“သယံဇာတ ကျိန်စာ” (ဘာသာပြန်ဆောင်းပါး)

 770

မောင်တင်ထွန်း (နတ်မောက်) (NP News) - ဇူလိုင် ၂၆

သယံဇာတ ကျိန်စာသင့်တယ် ဆိုတဲ့ဝေါဟာရဟာ အဖိုးတန်တဲ့ သဘာဝသယံဇာတ ကြွယ်ဝပေမယ့် စီးပွားရေးညွှန်းကိန်းတွေက သိပ်ဆိုးရွားနေတဲ့ တိုင်းပြည်မျိုးမှာတွေ့ရတတ်တဲ့ ဆန့်ကျင်ဘက်ဝိရောဓိအခြေအနေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။ သယံဇာတကျိန်စာသင့်မှုဟာ ယေဘူယျအားဖြင့် နိုင်ငံတစ်ခုရဲ့ အရင်းအနှီးနဲ့ လုပ်သားအင်အားကို သဘာဝရင်းမြစ် အနည်းငယ်အပေါ်မှီခိုတဲ့ လုပ်ငန်းမှာသာ ဇောက်ချလုပ်ကိုင်တဲ့အခါ ဖြစ်ပေါ်လေ့ရှိပါတယ်။ တခြားသင့်တင့်လျောက်ပတ်တဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်တဲ့အခါ အဲဒီလို နိုင်ငံတွေက ကုန်ပစ္စည်းစျေးနှုန်းကျဆင်းမှုဒဏ်ကို မခံနိုင်ဖြစ်လာပြီး နာတာရှည် စီးပွားရေး စွမ်းဆောင်ချက် နိမ့်ကျမှုကို ဦးတည်စေပါတယ်။

နောက်ကြောင်းကို ပြန်လှန်ကြည့်တဲ့အခါ ၁၇၁၁ ခုနှစ်က (The Spectator ) ပွဲကြည့်ပရိတ်သတ်ဆိုတဲ့ သတင်းစာမှာ “ ယေဘူယျအားဖြင့်တွေ့ရတာက အပုံအပင်ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက အဆင်းရဲဆုံးနေထိုင်ကြရတယ်”လို့ ရစ်ချတ်စတီးလ် Richard Steele ကရေးခဲ့တာကို တွေ့ရပါတယ်။ ၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၆၀ ခုနှစ်တွေအတွင်းမှာ ဝင်ငွေအနိမ့်ဆုံးနဲ့ အလယ်အလတ် တိုင်းပြည်တွေရဲ့ စီးပွား‌ရေးပြဿနာတွေကို ဆွေးနွေးငြင်းခုန်ကြတဲ့အခါ သဘာဝသယံဇာတဟာ ကောင်းချီးမင်္ဂလာတစ်ပါးဆိုတာထက် စီးပွားရေးကျိန်စာတစ်ခု ပိုဖြစ်နိုင်တယ် လို့ ယူဆမှုတွေပေါ်ထွက်လာခဲ့ပါတယ်။

၁၉၉၃ ခုနှစ်က ရစ်ချတ် အောတီက သဘာဝသတ္ထု သယံဇာတကြွယ်ဝတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးကိုတွန်းအားဖြစ်အောင် မလုပ်‌ဆောင်နိုင်ကြပုံကိုဖေါ်ပြခဲ့ရာမှာ “သယံဇာတကျိန်စာ” ဆိုတဲ့ ဝေါဟာရကို ပထမဦးဆုံးအသုံးပြုခဲ့တာပါ။ သူက ဒီလိုသယံဇာတပေါကြွယ်တဲ့ နိုင်ငံတွေဟာ သယံဇာတများများစားစား မထွက်တဲ့နိုင်ငံတွေထက်ပိုပြီး နိမ့်ကျတဲ့စီးပွားရေးတိုးတက်နှုန်းရှိနေပုံ ကိုလည်းဖော်ပြခဲ့ပါတယ်။ ဂျက်ဖရီဆာ့ချ်နဲ့ အင်ဒရူးဝါနာတို့ရဲ့ သြဇာကြီးလှတဲ့ ၁၉၉၅ ခုနှစ်က သုတေသနတစ်ခုက သဘာဝသယံဇာတ ကြွယ်ဝမှုနဲ့ စီးပွားရေး တိုးတက်မှုဆိုးဝါးညံ့ဖျင်းခြင်းတို့ အကြားမှာ အားကောင်းတဲ့ အပြန်အလှန် ဆက်စပ်မှုတစ်ခုရှိနေတယ်လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်ကစလို့ သယံဇာတကြွယ်ဝမှုက စီးပွားရေးတိုးတက်မှုတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိပုံကို လေ့လာမှုရာပေါင်းများစွာနဲ့ တွက်ချက်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီလေ့လာသုံးသပ်ချက်တွေက သယံဇာတကျိန်စာတစ်ခု ဘယ်လို၊ ဘာကြောင့်နဲ့ ဘယ်အချိန်မှာ ကျရောက်တော့မှာလဲဆိုတာကို ရှင်းပြခဲ့ကြပါတယ်။ လေ့လာသုံးသပ်သူ အတော်များများက သယံဇာတ ကျိန်စာသင့်မှုကို ထီဆုကြီးပေါက်သူများ ရုတ်တရက်ရလာတဲ့ ကြွယ်ဝမှုရဲ့ ရှုပ်ထွေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကို စီမံခန့်ခွဲရာမှာ မှားမှားယွင်းယွင်းဖြစ်ကြ ပုံနဲ့ ခိုင်းနှိုင်းလေ့ရှိပါတယ်။

သယံဇာတ ကျိန်စာ ဘယ်လိုသင့်
သယံဇာတ ကျိန်စာသင့်တယ်ဆိုတာ တဖက်မှာ ပြန်လည်ဖြည့်တင်းမရနိုင်တဲ့ သဘာဝသယံဇာတတွေ တပုံတပင်ကြွယ်ဝနေပေမယ့် အခြားတဖက်မှာ စီးပွားရေးတိုးတက်မှုနှုန်းက တုန့်ဆိုင်းနေတာ ဒါမှမဟုတ် စီးပွားရေးကျုံ့ဝင်သွားတာစတဲ့ ဆန့်ကျင်ဘက် ဝိရောဓိဖြစ်နေတဲ့ အခြေအနေကို ခေါ်ပါတယ်။ သယံဇာတ ကျိန်စာသင့်မှု ဘာကြောင့်ဖြစ်လာသလဲဆိုတာကို ရှင်းလင်းပြတဲ့အကြောင်းပြချက်တွေ အများအပြားရှိနိုင်ပေမယ့် အဓိကအကြောင်းကတော့ သတ္ထု ဒါမှမဟုတ် ရေနံစတဲ့ သယံဇာတ ထုတ်လုပ်ရေးတစ်ခုတည်းအပေါ်မှာ အာရုံစိုက်ထားပြီး တခြား အခရာကျတဲ့ ကဏ္ဍတွေအပေါ်ရင်းနှီးမြှုပ်နှံမှုကို လစ်လျူရှုတာပါ။

သယံဇာတ ထောင်ချေက် သို့မဟုတ် အလျှံအပယ်ပေါကြွယ်ဝခြင်းရဲ့ ဝိရောဓိ လို့လည်းခေါ်ကြတဲ့ ဒီဖြစ်စဉ်က အစိုးရရဲ့ အကျင့်ပျက်ချစားမှုကြောင့်လည်း သက်‌ရောက်မှုဖြစ်ပါတယ်။ တမျိုးသားလုံးကြွယ်ဝမှုရဲ့ ကြီးမားတဲ့ဝေစုက လုပ်ငန်းအနည်းအကျဉ်းမှာသာ ဇောက်ချထားမယ်ဆိုရင်၊ အစိုးရက လုပ်ထုံးလုပ်နည်းသတ်မှတ်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပါလိမ့်မယ်။ ဥပမာ- လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးရေးမှာ လာဘ်ငွေရယူပြီး ဦးစားပေးတာမျိုးပါ။ လုပ်သားအင်အားအများအပြားနဲ့ ကြီးမားတဲ့ အရင်းအနှီးတွေက လက်တဆုတ်စာကဏ္ဍထဲကိုစုပြုံဝင်သွားတဲ့အခါ ကျန်တဲ့ စီးပွားရေးကဏ္ဍ တွေက အားနည်းသွားပြီး တစ်ခုလုံးကို အန္တရာယ်ဖြစ်စေပါတော့တယ်။
ဒီလိုပြဿနာပုံစံမျိုးကို ကြီးမားတဲ့ သဘာဝသယံဇာတ သိုက်တွေ ရှာဖွေတွေ့ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်။ သဘာဝသယံဇာတ သိုက်တစ်ခုရှာတွေ့တာနဲ့ ရင်းနှီးမြှုပ်နှံမယ့် အရင်းအနှီးတွေကိုလည်း အဲဒီလုပ်ငန်းက ညှို့ငင်ဆွဲဆောင်ပါတော့တယ်။

ဒီလုပ်ငန်းသစ်က စီးပွားရေးတိုးတက်မှုနဲ့ ဆက်နွယ်တဲ့ ချမ်းသာကြွယ်ဝမှုရဲ့ ရင်းမြစ်တစ်ခုဖြစ်လာပြီး မက်မောလောက်တဲ့ လုပ်ခတွေပေးတာ၊ အရင်းအနှီးရှိတဲ့ နိုင်ငံသားတွေကို အဲဒီလုပ်ငန်းသစ်မှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးတာတွေဖြစ်လာပါတယ်။ ရေရှည်မှာ အဲဒီနိုင်ငံအနေနဲ့ ဒီလိုကုန်ပစ္စည်းမျိုးရဲ့ တန်ဖိုးအပေါ်မှာသာ အလွန်အမင်းမှီခိုနေရတာမျိုးဖြစ်လာပြီး အကျိုးဆက်အနေနဲ့ နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့ ခက်ခဲအောင် လုပ်သလို ဖြစ်လာပါတော့တယ်။

လေ့လာသုတေသနပြုမှု ပြောင်းလဲလာခြင်း
၂၀၀၉ ခုနှစ်က စပြီး သယံဇာတကျိန်စာနဲ့ပတ်သက်တဲ့ လေ့လာမှုတွေမှာ၊ သယံဇာတကြွယ်ဝတဲ့ နိုင်ငံတချို့ ‌အောင်မြင်တိုးတက်ပြီး သယံဇာတကြွယ်ဝတဲ့ နိုင်ငံတချို့ကတော့ ဆင်းရဲတွင်းနက်နေတာ ဘာ‌ကြောင့်လဲဆိုတာကို ပြောင်းလဲ လာကြပါတယ်။ ဆိုလိုတာက သဘာဝသယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတိုင်းက သယံဇာတ ကျိန်စာသင့်တာမဟုတ်ဘူးဆိုတဲ့ အမြင်ကို ပြောင်းလဲလာတာပါ။

ဒီပြောင်းလဲလာမှုဟာ သယံဇာတ ကြွယ်ဝမှုက နိုင်ငံ့စီးပွားရေးအပေါ်ကို ဘယ်လိုဆိုးကျိုးတွေ သက်ရောက်စေသလဲဆိုတာ သက်သက်ကိုသာလေ့လာမှုနဲ့ ဆန့်ကျင်ခြားနားပါတယ်။

လေ့လာသုတေန ပြုချက်တွေအရ၊ သယံဇာတကရတဲ့ ဝင်ငွေကို အသုံးပြုပုံ၊ အစိုးရရဲ့ အုပ်ချုပ်ပုံစနစ် ၊ အင်စတီကျူးရှင်းတွေရဲ့ စွမ်းဆောင်ရည်၊ သယံဇာတ အမျိုးအစားနဲ့ စက်မှုနိုင်ငံဖြစ်မှု စောခြင်း သို့မဟုတ် နောက်ကျခြင်း စတဲ့အချက်တွေအားလုံးက သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုတွေကို အဆုံးအဖြတ်ပေးတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက ဆွေးနွေးမှုတစ်ခုထွက်ပေါ်ခဲ့ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့ အခရာကျတဲ့ သတ္ထုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ သယံဇာတကျိန်စာ အကြောင်းပါ။ အဲဒီမှာ ပေါပေါများများရရှိတဲ့ နေရောင်ခြည်လို ရင်းမြစ်ရော၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးနည်းပညာမှာ အခရာကျတဲ့ ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ နီယိုဒီမီ ယမ်၊ ကိုဗော့ ဒါမှမဟုတ် လစ်သီယမ် ရင်းမြစ်တွေရှိတဲ့ တိုင်းပြည်တွေရော ပါဝင်ပါတယ်။

သယံဇာတ နဲ့ အာဏာရှင် တည်မြဲရေးအဆက်အစပ်
ရွေးချယ်ရေးအဖွဲ့ သီအိုရီကို ဖော်ထုတ်ခဲ့သူ ဘရုစ်ဗြူနို ဒီမက်စ်ကွီတာက ရှင်းပြတာရှိပါတယ်။ အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ကြွယ်ဝတဲ့ သယံဇာတတွေရှိရင် နိုင်ငံရေးအရ ရှင်သန်ရပ်တည်နှိုင်ရေးအတွက် အသင့်မြတ်ဆုံး မဟာဗျူဟာက၊ အရေးပါတဲ့ အုပ်စုရဲ့ သစ္စာရှိ ထောက်ခံမှုကို ဝယ်ယူဖို့ အဲဒီသယံဇာတကရတဲ့ အခွန်အခတွေကို အသုံးပြုတယ်။ နောက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ငြင်းပယ်၊ အများပြည်သူရဲ့ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေကို လုံလုံလောက်လောက် ဆောင်ရွက်မပေးဘဲ နေခြင်းအားဖြင့် ကျန်ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ်တယ်လို့ ရှင်းပြပါတယ်။ ပညာရေး၊ လွတ်လပ်ခွင့်နဲ့ အခြေ ခံအဆောက်အအုံတွေဟာ ပြည်သူလူထုရဲ့ ထုတ်လုပ်မှုကို ပိုအကျိုးပြုပါတယ်။ ဒါပေမယ့် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေစည်းရုံးလှုံ့ဆော်ဖို့အတွက်လည်း ပိုလွယ်ကူစေပါတယ်။ အာဏာရှင်အနေနဲ့ နိုင်ငံရဲ့သဘာဝသယံဇာတက ရတဲ့အခွန်ငွေက လုံလောက်နေတာကြောင့်၊ ကုန်ထုတ်စွမ်းအားရှိတဲ့ ပြည်သူ့လူထု မလိုအပ်ဘူး။ ဒါကြောင့် လစ်ဘရယ်အခွင့်အရေးပေးဖို့အတွက် စွန့်စားရမဲ့ ကိစ္စကိုမလုပ်ပါ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သဘာဝသယံဇာတ ချို့ငဲ့တဲ့တိုင်းပြည်က အာဏာရှင်ဟာ၊ သူ့တိုင်းပြည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့အတွက် သူ့လူ့အဖွဲ့အစည်းကို လစ်ဘရယ်ဒီမိုကရေစီတစုံတရာ ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ထိထိရောက်ရောက် စည်း ရုံးနှိုင်မှာပါ။ ဒါ့ပြင် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ရင်းနှီးမြှုပ်နှံပြီး ကျွမ်းကျင်တဲ့၊ ကျန်းမာတဲ့ လုပ်သားအင်အားစုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်သူတွေဟာ ဒီမိုကရေစီ ဇတ်သွင်းခြင်းကို လိုအပ်မှခွင့်ပြုပုံကို ဗြူနိုဒီမက်စ်ကွီတာက ဂါနာနဲ့ ထိုင်ဝမ်ကို နမူနာပြပြီး ရှင်းပြပါတယ်။

စီးပွားရေးအရ သက်ရောက်မှုများ
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က နိုင်ငံ ၅၁ နိုင်ငံကို သယံဇာတကြွယ်ဝတဲ့ နိုင်ငံ လို့သတ်မှတ်ပါတယ်။ ဒီနိုင်ငံတစ်နိုင်ငံရဲ့ ပို့ကုန် ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်စဉ်ဘဏ္ဍာရေး အခွန်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ပြန်လည်ပြည့်ဖြိုးမြဲ မဟုတ်တဲ့ သဘာဝသယံဇာတအပေါ်က ရတာဖြစ်ရင်၊ သယံဇာတ ကြွယ်ဝတဲ့နိုင်ငံလို့ သတ်မှတ်ပါတယ်။ အဲဒီ အထဲက ၂၉ နိုင်ငံရဲ့ ဝင်ငွေဟာ အနိမ့်ဆုံး နဲ့ အလယ်အလတ်အနိမ့်ပိုင်းမှာပါဝင်ပါတယ်။

ဒီ ၂၉ နိုင်ငံရဲ့ ဘုံတူညီတဲ့ လက္ခဏာတွေကတော့
(၁) သဘာဝသယံဇာတအပေါ်ကရတဲ့ ဘဏ္ဍာရေးအခွန်ငွေ၊ တင်ပို့ရောင်းချမှုစတဲ့အပေါ်မှာ အလွန် အမင်း မှီခိုနေရခြင်း။
(၂) စုဆောင်းမှုနှုန်း နိမ့်ကျခြင်း။
(၃) ဖွံ့ဖြိုးတိုးတက်မှုဖေါ်ပြချက် မကောင်းခြင်း နဲ့
(၄) သယံဇာတ ပေါ်ကရတဲ့ အခွန်ငွေ မတည်ငြိမ်၊ အပြောင်းအလဲ အလွန်မြန်ခြင်း စတာတွေဘဲဖြစ်တယ်လို့ ဆိုပါတယ်။

ကိုးကား- Resource Curse: Definition, Overview and Examples
-Resource curse by Wikipedia

zawgyi version
“သယံဇာတ က်ိန္စာ” (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ဇူလိုင္ ၂၆

သယံဇာတ က်ိန္စာသင့္တယ္ ဆိုတဲ့ေဝါဟာရဟာ အဖိုးတန္တဲ့ သဘာဝသယံဇာတ ႂကြယ္ဝေပမယ့္ စီးပြားေရးၫႊန္းကိန္းေတြက သိပ္ဆိုး႐ြားေနတဲ့ တိုင္းျပည္မ်ိဳးမွာေတြ႕ရတတ္တဲ့ ဆန႔္က်င္ဘက္ဝိေရာဓိအေျခအေနကို ရည္ၫႊန္းေျပာဆိုတာျဖစ္ပါတယ္။ သယံဇာတက်ိန္စာသင့္မႈဟာ ေယဘူယ်အားျဖင့္ ႏိုင္ငံတစ္ခုရဲ႕ အရင္းအႏွီးနဲ႔ လုပ္သားအင္အားကို သဘာဝရင္းျမစ္ အနည္းငယ္အေပၚမွီခိုတဲ့ လုပ္ငန္းမွာသာ ေဇာက္ခ်လုပ္ကိုင္တဲ့အခါ ျဖစ္ေပၚေလ့ရွိပါတယ္။ တျခားသင့္တင့္ေလ်ာက္ပတ္တဲ့ က႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ႏိုင္တဲ့အခါ အဲဒီလို ႏိုင္ငံေတြက ကုန္ပစၥည္းေစ်းႏႈန္းက်ဆင္းမႈဒဏ္ကို မခံႏိုင္ျဖစ္လာၿပီး နာတာရွည္ စီးပြားေရး စြမ္းေဆာင္ခ်က္ နိမ့္က်မႈကို ဦးတည္ေစပါတယ္။

ေနာက္ေၾကာင္းကို ျပန္လွန္ၾကည့္တဲ့အခါ ၁၇၁၁ ခုႏွစ္က (The Spectator ) ပြဲၾကည့္ပရိတ္သတ္ဆိုတဲ့ သတင္းစာမွာ “ ေယဘူယ်အားျဖင့္ေတြ႕ရတာက အပုံအပင္ခ်မ္းသာႂကြယ္ဝတဲ့ ႏိုင္ငံေတြက အဆင္းရဲဆုံးေနထိုင္ၾကရတယ္”လို႔ ရစ္ခ်တ္စတီးလ္ Richard Steele ကေရးခဲ့တာကို ေတြ႕ရပါတယ္။ ၁၉၅၀ ခုႏွစ္ေတြနဲ႔ ၁၉၆၀ ခုႏွစ္ေတြအတြင္းမွာ ဝင္ေငြအနိမ့္ဆုံးနဲ႔ အလယ္အလတ္ တိုင္းျပည္ေတြရဲ႕ စီးပြား‌ေရးျပႆနာေတြကို ေဆြးေႏြးျငင္းခုန္ၾကတဲ့အခါ သဘာဝသယံဇာတဟာ ေကာင္းခ်ီးမဂၤလာတစ္ပါးဆိုတာထက္ စီးပြားေရးက်ိန္စာတစ္ခု ပိုျဖစ္ႏိုင္တယ္ လို႔ ယူဆမႈေတြေပၚထြက္လာခဲ့ပါတယ္။

၁၉၉၃ ခုႏွစ္က ရစ္ခ်တ္ ေအာတီက သဘာဝသတၳဳ သယံဇာတႂကြယ္ဝတဲ့ ႏိုင္ငံေတြအေနနဲ႔ သူတို႔ရဲ႕ စီးပြားေရးကိုတြန္းအားျဖစ္ေအာင္ မလုပ္‌ေဆာင္ႏိုင္ၾကပုံကိုေဖၚျပခဲ့ရာမွာ “သယံဇာတက်ိန္စာ” ဆိုတဲ့ ေဝါဟာရကို ပထမဦးဆုံးအသုံးျပဳခဲ့တာပါ။ သူက ဒီလိုသယံဇာတေပါႂကြယ္တဲ့ ႏိုင္ငံေတြဟာ သယံဇာတမ်ားမ်ားစားစား မထြက္တဲ့ႏိုင္ငံေတြထက္ပိုၿပီး နိမ့္က်တဲ့စီးပြားေရးတိုးတက္ႏႈန္းရွိေနပုံ ကိုလည္းေဖာ္ျပခဲ့ပါတယ္။ ဂ်က္ဖရီဆာ့ခ်္နဲ႔ အင္ဒ႐ူးဝါနာတို႔ရဲ႕ ၾသဇာႀကီးလွတဲ့ ၁၉၉၅ ခုႏွစ္က သုေတသနတစ္ခုက သဘာဝသယံဇာတ ႂကြယ္ဝမႈနဲ႔ စီးပြားေရး တိုးတက္မႈဆိုးဝါးညံ့ဖ်င္းျခင္းတို႔ အၾကားမွာ အားေကာင္းတဲ့ အျပန္အလွန္ ဆက္စပ္မႈတစ္ခုရွိေနတယ္လို႔ဆိုပါတယ္။

၂၀၁၆ ခုႏွစ္ကစလို႔ သယံဇာတႂကြယ္ဝမႈက စီးပြားေရးတိုးတက္မႈေတြအေပၚ က်ယ္က်ယ္ျပန႔္ျပန႔္ သက္ေရာက္မႈရွိပုံကို ေလ့လာမႈရာေပါင္းမ်ားစြာနဲ႔ တြက္ခ်က္သုံးသပ္ခဲ့ၾကပါတယ္။ အဲဒီေလ့လာသုံးသပ္ခ်က္ေတြက သယံဇာတက်ိန္စာတစ္ခု ဘယ္လို၊ ဘာေၾကာင့္နဲ႔ ဘယ္အခ်ိန္မွာ က်ေရာက္ေတာ့မွာလဲဆိုတာကို ရွင္းျပခဲ့ၾကပါတယ္။ ေလ့လာသုံးသပ္သူ အေတာ္မ်ားမ်ားက သယံဇာတ က်ိန္စာသင့္မႈကို ထီဆုႀကီးေပါက္သူမ်ား ႐ုတ္တရက္ရလာတဲ့ ႂကြယ္ဝမႈရဲ႕ ရႈပ္ေထြးတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို စီမံခန႔္ခြဲရာမွာ မွားမွားယြင္းယြင္းျဖစ္ၾက ပုံနဲ႔ ခိုင္းႏႈိင္းေလ့ရွိပါတယ္။

သယံဇာတ က်ိန္စာ ဘယ္လိုသင့္
သယံဇာတ က်ိန္စာသင့္တယ္ဆိုတာ တဖက္မွာ ျပန္လည္ျဖည့္တင္းမရႏိုင္တဲ့ သဘာဝသယံဇာတေတြ တပုံတပင္ႂကြယ္ဝေနေပမယ့္ အျခားတဖက္မွာ စီးပြားေရးတိုးတက္မႈႏႈန္းက တုန႔္ဆိုင္းေနတာ ဒါမွမဟုတ္ စီးပြားေရးက်ဳံ႕ဝင္သြားတာစတဲ့ ဆန႔္က်င္ဘက္ ဝိေရာဓိျဖစ္ေနတဲ့ အေျခအေနကို ေခၚပါတယ္။ သယံဇာတ က်ိန္စာသင့္မႈ ဘာေၾကာင့္ျဖစ္လာသလဲဆိုတာကို ရွင္းလင္းျပတဲ့အေၾကာင္းျပခ်က္ေတြ အမ်ားအျပားရွိႏိုင္ေပမယ့္ အဓိကအေၾကာင္းကေတာ့ သတၳဳ ဒါမွမဟုတ္ ေရနံစတဲ့ သယံဇာတ ထုတ္လုပ္ေရးတစ္ခုတည္းအေပၚမွာ အာ႐ုံစိုက္ထားၿပီး တျခား အခရာက်တဲ့ က႑ေတြအေပၚရင္းႏွီးျမႇဳပ္ႏွံမႈကို လစ္လ်ဴရႈတာပါ။

သယံဇာတ ေထာင္ေခ်က္ သို႔မဟုတ္ အလွ်ံအပယ္ေပါႂကြယ္ဝျခင္းရဲ႕ ဝိေရာဓိ လို႔လည္းေခၚၾကတဲ့ ဒီျဖစ္စဥ္က အစိုးရရဲ႕ အက်င့္ပ်က္ခ်စားမႈေၾကာင့္လည္း သက္‌ေရာက္မႈျဖစ္ပါတယ္။ တမ်ိဳးသားလုံးႂကြယ္ဝမႈရဲ႕ ႀကီးမားတဲ့ေဝစုက လုပ္ငန္းအနည္းအက်ဥ္းမွာသာ ေဇာက္ခ်ထားမယ္ဆိုရင္၊ အစိုးရက လုပ္ထုံးလုပ္နည္းသတ္မွတ္ခြင့္အာဏာကို အလြဲသုံးစားလုပ္ပါလိမ့္မယ္။ ဥပမာ- လုပ္ကိုင္ခြင့္ လိုင္စင္ခ်ထားေပးေရးမွာ လာဘ္ေငြရယူၿပီး ဦးစားေပးတာမ်ိဳးပါ။ လုပ္သားအင္အားအမ်ားအျပားနဲ႔ ႀကီးမားတဲ့ အရင္းအႏွီးေတြက လက္တဆုတ္စာက႑ထဲကိုစုၿပဳံဝင္သြားတဲ့အခါ က်န္တဲ့ စီးပြားေရးက႑ ေတြက အားနည္းသြားၿပီး တစ္ခုလုံးကို အႏၲရာယ္ျဖစ္ေစပါေတာ့တယ္။
ဒီလိုျပႆနာပုံစံမ်ိဳးကို ႀကီးမားတဲ့ သဘာဝသယံဇာတ သိုက္ေတြ ရွာေဖြေတြ႕ရွိတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ သဘာဝသယံဇာတ သိုက္တစ္ခုရွာေတြ႕တာနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမယ့္ အရင္းအႏွီးေတြကိုလည္း အဲဒီလုပ္ငန္းက ညႇိဳ႕ငင္ဆြဲေဆာင္ပါေတာ့တယ္။

ဒီလုပ္ငန္းသစ္က စီးပြားေရးတိုးတက္မႈနဲ႔ ဆက္ႏြယ္တဲ့ ခ်မ္းသာႂကြယ္ဝမႈရဲ႕ ရင္းျမစ္တစ္ခုျဖစ္လာၿပီး မက္ေမာေလာက္တဲ့ လုပ္ခေတြေပးတာ၊ အရင္းအႏွီးရွိတဲ့ ႏိုင္ငံသားေတြကို အဲဒီလုပ္ငန္းသစ္မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ အားေပးတာေတြျဖစ္လာပါတယ္။ ေရရွည္မွာ အဲဒီႏိုင္ငံအေနနဲ႔ ဒီလိုကုန္ပစၥည္းမ်ိဳးရဲ႕ တန္ဖိုးအေပၚမွာသာ အလြန္အမင္းမွီခိုေနရတာမ်ိဳးျဖစ္လာၿပီး အက်ိဳးဆက္အေနနဲ႔ ႏိုင္ငံရဲ႕စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးဖို႔ ခက္ခဲေအာင္ လုပ္သလို ျဖစ္လာပါေတာ့တယ္။

ေလ့လာသုေတသနျပဳမႈ ေျပာင္းလဲလာျခင္း
၂၀၀၉ ခုႏွစ္က စၿပီး သယံဇာတက်ိန္စာနဲ႔ပတ္သက္တဲ့ ေလ့လာမႈေတြမွာ၊ သယံဇာတႂကြယ္ဝတဲ့ ႏိုင္ငံတခ်ိဳ႕ ‌ေအာင္ျမင္တိုးတက္ၿပီး သယံဇာတႂကြယ္ဝတဲ့ ႏိုင္ငံတခ်ိဳ႕ကေတာ့ ဆင္းရဲတြင္းနက္ေနတာ ဘာ‌ေၾကာင့္လဲဆိုတာကို ေျပာင္းလဲ လာၾကပါတယ္။ ဆိုလိုတာက သဘာဝသယံဇာတ ႂကြယ္ဝတဲ့ ႏိုင္ငံတိုင္းက သယံဇာတ က်ိန္စာသင့္တာမဟုတ္ဘူးဆိုတဲ့ အျမင္ကို ေျပာင္းလဲလာတာပါ။

ဒီေျပာင္းလဲလာမႈဟာ သယံဇာတ ႂကြယ္ဝမႈက ႏိုင္ငံ့စီးပြားေရးအေပၚကို ဘယ္လိုဆိုးက်ိဳးေတြ သက္ေရာက္ေစသလဲဆိုတာ သက္သက္ကိုသာေလ့လာမႈနဲ႔ ဆန႔္က်င္ျခားနားပါတယ္။

ေလ့လာသုေတန ျပဳခ်က္ေတြအရ၊ သယံဇာတကရတဲ့ ဝင္ေငြကို အသုံးျပဳပုံ၊ အစိုးရရဲ႕ အုပ္ခ်ဳပ္ပုံစနစ္ ၊ အင္စတီက်ဴးရွင္းေတြရဲ႕ စြမ္းေဆာင္ရည္၊ သယံဇာတ အမ်ိဳးအစားနဲ႔ စက္မႈႏိုင္ငံျဖစ္မႈ ေစာျခင္း သို႔မဟုတ္ ေနာက္က်ျခင္း စတဲ့အခ်က္ေတြအားလုံးက သယံဇာတ ႂကြယ္ဝတဲ့ ႏိုင္ငံတစ္ခုရဲ႕ ေအာင္ျမင္မႈနဲ႔ ဆုံးရႈံးမႈေတြကို အဆုံးအျဖတ္ေပးတယ္လို႔ ဆိုပါတယ္။
၂၀၁၈ ခုႏွစ္ကတည္းက ေဆြးေႏြးမႈတစ္ခုထြက္ေပၚခဲ့ပါတယ္။ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ ထုတ္လုပ္မႈနဲ႔ ဆက္စပ္ေနတဲ့ အခရာက်တဲ့ သတၳဳနဲ႔ပတ္သက္ၿပီး ျဖစ္ေပၚလာႏိုင္ဖြယ္ရွိတဲ့ သယံဇာတက်ိန္စာ အေၾကာင္းပါ။ အဲဒီမွာ ေပါေပါမ်ားမ်ားရရွိတဲ့ ေနေရာင္ျခည္လို ရင္းျမစ္ေရာ၊ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ထုတ္လုပ္ေရးနည္းပညာမွာ အခရာက်တဲ့ ႐ုပ္ဝတၳဳပစၥည္းျဖစ္တဲ့ နီယိုဒီမီ ယမ္၊ ကိုေဗာ့ ဒါမွမဟုတ္ လစ္သီယမ္ ရင္းျမစ္ေတြရွိတဲ့ တိုင္းျပည္ေတြေရာ ပါဝင္ပါတယ္။

သယံဇာတ နဲ႔ အာဏာရွင္ တည္ၿမဲေရးအဆက္အစပ္
ေ႐ြးခ်ယ္ေရးအဖြဲ႕ သီအိုရီကို ေဖာ္ထုတ္ခဲ့သူ ဘ႐ုစ္ျဗဴႏို ဒီမက္စ္ကြီတာက ရွင္းျပတာရွိပါတယ္။ အာဏာရွင္အုပ္ခ်ဳပ္တဲ့ ႏိုင္ငံတစ္ႏိုင္ငံမွာ ႂကြယ္ဝတဲ့ သယံဇာတေတြရွိရင္ ႏိုင္ငံေရးအရ ရွင္သန္ရပ္တည္ႏႈိင္ေရးအတြက္ အသင့္ျမတ္ဆုံး မဟာဗ်ဴဟာက၊ အေရးပါတဲ့ အုပ္စုရဲ႕ သစၥာရွိ ေထာက္ခံမႈကို ဝယ္ယူဖို႔ အဲဒီသယံဇာတကရတဲ့ အခြန္အခေတြကို အသုံးျပဳတယ္။ ေနာက္ၿပီး ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးေတြကို ျငင္းပယ္၊ အမ်ားျပည္သူရဲ႕ ပညာေရးနဲ႔ အေျခခံအေဆာက္အအုံ တည္ေဆာက္မႈေတြကို လုံလုံေလာက္ေလာက္ ေဆာင္႐ြက္မေပးဘဲ ေနျခင္းအားျဖင့္ က်န္ျပည္သူလူထုတစ္ရပ္လုံးကို ဖိႏွိပ္တယ္လို႔ ရွင္းျပပါတယ္။ ပညာေရး၊ လြတ္လပ္ခြင့္နဲ႔ အေျခ ခံအေဆာက္အအုံေတြဟာ ျပည္သူလူထုရဲ႕ ထုတ္လုပ္မႈကို ပိုအက်ိဳးျပဳပါတယ္။ ဒါေပမယ့္ အာဏာရွင္ေတြကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြစည္း႐ုံးလႈံ႕ေဆာ္ဖို႔အတြက္လည္း ပိုလြယ္ကူေစပါတယ္။ အာဏာရွင္အေနနဲ႔ ႏိုင္ငံရဲ႕သဘာဝသယံဇာတက ရတဲ့အခြန္ေငြက လုံေလာက္ေနတာေၾကာင့္၊ ကုန္ထုတ္စြမ္းအားရွိတဲ့ ျပည္သူ႔လူထု မလိုအပ္ဘူး။ ဒါေၾကာင့္ လစ္ဘရယ္အခြင့္အေရးေပးဖို႔အတြက္ စြန႔္စားရမဲ့ ကိစၥကိုမလုပ္ပါ။ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ သဘာဝသယံဇာတ ခ်ိဳ႕ငဲ့တဲ့တိုင္းျပည္က အာဏာရွင္ဟာ၊ သူ႔တိုင္းျပည္ စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးဖို႔အတြက္ သူ႔လူ႔အဖြဲ႕အစည္းကို လစ္ဘရယ္ဒီမိုကေရစီတစုံတရာ ေပးဖို႔လိုအပ္ပါလိမ့္မယ္။ ဒါမွသာ ထိထိေရာက္ေရာက္ စည္း ႐ုံးႏႈိင္မွာပါ။ ဒါ့ျပင္ ပညာေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး ကြၽမ္းက်င္တဲ့၊ က်န္းမာတဲ့ လုပ္သားအင္အားစုကို ဖန္တီးႏိုင္မွာျဖစ္ပါတယ္။ အုပ္ခ်ဳပ္သူေတြဟာ ဒီမိုကေရစီ ဇတ္သြင္းျခင္းကို လိုအပ္မွခြင့္ျပဳပုံကို ျဗဴႏိုဒီမက္စ္ကြီတာက ဂါနာနဲ႔ ထိုင္ဝမ္ကို နမူနာျပၿပီး ရွင္းျပပါတယ္။

စီးပြားေရးအရ သက္ေရာက္မႈမ်ား
ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF က ႏိုင္ငံ ၅၁ ႏိုင္ငံကို သယံဇာတႂကြယ္ဝတဲ့ ႏိုင္ငံ လို႔သတ္မွတ္ပါတယ္။ ဒီႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပို႔ကုန္ ၂၀ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ႏွစ္စဥ္ဘ႑ာေရး အခြန္ေငြရဲ႕ ၂၀ ရာခိုင္ႏႈန္းဟာ ျပန္လည္ျပည့္ၿဖိဳးၿမဲ မဟုတ္တဲ့ သဘာဝသယံဇာတအေပၚက ရတာျဖစ္ရင္၊ သယံဇာတ ႂကြယ္ဝတဲ့ႏိုင္ငံလို႔ သတ္မွတ္ပါတယ္။ အဲဒီ အထဲက ၂၉ ႏိုင္ငံရဲ႕ ဝင္ေငြဟာ အနိမ့္ဆုံး နဲ႔ အလယ္အလတ္အနိမ့္ပိုင္းမွာပါဝင္ပါတယ္။

ဒီ ၂၉ ႏိုင္ငံရဲ႕ ဘုံတူညီတဲ့ လကၡဏာေတြကေတာ့
(၁) သဘာဝသယံဇာတအေပၚကရတဲ့ ဘ႑ာေရးအခြန္ေငြ၊ တင္ပို႔ေရာင္းခ်မႈစတဲ့အေပၚမွာ အလြန္ အမင္း မွီခိုေနရျခင္း။
(၂) စုေဆာင္းမႈႏႈန္း နိမ့္က်ျခင္း။
(၃) ဖြံ႕ၿဖိဳးတိုးတက္မႈေဖၚျပခ်က္ မေကာင္းျခင္း နဲ႔
(၄) သယံဇာတ ေပၚကရတဲ့ အခြန္ေငြ မတည္ၿငိမ္၊ အေျပာင္းအလဲ အလြန္ျမန္ျခင္း စတာေတြဘဲျဖစ္တယ္လို႔ ဆိုပါတယ္။

ကိုးကား- Resource Curse: Definition, Overview and Examples
-Resource curse by Wikipedia

Related news

© 2021. All rights reserved.