရွိခဲ့ေၾကာင္း သိရပါတယ္။ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ ကိုယ္စားလွယ္ဦးေရ ၇၅ဝ ရွိ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ႕ ေထာက္ခံမဲ အနည္းဆုံး ၃၇၅ မဲ ရရွိရမယ္လို႔ သတ္မွတ္ထားရာ ပီတဟာ အဆိုပါအေရအတြက္မ်ိဳးကို မရခဲ့ေၾကာင္း သိရပါတယ္။

ပီတက "ကြၽန္ေတာ္ဟာ မဲရလဒ္ေတြကို လက္ခံပါတယ္။ ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္ျဖစ္ေရး ေမွ်ာ္လင့္ခ်က္ကိုေတာ့ စြန႔္လႊတ္မွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။

ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္က အထက္လႊတ္ေတာ္အမတ္ေတြဟာ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္း၊ အခ်ိဳ႕အမတ္ ေတြဟာ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းျပဳလုပ္တဲ့အစည္းအေဝးကို တက္ေရာက္ျခင္းမရွိဘဲ ေရွာင္ရွားေနေၾကာင္း ေျပာပါ တယ္။ ၎က "ကြၽန္ေတာ္အေနနဲ႔ သတ္မွတ္ထားတဲ့ မဲအေရအတြက္မ်ိဳးရရွိေအာင္ ေထာက္ခံမဲရဖို႔ မဟာဗ်ဴဟာ ေျမာက္ႀကိဳးပမ္းရမယ္" လို႔ ေျပာပါတယ္။

အထက္လႊတ္ေတာ္အမတ္ေတြဟာ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးခ်ိန္ကာလအတြင္း ထိုင္းဘုရင့္စနစ္ကို ေဝဖန္လို႔ မရေအာင္ အကာအကြယ္ေပးထားတဲ့ဥပေဒကို ျပင္ဆင္ဖို႔ ႀကိဳးပမ္းမယ္လို႔ ေျပာဆိုခ်က္မ်ားနဲ႔ပတ္သက္ၿပီး ပီတ နဲ႔ ေရွ႕သို႔ခ်ီပါတီကို လိုလားျခင္းမရွိေၾကာင္း သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲကို ဒုတိယအေက်ာ့ကို လာမယ့္ ဇူလိုင္ ၁၉ ရက္ နဲ႔ တတိယအေက်ာ့ကို ဇူလိုင္ ၂ဝ ရက္တို႔မွာ က်င္းပမွာျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.