ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား(၅)ဦး သေဆုံး

 948

Pika (NP News) - ဇူလိုင် ၂ဝ

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Tak ပြည်နယ်တွင် ဇူလိုင်လ(၂ဝ)ရက် နံနက်အစောပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား (၅)ဦးသေဆုံးခဲ့ကာ အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မတော်တဆမှုသည် ဇူလိုင်လ(၂ဝ)ရက် နံနက်(၄)နာရီအချိန်က Phahonyothin လမ်းပေါ်ရှိ Tak ပင်မလမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတော်တဆမှုမှာ 74-4144 Samut Prakan လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော Isuzu အမျိုးအစား ခြောက်ဘီးတပ်ကုန်တင်ယာဉ် နှင့် 4295 Kamphaeng Phet လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော Toyota ပစ်ကပ်ထရပ်ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်နှစ်စီးလုံးသည် တိုက်မိပြီးနောက် ဆိုးဆိုးရွားရွား ပျက်စီးသွားသဖြင့် ကယ်ဆယ်ရေးလုပ်သားများသည် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူများကို အပျက်အစီး အတွင်းမှ ဆွဲထုတ်ရန်အတွက် ဖြတ်တောက်သည့်ကိရိယာများကို အသုံးပြုခဲ့ရကြောင်း သိရသည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် သေဆုံးသူ(၄)ဦး၏ ရုပ်အလောင်းကို လမ်းမပေါ်တွင် တွေ့ရှိခဲ့ပြီး ပစ်ကပ်ထရပ် ကားအတွင်းတွင် နောက်ထပ်ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အစောပိုင်းစစ်ဆေးချက်များအရ ပစ်ကပ်ထရပ်ကားသည် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ကို တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ Isuzu ထရပ်ကားမောင်းသူ အသက် (၂၆) နှစ်အရွယ် Chaturong က ၎င်းသည် Phitsanulok မြို့မှ တာ့ခ်ပြည်နယ် မဲဆောက်မြို့သို့ ကုန်ပစ္စည်းများကို ပို့ဆောင်ရန် သွားနေခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

သို့သော်လည်း Chaturong သည် အိပ်ငိုက်သွားခဲ့ခြင်းကြောင့် အရှေ့ဖက်မှလာနေသော ပစ်ကပ်ထရပ်ကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပစ်ကပ်ထရပ်ကားပေါ်တွင် ခရီးသည်(၁၆)ဦးကို တင်ဆောင်လာ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါပစ်ကပ်ထရပ်ကားသည် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်ကာ ချွန်ဘူရီပြည်နယ်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း Tak City ရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် အမျိုးသားရှစ်ဦး နှင့် အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများအားလုံးကို Tak ပြည်နယ်ရှိ Somdet Phrachao Taksin Maharat ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။ အဆိုပါမတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ ယာဥ္တိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး တရားမဝင္ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမား(၅)ဦး ေသဆုံး
Pika (NP News) - ဇူလိုင္ ၂ဝ

ထိုင္းႏိုင္ငံေျမာက္ပိုင္းရွိ Tak ျပည္နယ္တြင္ ဇူလိုင္လ(၂ဝ)ရက္ နံနက္အေစာပိုင္းက ယာဥ္တိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ျမန္မာႏိုင္ငံသား (၅)ဦးေသဆုံးခဲ့ကာ အျခားလူ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ မေတာ္တဆမႈသည္ ဇူလိုင္လ(၂ဝ)ရက္ နံနက္(၄)နာရီအခ်ိန္က Phahonyothin လမ္းေပၚရွိ Tak ပင္မလမ္းဆုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မေတာ္တဆမႈမွာ 74-4144 Samut Prakan လိုင္စင္နံပါတ္ျပားတပ္ဆင္ထားေသာ Isuzu အမ်ိဳးအစား ေျခာက္ဘီးတပ္ကုန္တင္ယာဥ္ ႏွင့္ 4295 Kamphaeng Phet လိုင္စင္နံပါတ္ျပားတပ္ဆင္ထားေသာ Toyota ပစ္ကပ္ထရပ္ကားတို႔ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယာဥ္ႏွစ္စီးလုံးသည္ တိုက္မိၿပီးေနာက္ ဆိုးဆိုး႐ြား႐ြား ပ်က္စီးသြားသျဖင့္ ကယ္ဆယ္ေရးလုပ္သားမ်ားသည္ ထိခိုက္ဒဏ္ရာရရွိသူမ်ား ႏွင့္ ေသဆုံးသူမ်ားကို အပ်က္အစီး အတြင္းမွ ဆြဲထုတ္ရန္အတြက္ ျဖတ္ေတာက္သည့္ကိရိယာမ်ားကို အသုံးျပဳခဲ့ရေၾကာင္း သိရသည္။

မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ေသဆုံးသူ(၄)ဦး၏ ႐ုပ္အေလာင္းကို လမ္းမေပၚတြင္ ေတြ႕ရွိခဲ့ၿပီး ပစ္ကပ္ထရပ္ ကားအတြင္းတြင္ ေနာက္ထပ္႐ုပ္အေလာင္းတစ္ခုကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အေစာပိုင္းစစ္ေဆးခ်က္မ်ားအရ ပစ္ကပ္ထရပ္ကားသည္ ျမန္မာႏိုင္ငံမွ တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ကို တင္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။ Isuzu ထရပ္ကားေမာင္းသူ အသက္ (၂၆) ႏွစ္အ႐ြယ္ Chaturong က ၎သည္ Phitsanulok ၿမိဳ႕မွ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕သို႔ ကုန္ပစၥည္းမ်ားကို ပို႔ေဆာင္ရန္ သြားေနျခင္းျဖစ္ ေၾကာင္း ရဲတပ္ဖြဲ႕ကို ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း Chaturong သည္ အိပ္ငိုက္သြားခဲ့ျခင္းေၾကာင့္ အေရွ႕ဖက္မွလာေနေသာ ပစ္ကပ္ထရပ္ကားကို ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ပစ္ကပ္ထရပ္ကားေပၚတြင္ ခရီးသည္(၁၆)ဦးကို တင္ေဆာင္လာ ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ အဆိုပါပစ္ကပ္ထရပ္ကားသည္ ျမန္မာႏိုင္ငံမွ တရားမဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို တင္ေဆာင္ကာ ခြၽန္ဘူရီျပည္နယ္သို႔ ဦးတည္သြားေနျခင္းျဖစ္ေၾကာင္း Tak City ရဲစခန္းမွ အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ အမ်ိဳးသားရွစ္ဦး ႏွင့္ အမ်ိဳးသမီးေလးဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ထိခိုက္ဒဏ္ရာရရွိသူမ်ားအားလုံးကို Tak ျပည္နယ္ရွိ Somdet Phrachao Taksin Maharat ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္းလည္း သိရသည္။ အဆိုပါမေတာ္တဆမႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.